Transparency Myanmar

transparency.myanmar@gmail.com

Bernama, 14th December 2010

ထိုင်း-မြန်မာ နယ်စပ် အခြေအနေသည် ပုံမှန်သို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း ပထမ ဒေသဆိုင်ရာ တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး Udomdet Seetabutr ၏ အဆိုကို ကိုးကား၍ ထိုင်းသတင်း အေဂျင်စီက အင်္ဂါနေ့က သတင်း ဖော်ပြခဲ့သည်။

"ဘုရားသုံးဆူမှာ မကြာသေးမီက မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသား အုပ်စုကြားမှာ တိုက်ပွဲ ဖြစ်ခဲ့တယ် ဆိုပေမယ့်၊ လောလောဆယ် ထိုင်း-မြန်မာ နယ်စပ်မှာ စိုးရိမ်ဖွယ် အခြေအနေတွေ မရှိပါဘူး" ဟု ၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

အခြေအနေသည် ပုံမှန် ပြန်ရောက်နေပြီး၊ မြန်မာကလည်း ထိုင်းပြည်သူတွေ အတွက် နယ်စပ် ဖြတ်ကျော်ခွင့် ပြန်ပေးခဲ့သည်ဟု ၎င်းက ဖြည့်စွက် ပြောသည်။

သို့သော် ထိုင်းစစ်တပ်သည် အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ အကယ်၍ အန္တရာယ် ရှိလာပါက ဘုရားသုံးဆူ နယ်စပ် အသုံးပြုနေသူများအား သတိပေးချက်များ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းမှူးက ပြောကြားရာတွင် ၎င်းသည် စစ်သားများ၊ နယ်စပ်ရဲများ၊ ပြည်သူ့စစ်များကို လုံခြုံရေး အတွက် အထူး ကြပ်မတ် လုပ်ဆောင်ကြရန် စိတ်ဓာတ် မြှင့်တင်ရေးများ လုပ်ပေးနေကြောင်း ပြောကြားသွားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment