Transparency Myanmar

transparency.myanmar@gmail.com

Times of India, 25th December 2010

အိန္ဒိယ နိုင်ငံတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင် ကျင်းပမည့် အိန္ဒိယ-မြန်မာ ပြည်ထဲရေး အတွင်းဝန် အဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံ တရားဝင် အကူအညီ ပေးရေး စာချုပ် (Mutual Legal Assistance Treaty MLAT) ကို လက်မှတ် ရေးထိုးလိမ့်မည် ဖြစ်သည်။

လေးရက်ကြာ အစည်းအဝေးတွင် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် အများစုကို ဆွေးနွေးမည် ဖြစ်ရာ နိုင်ငံတကာ နယ်စပ်တွင် လှုပ်ရှားနေသော သူပုန် အုပ်စုများအား တိုက်ခိုက်ရေး၊ ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရေး၊ လက်နက် မှောင်ခို ရောင်းဝယ်ခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အကြောင်းများ ပါဝင်မည် ဖြစ်သည်။

"MLAT ဟာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံရဲ့ တူညီတဲ့ ရည်မှန်းချက်တွေ အတွက် အရည်အသွေး ပိုတက်လာနိုင်ပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု အပါအဝင် ရာဇဝတ်မှုများ ဖိနှိပ်ရေး၊ ကာကွယ်ရေး၊ အရေးယူရေး၊ ရှာဖွေ ဖော်ထုတ်ရေးတို့မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကူအညီ ပေးနိုင်တဲ့ တရားဝင် ယန္တရား တစ်ခု ထားရှိနိုင်ရေး ဖြစ်ပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

MLAT စာချုပ်ကို အစည်းအဝေး ပြီးဆုံးမည့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လက်မှတ် ရေးထိုးမည် ဖြစ်သည်။ အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့ကို ပြည်ထောင်စု ပြည်ထဲရေး အတွင်းဝန် Gopal K Pillai က ဦးဆောင်မည် ဖြစ်ပြီး မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ပြည်ထဲရေးဌာန ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေက ဦးဆောင်မည် ဖြစ်သည်။

Pillai က အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားနေသော အိန္ဒိယ သူပုန်အုပ်စုများ ကိစ္စကို တင်ပြသွားမည် ဖြစ်ပြီး၊ အဆိုပါ သူပုန်များကို မြန်မာ အစိုးရက အရေးယူ ပေးရေးကိုလည်း ပြောကြားသွားမည် ဖြစ်သည်။

နိုင်ငံ စစ်သားများကြား အင်္ဂလိပ်စာနှင့် မြန်မာစာ သင်ကြားရေး အစီအစဉ် ရေးဆွဲရန် အဆိုပြုချက် ကိုလည်း အနည်းအကျဉ်း ဆွေးနွေးရန် ရှိသည်။ အဆိုပြုချက်တွင် အိန္ဒိယ စစ်သားများအား မြန်မာစာ သင်ကြားပေးရန်နှင့် မြန်မာ စစ်သားများအား အင်္ဂလိပ်စာ သင်ကြားပေးပြီး နှစ်ဦး နှစ်ဖက် ဘာသာ စကား အခက်အခဲ မဖြစ်စေရန် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment