Transparency Myanmar

transparency.myanmar@gmail.com

နယ်စပ် ဖြတ်ကျော် အကြမ်းဖက် လှုပ်ရှားမှုများ၊ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခို ကူးမှုများကို အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်း တိုက်ဖျက် သွားမည် ဖြစ်ကြောင်း အရာရှိကြီးများက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ ပူးပေါင်းပြီး နယ်စပ်ဒေသ လုံခြုံရေး မြှင့်တင်ရန် နှင့် နယ်စပ် ဖြတ်ကျော် အကြမ်းဖက်မှု ဆိုင်ရာ သတင်း အချက် အလက်များ မျှဝေရန် သဘော တူညီမှု ရရှိခဲ့ကြောင်း မီဇိုရမ် ပြည်နယ် အုပ်ချုပ်ရေး ဌာနက ဆိုသည်။

အိန္ဒိယ ဗဟိုအစိုးရနှင့် မြန်မာ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို မီဇိုရမ် ပြည်နယ်၊ Champhai မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အိန္ဒိယ အရာရှိကြီးများ အဆိုအရ အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ဝင်များ မြန်မာ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်ရန် မြန်မာ အာဏာပိုင်များက သဘော တူညီခဲ့သည်။ မြန်မာ စစ်တပ်မှ နယ်မြေခံ တပ်ရင်းမှူးထံမှ ခွင့်ပြုချက် ရရှိပြီးနောက် မြန်မာ အာဏာပိုင်များက ယင်းသို့ သဘော တူညီခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် အိန္ဒိယ ကိုယ်စားလှယ်များ အဖွဲ့အား ပူးတွဲ ပြည်ထဲရေး ဝန်ကြီး S Singh က ဦးဆောင်ပြီး မြန်မာ အရာရှိများ အဖွဲ့ကို ချင်းပြည်နယ် စစ်ဒေသမှူး ဦးနေအောင်က ဦးဆောင်သည်။ အိန္ဒိယ အရာရှိကြီးများ အဆိုအရ အချို့သော စစ်သွေးကြွများသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တွင် ခြေကုပ်ယူ စခန်းချကာ စစ်သင်တန်းများလည်း ပို့ချလျက် ရှိကြောင်း သိရသည်။

"ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယ စစ်သွေးကြွတွေနဲ့ ပြောက်ကျားတွေကို ဖြိုခွင်းပြီး နောက်ပိုင်း မြန်မာနိုင်ငံထဲက တောင်ပေါ် ဒေသတွေနဲ့ တောအုပ်တွေထဲမှာ ခြေကုပ် ယူလာကြတာ" ဟု နယ်စပ် လုံခြုံရေး တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောသည်။

မီဇိုရမ် ပြည်ထဲရေး ဌာနမှ အရာရှိ တစ်ဦးက မီဇိုရမ်သည် ခွဲထွက်ရေး သူပုန်များ ကင်းစင်သည့် ဒေသတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် အခြားဒေသမှ သူပုန်များက မီဇိုရမ်ကို လုံခြုံရေး အတွက် ခိုလှုံစရာ နေရာအဖြစ် အသုံးပြုကြကြောင်း ပြောဆိုသည်။

မီဇိုရမ် ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၄၀၄ ရှည်လျားသည့် နယ်စပ် ပိုင်ဆိုင်ထားပြီး ဘင်္ဂလားဒေ့ရှ်နှင့် ၃၁၈ ကီလိုမီတာ ထိစပ်လျက် ရှိသည်။

Calcutta News သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment