Transparency Myanmar

transparency.myanmar@gmail.com

AP, From Yahoo News, 11th December 2010

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates သည် မကြာသေးမီက တင်းမာမှုများ နောက်ပိုင်းတွင် နှစ်နိုင်ငံ စစ်တပ်ကြား ဆက်ဆံရေး တိုးမြှင့်ရေး အတွက် ရှေ့လတွင် လာရောက် လည်ပတ်မည် ဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

တရုတ် စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က Gates သည် ဇန်နဝါရီလ ၁၀ - ၁၄ တွင် လာရောက်မည် ဖြစ်ကြောင်း ပြောခဲ့သည်ကို နိုင်ငံပိုင် သတင်းဌာန Xinhua က စနေနေ့က ဖော်ပြခဲ့သည်။ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ စစ်ဦးစီး အရာရှိချုပ် Chen Bingde သည် လာမည့်နှစ် နှစ်ဦး နှစ်ဘက် အဆင်ပြေသည့် အချိန်တွင် အမေရိကန် ပြည်ထောင်စုသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

Robert Gates သည် ယခုနှစ် အစောပိုင်းက ၎င်း၏ အာရှ ခရီးစဉ်တွင် တရုတ်နိုင်ငံသို့ သွားရောက် စီစဉ်ခဲ့သော်လည်း ထိုစဉ်က တရုတ်တွင် ၎င်းအား တရားဝင် ဖိတ်ကြားခဲ့ခြင်း မရှိပေ။ ထို့အပြင် ထိုစဉ် အချိန်က အမေရိကန် ပြည်ထောင်စုတွင် တိုင်ဝမ်သို့ ကာကွယ်ရေး ပစ္စည်းများ ရောင်းချခြင်းကြောင့် ဆက်ဆံရေး အေးခဲနေချိန် ဖြစ်သည်။

ဝါရှင်တန်တွင် ကျင်းပနေသော ၁၁ ကြိမ်မြောက် တရုတ်-အမေရိကန် ဝန်ကြီး အဆင့်အောက် အစည်းအဝေး တက်ရောက်နေသော တရုတ် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Guan Youfei ကလည်း သောကြာနေ့က မှတ်ချက် စကား ပြောခဲ့သည်။

အမေရိကန် စစ်တပ် အကြီးအကဲ Mike Mullen ကလည်း ကြာသပတေးနေ့က အပြန်အလှန် လည်ပတ်ရေး အတွက် အသေးစိတ် မပြောဘဲ ကြေညာခဲ့သည်။

အမေရိကန်က တိုင်ဝမ်သို့ ဒေါ်လာ ၅.၆ ဘီလီယံ တန်ဖိုးရှိ ကာကွယ်ရေး ပစ္စည်းများ ရောင်းချခဲ့ခြင်းကြောင့် တရုတ်သည် ဇန်နဝါရီလ မှစ၍ စစ်တပ်ချင်း ဆက်သွယ်မှုကို ရပ်ဆိုင်းထားခဲ့သည်။ သို့သော် မကြာသေးမီ လများက ဆက်ဆံရေး တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ အောက်တိုဘာလက ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ကျင်းပသော ဒေသတွင်း ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် တရုတ် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Liang Guanglie သည် Robert Gates နှင့် တွေ့ဆုံခဲ့သည်။

ယခု လက်ရှိ နှစ်ဖက် စစ်ရေးအရ ဆွေးနွေးလျက် ရှိသော အကြောင်းအရာများမှာ ကိုရီးယား ကျွန်းဆွယ် တင်းမာမှု၊ တောင်တရုတ် ပင်လယ် လုံခြုံရေး ကိစ္စ၊ မြောက်ကိုရီးယားနှင့် အီရန်တို့၏ နျူကလီယာ ဆက်ဆံရေး ကိစ္စရပ်များ ဖြစ်သည်။

"တရုတ်-အမေရိကန် ဆက်ဆံရေးမှာ လတ်တလော အခက်အခဲဆုံး အစိတ် အပိုင်း ကတော့ ကျွန်တော်တို့မှာ စစ်တပ် စစ်တပ်ချင်း ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းပါပဲ" ဟု အမေရိကန် ပူးတွဲ စစ်ဦးစီး အရာရှိချုပ်များ ဥက္ကဌ Mullen က ကြာသပတေးနေ့က ပြောကြားခဲ့သည်။ "သူတို့ ဘာတွေ လုပ်နေတယ်၊ ဘာကြောင့် လုပ်နေတယ် ဆိုတာကတော့ ကျွန်တော် သိပ်နားမလည်ပါဘူး" ဟု ၎င်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment