Transparency Myanmar

transparency.myanmar@gmail.com

VOA News, By Sandra Nyaria, 19th March 2010

ဇင်ဘာဘွေနိုင်ငံ မီဒီယာ ကော်မရှင် အသစ်၏ ကြာသပတေးနေ့က ပထမအကြိမ် အစည်းအဝေးသည် ပုဂ္ဂလိက သတင်းစာလိုင်စင်များ မကြာမီ ချပေးမည်ဖြစ်ကြောင်း သဘောတူခဲ့သည့် အတွက် ဇင်ဘာဘွေ ပြည်သူများသည် မကြာမီ သတင်းစာများ ရွေးချယ် ဖတ်ရှုနိုင်တော့မည် ဖြစ်သည်။

          အဆိုပါ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ရာတွင် ဂလိုဘယ် နိုင်ငံရေး သဘောတူညီချက်နှင့် နောက်မှ တွဲပါလာသော အခြေခံဥပဒေ ပြင်ဆင်ချက်နှင့် စပ်လျဉ်း၍ ၎င်းအပေါ် အပ်နှင်းထားသော အထူး အခွင့် အာဏာအရ ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ပြောသည်။

          အဆိုပါ မီဒီယာ ကော်မရှင်အား ဒီဇင်ဘာလက စတင် ခန့်အပ်ခဲ့သော်လည်း၊ ပထမဆုံးအကြိမ် အစည်းအဝေးကို ယခုမှ ကျင်းပနိုင်ခြင်း ဖြစ်သည်။

          အချို့ လေ့လာသူများက ပြောကြားရာတွင် ကော်မရှင်အနေဖြင့် သတင်းလောကသို့ ဝင်ရောက်လိုသော ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ လျှောက်လွှာ အမြောက်အများ လက်ခံရရှိဖွယ် ရှိကြောင်း ဆိုသည်။ မီဒီယာ ကော်မရှင် ဥက္ကဌ Godfrey Majonga က VOA Studio 7 သတင်းထောက် Sandra Nyaria သို့ ပြောကြားရာတွင် ၎င်း၏ အဖွဲ့သည် မီဒီယာ ဖြေလျော့ပေးသည့် ကိစ္စကို အရှိန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း ပြောဆိုခဲ့သည်။

          ဇင်ဘာဘွေ အပတ်စဉ် သတင်းစာ ထုတ်ဝေသူ Wilf Mbanga က ပြောရာတွင် ကော်မရှင် အနေဖြင့် ဇင်ဘာဘွေ မီဒီယာ ကွက်လပ်ကို ဖွင့်ပေးရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း ပြောခဲ့သည်။

          အခြား ဖြေလျော့ပေးမှုများလည်း ရှိရာ Bulawayo နှင့် Johannesburg ကြား ခရီးသွားသူများသည် သယ်ယူ ပို့ဆောင်ရေးအတွက် ရွေးချယ်စရာများ ရှိလာနေပြီ ဖြစ်သည်။ ကြာသပတေးနေ့က အသစ် ဖွင့်လှစ်လိုက်သော လေကြောင်းလိုင်း Fly Kumba သည် ၎င်း၏ ပထမဆုံး ပျံသန်းခြင်း ခရီးစဉ်အဖြစ် အဆိုပါ မြို့နှစ်မြို့ကြား စတင်ခဲ့ပြီး တစ်ပတ်လျှင် သုံးကြိမ် ပျံသန်းမည် ဖြစ်သည်။

          Fly Kumba သည် Bulawayo မှ Johannesburg သို့ ခရီးစဉ် တစ်ကြောင်းအတွက် အမေရိကန်ဒေါ်လာ ၁၀၀ သာ ယူပြီး နိုင်ငံပိုင် Air Zimbabwe သည် ဒေါ်လာ ၂၅၀ ယူနေသည်။ Fly Kumba ၏ အမှုဆောင် အရာရှိချုပ် Lloyd Muchaka က VOA Studio 7 သတင်းထောက် Ntungamili Nkomo အား ပြောကြားရာတွင် ၎င်းတို့ လေကြောင်းလိုင်း အနေဖြင့် ဇင်ဘာဘွေတွင် ခရီးစဉ်များ ထပ်မံ တိုးချဲ့သွားမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Irrawaddy News, 20th March 2010

          နာဂစ်စ်ဒဏ်ခံ ပင်လယ်ကမ်းခြေ ဒေသများတွင် စိုက်ပျိုးရေး ရန်ပုံငွေနှင့် စက်ကိရိယာ ချို့တဲ့မှုကြောင့် ဆန်စပါး ထွက်ရှိမှု ရလဒ်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်ဟု ကုလသမဂ္ဂ ကယ်ဆယ်ရေး အေဂျင်စီက ပြောကြားလိုက်သည်။

          ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင် ကမ်းခြေ ရေထိန်းတမံ ပြန်လည် တည်ဆောက်မှုကို လုံလောက်စွာ မလုပ်နိုင်ခဲ့သည့်အတွက် စပါးအထွက်နှုန်းမှာ နာဂစ်မတိုက်မီ ကာလကထက် ၅၀ % လျော့နည်းသွားခဲ့သည်ဟု ဆိုသည်။ ၎င်းမှာ ပင်လယ်ဒီရေ တက်ချိန်တွင် လယ်ကွင်းထဲသို့ ဆားငန်ရေများ ဝင်ရောက်မှုကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ UN FAO က ပြောကြားသည်။

          "ဒါက ဖြစ်ပြီးသွားခဲ့ပါပြီဗျာ၊ အထွက်နှုန်း အရမ်းကျသွားတာ ဒါကြောင့်ပါပဲ။ တစ်ဟက်တာကို စပါးတင်း ၇၀/၈၀ လောက် ပုံမှန်ထွက်နေကျကို အခု တင်း ၃၀ ပဲ ထွက်တော့တယ်" ဟု FAO ကိုယ်စားလှယ် Shin Imai က ကုလ သတင်းဌာန IRIN ကို ပြောကြားသည်။

          မြန်မာနိုင်ငံတွင် ဆန်စပါး အထွက်နှုန်းကို ၂၀ ကီလိုဆံ့ တင်းတောင်းဖြင့် တိုင်းထွာလေ့ ရှိသည်။

          မြေသားတမံ အရှည် ကီလိုမီတာ ၁၀၀၀ ခန့် အရေးပေါ် တည်ဆောက်ရန် လိုအပ်နေပြီး FAO က ဒေါ်လာ သန်း ၁၀၀ အသုံးပြုမည် ဖြစ်သည်။

          အဆိုပါ ရည်မှန်းချက်အတွက် ဂျပန်တစ်နိုင်ငံထဲက ရန်ပုံငွေ ထည့်ဝင်ခဲ့သည်ဟု IRIN က ထုတ်ပြန်သည်။

          နောက်ထပ် လာမည့် ဆိုင်ကလုံးများကို ခံနိုင်ရန် တမံအမြင့်ကို ၄ မီတာ (၁၂ပေ) ခန့် တည်ဆောက်ရန် လိုအပ်သော်လည်း လက်ရှိ တမံအမြင့် ၂.၄ မီတာ ထက် ပိုမြင့်ရန် အစိုးရတွင် စက်ယန္တရားများ မရှိဟု ဆိုသည်။

          မြေသားတမံ ပြန်လည် တည်ဆောက်ရေးအတွက် ပြည်ပ အလှူငွေများ တားဆီး ခံရခြင်း အတွက် စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုများကို Imai က အပြစ်တင်လိုက်သည်။

          "တကယ်လို့ နောက်ထပ် ဆိုင်ကလုံး အကြီးစားတစ်ခု ဝင်လာမယ်ဆိုရင် ပျက်စီးနေတဲ့ တမံတွေကြောင့် ရေလွှမ်းမှုကို တားနိုင်တော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် မြစ်ဝကျွန်းပေါ် ကမ်းခြေလို အနိမ့်ပိုင်းတွေကို လှိုင်းတွေ တိုက်ချသွားမှာပါ။ အသစ် ပြန်ဆောက်ထားတဲ့ လမ်း၊ တံတား၊ အိမ်တွေကို ဖြိုချသွားမှာပါ" ဟု ၎င်းက ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

DVD News, By Larry Jagan, 18th March 2010

          မြန်မာနိုင်ငံကို အုပ်ချုပ်နေသော စစ်ဖက်အစိုးရသည် လက်ကို တဆုံး ထုတ်ပြလေ့ ရှိသူများ မဟုတ်ပါ။ ကြေညာချက် တစ်ခု(သို့) မူဝါဒတစ်ခုကို ထုတ်ပြန်ရခြင်း၏ အကြောင်းရင်းမှာလည်း အတိုက်အခံများကို ထိန်းထားရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မှန်းဆမှုများ အရေးမပါအောင် ပြုလုပ်ရန်ပင် ဖြစ်သည်။ စိတ်ဓာတ် စစ်ဆင်ရေးတွင် ဆရာတစ်ဆူ ဖြစ်သော အစိုးရ အကြီးအကဲသည် အတိုက်အခံများ၏ ခြေလှမ်းကို ထိန်းချုပ်ရန်အတွက် ရွေးကောက်ပွဲ ဥပဒေကို တစ်စပြီးတစ်စ ထုတ်ပြန်သည့် နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။

          သို့ရာတွင် ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် မျှတမှု ရှိမည် မဟုတ်ကြောင်းနှင့် အကုန်မထုတ် ပြန်သေးသည့်တိုင် တစ်စချင်း ထုတ်ပြန်နေသော ဥပဒေများကို အကုန်လုံး ဖယ်ချခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုတင် မှန်းဆတုန့်ပြန်ခဲ့ခြင်းမှာ စိတ်မကောင်းစရာပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်သည် နည်းဥပဒေများကို ဂရုတစိုက် လေ့လာခြင်း မပြုဘဲ တင်းမာသော သဘောထားကို ပြသခဲ့ကြသည်။ ယုံကြည် လေးစားလောက်သော ရွေးကောက်ပွဲ လုပ်ငန်းစဉ် ဖြစ်လာစေရန် အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး၍ ရွေးကောက်ပွဲ ဝင်ခွင့် ပြုရမည် ဟူသော အချက် တစ်ခုတည်းကိုသာ ၎င်းတို့က ဆုပ်ကိုင်ထားခဲ့ကြသည်။

          ယခုအချိန်အထိ ရွေးကောက်ပွဲ၏ အစိတ်အပိုင်းအချို့ (အထူးသဖြင့် စည်းရုံး မဲဆွယ်ခြင်း) ကို အမှန်တကယ် ထုတ်ပြန်ကြေညာခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲကို အပြည့်အဝ ပြစ်တင်ရှုတ်ချရန် အချိန်မကျသေးဟု ဆိုရမည်။ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်ရန် ကြံဆနေကြသော နိုင်ငံရေးပါတီများနှင့် ပြည်တွင်း နိုင်ငံရေးသမားများမှ လွဲလျှင် အခြားသော လေ့လာသူများ အနေနှင့်လည်း ရွေးကောက်ပွဲ ဥပေဒေကို ထဲထဲဝင်ဝင် လေ့လာရန်၊ စဉ်းစားဆင်ခြင်ဥာဏ်နှင့် ပြည့်စုံရန် လိုသေးသည်။

          ရွေးကောက်ပွဲဝင်ရန် စီစဉ်နေသည့် ပါတီတစ်ခုမှ ဝါရင့်ပါတီဝင်တစ်ဦးက "ဒီဥပဒေက ရွေးကောက်ပွဲအတွက် အတော်လေး မျှတတဲ့ အခြေအနေကို ပေးထားပါတယ်" ဟု ပြောကြားလိုက်သည်။ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မှတ်ပုံတင်ကြေး ၅ သိန်းကျပ်နှင့် နှိုင်းယှဉ်လျှင် ပါတီတစ်ခု၏ မှတ်ပုံတင်ကြေး ၃ သိန်းကျပ်မှာ သက်သာသည်ဟု ဆိုနိုင်သည်။ ကြိုတင်မှန်းဆထားသော နှုန်းများထက်လည်း လျော့နည်းသည်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသော နိုင်ငံရေး သမားအများစုက ကျပ်သိန်း ၂၀ မှ ကျပ်သိန်း ၅၀ အထိ ဖြစ်နိုင်သည်ဟု ယုံကြည်ထားခဲ့ကြခြင်း ဖြစ်သည်။

          ရွေးကောက်ပွဲကို ဝေဖန်ခြင်းသည် ဥပဒေကို ဆန့်ကျင်ရာ ရောက်ကြောင်း အစိုးရက သတ်မှတ်ထားသဖြင့် အမည်မဖော်လိုသူ မြန်မာနိုင်ငံရေး ပညာရှင် တစ်ဦးက "မဲရုံတွေမှာပဲ မဲရေတွက်ပြီး အဲဒီမှာပဲ ရလဒ်တွေကို ကြေညာမယ်ဆိုတဲ့ အချက်က အရေးကြီးဆုံးပါပဲ" ဟု သုံးသပ်သည်။ မဲရေတွက်မှုကို ဒေသခံ စစ်ဆေးသူများ၏ ရှေ့မှောက်တွင် ပြုလုပ်မည် ဖြစ်ပြီး ပုံမမှန်မှုများ မရှိကြောင်း သက်သေပြရန် အမတ်လောင်းများ၏ ကိုယ်စားလှယ်များကို စောင့်ကြည့်ခွင့် ပေးဖွယ် ရှိသည်ဟု သိရသည်။

          ဤအချက်မှာ ၂၀၀၈ ဆန္ဒခံယူပွဲကဲ့သို့ ရလဒ်များကို မရိုးမသား ပြုလုပ်ရန် အစိုးရအတွက် ခက်ခဲလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ကြောင်း ပြည်တွင်းမှ အကဲခတ်သမားများက ပြောဆိုသည်။ သို့ရာတွင် အစိုးရက ရှင်းရှင်းလင်းလင်း ပြောကြားထားသည့်အတိုင်း နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့များကို နိုင်ငံတွင်း၌ ခွင့်ပြုလိမ့်မည် မဟုတ်ပါ။ ပြီးခဲ့သောလက ရှေ့နေချုပ်၊ တရားသူကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးတို့က ကုလသမဂ္ဂ လူအခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana အား နိုင်ငံတကာ အကဲခတ်လေ့လာသူများကို မလိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ ပွင့်လင်း မြင်သာရှိမှုအပေါ် သံသယများစွာ ကျန်ရှိနေဆဲ ဖြစ်ပြီး အထူးသဖြင့် ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာကြမည့် ပြည်ပ သတင်းထောက်များကို ဝင်ခွင့်ပြုရန် အစိုးရက လုံးဝ မလိုလားသောကြောင့်ပင် ဖြစ်သည်။

          "နိုင်ငံတကာက တခြား ဥပဒေတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီဥပဒေက မမျှတဘူးလို့တော့ ကောက်ချက်ချလို့ မရနိုင်ပါဘူး" ဟု ရန်ကုန်မှ အမည်မဖော်လိုသည့် အနောက်နိုင်ငံ သံတမန်တစ်ဦးက DVB သို့ ပြောကြားသည်။ သို့ရာတွင် ကြီးမားစွာ ထိန်းချုပ်ထားသည့် အခြေခံ ဥပဒေအရ ရေးဆွဲသည့် လုပ်ငန်းစဉ် ဖြစ်နေခြင်း၊ စစ်တပ်ကို ဦးစားပေးထားသည့် အခြေခံဥပဒေ အတုအယောင် ဆန္ဒခံယူပွဲ ရလဒ်များနှင့် နိုင်ငံရေး ခေါင်းဆောင် ဖြစ်နိုင်သူများကို အနှစ် ၂၀ ကြာ ရည်ရွယ် ကြံစည် ဟန့်တားထားခြင်းတို့သည် ဆက်စပ် စဉ်းစားရမည့် ကိစ္စများ ဖြစ်နေသည်ဟု သူမက ပြောကြားသည်။

          ဤအခြေအနေများတွင် လေ့လာသူများ၊ သံတမန်များနှင့် အကဲခတ်သမား အများစုတို့က အစိုးရအား သံသယ၏ အကျိုးကို ခံစားရရှိစေရန် လိုလားကြောင်း ပါရှိသည်။ သို့ဖြစ်၍ လက်တွေ့ကျသော အရာအများစုမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ကြီးကြပ်ရန် အစိုးရက ရွေးချယ်ထားသော အဖွဲ့ ဖြစ်သည့် ရွေးကောက်ပွဲ ကော်မရှင်အပေါ်တွင် အမှန်တကယ် တည်မီနေသည်ဟု ဆိုရမည် ဖြစ်သည်။

          အခြားနေရာများမှ ဒီမိုကရေစီ ရွေးကောက်ပွဲများကဲ့သို့ပင် ရွေးကောက်ပွဲ ကော်မရှင်အား လုပ်ပိုင်ခွင့် ကြီးကြီးမားမား ပေးအပ်ထားလိမ့်မည်ဟု မြန်မာနိုင်ငံကို စောင့်ကြည့်နေသော အနောက် သံတမန်တစ်ဦးက ပြောကြားသည်။ "ဒီနေရာမှာ ကွဲပြားတာ တစ်ခုက သူတို့ရမယ့် လုပ်ပိုင်ခွင့်က အပေါ်ယံပဲ ဖြစ်ပါလိမ့်မယ်။ စစ်ခေါင်းဆောင်တွေ့ရဲ့ ကန့်လန့်ကာ နောက်ကွယ်က ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်ဖို့အတွက် သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားမှာပါ" ဟု ၎င်းက အတိအလင်း ပြောကြားသည်။

          လတ်တလော ခန့်အပ်လိုက်သည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၁၇ ဦးအနက် ဥက္ကဋ္ဌ ဦးသိန်းစိုးမှ လွဲလျှင် ကျန်အဖွဲ့ဝင်များသည် မည်သို့သော ပုဂ္ဂိုလ်များ ဖြစ်ကြောင်း မသိကြပေ။ ဦးသိန်းစိုးသည် ဗဟိုတရားရုံးမှ ဒုတိယ တရားသူကြီးချုပ် ဖြစ်ပြီး ယခင်က စစ်ဥပဒေချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ ယခု ယူနီဖောင်း မဝတ်တော့သော စစ်သားစစ်စစ်တစ်ဦး ဖြစ်သည်။ အခြား အဖွဲ့ဝင်များတွင် တပ်မတော် အရာရှိဟောင်းများ၊ တရားသူကြီးများ၊ ပါမောက္ခများနှင့် အငြိမ်းစား သံအမတ်များ ပါဝင်သည်။ ပညာရှင်များ၊ အစိုးရ ဝန်ထမ်းများနှင့် တရားသူကြီးများသည် ဖိနှိပ် ချုပ်ချယ်သော အစိုးရ၏ ဆိုးဝါးစွာ အနိုင်ကျင့် ခြောက်လှန့်မှုကို ကြုံတွေ့ဖူးသူများ ဖြစ်ရာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ရန် ကြိုးစားမည့်ပုံ မရဘဲ စစ်အစိုးရ ခေါင်းဆောင်များ၏ ညွှန်ကြားချက်များအတိုင်း လိုက်လံ ဆောင်ရွက်မည့် အလားအလာကသာ များနေသည်။

          ၁၉၆၂ နောက်ပိုင်း အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းတွင် စစ်အစိုးရကို ဆန့်ကျင် ဆုံးဖြတ်သည့် တရားရုံး ဆုံးဖြတ်ချက်များ ထွက်ပေါ်မလာတော့ပါ။ သို့ဖြစ်၍ ၎င်းတို့၏ အမူအကျင့်များ ပြောင်းလဲလိမ့်မည်ဟု ယူဆစရာ အကြောင်းအရင်းများ လုံးဝ မရှိပါ။ ယခင် ရွေးကောက်ပွဲ ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ်မှ ဖယ်ရှားရန် ကြိုးစားခဲ့သော်လည်း ယင်းညွှန်ကြားချက်ကို ပါတီက လျစ်လျူရှုခဲ့ပြီး သူမကလည်း အကျယ်ချုပ် ကျခံနေရသော ကာလ၌ပင် ပါတီတာဝန်ကို ထမ်းဆောင် ရပ်တည်ခဲ့သည်။

          ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို ယခု တရားဝင် ပယ်ဖျက်လိုက်သော သတင်းသည် အံ့အားသင့်စရာ မရှိပါ။ အစိုးရက အခြေခံ ဥပဒေသစ်ကို ရေးဆွဲကာ ဆန္ဒခံယူပွဲဖြင့် ဇွတ်အတည်ပြုခဲ့ခြင်း၊ ရွေးကောက်ပွဲ အသစ် ကျင်းပရန် စီစဉ်ခြင်း အားလုံးသည် ၁၉၉၀ ရွေးကောက်ပွဲများကို အလိုမရှိကြောင်းကို ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် လွန်ခဲ့သည့် အနှစ် ၂၀ က အနိုင်ရရန် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ကြသော၊ ဖိအားပေးမှု၊ အကျပ်ကိုင် ခြိမ်းခြောက်မှုနှင့် ဖမ်းဆီးမှုများကို ခံစားကြုံတွေ့ခဲ့ရသော NLD ပါတီနှင့် အခြားနိုင်ငံရေး အတိုက်အခံ အုပ်စုများအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုပင် ဖြစ်သည်။

          ယခုအချိန်၌ အကယ်၍ ၎င်းတို့အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်လိုသည် ဆိုပါက ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့သစ်၏ စုံစမ်းစစ်ဆေးမှုကို ခံရတော့မည် ဖြစ်သည်။ အမတ်လောင်းများ၏ အမည်စာရင်း တင်သွင်းမှုကို လက်ခံခြင်း (သို့) ပယ်ချခြင်း မပြုမီ ရွေးကောက်ပွဲ ဝင်လိုသူ မည်သူကိုမဆို ကော်မရှင်က ဖိတ်ခေါ်၍ စုံစမ်းမေးမြန်းခြင်း၊ အထောက်အထားများ စစ်ဆေးခြင်းတို့ ပြုလုပ်မည်ဟု ကြာသပတေးနေ့တွင် ကော်မရှင်က ထုတ်ပြန်သော စည်းမျဉ်း၊ စည်းကမ်းများတွင် ဖော်ပြထားသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲ ဝင်လိုသူများအပေါ် ကြီးမားစွာ ထိန်းချုပ်ခွင့်ကို ကော်မရှင်အား အပ်နှင်းထားသည်ဟု ဆိုနိုင်သည်။ "အစိုးရက ကန့်ကွက်တဲ့ သူတိုင်းကို အသေးစိတ် စစ်ဆေးပြီး စည်းကမ်းနှင့် မညီညွှတ်ကြောင်း ပြသဖို့ အချက်အလက်တွေကို အပြစ်ရှာပါလိမ့်မယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီလှုပ်ရှားမှု အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဇင်လင်းက ဆိုသည်။

          ထို့အပြင် အမတ်လောင်းနှင့် ပါတီများ မဲဆွယ်ရာတွင် သုံးခွင့်ရှိသည့် ငွေပမာဏကိုလည်း ပြင်းထန်စွာ ကန့်သတ်ထားသေးသည်။ အမတ်လောင်း တစ်ယောက်တိုင်း၏ မဲဆွယ်စရိတ်အတွက် ကျပ်ငွေ ၁၀ သန်း (သိန်း ၁၀၀) မျှကိုသာ ပါတီ ရန်ပုံငွေ (သို့) ကိုယ်ပိုင်ငွေမှ ထုတ်ယူ သုံးစွဲခွင့် ပြုထားသည်။ ပါတီအားလုံးနှင့် အမတ်လောင်းများအား ပြည်ပမှ ထောက်ပံ့ငွေ လက်မခံရန် တင်းကြပ်စွာ တားမြစ်ထားသည်။ ဤစည်းကမ်းမှာ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံအများစုနှင့် ကွဲပြားမှု မရှိသော်လည်း အမတ်လောင်းများနှင့် ပါတီများကို ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုဖြင့် ထုတ်ပယ်ခွင့် ရှိသော ရွေးကောက်ပွဲ ကော်မရှင်အား ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ် စစ်ဆေးခွင့် ပေးထားခြင်းမှာ သေချာသောစီစဉ်မှု တစ်ခု ဖြစ်သည်။

          ယခု ရွေးကောက်ပွဲ ဥပဒေအရ ထွက်ပေါ်လာသော အကြီးမားဆုံး ပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမား အားလုံး လက်ရှိအချိန်တွင် ဖမ်းဆီးထိန်းသိမ်း ခံနေရခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်ဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း လက်ရှိ မြန်မာအရေး ဝေဖန်သူ Derek Tonkin ကဲ့သို့သော အကဲခတ်သမားများက ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ကျခြင်း မဟုတ်ဘဲ နေအိမ် အကျယ်ချုပ်သာ ဖြစ်၍ သူမအနေဖြင့် ကင်းလွတ်ခွင့် ရသင့်သည်ဟု တင်ပြနေကြသည်။ ဥပဒေအရဆိုလျှင် ရွေးကောက်ပွဲ ဝင်ခွင့် မရသည့်အပြင် ပါတီဝင်အဖြစ်ပင် ဝင်ခွင့် မရနိုင်ပါ။ ၎င်းတို့အားလုံးသည် နိုင်ငံရေးလုပ်၍ ထောင်ကျနေသူများသာ ဖြစ်သည်။ အများစုမှာ လုပ်ကြံစွပ်စွဲခံရပြီး မတရား ပြစ်ဒဏ် ချခံရသူများသူ ဖြစ်ကြသည်။ ဤဥပဒေ၏ တရားမမျှတမှုမှာ သံသယရှိစရာ လိုမည် မထင်ပါ။

          ဤဥပဒေပါ စည်းကမ်းချက်များသည် အစိုးရ၏ လုပ်ပိုင်ခွင့် အာဏာအရ အကြောင်းမဲ့ မထီမဲ့မြင်ပြုမှု တစ်ခုဖြစ်သည်ဟု Amnesty မှ ဘန်ကောက်အခြေစိုက် မြန်မာ့အရေး လေ့လာသူ Benjamin Zawacki က ပြောကြားလိုက်သည်။ "လက်ခံ ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် နိုင်ငံရေးအကျဉ်းသား အားလုံးကို ရွေးကောက်ပွဲ ဝင်နိုင်ဖို့ လွှတ်ပေးရပါလိမ့်မယ်"ဟု ၎င်းကဆိုသည်။

          ဤအချက်သည် နိုင်ငံတကာ အစိုးရများနှင့် လူ့အခွင့်အရေး အဖွဲ့များက အမြဲတမ်း ကျယ်လောင်စွာ တောင်းဆိုနေကြသည့် အရေးကြီး အချက်တစ်ခုဖြစ်သည်။ ယခုအပတ် ဖိလစ်ပိုင်တွင် ပြုလုပ်သော ဘက်မလိုက် လှုပ်ရှားမှု အစည်းအဝေးတွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၏ ပြောကြားမှု အပါအဝင် မြန်မာအစိုးရ ကိုယ်စားလှယ်များ ခုခံ ပြောကြားလေ့ ရှိသော "တံခါးဖွင့်၊ ပွင့်လင်းသည့် ရွေးကောက်ပွဲများ" ဖြစ်စေလိုလျှင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမည် ဖြစ်သည်။

          ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ၎င်း၏ လတ်တလော မြန်မာခရီးစဉ်နှင့် ပတ်သက် ၍ DBV သို့ ပြောကြားရာတွင် "အကယ်၍ လက်ခံ ယုံကြည်ထိုက်သော ရွေးကောက်ပွဲများ ဖြစ်စေလိုပါက ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် လိုအပ်ကြောင်း ၎င်းအနေဖြင့် အဆက်မပြတ် ထုတ်ဖော် တင်ပြသွားမည်ဟု ပြောဆိုခဲ့သည်။ "ဒီလူတွေ (နိုင်ငံရေး အကျဉ်းသားများ) ဟာ ပညာတတ်တွေ၊ ရွေးကောက်ပွဲမှာ ပါဝင်သင့်တဲ့ အစွမ်းအစ ရှိသူတွေ၊ ရွေးကောက်ပွဲ သိက္ခာ တက်လာအောင် ကူညီနိုင်မဲ့သူတွေ ဖြစ်တယ်လို့ မြန်မာ အာဏာပိုင်တွေကို ကျွန်တော် ပြောခဲ့တယ်" ဟု ၎င်းက ပြောသည်။

          အထက်ပါ အချက်များသည် လုံးဝ မှန်ကန်သော အချက်များ ဖြစ်သလို ၎င်းတို့အား ဆက်လက် ဖမ်းဆီးထားပါက မြန်မာအစိုးရ၏ ရွေးကောက်ပွဲကို လွတ်လပ်မျှတသည်ဟု ကမ္ဘာက မြင်မည် မဟုတ်တော့ပါ။ အစိုးရသည် ကမ္ဘာက လက်မခံနိုင်သော ရွေးကောက်ပွဲဥပဒေ ဖြစ်အောင်လည်း လုပ်မည် မဟုတ်ပါ။ လက်ရှိတွင် NLD ပါတီ ဝင် ၄၀၀ ကျော် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ထောင်ထဲတွင် ရှိနေပြီး ရွေးကောက်ပွဲရက်နှင့်အတူ တပြိုင်တည်း ကြေညာမည့် လွတ်ငြိမ်း ချမ်းသာခွင့်တွင် ၎င်းတို့အနက်မှ အများစု လွတ်မြောက်လာဖွယ် ရှိသည်။ သို့သော် အလွန်သေချာသည့် အချက်မှာ လွှတ်မြောက်လာမည့် သူများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ ပါဝင်မည် မဟုတ်ခြင်းပင် ဖြစ်သည်။

          သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးမှု တစ်ခုတည်းဖြင့် ရွေးကောက်ပွဲများ လွတ်လပ်မျှတမှု မရှိဟု ဆိုနိုင်မည် မဟုတ်ပါ။ ၎င်းတို့သည် အားလုံး ပါဝင်နိုင်အောင် လက်ခံ ယုံကြည်နိုင်အောင် ပြုလုပ်မည် မဟုတ်သည်မှာ သေချာနေသည်။ သို့သော် ယခု ဥပဒေအရ ပေါ်ထွက်လာသည့် အချက်မှာ အစိုးရက ရွေးကောက်ပွဲရလဒ်များကို ထိရောက်စွာ ထိန်းချုပ်နိုင်မည့် နည်းလမ်း၊ စနစ်များ ကျင့်သုံးရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်သည် ရလဒ်များကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ပြီး တရားဝင် အသွင်ဖြင့် လုပ်ဆောင်နေကြောင်း စောဒကတက်မှုများ ရှိလာပါက ကော်မရှင်အနေဖြင့် ပြဿနာနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Irrawaddy News, 20th March 2010

          မြန်မာ၊ အိန္ဒိယ စသော နိုင်ငံများနှင့် ပိုင်နက် အငြင်းပွားမှုကြောင့် အနောက်နိုင်ငံ ကုမ္ပဏီများ လုပ်ငန်းလုပ်ရန် တုံ့ဆိုင်းနေကြသော ဘင်္ဂလား ပင်လယ်အော်တွင် ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေး အတူတကွ လုပ်ဆောင်ရန် တရုတ်နှင့် ဘင်္ဂဘားဒေ့ရှ်တို့ သဘောတူခဲ့ကြသည်ဟု သိရှိရသည်။

          ဘင်္ဂလားဒေ့ရှ်၏ အဓိက စစ်တကောင်းဆိပ်ကမ်း ပြန်လည်ပြင်ဆင်မှုနှင့် တိုးချဲ့မှုကို တရုတ်က ရန်ပုံငွေ ထောက်ပံမည် ဖြစ်ပြီး ယူနန်ပြည်နယ်နှင့် စစ်တကောင်းအကြား ကားလမ်း၊ ရထားလမ်းများ ဆက်သွယ်ရန် အဆိုပြုထားမှုကိုလည်း ၂ နှစ်နိုင်ငံ နီးကပ်စွာ ဆောင်ရွက်သွားကြမည်ဟု သိရသည်။

          တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် အပါအဝင် တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန်အတွက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်မာက်ဆီနာ ဘီဂျင်းနှင့် ဘူမင်းမြို့များသို့ ရောက်ရှိစဉ် အဆိုပါ သဘော တူညီချက်များကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

          သဘောတူညီစာချုပ် ၃ ခုစလုံးကို ဆက်လက် ဆောင်ရွက်ပါက မြန်မာနိုင်ငံကို ထိခိုက်စေမည် ဖြစ်ကာ ၎င်းတို့အနက် တစ်ခုမှာ မြန်မာအစိုးရ၏ သဘောတူညီမှုလည်း လိုအပ်သည်။

          ယူနန်ပြည်နယ် ကူမင်းနှင့် အိန္ဒိယသမုဒ္ဒရာ ဆိပ်ကမ်း စစ်တကောင်းကို ရထားလမ်းဖြင့် ဆက်သွယ်ရန် ဒါကာနှင့် ဘေဂျင်း ၂ ဖက်လုံးက ဆန္ဒရှိကြသည်။

          "ဘယ်လမ်းကြောင်းပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို ဖြတ်သန်းသွားရမှာပါ။ ဘင်္ဂဘားဒေ့ရှ်ရဲ့ ဖွံ့ဖြိုးရေးကို ကူညီ ထောက်ပံ့ရာမှာ အိန္ဒိယရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို တရုတ်က ရစရာလမ်း မမြင်ပါဘူး" ဟု ဘန်ကောက်မှ စွမ်းအင်ကဏ္ဍ လေ့လာသူ Collin Reynolds က ပြောကြားသည်။

          "တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီက ဘင်္ဂလားဒေ့ရှ်မှာ ရေနံရှာချင်တယ်လို့ အရင်ကတည်းက ပြောနေတာပါ။ အခုတစ်ပတ် လက်မှတ်ထိုးခဲ့တဲ့ သဘောတူစာချုပ်တွေက သူတို့ ရည်ရွယ်ချက် ပြည့်သွားတာပေါ့။ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်နဲ့ ကပ်နေတဲ့ မြန်မာ ရွှေဓာတ်ငွေ့သိုက်က ဝယ်နေတဲ့ တရုတ် ကုမ္ပဏီက ဒီ CNPC ပါပဲ။ မြန်မာ အာဏာပိုင်တွေ ဘယ်လို တုန့်ပြန်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The Irrawaddy, By Ko Htwe, 19th March 2010

          ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Skeikh Hasina သည် ကြာသပတေးနေ့က တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်နှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး၊ ပါဝါနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများတွင် ချေးငွေများ ရရှိရေးအတွက် စကားပြောခဲ့သည်။

          အချို့ ချေးငွေများမှာ လမ်းများ ဖောက်လုပ်ရာတွင် လည်းကောင်း၊ အချို့ကို မြန်မာနိုင်ငံကို ဖြတ်၍ စစ်တကောင်းမှ ကူမင်းအထိ ရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းတွင် လည်းကောင်း အသုံးပြုမည် ဖြစ်သည်။

          ဒါကာအခြေစိုက် The Daily Star ၏ အဆိုအရ ဘင်္ဂလားဒေ့ရှ်သည် အဆိုပြုထားသော လမ်း များအနက် မြန်မာနယ်စပ်အထိ လမ်းကို ဖောက်လုပ်ပြီး ဖြစ်ကြောင်း သိရှိရသည်။

          ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ ခရီးစဉ် မတိုင်မီက နိုင်ငံခြားရေးဝန်ကြီး Dipu Moni က သတင်းထောက်များအား ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့် ရေပိုက်နက် အငြင်းပွားမှုအား ဖြေရှင်းရာတွင် တရုတ်၏ အကူအညီ ရရှိရေးကိုလည်း လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

          ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန တာဝန်ရှိ ပုဂ္ဂိုလ်က ဧရာဝတီသို့ ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ်မှ နိုင်ငံခြားရေး အတွင်းဝန် M.Khurshid Alam ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရေပိုင်နက်ကိစ္စ စကားပြောရန် နေပြည်တော်သို့ သွားရောက်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

          အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုသည် နှစ်နိုင်ငံ အငြင်းပွားနေသော ရေပိုင်နက်ကိစ္စနှင့် ပတ်သက်၍ ခြောက်ကြိမ်မြောက် စကားပြောခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ၂၀၀၈ ခုနှစ်မှ စ၍ သဘာဝဓာတ်ငွေ့နှင့် သယံဇာတများ ကြွယ်ဝသော ဘင်္ဂလား ပင်လယ်အော်တွင် ရေပိုင်နက်ကိစ္စ အငြင်းပွားနေခဲ့ခြင်း ဖြစ်သည်။

          "ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟာ အကူအညီ ရဖို့ တရုတ်ကို သွားတဲ့ ခရီးစဉ်ပြီးရင် မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာအစိုးရနဲ့ လမ်းစီမံကိန်းကိစ္စ စကားပြောဖို့ ရှိပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်သတင်းဌာန တစ်ခုဖြစ်သော Narinjara News မှ အယ်ဒီတာချုပ် ခိုင်မရကျော်က ပြောသည်။

          ဘင်္ဂလားဒေ့ရှ်သည် တရုတ်နှင့် စီးပွားရေးအရ ပိုမို တိုးတက် ဆက်ဆံလိုပြီး၊ အကယ်၍ တရုတ်ကသာ ၎င်း၏ အဆိုပြုချက်ကို သဘောတူခဲ့ပါက၊ ဘင်္ဂလားဒေ့ရှ်သည် မြန်မာအစိုးရနှင့် စစ်တကောင်းမှ ကူမင်းအထိ ကားလမ်းနှင့် ရထားလမ်း ဖောက်လုပ်ရေး စကားပြောရမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါ ကိစ္စတွင် မြန်မာနိုင်ငံက အဓိကနေရာမှ ပါဝင်နေသောကြောင့် ဖြစ်ကြောင်း ခိုင်မရကျော်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ ကာလများအတွင်း အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာစစ်အစိုးရ အကြား တိုက်ပွဲများ ဖြစ်ပွားနိုင်ကြောင်း စစ်အစိုးရ ဆန့်ကျင်သည့် အုပ်စုခေါင်းဆောင် တစ်ဦးက မတ်လ ၁၉ ရက်နေ့တွင် သတိပေး ပြောဆိုလိုက်ကြောင်း သိရသည်။

နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း အမျိုးသား ရွေးကောက်ပွဲဟူ၍ ပေါ်ပေါက် လာခဲ့ခြင်း အပေါ် မည်သို့မျှ လက်သင့်မခံသော လက်နက်ကိုင်တပ်ဖွဲ့၏ သဘောထားကြောင့် ယင်းသို့ တင်းမာသည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရသည် ယခုနှစ်အတွင်း ရွေးကောက်ပွဲ မကျင်းပမီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အထိုက်အလျောက် ရရှိထားသော တိုင်းရင်းသား လူနည်းစု အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ကာ ၎င်းတို့ကို အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိရန် ကြိုးပမ်းလျက် ရှိသည်။ သို့သော် ဆွေးနွေးမှုများ မအောင်မြင်သောကြောင့် လက်နက်ကိုင် အုပ်စုများမှာ တိုက်ပွဲဝင်ရန် အခြေအနေသို့ ရောက်ရှိလာသည်။

ဤသို့ဖြင့် ဒေသ အများအပြားတွင် ဒုက္ခသည်များအဖြစ် အစုလိုက် အပြုံလိုက် ထွက်ပြေးကြရမည့် အနေအထား ဖြစ်လာသည်။ "အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ စစ်အစိုးရအကြား တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်" ဟု ကရင်အမျိုးသား ယူနီယံ (KNU) အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဇစ်ပိုရာစိန်က ပြောသည်။ KNU သည် မြန်မာစစ်အစိုးရအား နှစ်ပေါင်း ၆၀ ကျော်ကြာ တိုက်ခိုက်လာခဲ့သော အဖွဲ့ဖြစ်သည်။

ကရင်လှုပ်ရှားမှု အဖွဲ့ပေါင်း ၁၅၀ တို့သည် ကျင်းပမည့် ရွေးကောက်ပွဲကို အယုံအကြည် မရှိကြောင်းနှင့် ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့် ကိန်းဂဏန်းများကိုလည်း လက်သင့်မခံရန် လိုအပ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများအား တိုက်တွန်းထားသည်။ ရွေးကောက်ပွဲသည် အယောင်ဆောင်ခြင်းသာ ဖြစ်ပြီး စစ်တပ်အုပ်ချုပ်ရေး ဆက်လက် တည်တံ့ ခိုင်မြဲစေရန်သာ ဖြစ်ကြောင်း ပြောဆိုကြသည်။

တိုင်းရင်းသား လူနည်းစုများ အင်အားကြီးထွားရာ ဒေသများကို စစ်အစိုးရက စီမံ အုပ်ချုပ်ရာတွင် အားနည်းလျက် ရှိသည်။ ၁၉၈၉ ခုနှစ်မှ စတင်၍ အပစ်အခတ် ရပ်စဲရေးကို သဘောတူညီခဲ့သော အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။ ၎င်းတို့သည် အပစ်အခတ် ရပ်စဲထားသော်လည်း လက်နက်များကို ဆက်လက် ကိုင်ဆောင်ထားဆဲ ဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် နေထိုင်ခဲ့ကြသည်။ အပစ်အခတ်ရပ်စဲမှု သဘောတူညီထားသည့် အဖွဲ့တွင် အဆိုပါ ကရင်အဖွဲ့ မပါဝင်ပေ။

ရွေးကောက်ပွဲ ကျင်းပမည်ဟု ဆိုသော်လည်း ကျင်းပမည့် နေ့ရက် အတိအကျကိုမူ ကြေညာခြင်း မရှိသေးပေ။ အပစ်အခတ် ရပ်စဲထားသော (ငြိမ်းချမ်းရေး ရယူထားသော) အဖွဲ့များအား စစ်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် မြန်မာစစ်တပ် ကွပ်ကဲမှုအောက်တွင် ထားရှိရန် ညှိနှိုင်း တောင်းဆိုထားသည်။

သို့သော် အများအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့များက ယင်းသို့ မပြုလုပ်လိုကြောင်း ငြင်းဆိုထားကြသည်။

"မြန်မာစစ်တပ်က သူတို့ရဲ့ တပ်ဖွဲ့တွေကို အပစ်အခတ် ရပ်စဲရေး နယ်မြေတွေဆီ လွှတ်ထားတယ်။ တကယ်လို့ တိုက်လာရင် သူတို့က ပြန်တိုက်မှာပဲ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် တင်းမာမှုတွေက မြင့်မားနေတယ်" ဟု KNU ၏ အမျိုးသမီး ခေါင်းဆောင် ဇစ်ပိုရာစိန်က ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်တွင် ကျင်းပသော သတင်းစာ ကွန်ဖရင့်၌ ပြောကြားသည်။

အပစ်အခတ် ရပ်စဲရေး အုပ်စုများတွင် အကြီးမားဆုံး ဖြစ်သော ဝ ပြည်နယ် တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင် အင်အား ၂၀၀၀၀ (နှစ်သောင်း) ခန့်နှင့် ကချင်ပြည်နယ် လွတ်မြောက်ရေး တပ်ဖွဲ့တွင်  ၄၀၀၀ (လေးထောင်) ခန့် ရှိသည်။ ၎င်းတို့သည် ယခုအခါ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

"ဝ တွေကတော့ တိုက်ဖို့ အဆင်သင့်ပဲ" ဟု KNU အကြီးအကဲက ပြောဆိုသည်။ မြန်မာပြည်ပြေးများ ထုတ်ဝေသော ဧရာဝတီ မဂ္ဂဇင်း၏ အဆိုအရ အပစ်အခတ် ရပ်စဲထားသော မွန်ပြည်သစ် ပါတီသည် စစ်အတွက် ကြိုတင် လုပ်ဆောင်သည့် အနေဖြင့် ၎င်းတို့၏ လက်နက်များကို ရွှေ့ပြောင်းထားကြောင်း၊ အချို့ ဌာနများကိုလည်း လူအများ အလွယ်တကူ မထိတွေ့နိုင်သော နေရာများတွင် ထားရှိကြောင်း သိရသည်။

မြန်မာစစ်တပ်သည် အပစ်အခတ် ရပ်စဲထားသည့် အဖွဲ့များသာမက ပစ်ခတ်မှုများ ပြုလုပ်နေသည့် အဖွဲ့များနှင့်ပါ ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။ သို့သော် မဟာမိတ် တပ်ဖွဲ့ရန် သဘော တူညီမှုများ ရရှိလာခြင်း မရှိကြောင်း ကရင်ခေါင်းဆောင်က ဆိုသည်။

"အခုလုပ်မယ့် ရွေးကောက်ပွဲတွေက ကျွန်မတို့ တိုင်းရင်းသား လူနည်းစုအတွက် ပိုပြီး ဆိုးရွားလာမှာ ဖြစ်ပါတယ်" ဟု ဇစ်ပိုရာစိန်က ဆိုသည်။

"၂၀၀၈ ခုနှစ်က ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တဲ့ အခြေခံဥပဒေ အသစ်ဟာ အနာဂတ် အစိုးရအတွက် စစ်တပ်ရဲ့ ချုပ်ခြယ်မှု ဆက်လက် ရရှိစေမှာ ဖြစ်ပါတယ်။ လူနည်းစု တိုင်းရင်းသား ဒေသတွေအပေါ် စစ်တပ်က ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်မှာ ဖြစ်ပြီး လူသားချင်း မစာနာတဲ့ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ကျူးလွန်မှုတွေကိုလည်း ဆက်လက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်" သူမက ဆက်လက် ပြောဆိုသည်။

မြန်မာ စစ်တပ်သည် တိုင်းရင်းသား လူနည်းစုများအပေါ် ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် အဓမ္မ စေခိုင်းခြင်း စသည်တို့ဖြင့် လူ့အခွင့်အရေးများကို ချိုးဖောက်လျက် ရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့က သက်သေ အထောက်အထားများဖြင့် ထုတ်ဖော်ထားသည်။ သို့သော် စစ်အစိုးရကမူ မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ လုပ်ဆောင်ချက်များကို ပြည်တွင်း အတိုက်အခံအဖွဲ့များက လည်းကောင်း၊ ပြည်ပ လှုပ်ရှားသူများက လည်းကောင်း ကျယ်ပြန့်စွာ ဝေဖန်နေကြသည်။ လောလောဆယ် ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေအရ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရရှိပေ။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အဆိုပါ ဥပဒေကို ပြစ်တင် ပြောဆိုလျက် ရှိသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ မြန်မာပြည်တွင်းနှင့် နိုင်ငံတကာမှ ထင်မြင် သုံးသပ်ချက်များကို လေ့လာဆန်းစစ်ချက် တစ်ရပ် ထွက်ပေါ်လာသည်။ မြန်မာစစ်တပ် နောက်ကြောင်း ပြန်လှည့်တော့မည့် ကိစ္စအပေါ် ဝေဖန်ချက်များ၊ မြန်မာနိုင်ငံရေး မြင်ကွင်းအပေါ် လက်တွေ့ကျကျ အကဲဖြတ်မှုများနှင့် ရွေးကောက်ပွဲ ဥပဒေတွင် ပါဝင်သော ရည်ရွယ်ချက်များအပေါ် ဆန်းစစ်ထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးဟောင်းနှင့် Network Myanmar ၏ ဥက္ကဋ္ဌ Derek Tonkin က မတ်လအတွင်း ထွက်ရှိလာသော Burmese Perspectives အမည်ရ စာအုပ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲဥပဒေတို့နှင့် ပတ်သက်၍ ဤသို့ အဆိုပြု ပြောဆိုထားသည်ကို တွေ့ရသည်။

"ရွေးကောက်ပွဲ ဥပဒေများနှင့် ရွေးကောက်ပွဲကို မေးခွန်းထုတ် ပြောဆိုကြရာတွင် မြန်မာနိုင်ငံ၏ အတိုက်အခံ ပါတီကို ဦးစားပေးလွန်းသလို ဖြစ်နေပြီး လက်တွေ့ကျသော၊ ပကတိ ဖြစ်သော အရေးကိစ္စများအကြောင်း မပါသကဲ့သို့ ဖြစ်နေသည်" ဟု ၎င်း၏ စာအုပ်တွင် ပါရှိသည်။

"အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ပြစ်တင်ဝေဖန်၍ မရနိုင်သော ရွှေဂုံတိုင်ကြေညာချက် အမည်ရ သဘောထား တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် စစ်အစိုးရကမူ NLD က ထုတ်ပြန်သော အစီရင်ခံစာ တစ်ခုကိုမျှ လက်ခံစဉ်းစားရန် စိတ်ဝင်စားပုံ မရပေ" ဟု Burmese Persective တွင် ဖော်ပြ ပါရှိသည်။

ရွှေဂုံတိုင် ကြေညာချက်သည် NLD ၏ ကာလကြာရှည်စွာ တောင်းဆိုခဲ့သော အဆိုပြုချက်များကို ပြန်လည် တင်ပြထားခြင်းသာ ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရန်၊ ဒီမိုကရေစီ လိုလားသော အတိုက်အခံများနှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန်နှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို လက်သင့်ခံရန် စသည်တို့ ပါဝင်သည်။

Derek Tokin ၏ ပြောဆိုချက်အရ စစ်အစိုးရကို မကြာခဏဆိုသလို ပြစ်တင် ဝေဖန်တတ်သော ကမ္ဘာ့ခေါင်းဆောင်များ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ယခုလာမည့် ရွေးကောက်ပွဲတွင် ဒီမိုကရေစီဆန်သော သဘောထား ရှိသူများ ဝင်ရောက် ယှဉ်ပြိုင်မည် ဟူသော အချက်ကို မေ့မထားကြရန် အရေးကြီးသည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အားနည်းချက်များ၊ မှားယွင်းချက်များ မည်သို့ပင် ရှိနေစေကာမူ အနောက်ကမ္ဘာက အဖြစ်သည်းနေသော NLD ပါတီနှင့် ပါတီခေါင်းဆောင် ဟူသော အကြောင်းကိစ္စတစ်ခုတည်းဖြင့် ရွေးကောက်ပွဲ ဝင်ရောက်မည့် သူများ၏ အကျိုးစီးပွားကို လျစ်လျူ မရှုသင့်ပါကြောင်း Tokin က ဆိုသည်။

ယခုလတ်တလော ကာလက ထွက်ရှိခဲ့သော ရွေးကောက်ပွဲ ဥပဒေတွင် အံ့အားသင့်စရာ ကောင်းသော အကြောင်းအရာ တစ်စုံတရာ မပါဝင်ကြောင်း၊ သိုသော် ခြေခြေမြစ်မြစ် ဖြစ်သည့် အကြောင်းအရာ တစ်ခုသာ ပါဝင်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ အချက်မှာ အကျဉ်းချ ခံထားရသော နိုင်ငံရေးသမားများ အနေဖြင့် ယခု ဖြစ်ပေါ်လာမည့် အပြောင်းအလဲတွင် ခေါင်းဆောင်တစ်ဦး၊ ပါတီဝင်တစ်ဦး အနေဖြင့် လုပ်ဆောင်နိုင်မှု ရှိမည် မဟုတ်ပေ။

မည်သို့ဆိုစေ မြန်မာ့အရေး လေ့လာ သုံးသပ်သူများက အထက်တွင် ဖော်ပြခဲ့သော အကြောင်းအရာများနှင့် သတိပေးချက်များကို ရေငုံနှုတ်ပိတ် လုပ်နေကြချိန်တွင် Tokin က မြန်မာအာဏာပိုင်များနှင့် ပြည်တွင်းမှ အင်စတီကျူးရှင်းများနှင့် ပတ်သက်၍ သဘောထားတစ်ရပ်ကို ဖွင့်ချပြခဲ့သည်။

Tokin ၏အဆိုအရ မြန်မာတရားရုံးများနှင့် ရွေးကောက်ပွဲ ကော်မရှင်ကသာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူ တစ်ဦး အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ရှိ၊မရှိ ဟူသော ကိစ္စကို နောက်ဆုံး အဆုံးအဖြတ် ပေးသွားမည်သာ ဖြစ်သည်။

Burmese Perspectives တွင် သံအမတ်ကြီးဟောင်း Tokin က နိုင်ငံတကာ မီဒီယာများတွင် ထုတ်ဖော် ရေးသားနေကျ ဖြစ်သော အကြောင်းအရာများ၊ နိုင်ငံရေးအရ စိန်ခေါ်မှုများ ပါဝင်သည့် အမြင်များနှင့် တူညီသော သဘောထား အယူအဆ အချို့ကို ထုတ်ဖော်ခဲ့သည်။ ယင်းတို့မှာ ရွေးကောက်ပွဲ ဥပဒေတွင် လက်ရှိ ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေး အကျဉ်းသားများ (သို့မဟုတ်) နိုင်ငံရေး အကျဉ်းသားဟောင်းများ ပါဝင်ခွင့် မရအောင် ဟန့်တားထားခြင်း၊ ရဟန်း သံဃာတော်များကို မဲပေးခွင့် မပြုခြင်း အစရှိသည်တို့သည် ပြည်တွင်းနှင့် နိုင်ငံတကာ စံချိန် စံနှုန်းများကို ဆန့်ကျင်ရာ ရောက်သည်ဟု ဆိုသည်။ ထို့ပြင် Tokin က ကံမကောင်း အကြောင်းမလှ သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲမှု အပေါ်တွင်သာ မှီခို အားထားနေရသည် ဟူသော အချက်ကို စာဖတ်သူများ သတိပြုမိရန် ရေးသားထားသည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ် နှင့်ပတ်သက်၍ Tokin က ပွင့်ပွင့်လင်းလင်း အကဲဖြတ် ပြောဆိုသည်။ "နှစ်ပေါင်း ၂၀ ခန့် ဖြတ်သန်းပြီးနောက် ရွေးကောက်ပွဲ ရလဒ်မှာ ယနေ့ထိတိုင် တည်ရှိနေသေးသော်လည်း အခွင့်အရေး မရှိသလောက် ဖြစ်နေသည်" ဟု ၎င်းက ဆိုသည်။

မည်သို့ ဆိုစေကာမူ Tokin က စစ်အစိုးရက ဖွဲ့စည်းပေးထားသော ရွေးကောက်ပွဲ ကော်မရှင်ကို ယုံကြည်မှု ရှိနေသည်ကို တွေ့ရသည်။ အကယ်၍ NLD ကသာ ရွေးကောက် ပွဲဝင်မည့် လမ်းစဉ်ကို ရွေးချယ်လိုက်ပါက ကော်မရှင်ကလည်း NLD ကို နေရာ ပေးလိမ့်မည်ဟု Tokin က ထောက်ပြ ပြောဆိုသည်။

ဆိုရလျှင် Burmese Perspectives တွင် လက်ရှိ အတိုက်အခံပါတီ အနေနှင့် ရင်ဆိုင်နေရသော အခက်အခဲကို ထုတ်ဖော် ရေးသားထားသည်။ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အကွဲအပြဲ ဖြစ်၊မဖြစ် ကိုလည်း ဆန်းစစ်ထားသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး အပြောင်းအလဲ တစ်ခုသို့ တိုးဝင်နေပြီ ဖြစ်ရာ နှစ်ပေါင်း ၂၀ ကြာမျှ ဖြတ်သန်းခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်နှင့် ကာလကြာရှည်စွာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ဘက် နှစ်ဘက်စလုံးကို Tokin က မေးခွန်းများ ထုတ်ခဲ့သည်။

၎င်းက "နှစ်ပေါင်း ၂၂ နှစ်ကြာ တိုက်ပွဲဝင်လာသော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာပြည်သူများအတွက် မည်သည့်အရာများ ဆောင်ကြဉ်းပေးခဲ့ပါသနည်း" ဟူသော မေးခွန်းကို ထုတ်ခဲ့ပြီးနောက် အောက်ပါအတိုင်း အဖြေပေးခဲ့သည်။

"အဖြေမှာ ရှင်းပါသည်။ မြန်မာပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က အနာဂတ်အတွက် မျှော်လင့်ချက်များစွာ ပေးခဲ့သည်။ သို့သော် အဆိုပါ အနာဂတ်မှာ ဘယ်တော့မှ ဖြစ်မလာသော အနာဂတ်ပင် ဖြစ်သည်" ဟူ၍ ဖြစ်သည်။

Mizzima သတင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

 

DVB News, By Zoya Phan, 17th March 2010

မြန်မာစစ်ဖက်၏ ခေါင်းဆောင်များနှင့် သဘောထား ပျော့ပြောင်းစွာ ဆက်ဆံလိုသော နိုင်ငံများနှင့် မြန်မာ့ အရေး ကျွမ်းကျင်သူများ အတွက် ယခုနှစ် မတ်လသည် ကံဆိုးသော လတစ်လ ဖြစ်နေပါသည်။ ပထမ တစ်ချက်မှာ တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒသည် လမ်းစပျောက်နေကြောင်း အမေရိကန်က ဝန်ခံခဲ့ခြင်း ဖြစ်ပြီး၊ ဒုတိယ အချက်မှာ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများ လွတ်လပ်မျှတမှု ရှိရန် တောင်းဆိုထားမှုများကို လိုက်လျောခွင့် ပြုထားခြင်း မရှိသည့် ရွေးကောက်ပွဲ ဥပဒေကို မြန်မာနိုင်ငံက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အာဏာရှင် အစိုးရ ကျူးလွန်နေသော လူသားမျိုးနွယ်အပေါ် ဖိနှိပ်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို စစ်ဆေးရန် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်၏ အကြံပြုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တပည့် ဗိုလ်ချုပ်များ၏ သရုပ်သဏ္ဍာန် အစစ်အမှန်သည်လည်း ဖုံးကွယ်၍ မရဘဲ ထပ်မံ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ အနေအထားများ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက မည်သို့ ဆောင်ရွက် သင့်ကြောင်း အငြင်းပွားမှုများ မှာလည်း ယခု နှစ်ပိုင်းအတွင်း ပိုမို ကြီးထွားလာခဲ့သည်။ ငြင်းခုံဖွယ် ရွေးကောက်ပွဲ ဥပဒေ သတင်းကို ဆိုးဝါးစွာ ကြားသိရခြင်းနှင့် မြန်မာနိုင်ငံတွင်းရှိ အခြေအနေမှန်အပေါ်  မျက်စိမှိတ် မမြင်ဟန်ဆောင်နေသူ တချို့နှင့် နိုင်ငံ အချို့ကြောင့် မိမိ အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။ မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို မျက်ကွယ်ပြုကာ စစ်ခေါင်းဆောင်များ၏ လှုပ်ရှားမှုများကို အကောင်းမြင်ရန် ကြိုးစားနေသူများက ပို၍ ဆိုးဝါးသည်ဟု ဆိုရမည် ဖြစ်သည်။

နိုင်ငံတကာ အစိုးရများနှင့် ကုလသမဂ္ဂတို့ အစဉ်တစိုက် ပျက်ကွက်နေသော ကိစ္စမှာ မြန်မာ စစ်ဖက် အုပ်ချုပ်သူများ၏ သရုပ်အမှန်ကို လေ့လာ သိရှိရေးပင် ဖြစ်သည်။ ၎င်းတို့နှင့် ၎င်းတို့လုပ်သမျှကို နားလည် သဘောပေါက်ထားမှသာ မည်သို့ ဆက်ဆံရမည်ကို တွက်ချက် မှန်းဆ နိုင်မည် ဖြစ်သည်။

မိမိသည် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ကြီးပြင်းခဲ့သည့် ကရင် အမျိုးသမီး တစ်ယောက် အနေဖြင့် စစ်အစိုးရ၏ သရုပ်အမှန်ကို ကိုယ်တွေ့သိရှိခဲ့သူ ဖြစ်သည်။ ကရင်ရွာသားများနှင့် ကရင်လယ်သမားတို့၏ အလောင်းများကို မြင်တွေ့ခဲ့ဖူးသလို မုဒိန်းကျင့်ခံရသည့် အမျိုးသမီးများ၊ မိဘများ အသတ်ခံရ၍ မိဘမဲ့ ဖြစ်ပွားသော ကလေးများနှင့်လည်း တွေ့ဆုံခဲ့သည်။ ထောင်ပေါင်းများစွာသော ကရင်ပြည်သူများကဲ့သို့ပင် မိမိသည်လည်း ရွာတွင်း ကျရောက် ပေါက်ကွဲသော ဗုံးဆံများ၊ အရပ်သားများကို သတိမပေးဘဲ ပစ်ခတ်မှုများမှ လွှတ်မြောက်ရန် ထွက်ပြေးခဲ့ရသည်။ ယခု နောက်ဆုံးတွင်မူ ကုလသမဂ္ဂ မြန်မာ့အရေး ကျွမ်းကျင်သူများက အထက်ပါ ဖြစ်ရပ်များကို စစ်ရာဇဝတ်မှုများ၊ လူသား မျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အဖြစ် သတ်မှတ်၍ ဆွေးနွေး တင်ပြနေပြီ ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် ကုလသမဂ္ဂ အဖွဲ့သည် မြန်မာနိုင်ငံ အရှေ့ပိုင်းမှ တိုင်းရင်းသားများ၏ ဖြစ်ရပ်များကို လျစ်လျူရှုခဲ့သည်။ ဤကိစ္စ အစား ၎င်းတို့သည် ရန်ကုန်နှင့် နေပြည်တော် အပေါ်တွင်သာ အာရုံစိုက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သူ တွေ့မလဲ၊ သူမ အိမ်ခေါင်မိုးကို မည်သူ ပြင်မလဲ စသည့် ကိစ္စများကိုသာ ဆွေးနွေးခဲ့ကြသည်။ သို့ရာတွင် နိုင်ငံရေး အရ အရေးပါသည့် ရလဒ်များ မရရှိခဲ့ကြပါ။ မြန်မာပြည်တွင်းမှ ပြဿနာများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချသည့် အချိန်တိုင်း အထက်ပါ အသုံးမဝင်သော အရာများ ထွက်ပေါ်လာသည့် အတွက် မိမိအနေဖြင့် တစ်ခါတစ်ရံ စိတ်ပျက် အားလျော့ခဲ့ရသည်။

၎င်းတို့ ရှေ့မှောက်တွင်ပင် မတရားမှုများ ဖြစ်ပွားခဲ့သည့် တိုင်အောင် မှတ်ဥာဏ်များ မေ့လျော့နေသည်လား မဆိုတတ်တော့ပါ။ ၁၉၈၈ တွင် ပြည်သူ ထောင်ပေါင်းများစွာကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ ၁၉၉၀ ခုနှစ်များ အလယ်ခန့်တွင် ဆန္ဒပြ ကျောင်းသားများအား ချေမှုန်းခဲ့ခြင်း၊ ၂၀၀၇ ခုနှစ်တွင် ဆန္ဒပြ သံဃာတော်များအား ပစ်ခတ်ခဲ့ခြင်း စသည့် ဖြစ်ရပ်များကို မေ့လျော့သွားကြပုံ ရသည်။ စစ်ဖက် အုပ်ချုပ်သူများသည် ကုလသမဂ္ဂကို မထီမဲ့မြင်ပြုကာ သူတို့၏ အာဏာရှင် အုပ်ချုပ်ရေးကို တရားဝင်အောင် ပြုလုပ်မည့် အခြေခံ ဥပဒေကို ရေးဆွဲခဲ့ကြသည့် တိုင်အောင် ကုလသမဂ္ဂနှင့် နိုင်ငံတကာကို မိမိတို့အား စောင့်ကြည့်ပါဦးဟု ပြောခဲ့သည်။ ''စစ်အစိုးရရဲ့ စိတ်ဓာတ် ပြောင်းလဲသွားဖွယ် ရှိပါတယ်၊ ရွေးကောက်ပွဲ ဥပဒေကို စောင့်ကြည့်ကြဦးစို့'' ဟု ၎င်းတို့က ပြောခဲ့သည်။

ယခု ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်ရာ တရားမျှတလိမ့်မည် မဟုတ် ဆိုသည်မှာ သေချာလှသည်။ ဤစစ်ဗိုလ်ချုပ်များသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံရန် ငြင်းပယ်ခဲ့သူများ ဖြစ်သည်ကို ၎င်းတို့ မေ့လျော့နေကြသလား မပြောတတ်ပေ။ ဤ ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံ ပြည်သူများ အကျိုးကို အမှန်တကယ် စိတ်ဝင်စားစွာ လုပ်ပေးပါမည်ဟု ယူဆရသော ပြောဆိုမှုများ ရှိခဲ့သလားဟု မေးခွန်းထုတ်ရမည် ဖြစ်ပါသည်။ ပြီးခဲ့သည့် နှစ်နှစ် မရှိသေးသော ကာလကပင် ၎င်းတို့သည် နာဂစ်ဖြစ်သော မြစ်ဝကျွန်းပေါ် ဒေသတွင် နိုင်ငံတကာ အကူအညီများ လက်မခံဘဲ ထောင်ပေါင်းများစွာသော သူများကို သေစေရန် စီမံခဲ့ဖူးသည်။ လွန်ခဲ့သော သုံးပတ်ကပင် ကရင်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းအား မြန်မာစစ်တပ်က မော်တာဖြင့် ပစ်ခတ်ရာ ကလေး တစ်ဦး သေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

၎င်းတို့သည် နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ကျော်ကို ထောင်သွင်း အကျဉ်းချထားရုံမျှမက၊ နေ့စဉ် ထပ်မံ ဖမ်းဆီးလျက် ရှိနေသေးသည်။ ထို့ကြောင့် ၎င်းတို့သည် ပြုပြင် ပြောင်းလဲရေးများ လုပ်ရန် စိတ်မဝင်စားပါ ဆိုသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကို နားလည်အောင် ရှင်းပြနေသလို ဖြစ်နေပါသည်။ ဤဗိုလ်ချုပ်များ၏ သဘာဝမှန်မှာ အာဏာ တည်မြဲရေးသာ ဖြစ်သည်။ ၎င်းတို့သည် တပ်မတော်၏ ''တစ်သွေးတည်း၊ တစ်လေသံတည်း၊ တစ်မိန့်တည်း'' ဆိုသည့် ဆောင်ပုဒ်ဖြင့် ကြီးပြင်းလာသူများ ဖြစ်သည်။ တိုင်းရင်းသားများကို တိုက်ခိုက်ပြီး ကြီးပြင်းလာသူများ ဖြစ်သည်။ တိုင်းရင်းသားများကို တိုက်ခိုက်ပြီး ၎င်းတို့၏ ရာထူး တိုးတက်ရေးသာ ပြုလုပ်ခဲ့ပြီး၊ တိုင်းရင်းသား အရပ်သားများကို ဖြတ်လေးဖြတ် မူဝါဒ ကျင့်သုံးသည်။ ရင်ခွင်ပိုက် ကလေးများကို ဆုံထဲ ထည့်ထောင်းပြီး သတ်ဖြတ်ခြင်း၊ မိန်းမများနှင့် မိန်းကလေးငယ်များကို အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့သည်။ အသက်ငါးနှစ်ထက် ငယ်သော မိန်းကလေးများကိုပင် အဓမ္မ ပြုကျင့်ကြခြင်း ဖြစ်သည်။

သံတမန်များနှင့် ပညာရှင် ဆိုသူများသည် ဗိုလ်ချုပ်များနှင့် အရေးကြီးသော တိုးတက်မှု တစ်ခု ရရှိရေး အတွက် ဆွေးနွေးနေကြရာ ၎င်းတို့သည် တစ်စားပွဲတည်း ထိုင်၍ ဆွေးနွေးနေသူမူ၏ သဘာဝ မည်သို့ ရှိသည်ကို သဘောပေါက်သင့်သည်။ အပြုံးလေးများ ပေါ်တွင် သာယာ မသွားသင့်ပါ။ မိမိတို့နှင့် လက်ဆွဲ နှုတ်ဆက်နေသူ ဗိုလ်ချုပ်များသည် လူသတ်သမားများ ဖြစ်သည် ဆိုသည်ကို မေ့မထားသင့်ပေ။ ကုလသမဂ္ဂ ပညာရှင်ကပင် သူတပါးကို နှိပ်စက်သည့် မှတ်တမ်းများသည် ကမ္ဘာ့ထိပ်တန်းသို့ တက်လှမ်းနေကြောင်း ဖော်ပြခဲ့သည်။ သူတို့သည် သံတမန်များ မဟုတ်ကြပါ။ နိုင်ငံရေးသမားများ မဟုတ်ကြပါ။ စစ်သားများသာ ဖြစ်ကြသည်။ ဗိုလ်ချုပ်များသည် သူတို့ အာဏာလက်မဲ့ ဖြစ်မည့် ကိစ္စကို ဘယ်တော့ အခါမှ ညှိနှိုင်းလိမ့်မည် မဟုတ်ပေ။ အတင်း အဓမ္မ ခိုင်းစေမှသာ လုပ်ပေလိမ့်မည်။

သို့သော် ဗိုလ်ချုပ်များသည် သူတို့ အပေါ် ယုံကြည်မှု စိတ်ကုန်ခမ်းနေပြီ ဖြစ်သော နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကောင်းကောင်း ကစားတတ်ကြသည်။ မကြာတော့မည့် ရက်ပိုင်း၊ ရက်သတ္တပတ်ပိုင်းများတွင် ဗိုလ်ချုပ်များ၏ ဖြေလျော့မှုဟု ယူဆရမည့် ကိစ္စလေးများ ပေါ်ထွက်လာနိုင်ပေသည်။ အတိုက်အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) မှ ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ခွင့်ပြုခြင်းမျိုး၊ နာမည်ကြီး နိုင်ငံရေး သမား အချို့ကို ပြန်လွှတ်ပေးခြင်းမျိုးများ ရှိလာနိုင်သည်။ ထိုအခါ အစိုးရများနှင့် အခြားသူများက ထိုကိစ္စများကို အရေးတကြီး ပြောဆိုကြသည်ကို တွေ့ရလိမ့်ဦးမည်။ သို့သော် မြန်မာ အစိုးရသည် ၎င်းနှင့် ပတ်သက်၍ ထိတွေ့နေသူများ အမှန်တကယ် ဖြစ်စေချင်သောာ ကိစ္စရပ်များကို လစ်လျူရှု ထားနေဦးမည်သာ ဖြစ်ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

www.monsterandcritics.com, 19th March 2010

မြန်မာနိုင်ငံ၏ အတိုက်အခံ ပါတီ (NLD) သည် တရားမျှတခြင်း မရှိသော ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခြင်းကြောင့် စစ်အစိုးရကို တရားစွဲဆိုရန် သောကြာနေ့က ဆုံးဖြတ်လိုက်ကြောင်း အတိုက်အခံဘက်မှ လာသော သတင်းများအရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးက ယင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း NLD ရခိုင် အဖွဲ့ဝင် ဦးအေးသာအောင် က ပြောကြားလိုက်သည်။

၎င်းက ပြောကြားရာတွင် NLD အနေဖြင့် အဆိုပါ ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုနိုင်အောင် ထည့်သွင်း ရေးဆွဲထားသည် ဖြစ်ရာ တရားဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အပတ်က ထုတ်ပြန်သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် လက်ရှိ ပြစ်ဒဏ် ခံနေရသူများ နိုင်ငံရေး ပါတီတွင် ပါဝင်ခြင်းကို တားမြစ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် (၁၈) လ ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရရာ၊ NLD သည် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်မည် ဆိုပါက၊ သူမအား ထားခဲ့ရတော့မည် ဖြစ်သည်။

NLD သည် ယခုထိ ရွေးကောက်ပွဲတွင် ပါဝင်ရေး အတွက် မှတ်ပုံတင်ရေးကို ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိသေးဟု ဦးအေးသာအောင်က ပြောသည်။

ထွက်ပေါ်လာသော ဥပဒေကို ကြည့်ခြင်းအားဖြင့် အစိုးရသည် ရွေးကောက်ပွဲ ရလဒ်ကို ချုပ်ကိုင်နိုင်ရန် အသေးစိတ် အလေးပေး ဆောင်ရွက်နေကြောင်း တွေ့မြင်ရမည် ဖြစ်သည်။

အစိုးရသည် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ခန့်ထားရေးမှ စကာ အားလုံးကို ချုပ်ကိုင်ထားသည်ကို တွေ့ရမည် ဖြစ်သည်။

ထို့ပြင် အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲကို ပယ်ဖျက်ကြောင်းကိုလည်း ကြေညာခဲ့သည်။

၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် NLD က အနိုင်ရသော်လည်း၊ အခြေခံ ဥပဒေ မရှိသောကြောင့်ဟု အကြောင်းပြကာ အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။

စစ်အစိုးရက ခန့်အပ်ထားသော ကော်မတီသည် အခြေခံဥပဒေ အသစ်ကို (၁၈)နှစ် ကြာအောင် ရေးဆွဲပြီး၊ ၂၀၀၈ ခုနှစ် မေလက ဆန္ဒခံယူပွဲ အတုအယောင်ဖြင့် အတည်ပြုခဲ့သည်။ အခြေခံ ဥပဒေ အသစ်တွင် ထွက်ပေါ်လာမည့် အစိုးရအပေါ် စစ်တပ်မှ ချုပ်ကိုင်မှု မြဲစေရန် ပြည်ထောင်စု လွှတ်တော် ( အထက်လွှတ်တော်) တွင် အစိတ်အပိုင်း တစ်ခုအား စစ်တပ်မှ ခန့်အပ်ပြီး ဥပဒေပြုမှုတွင် ဗီတိုအာဏာ အသုံးပြုခွင့်ရှိမည် ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မကြေညာရ သေးသော်လည်း အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ မလွတ်မြောက်မီ၊ အောက်တိုဘာလတွင် ကျင်းပဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

ယခု ထွက်ပေါ်လာသော ရွေးကောက်ပွဲ ဥပဒေသည် NLD ကို ဒုတိယ တစ်ကြိမ် အနိုင်မရအောင် ရေးဆွဲထားခြင်း ဖြစ်သည်ဟု ခန့်မှန်းရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The New York Times, By the Associated press, 19th March 2010

          မြန်မာအစိုးရသည် အမေရိကန်နိုင်ငံသား ညီညီအောင်အား ထောင်မှ ပြန်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မြန်မာအစိုးရ၏ အမေရိကန် ပြည်ထောင်စုနှင့် ချစ်ကြည်ရေးကြောင့် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက သောကြာနေ့က ဖော်ပြခဲ့သည်။

ညီညီအောင်သည် မြန်မာနိုင်ငံတွင် မွေးဖွားသူ တစ်ဦးဖြစ်ပြီး ဒီမိုကရေစီရေး လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သည်။ နိုင်ငံပိုင် သတင်းစာ ဖြစ်သော The New light of Myanmar တွင် အစိုးရ၏ အာဘော်အား ထင်ဟပ် ဖော်ပြထားရာတွင် အစိုးရသည် ညီညီအောင်၏ အပြစ်အား ခွင့်လွှတ်ပြီး ပြည်နှင်ဒဏ် ပေးခဲ့ရခြင်းမှာ "အမေရိကန် နိုင်ငံခြားရေးဌာန၏ တောင်းဆိုချက်အရ နှစ်နိုင်ငံ ချစ်ကြည်ရေးကို အထူး ထည့်သွင်း စဉ်စား၍" ဖြစ်ကြောင်း ဟု ဖော်ပြခဲ့သည်။

၎င်းအား ထောင်ဒဏ် (၃) နှစ် အပြစ်ပေးပြီး တစ်လအကြာတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Irrawaddy news, 19th March 2010

          သောကြာနေ့က မြန်မာသံရုံး အပြင်ဖက်တွင် မြန်မာအစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲများ အပေါ် ဆန့်ကျင် ဆန္ဒပြခဲ့ကြသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အပါအဝင် မြန်မာ နိုင်ငံရေးသမား ၆၈ ဦးကို နယူးဒေလီရဲက ဖမ်းဆီးလိုက်သည်။

          သောကြာနေ့ မနက် ၁၁ နာရီတွင် မြန်မာသံရုံး အပြင်ဖက်၌ ဆန္ဒပြမှု စတင်ခဲ့အပြီး မိနစ် ၄၀ အကြာတွင် အဆိုပါ နိုင်ငံရေး လှုပ်ရှားသူများအား ဖမ်းဆီးကာ ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်ဟု နယူးဒေလီ သတင်းရပ်ကွက်မှ သိရှိရသည်။

          အထိန်းသိမ်းခံရသူ တစ်ဦး ဖြစ်သည့် ကိုစလုံးက သောကြာနေ့တွင် ဧရာဝတီသို့ ပြောကြားရာ၌ "ကျွန်တော်တို့ကို ထိုင်ဖို့ အမိန့်ပေးပြီး ရဲစခန်းကို ဖမ်းခေါ်သွားတယ်" ဟု ပြောသည်။

          ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက "အတုအယောင် ရွေးကောက်ပွဲ အလိုမရှိ၊ စစ်အစိုးရ ပြုတ်ကျပါစေ" စသဖြင့် ကြွေးကြော်ခဲ့ကြကြောင်း သိရှိရသည်။

          ၎င်းတို့သည် ခဲများဖြင့် ပစ်ပေါက်ခြင်း၊ မြန်မာသံရုံး အုတ်နံရံကို ဆေးနီများဖြင့် ပက်ခြင်းစသဖြင့် ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့ကြပြီး သံရုံးဂိတ်မှ မထွက်ခွာမီ ဗိုလ်ချုပ်ကြီးသန်းရွှေ၏ ဓာတ်ပုံကို ရုပ်ပျက် ဆင်းပျက် ဖြစ်အောင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

          "ပြည်သူတွေကို လိမ်ညာပြီး မြန်မာ အစိုးရကို ထောက်ခံ အားပေးနေတဲ့ သံအမတ်ကို ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြဖို့ အဲဒီကို သွားခဲ့ကြတာပါ" ဟု ဆန္ဒပြသူများကို ခေါင်းဆောင်သည့် 'ကင်' က ပြောကြားသည်။

          မြန်မာအစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဆက်လက် ပြုလုပ်သွားရန် ဆုံးဖြတ်ထားသည့် ၎င်းက " ဒီရွေးကောက်ပွဲက စစ်အစိုးရကိုပဲ အမြစ်တွယ်စေပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

          မတ်လ ၈ ရက်က အစိုးရ ကြေညာသည့် ရွေးကောက်ပွဲ ဥပဒေကို ဖြစ်စေ၊ ရက်မသတ်မှတ်ရ သေးသည့် ရွေးကောက်ပွဲကို ဖြစ်စေ လက်မခံနိုင်ဟု နိုင်ငံရေး လှုပ်ရှားသူများက ဆိုသည်။

          ၂၀၀၈ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ် ပြင်ဆင်ရန် ဆန္ဒပြသူများက တောင်းဆို ခဲ့ကြသည်။

          ယခုအချိန်အထိ ဆန္ဒပြသူများအား ထိန်းသိမ်းထားသည်က လွဲ၍ အရေးယူ ဆောင်ရွက်မှု မရှိသေးဟု သိရသည်။

          ယခင်ကမူ အိန္ဒိယ အာဏာပိုင်များက ဆန္ဒပြသူများကို ၂၄ နာရီ ထိန်းသိမ်းပြီးလျှင် ပြန်လွှတ် ပေးလေ့ ရှိသည်ဟု ဆိုသည်။ သို့သော် ပြန်လွှတ်မပေးမီ အချို့ကို နောင်တွင် ဆန္ဒပြပွဲများ၌ ပါဝင်မည် မဟုတ်ကြောင်း ခံဝန်ကတိ လက်မှတ် ထိုးခိုင်းသည်ဟု သိရသည်။

          ဤကဲ့သို့ သံရုံးများအနီး ဆန္ဒပြခြင်းများကို အိန္ဒိယ အာဏာပိုင်များက တားမြစ်ထားသည်။ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ကလည်း နယူးဒေလီ ဂျန်တာမာန်တာ ပန်းခြံတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို နိုင်ငံရေး လှုပ်ရှားသူ ၂၀၀ ခန့်က ဆင်နွှဲခဲ့ကြသည်။

          အိန္ဒိယနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာအစိုးရနှင့် စစ်ရေး၊ စီးပွားရေး သဘောတူညီချက်များ ပိုမို ရရှိလာခဲ့သည်။ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခြင်းထက် တိတ်တဆိတ် ဆွေးနွေး ညှိနှိုင်းခြင်းက ပိုကောင်းသော နည်းလမ်း ဖြစ်ကြောင်း ယုံကြည်ထားသည်ဟု အိန္ဒိယက ပြောကြားခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် မူဝါဒမှ ပြောင်းလဲကာ ၁၉၉၀ ခုနှစ်များတွင် စစ်ဖက် ခေါင်းဆောင်များနှင့် ဆွေးနွေး ညှိနှိုင်းရန် ကြိုးစားလာသည့် အိန္ဒိယနိုင်ငံသည် ကြီးမားသော မြန်မာ ဓာတ်ငွေ့သိုက်များကို ရယူလိုသည့် ဆန္ဒလည်း ရှိနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

 

မြောက်ကိုရီးယား အစိုးရက ငွေကြေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် ဖြစ်ကတတ်ဆန်း လုပ်ဆောင်ခဲ့သော အကြီးတန်း အရာရှိကြီး တစ်ဦးအား ပြစ်ဒဏ်ပေးသည့် အနေဖြင့် လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက ကွပ်မျက်ခဲ့ကြောင်း သတင်း ပေးပို့ချက်များအရ သိရသည်။

မြောက်ကိုရီးယား အစိုးရသည် ပြီးခဲ့သည့် နိုဝင်ဘာလက ငွေကြေးဖောင်းပွမှု လျော့နည်းစေရေးနှင့် နိုင်ငံ၏ ဖွံ့ဖြိုးစ ဈေးကွက် စီးပွားရေးကို ထိန်းချုပ်ရန် ဟူသည့် အကြောင်းပြချက်ဖြင့် ငွေတန်ဖိုး ပြန်လည် သတ်မှတ်မှုများ ပြုလုပ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ လုပ်ရပ်ကြောင့် ဈေးကွက်အတွင်း စားသောက်ကုန် လုပ်ငန်း အခြေအနေ လွန်စွာ ဆိုးရွားလာကာ ပြည်သူများအကြား မကျေနပ်ချက်များ ထွက်ပေါ်ခဲ့ပြီး တန်ဖိုးမဲ့ ငွေကြေးများသာ အမြောက်အမြား ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်ကြောင့်ပင် ငွေကြေး ပြုပြင်မှုကို ဦးဆောင် လုပ်ကိုင်ခဲ့သူ၊ လက်ရှိ အလုပ်သမားပါတီ၏ ဘဏ္ဍာရေးနှင့် စီမံကိန်းဌာနမှ အကြီးအကဲ ပတ်နမ်ဂီမှာ လွန်ခဲ့သော ရက်သတ္တပတ်က မြို့တော် ပြုံးယမ်းတွင် လက်နက်ကိုင် အုပ်စုတစ်ခု၏ ပစ်ခတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ပတ်နမ်ဂီသည် နိုင်ငံစီးပွားရေးအား ပျက်စီးစေရုံသာမက ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်က ၎င်း၏ သားဖြစ်သူကို အာဏာလွှဲပြောင်းရန် စီစဉ်နေမှုကိုပါ အဆိုးမြင်သူ တစ်ယောက် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ယုံကြည်မှုကိုလည်း ဖျက်ဆီးပစ်ရာ ရောက်ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာနက ရေးသားဖော်ပြသည်။

အမှန်တွင် အစိုးရ၏ ငွေကြေးကိစ္စ မအောင်မြင်ရခြင်းနှင့် ပတ်သက်ပြီး ပတ်နမ်ဂီအား အပြစ် စုပုံ ကျရောက်စေခြင်း သို့မဟုတ် အစိုးရက ကိုယ်လွတ်ရုန်းကာ ၎င်းကို လက်ညှိုးထိုး စွပ်စွဲလိုက်ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယား အများစုက ယုံကြည်နေကြကြောင်း အဆိုပါ သတင်းဌာနက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ၊ မြို့တော်ဆိုးလ်သို့ ရောက်ရှိနေသော မြောက်ကိုရီးယား ပြည်ပြေး ပတ်ဆန်းဟက်ဆိုသူ၏ တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုချက်များအရ  မစ္စတာ ပတ်နမ်ဂီသည် အကျဉ်းထောင်သို့ ရောက်ရှိနေခြင်းလည်း ဖြစ်နိုင်သလို အသတ်ခံလိုက်ရခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် နှစ်ခုစလုံးကို မည်သူမျှ အတိအကျ အတည်မပြုသေးနိုင်ဟု ဆို၏။

နိုင်ငံတွင်း တင်းကျပ်တားဆီးမှုများ မည်သို့ပင် ရှိနေစေကာမူ မြောက်ကိုရီးယား နိုင်ငံသားများသည် တရုတ်ဆဲလ်ဖုန်းများကို အသုံးပြုကာ ပြင်ပနိုင်ငံများနှင့် အဆက်အသွယ် ပြုလုပ်လျက် ရှိကြောင်း ပြည်ပြေးများက ပြောသည်။

ပြုံးယမ်းအစိုးရသည် ငွေကြေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် ဈေးကွက် အများအပြားကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် ကုန်ပစ္စည်း အချို့မှာ ဈေးနှုန်းများ ပြန်လည် မကျသေးပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အုပ်စုတစ်စု ဖြစ်သော Good Friends မှ တာဝန်ရှိသူ
လီဆောင်ယန်းက မြောက်ကိုရီးယားသို့ အစားအစာနှင့် အခြား အထောက်အပံ့များ ပေးပို့ ထောက်ပံ့လျက် ရှိသည်။

မစ္စတာ ပတ်နမ်ဂီ အသတ်ခံရသော သတင်းမှာ အတည်ပြု၍ မရသေးကြောင်း တောင်ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာနနှင့် အမျိုးသား ထောက်လှမ်းရေးဌာနက ပြောကြားလိုက်သည်။

မူဝါဒ ရေးရာ မှားယွင်းမှုကြောင့် ပစ်ခတ် သတ်ဖြတ်သည် ဟူသော လုပ်ရပ်သည် ကွန်မြူနစ် အစိုးရတစ်ရပ်အတွက် မဆန်းကြယ်သော ကိစ္စပင် ဖြစ်သည်ဟု ဆိုသည်။ မြောက်ကိုရီးယား အစိုးရသည် ၁၉၉၀ ပြည့်နှစ် တစ်ဝိုက်က လူအများ ငတ်မွတ်သည့် ဘေးကြုံရသဖြင့် စိုက်ပျိုးရေးဆိုင်ရာ အရာရှိတစ်ဦးကိုလည်း သေဒဏ် ပေးခဲ့ဖူးသည်။

အဆိုပါ နှစ်ကာလများအတွင်း ငတ်မွတ် ခေါင်းပါးမှုဘေးကြောင့် လူနှစ်သန်းမျှ သေဆုံးခဲ့ကြပေရာ ကွန်မြူနစ် အစိုးရအနေဖြင့် ပြည်ပနိုင်ငံများ၏ အကူအညီကို ရယူခဲ့ရသေးသည်။

မြောက်ကိုရီးယားသည် လူအများအား သေဒဏ်ပေးခြင်း၊ အကျဉ်းချခြင်း၊ နှိပ်စက် ညှဉ်းပန်းခြင်း စသည့် ကမ္ဘာ့ လူ့အခွင့်အရေး အဖောက်ဖျက်ဆုံးသော နိုင်ငံများ စာရင်းတွင် တစ်နိုင်ငံအဖြစ် ပါဝင်သည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.