Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့အကြား မီးရထားလမ်း ဆက်သွယ်ဖောက်လုပ်မည့် စီမံကိန်းကို လာမည့် နှစ်လအတွင်း အကောင် အထည်ဖော်မည်ဖြစ်သည်ဟု မြန်မာသံရုံးမှ ကောင်စစ်ဝန် ဦးလှိုင်မြင့်ဦးက အတည်ပြုပြောကြားကြောင်း 21 Century Business Herald ကရေးသားဖော်ပြသည်။

ထို့အတူ ထိုင်းနိုင်ငံသည်လည်း တရုတ်နိုင်ငံနှင့် အကြားမီးရထားလမ်း ဖောက်လုပ်ရေး အတွက် နားလည်မှုစာချွန်လွှာ တစ်ရပ် လက်မှတ်ရေးထိုမည်ဟု မျှော်လင့်ရကြောင်း ထိုင်းသံရုံးမှ Warawudh Chuwiruch ကပြောကြားသည်။ ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံအကြား မြန်နှုန်းမြင့် မီးရထားလမ်းဖောက်လုပ်ရန် လက်မှတ်ရေးထိုးမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

"တရုတ်နိုင်ငံက ရထားလမ်းဖောက်လုပ်တဲ့ကိစ္စမှာ နည်းပညာနဲ့ ငွေကြေး ထောက်ပံ့မှာပါ။ တရုတ်ဘက်က ဘယ်ကုမ္ပဏီလုပ်ငန်းနဲ့ ပူးပေါင်းလုပ်ကိုင်မယ်ဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်" ဟု မစ္စတာ Warawudh ကပြောသည်။ တရုတ်-အာဆီယံ စီးပွားရေးကောင်စီမှ အထွေထွေ အတွင်းရေးမှူး Xu Ningning က လက်ရှိအနေအထားတွင် တရုတ်နှင့်အာဆီယံအကြား ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းဖြင့် ကုန်သွယ်ရေးလုပ်ကိုင်မှုများ မြင့်တက်လာလျက်ရှိသည်ဟု ဆိုသည်။ "နှစ်နိုင်ငံအကြား ကုန်သွယ်ရေးက ကြီးထွားနေပါတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍကတော့ ပုံစံအမျိုးမျိုး ကွဲပြားသွားပါလိမ့်မယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

Xinhua သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment