Transparency Myanmar

transparency.myanmar@gmail.com

economictimes.indiatimes.com, 23rd March 2010

တစ်နှစ်လျှင် ကားစင်းရေ ၅၀၀၀ တပ်ဆင် ထုတ်လုပ်နိုင်သည့် အကြီးစား ကုန်တင်ယာဉ် စက်ရုံတစ်ခုကို မြန်မာနိုင်ငံတွင် ထူထောင် လုပ်ကိုင်နိုင်ရန် မြန်မာ အစိုးရနှင့် သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့သည်ဟု အိန္ဒိယနိုင်ငံ၏ အကြီးဆုံး မော်တော်ကား ထုတ်လုပ်သူ Tata Motors က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

အိန္ဒိယ အစိုးရထံမှ ချေးငွေ အစီအစဉ်ဖြင့် ရန်ကုန် အနီး မကွေးမြို့တွင် တည်ဆောက်မည့် ကားစက်ရုံ ကို ၂၀၁၀-၂၀၁၁ နောက်ဆုံး လေးလပတ်တွင်  စတင်ရန် မျှော်လင့်ထားသည်ဟု Tata Motors က ကြေညာချက်တွင် ဖော်ပြသည်။

မြန်မာ အစိုးရ စက်မှု ဝန်ကြီးဋ္ဌာန လက်အောက်မှ မြန်မာ့ မော်တော်ယာဉ်နှင့် ဒီဇယ် လုပ်ငန်း MADI နှင့် Tata Motors တို့အကြား ကန်ထရိုက် စာချုပ်ကို တနင်္လာနေ့တွင် လက်မှတ် ရေးထိုးခဲ့သည်။

''၂၀၁၀-၂၀၁၁ နောက်ဆုံး လေးလပတ် ကာလမှာ တစ်နှစ်ကို ကားစင်းရေ ၁၀၀၀ နှုန်းနဲ့ ထုတ်လုပ်မှု စတင်ဖို့ မျှော်လင့်ထားပါတယ်။ ထုတ်လုပ်မှု စွမ်းအားကို စင်းရေ ၅၀၀၀ အထိ တိုးမြှင့်နိုင်ပါတယ်'' ဟု ကြေညာချက်တွင် ဆိုသည်။

မကွေးစက်ရုံတွင် ယာဉ်မောင်းခန်း ထုတ်လုပ်ခြင်း၊ ဆေးသုတ်ခြင်း၊ အတွင်းခန်း တပ်ဆင်ခြင်း တို့အပြင် ကား အောက်ခံထည်နှင့် ဖရိမ် တပ်ဆင်ရေး လိုင်းများလည်း ပါဝင်လိမ့်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

gas and oil .com, 22nd March 2010

ရခိုင် ကမ်းရိုးတန်းတွင် မြန်မာ တရုတ် ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး အတွက် အင်ဂျင်နီယာ လုပ်ငန်းခွင် အကြို တိုင်းထွာခြင်း လုပ်ငန်းကို Petrol Myanmar နှင့် ကိုးရီးယား Daewoo တို့က စတင် ဆောင်ရွက်ခဲ့သည် ဟု တရားဝင် သတင်းများတွင် ဖော်ပြထားသည်။

ဆာဗေး ဆင်းသည့် နေရာများမှာ ရခိုင် ကမ်းလွန် ရမ်းဗြဲကျွန်း အနီးနှင့် ကျောက်ဖြူမြို့ အနီးတဝိုက် နယ်မြေများ ဖြစ်သည်။ တိုင်းထွာခြင်း လုပ်ငန်းများကို ဆာဗေး သင်္ဘော MV Teknif Putra ဖြင့် ဆောင်ရွက်နေသည်ဟု သတင်းများအရ သိရသည်။

ဆာဗေး လုပ်ငန်း ဆောင်ရွက်နေသည့် ရက်များ အတွင်း အဆိုပါ နယ်မြေ၌ ငါးဖမ်းစက်လှေများ၊ လှေများ အပါအဝင် ရေယာဉ်များ အားလုံး သွားလာမှုကို အာဏာပိုင်များက တားမြစ်ထားသည်။ ဆာဗေး လုပ်နေသည့် ၄ ကီလိုမီတာ နယ်မြေ အတွင်း မလာရန် ရေယာဉ်များကို တားမြစ်ထားသည်ဟု ကျောက်ဖြူမှ ငါးဖမ်းစက်လှေ ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်မှ တရုတ် ယူနန်ပြည်နယ်သို့ ဆက်သွယ်မည့် ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းတည်ဆောက်ခြင်းကို မြန်မာ အာဏာပိုင်များက ၂၀၀၉ စက်တင်ဘာတွင် စတင်ခဲ့သည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ရောက်လာမည့် ရေနံများကို တရုတ်သို့ သယ်ပို့မည့် ပိုက်လိုင်းသည် မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းသွားမည် ဖြစ်သည်။ ယခု ပိုက်လိုင်း ပြီးသွားလျှင် အရှေ့အလယ်ပိုင်းမှ ရေနံများကို တရုတ်သို့ ပို့ရာ၌ မလက္ကာ ရေလက်ကြားကို ရေနံတင် သင်္ဘောများဖြင့် ဖြတ်သန်း ပို့ဆောင်နေသည့် ရေလမ်းကြောင်း လိုအပ်တော့မည် မဟုတ်ပေ။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်တွင် ရေနံပိုက်လိုင်း တည်ဆောက်ရန် အတွက် အာဏာပိုင်များက ရွာသားများကို အတင်းအကြပ် ရွှေ့ပြောင်းခဲ့သည်ဟု ပြည်တွင်း သတင်းများ အရသိရှိရသည်။ အလားတူပင် တရုတ် သင်္ဘောများ ဆိုက်ကပ်မည့် ကျောက်ဖြူဆိပ်ကမ်း ပြင်ဆင်ရေး အတွက် ကျောက်ဖြူမြို့ သာဘန်းချောင်း ရပ်ကွက်မှ နေအိမ် အချို့ကို ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ ဓါတ်ငွေ့ ပိုက်လိုင်း အတွက် ဒေါ်လာ ၁ ဘီလီယံနှင့် ရေနံ ပိုက်လိုင်း အတွက် ဒေါ်လာ ၁.၅ ဘီလီယံ အသီးသီး ရင်းနှီး မြှုပ်နှံမည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Mizzima News, 22nd March 2010

ဘန်ကောက် မြို့တော် ချူလာလောင်ကွန် တက္ကသိုလ်နယ်မြေတွင် ယနေ့ ကျင်းပမည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအနေအထား အကြောင်းနှင့် မြန်မာ့ ပြဿနာ အပေါ် ကမ္ဘာ့နိုင်ငံများ၏ အနေအထားအကြောင်းများကို မြန်မာနိုင်ငံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ နယ်ပယ်မှ အသိအမှတ်ပြု ပညာရှင်များက ဟောပြောရန် စီစဉ်ထားသည်ဟု သိရသည်။

''မြန်မာပြည်တွင်းရေး တိုးတက်ဖြစ်ပေါ်မှုများနှင့် နိုင်ငံတကာ တုန့်ပြန်မှုများ'' ခေါင်းစဉ် အောက်တွင် မြန်မာနှင့် နိုင်ငံခြားရေး အကဲခတ် လေ့လာသူများ၊ပညာရှင်များက ရွေးကောက်ပွဲ ဥပဒေ၏ အကျိုးသက်ရောက်မှု၊ နိုင်ငံပိုင် လုပ်ငန်းများ ရောင်းချမှု၊ ဝါရှင်တန်၏ ပြောင်းလဲလာသော မဟာဗျူဟာ ဆိုင်ရာ သက်ရောက်မှု အလားအလာများ အပေါ် ၎င်းတို အမြင်ကို ဟောပြော ဆွေးနွေးကြမည် ဖြစ်သည်။

ဟောပြောပွဲကို ၂ ပိုင်းခွဲထားပြီး ပထမပိုင်း ဖြစ်သော ''မြန်မာနိုင်ငံတွင်း လက်ရှိ ဖြစ်ပေါ်မှု အခြေအနေများ'' ကို Myanmar EGRESS တည်ထောင်သူ ဒေါက်တာ နေဝင်းမောင်၊ Euro Burma မှ ဒါရိုက်တာ ဟန်ယောင်ဝေ၊ လွတ်လပ်သော သတင်းဆောင်းပါးရှင် Larry Jagan နှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ အောင်ဇော် တို့က ဟောပြော ဆွေးနွေးမည် ဖြစ်သည်။ ဒုတိယပိုင်း ဖြစ်သော ''နိုင်ငံခြား အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကဏ္ဍနှင့် ဆက်ဆံ ဆောင်ရွက်မှု'' အကြောင်းကို ကနေဒါ သံအမတ်ကြီး H.E. Ron Hoffmann၊ အမေရိကန် သံရုံး နိုင်ငံရေး ကောင်စစ်ဝန် George Kent နှင့် London School of Economics မှ ပညာရှင် ဒေါက်တာဇာနည် တို့က ဆွေးနွေးမည် ဖြစ်သည်။

တစ်နေ့တာ ဟောပြောမည့် အစီအစဉ်ကို ၈း၃၀ တွင် စတင်မည် ဖြစ်ပြီး ချူလာလောင်ကွန် တက္ကသိုလ် လုံခြုံရေးနှင့် နိုင်ငံတကာ လေ့လာရေး ဋ္ဌာန ISIS နှင့် အာရှ လေ့လာရေး အစီအစဉ် ASP တို့က ပူးတွဲ ကမကထပြု ကျင်းပခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The Gulf Times, 22nd March 2010

မြန်မာ အစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက် အတွက် အသစ် ထပ်မံ သတ်မှတ်ရေး အတွက် အဆိုပြုခဲ့ပြီး ယခုအခါ ရေကြောင်း ပိုင်နယ်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် စကားပြောလျက် ရှိသည်။

ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် လည်းကောင်း၊ မြန်မာနှင့် လည်းကောင်း အငြင်းပွားနေမှု ကိစ္စအား ကုလသမဂ္ဂသို့ တင်ပြထားသည်။ မြန်မာနိုင်ငံမှ အဆိုပြုထားသော ချစ်ကြည်ရေး နယ်နိမိတ် မျဉ်းသည် ဘင်္ဂလား ပင်လယ်အော်၏ အရှေ့မြောက် St. Martin ကျွန်းအထိ ရောက်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ အဆိုပြုချက်ကို ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် ကျင်းပသော နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်ဟု New Age သတင်းစာက ပြောသည်။ အမည်အဖော်လိုသူ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ တစ်ဦးက ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံ၏ အဆိုပြုချက်ကို စဉ်းစားလျက် ရှိကြောင်း ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The Irrawaddy, By Ko Htwe, 22nd March 2010

နိုင်ငံရေး ပါတီနှစ်ခု ဖြစ်သော ၈၈ မျိုးဆက်သစ် ကျောင်းသားများ အဖွဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ (GSUM) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အင်အားစု (UMNPF) တို့သည် ရွေးကောက်ပွဲတွင် ပါဝင်ရန် တနင်္လာနေ့က ပထမဆုံး မှတ်ပုံတင်မည့် ပါတီများ ဖြစ်ကြသည်။

အဆိုပါ ပါတီများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သွားရောက်ရာတွင် GSUM သည် ပထမဆုံး မှတ်ပုံတင်ရန် လျှောက်ထားသူ ဖြစ်လာသည်။

UMNPF မှ ဥက္ကဋ္ဌ ဦးအေးလွင်က ဧရာဝတီသို့ တနင်္လာနေ့က ပြောကြားရာတွင် ''သူများ ထက်စာရင် ကျွန်တော်တို့ တိုင်းပြည်က ခြေလှမ်းတွေ နောက်ကျနေပါတယ်။ ဒါကြောင့် နိုင်ငံရေးနည်းနဲ့ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အခု အခွင့်အရေး ရတယ်လို့ ယူဆပါတယ်'' ဟု ပြောကြားခဲ့သည်။

UMNPF နှင့် GSUM တို့သည် ရင်းနှီးသော သူများ ဖြစ်ကြပြီး၊ ဦးအေးလွင်၏ ညီဖြစ်သူ ဦးရဲထွန်းသည် GSUM ၏ ဥက္ကဋ္ဌ ဖြစ်ဖွယ် ရှိသည်။

GSUM ပါတီသည် မူလက ယခု ထောင်ထဲတွင် ရောက်နေသူများ ဖြစ်သော ထင်ရှားသော ကျောင်းသား ခေါင်းဆောင်များ ဖြစ်သော မင်းကိုနိုင်နှင့် ကိုကိုကြီးတို့ ဦးဆောင်ခဲ့သော ၈၈ မျိုးဆက် သစ်ကျောင်းသား အဖွဲ့နှင့် ကွဲပြားခြားနားသည်။

ဦးအေးလွင်သည်  အသက် ၄၆ နှစ်ရှိ နိုင်ငံရေး  အကျဉ်းသား သမားဟောင်းတစ်ဦး ဖြစ်ပြီး၊ ၎င်း၏ နိုင်ငံရေး အဖွဲ့ကို ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့သည်။ ၎င်းသည် လွန်ခဲ့သော ငါးလခန့်က ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့ကြောင့် ၎င်း၏ အစိုးရ တာဝန်ရှိသူများနှင့် အဆက်အသွယ်ရှိမှုအား လူငယ်နိုင်ငံရေး လှုပ်ရှားသူများက သဘောမတွေ့ကြပေ။ လူငယ်များက ၎င်းအား အစိုးရထံမှ ငွေကြေးထောက်ပံ့မှုများ ရယူနေသည်ဟု စွပ်စွဲမှုများလည်း ရှိသည်။

ပါတီ အချို့ကလည်း သတ်မှတ်ရက် မတိုင်မီ မှတ်ပုံတင်မည် ဖြစ်ကြောင်း ပြောကြပါသည်။ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ၎င်းပါတီ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က နေပြည်တော်သို့ မှတ်ပုံတင်ရန် ကိုယ်စားလှယ် တစ်ဦး စေလွှတ်ရေး အတွက် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ဆိုပါသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးဟန်ရွှေကလည်း သတ်မှတ်ရက် မတိုင်မီ မှတ်ပုံတင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုင်းရင်းသားအဖွဲ့ အချို့ကလည်း နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်လျက် ရှိကြောင်း ပြောသည်။

ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) တည်ထောင်ရန် KIO တွဲဖက် ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ခဲ့သူ မနမ်တူးဂျာ ကလည်း ၎င်းတို့၏ KSPP သည် ဧပြီလ သင်္ကြန် မတိုင်မီ မှတ်ပုံတင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထင်ရှားသော ရှမ်းခေါင်းဆောင် ဦးရွှေအုန်း ကလည်း သူ၏ ပါတီကို အမည်မပေးရသေးသော်လည်း နောက် (၁၀) ရက် အတွင်း မှတ်ပုံတင်ရန် ရည်ရွယ်ကြောင်း ပြောခဲ့သည်။

ယခု ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေ အရ နိုင်ငံရေး ပါတီများသည် မှတ်ပုံတင်ကြေး ကျပ်သုံးသိန်း ပေးသွင်းရမည် ဖြစ်ပြီး၊ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ် လောင်း တစ်ဦးလျှင် ကျပ်ငါးသိန်း ပေးသွင်းရမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

The Irrawaddy, By Saw Yan Naing, 22nd March 2010

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည် မတ်လ (၃၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်၍ မြန်မာ အာဏာပိုင်များအား ရွေးကောက်ပွဲ ဥပဒေ အကြောင်း၊ ၎င်း၏ ဒီမိုကရေစီ တိုးတက်ရေး အတွက် ဖြစ်လာနိုင်သည်များ အကြောင်း ဆွေးနွေးရန် ရှိသည်ဟု အင်ဒိုနီးရှား သတင်းဋ္ဌာနက Antara News ၏ အဆိုအရ သိရှိရသည်။

မိမိတို့ အနေဖြင့် မြန်မာအစိုးရ ကတိပြုထားသော ဒီမိုကရေစီ နည်းကျပြီး လွတ်လပ်သော ပါတီစုံ ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် ယခု ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေသည်  လက်တွေ့ကျသော ရလဒ်များ ဖော်ဆောင်နိုင်ခြင်း ရှိမရှိ သိရှိလိုကြောင်း Marty က သောကြာနေ့က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်လိမ့်မည်ဟု မိမိတို့ မျှော်လင့်ကြောင်း၊ သူမသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် ပါဝင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ၎င်းက ပြောကြားခဲ့သည်။

အင်ဒိုနီးရှား အနေဖြင့် မြန်မာအစိုးရ၏ ဒီမိုကရေစီ နည်းမကျသော လုပ်ရပ်များကို လက်မခံနိုင်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိန်းသိမ်းထားခြင်း ခံနေရသဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ရန် လည်းကောင်း၊ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ရွေးကောက်ပွဲ ဝင်ပါက ပါတီမှ သူမအား ဖယ်ရှားခြင်း ခံရရန်လည်းကောင်း ထည့်သွင်း ရေးဆွဲထားသည်။

အာဆီယံ နိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ အာဏာပိုင်များသည် မြန်မာအစိုးရအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေးသည် နိုင်ငံတကာ၏ လက်ခံမှုနှင့် လိုအပ်နေသော အမျိုးသား ပြန်လည် ပေါင်းစည်းရေး တို့အတွက် တိုးတက်မှုရလဒ် ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီဆစ်က သောကြာနေ့က BBC World Service သို့ ပြောကြားရာတွင် မိမိရော အာဆီယံ အဖွဲ့ဝင်များကပါ မြန်မာနိုင်ငံတွင် အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲ ဖြစ်သည်ကို တွေ့မြင်လိုကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ၎င်းက ဆက်လက် ပြောကြားရာတွင် မြန်မာ အစိုးရ ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေကို အိမ်နီချင်း နိုင်ငံများက စိတ်အနှောင့်အယှက် ဖြစ်ကြရကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

မကြာသေးမီက ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Alberto Romulo က ပြောကြားရာတွင် အကယ်၍ မြန်မာ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်း မရှိဘဲ၊ သူမ၏ ပါတီအားလည်း ရွေးကောက်ပွဲတွင် မပါစေပါက မှားယွင်းသော လုပ်ရပ်ဖြစ်ပြီး၊ ၎င်းတို့၏ ဒီမိုကရေစီ လမ်းညွှန်မြေပုံနှင့်လည်း ဆန့်ကျင်လိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

အာဆီယံ၏ အချို့ အဖွဲ့ဝင်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုနေချိန်တွင် လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် ဗီယက်နမ်တို့သည် မြန်မာနိုင်ငံ၏ အာဏာရှင် စနစ်ကို ကြိုက်နှစ်သက်မှုအား မျှဝေခံစားလျက် ရှိပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် ပြောဆိုရေးကို ရေငုံ နှုတ်ပိတ်နေလျက် ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက အာဆီယံ အတွင်းရေးမှူးချုပ် ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Surin Pitsuwan က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် အများလက်ခံပြီး၊ ပွင့်လင်း မြင်သာသော ရွေးကောက်ပွဲ ဖြစ်ရန် အာဆီယံက မျှော်လင့်သော်လည်း ရွေးကောက်ပွဲတွင် မိမိတို့ အဖွဲ့ကြီး အနေဖြင့် အသေးစိတ် ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိကြောင်း ဆိုခဲ့သည်။

မည်သည့် ရွေးကောက်ပွဲမှ ပြီးပြည့်စုံသည်ဟု မရှိနိုင်ကြောင်း၊ စတင်ရန်သာ လိုရင်း ဖြစ်ကြောင်း၊ ယခု မြန်မာ အစိုးရက စတင်နေပြီ ဖြစ်ကြောင်း၊ ယခုနှစ် ကုန်တွင် ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ၎င်းတို့က ကတိပေးထားပြီး ဖြစ်ကြောင်း Surin က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

Mizzima news, 22nd March 2010

အိန္ဒိယ နိုင်ငံ အနောက်မြောက်ပိုင်းမှ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များသည် မူးယစ်ဆေး တရားမဝင် ရောင်းဝယ်သူများအတွက် လုံခြုံ စိတ်ချရသော ဘုံဗိမာန်များ အဖြစ် သတင်းမွှေးလျက် ရှိပြီး အဆိုပါ နယ်မြေတွင် လှုပ်ရှားနေသော သူပုန် အဖွဲ့များသည် မူးယစ်ဆေး ရောင်းဝယ်မှုမှ ရံပုံငွေ အမြောက်အမြား ရရှိနေသည်။

လတ်တလော တွေ့ရှိချက်များနှင့် ဒေသခံ အာဏာပိုင်များ၏ အဆိုအရ အိန္ဒိယ မြန်မာ နယ်စပ်တွင် မူးယစ်ဆေး မှောင်ခိုရောင်းဝယ်မှု ကြီးထွားလာနေပြီး နယ်နိမိတ်မျဉ်း၏ နှစ်ဘက်စလုံးတွင် ဘိန်းစိုက်ပျိုးမှု များပြားလာသည်ဟု ဆိုသည်။

မဏိပူရရှိ မူးယစ်ဆေးစွဲသူ ပြန်လည် ထူထောင်ရေး စင်တာမှ ရရှိသော စာရင်းဇယားများ အရ မူးယစ်ဆေးမှောင်ခို ရောင်းဝယ်မှုသည် ယခင်နှစ်ကထက် ၁၀ % မြင့်တက်လာခဲ့ပြီး မူးယစ်ဆေးစွဲသူ အရေအတွက်မှာလည်း လိုက်ပါ မြင့်တက်လာခဲ့သည်ဟု အင်ဖား အခြေစိုက် Kripa ဖောင်ဒေးရှင်းမှ Mr. Babil Singh က ပြောကြားသည်။

မူးယစ်ဆေး အများစုမှာ မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းလာခြင်း ဖြစ်ပြီး ကမ္ဘာတွင် တတိယ အကြီးဆုံး မူးယစ်ဆေး မှောင်ခိုဇုံ ဖြစ်နေသည်ဟု အင်ဖား ပြန်လည် ထူထောင်ရေး စင်တာမှ Awakening Home အဖွဲ့ အုပ်ချုပ်သူ CH Tikendra Singh က ဖြည့်စွက် ပြောကြားခဲ့သည်။

မဏိပူရတွင် မူးယစ်ဆေးစွဲသူ ပြန်လည်ထူထောင်ရေး စင်တာ ၂၄ ခုကျော် ရှိနေပြီး ဆေးစွဲမှုနှုန်းမှာလည်း ယခင်နှစ်ကထက် မြင့်မားလာသည်။ လက်ရှိ မဏိပူရတွင် မူးယစ်ဆေးစွဲသူ အရေအတွက် ၄ သောင်းခန့် ရှိသည်ဟု Singh က ဆိုသည်။

မဏိပူရမှ နယ်စပ်ဒေသ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ (NAB) အရာရှိများကလည်း ဒေသတွင်း မူးယစ်ဆေး တရားမဝင် ရောင်းဝယ်မှုများ မြင့်မားလာကြောင်း ဝန်ခံ ပြောကြားခဲ့ကြသည်။

"ဒီနယ်မြေမှာက မော်တော်ကား သွားနိုင်တဲ့ လမ်းတွေ မရှိဘူး၊ ပြီးတော့ ဘိန်းကို ဆန်အပါအဝင် ကုန်ပစ္စည်းတွေနဲ့ ဖလှယ်ကြတဲ့ ပုံစံမျိုးနဲ့ ရောင်းဝယ်နေကြတယ်" ဟု NAB မှ အကြီးတန်း အရာရှိ S Amirlal Sharma က ပြောကြားသည်။

Sharma က ဆက်လက် ပြောကြားရာ၌ မဏိပူရတွင် တရားဝင် ဘိန်းစိုက်ပျိုးမှုများ ရှိသော်လည်း နံပါတ်ဖိုး (ဟီရိုးအင်း) ထုတ်လုပ်နိုင်သည့် ဓါတ်ခွဲခန်းများ မရှိကြောင်း၊ သို့ဖြစ်၍ ဒေသသုံး အနည်းငယ်သာ ချန်၍ ဘိန်းအများစုကို မြန်မာသို့ ရောင်းချကြကြောင်း၊ မြန်မာ-မဏိပူရ နယ်စပ်ရှိ အူခရူးနှင့် ချိန်ဒဲ ခရိုင်များသည် ဘိန်း အများဆုံး စိုက်သော နယ်မြေများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သော ဟီးရိုးအင်းကို အိန္ဒိယသို့ ချက်ခြင်း ပြန်ပို့ပြီး ဥရောပသို့ အများဆုံး တင်ပို့ကြသည်ဟု သိရှိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီ လကုန်တွင် မဏိပူရမှ အာသံ သေနတ်ကိုင် တပ်ရင်းများက မူးယစ် တပ်ဖွဲ့ NAB ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ဝေးလံ ခက်ခဲသော တောင်တန်းဒေသများရှိ ဘိန်းစိုက်ခင်းများအား အဆက်မပြတ် ဖျက်ဆီးရေး စီမံချက်ကို ဆောင်ရွက်ခဲ့သည်။

အိန္ဒိယ-မြန်မာ နယ်စပ်မှ တရားမဝင် ဘိန်းစိုက်ခင်း ၂၄၅ ဟက်တာ နီးပါးကို NAB က ယခုနှစ် အတွင်း ဖျက်ဆီးနိုင်ခဲ့သည်။

မြန်မာ အစိုးရ အရာရှိများနှင့် ၃ လ တစ်ကြိမ် ပုံမှန် အစည်းအဝေးကို တမူး (သို့) မိုရေး တွင် ကျင်းပ ပြုလုပ်သော်လည်း မူးယစ်ဆေးမှောင်ခို ရောင်းဝယ်မှုများကို မထိန်းချုပ်နိုင်သေးဟု Sharma ဆိုသည်။

ဘိန်း အစားထိုး ဖွံ့ဖြိုးရေး အစီအစဉ် တစ်ခု ဖြည့်ဆည်းပေးခြင်းနှင့် အတူ ရွာသားများအား ဘိန်း၏ ဆိုးကျိုးများနှင့် ပတ်သက်၍ အဆက်မပြတ် ပညာပေးရန် လိုအပ်သည်ဟု ၎င်းက ယုံကြည်ထားသည်။ သို့ရာတွင် ပြဿနာမှာ အဆိုပါ နယ်မြေများတွင် သူပုန်များဖြင့် ပြည့်နှက်နေပြီး ချဉ်းကပ်လမ်း များစွာတွင်လည်း မိုင်းများ ထူထပ်စွာ မြှုပ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

မဏိပူရ အစိုးရက ထုတ်ပြန်သော သတင်းများ အရ ဗုံး ပြုလုပ်သည့် ယမ်း ၁၃၀ ကီလိုဂရမ် လက်ဝယ် တွေ့ရှိမှုဖြင့် မြန်မာနိုင်ငံသား ၂ ဦးကို အိန္ဒိယ တပ်ဖွဲ့များက ယခင်လက ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မိုးရေး မှ ရှေ့တန်းကွင်းဆင်း အရာရှိ များ၏ ပြောကြားချက် အရ မတ်လ နောက်ဆုံးပတ်တွင် မြန်မာဖက်မှ အရာရှိများနှင့် အစည်းအဝေး လုပ်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

ကမ္ဘာကျော် အင်တာနက် နည်းပညာ ကော်ပိုရေးရှင်း ဖြစ်သော ဂူဂဲလ် (Google) ကော်ပိုရေးရှင်းသည် အမေရိကန် အစိုးရနှင့် ဇာတ်ရှုပ်သော လုပ်ရပ်များကို လုပ်ကိုင်လျက် ရှိကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက လူသိရှင်ကြား ပြစ်တင် ရှုတ်ချလိုက်သည်။

နာမည်ကျော် Google သည် Search Engine  မှ ရရှိသော သတင်း အချက်အလက်များနှင့် မှတ်တမ်းများကို အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများသို့ ပေးပို့လျက် ရှိကြောင်း တရုတ် နိုင်ငံပိုင် Xinhua သတင်းအေဂျင်စီက ထုတ်ဖော် ပြောဆိုလိုက်သည်။ Google သည် တရုတ် လူ့အဖွဲ့အစည်းကို အမေရိကန် ယဉ်ကျေးမှုဆိုင်ရာ စံတန်ဖိုးများ ဖြန့်ဝေခြင်းဖြင့် ပြုပြင် ပြောင်းလဲရန် ကြိုးပမ်းလျက် ရှိသည်ဟုလည်း Xinhua က ဆိုသည်။

Google ကော်ပိုရေးရှင်း၏ ပြောရေးဆိုခွင့် ရှိသူကမူ မိမိတို့အား အမေရိကန် အစိုးရက သြဇာ လွှမ်းမိုးနေသည် ဟူသော အချက်ကို ငြင်းပယ်လိုက်သည်။ "Google ကော်ပိုရေးရှင်း၏ အကြီးတန်း အရာရှိကြီးများသည် အမေရိကန်အစိုးရနှင့် ရှုပ်ထွေးနက်နဲသော ဆက်ဆံရေးမျိုး ရှိထားသည်။ ထို့ပြင် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်မှ နည်းပညာ ကျွမ်းကျင်သော ပုဂ္ဂိုလ်ကြီးများသည် Google တွင် လုပ်ကိုင်လျက် ရှိသည်" ဟု Xinhua က ဆိုသည်။

တရုတ်နိုင်ငံတွင် အင်တာနက် ဆင်ဆာဖြတ်သည့် လုပ်ရပ်များကြောင့် Google ကော်ပိုရေးရှင်းက တရုတ် နည်းပညာ နယ်ပယ်တွင် ဆက်လက် ရင်းနှီး မြှုပ်နှံမည် (သို့မဟုတ်) ထွက်ခွာမည် ဟူသော အချက်ကို ထုတ်ဖော် ကြေညာရန် ပြင်ဆင်နေသည့် ကာလတွင် တရုတ်နိုင်ငံပိုင် သတင်းဌာနက ယင်းသို့ တိုက်ခိုက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"တရုတ်နိုင်ငံမှာ စီးပွားရေး ဆက်လုပ်မယ်၊ မလုပ်ဘူး ဆိုတဲ့ကိစ္စဟာ Google ကော်ပိုရေးရှင်းနဲ့ပဲ ပတ်သက်ပါတယ်" ဟု Google ၏ ပြောခွင့်ရပုဂ္ဂိုလ် Jessica Powell က AP သတင်းဌာနသို့ ပြောကြားသည်။

Google ၏ ဈေးကွက်ရှယ်ယာသည် တရုတ် Search Engine ဖြစ်သည့် Baidu ကဲ့သို့ များပြားမှု မရှိပေ။ သို့သော် တရုတ်နိုင်ငံသည် အခြားသော နိုင်ငံများထက် အင်တာနက် အသုံးပြုသူ ပိုမို များပြားသော နိုင်ငံတစ်ခု ဖြစ်သည်ဟု ဆိုသည်။

တရုတ်ပြည် အင်တာနက် ဆင်ဆာဥပဒေများ

Xinhua ၏ အဆိုအရ Google ထွက်သွားသည် ဖြစ်စေ၊ ဆက်လက် လုပ်ကိုင်သည် ဖြစ်စေ တရုတ်နိုင်ငံ၏ အင်တာနက် ကန့်သတ် ထိန်းချုပ်မှုများမှာ ဆက်လက် တည်ရှိနေဦးမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ အင်တာနက်ဆိုင်ရာ စည်းမျဉ်း ဥပဒေများကို ခြယ်လှယ်လိုသော နည်းပညာ ကုမ္ပဏီတစ်ခု၏ ရည်မှန်းချက်မှာ ရယ်စရာကောင်းသော လုပ်ရပ်တစ်ခုသာ ဖြစ်နေပေလိမ့်မည်ဟု Xinhua က ဆိုသည်။

Google ကော်ပိုရေးရှင်းက ပြီးခဲ့သည့် ဇန်နဝါရီလတွင် မိမိတို့အနေဖြင့် တရုတ်နိုင်ငံ၏ အင်တာနက် ဆင်ဆာဖြတ်သည့် ဥပဒေများအတိုင်း ဆက်လက် လိုက်နာ ဆောင်ရွက်မည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အင်တာနက် သတင်း အချက်အလက် ဆိုင်ရာ ဆင်ဆာတည်းဖြတ်မှုနှင့် အင်တာနက် Web Portal အပေါ် တိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံအတွက် လွှင့်တင်ထားသည့် www.google.cn အင်တာနက် စာမျက်နှာကို ဖျက်သိမ်းကောင်း ဖျက်သိမ်းမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

Google သည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှ စ၍ တရုတ်နိုင်ငံ နည်းပညာ လောကတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ရာ ပြစ်တင်ဝေဖန်မှု ပေါင်းများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။ Google သည် တရုတ်အစိုးရက ပြဋ္ဌာန်းထားသော အင်တာနက် ဆင်ဆာဖြတ်သည့် လုပ်ထုံးလုပ်နည်းများနှင့် အပေးအယူ လုပ်လျက် ရှိသည်ဟု အငြင်းအခုန် ပြုလုပ် ပြောဆိုနေကြသော်လည်း Google ကမူ မိမိတို့သည် အများပြည်သူ အကျိုးစီးပွားအတွက်သာ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။

Google နှင့် တရုတ်နိုင်ငံ ဆက်ဆံရေးမှာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် အေးတိအေးစက် ဖြစ်ခဲ့သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ တရုတ်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူများကို အဓိက ပစ်မှတ်ထားသော Web Mail များနှင့် ပတ်သက်သည့် ဆိုက်ဘာ တိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း Google က ထုတ်ဖော် ပြောဆိုခဲ့သည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ အနေဖြင့် မြန်မာနိုင်ငံအား အရေးယူပေးရန် ထင်ရှားသော ပြည်ပြေး နိုင်ငံရေး အင်အားစုများက ကုလအထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းအား တောင်းဆိုထားကြောင်း သိရသည်။

"ယခုအချိန်အခါသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အနေဖြင့် မြန်မာနိုင်ငံ အရေးကို ဝင်ရောက် ဆောင်ရွက် ပေးရတော့မည့် အချိန်အခါ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နှောင့်နှေး ကြန့်ကြာမှုများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း" မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ မဟာမိတ် အစည်းအရုံး၊ ၈၈ မျိုးဆက်သစ် ကျောင်းသားများအဖွဲ့နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂတို့က မစ္စတာ ဘန်ကီမွန်းထံ စာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ လုံခြုံရေး ကောင်စီတွင် အရေးပေါ် အစည်းအဝေး လုပ်ရန် အဖွဲ့ဝင် နိုင်ငံများကို တိုက်တွန်းစေလိုပါသည်။ အဆိုပါ အစည်းအဝေးမှ တစ်ဆင့် စုစည်းပြီး ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် တောင်းဆိုစေလိုပါသည်။ အဓိက ရည်ရွယ်ချက်မှာ စစ်ရေးလမ်းကြောင်းဖြင့် သွားနေသော စစ်အာဏာရှင် ယန္တရားကြီး တစ်ခုလုံး ရပ်တန်းက ရပ်သွားရန် ဖြစ်ပါသည်။ သို့အတွက်ကြောင့် တည်ငြိမ် အေးချမ်းသော နိုင်ငံရေး လမ်းစဉ် ပေါ်ထွန်းရေးအတွက် ဒီမိုကရက်တစ် အင်အားစုများ၊ တိုင်းရင်းသား လူနည်းစု ကိုယ်စားလှယ်များနှင့်လည်း စေ့စပ်ညှိနှိုင်းရန် လိုအပ်ပါသည်" ဟု အဆိုပါစာတွင် ဖော်ပြပါရှိသည်။

အဆိုပါ အဖွဲ့သုံးခုသည် လတ်တလော ထုတ်ပြန် ကြေညာထားသည့် ရွေးကောက်ပွဲ ဥပဒေများနှင့် ပတ်သက်၍ အဆိုပါဥပဒေကို အသိအမှတ် မပြုရန် တိုက်တွန်းထားသည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှု မရှိသောကြောင့် ယင်းသို့ တိုက်တွန်းခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

"မြန်မာနိုင်ငံနှင့် ပတ်သက်သော ကုလသမဂ္ဂ၏ ထုတ်ပြန် ကြေညာချက်ကို ကျွန်ုပ်တို့အနေဖြင့် ထပ်လောင်း ပြောဆိုလိုပါသည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အကျဉ်းကျ ခံထားရသော အဓိက နိုင်ငံရေးသမားများ မပါရှိဘဲ ရွေးကောက်ပွဲ ကျင်းပမည့် ကိစ္စမှာ လက်ခံနိုင်စရာ မရှိသောကြောင့် ဖြစ်သည်" ဟူ၍လည်း ဖော်ပြပါရှိသည်။

စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို မြန်မာပြည်သူများ အားလုံး လက်ခံကြသည် မဟုတ်ပေ။။ အဆိုပါ ဥပဒေသည် မြန်မာနိုင်ငံတွင်း စစ်တပ်အာဏာ ဆက်လက် တည်တံ့ ခိုင်မြဲစေရေးအတွက် ရေးဆွဲထားခြင်းသာ ဖြစ်ကြောင်း အဆိုပါစာတွင် ရေးသားထားသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အမြဲမပြတ် တောင်းဆိုချက်များ ဖြစ်သော လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးကို စစ်အစိုးရက လုံးဝ လိုက်နာခြင်း မရှိခဲ့ပေ။ အစိုးရသည် တောင်းဆိုချက်ကို မလိုက်လျောရုံမျှမက တရားမျှတမှု မရှိသော ဥပဒေများကိုပင် ထုတ်ပြန်ခဲ့သေးသည်။ ထို့ကြောင့် ဒီမိုကရေစီ နည်းလမ်း မကျသော ရွေးကောက်ပွဲများသာ ပေါ်ထွက်လာမည်သာ ဖြစ်သည်

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်ကို ရွေးကောက်ပွဲသို့ မဝင်ရောက်နိုင်ရန် ပ,ထုတ် ထားလိုက်သေးသည်။ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း စစ်တပ်၏ လက်အောက်ခံအဖြစ် သိမ်းသွင်းကာ စစ်ရေးအရ စော်ကား တိုက်ခိုက်မှုများ ပြုလုပ်သည်။

ကုလသမဂ္ဂ အထူးသံတမန် တောမတ်စ်ကန်တားနား၏ ကုလသမဂ္ဂသို့ တင်ပြသော အစီရင်ခံစာကိုလည်း အဆိုပါ အဖွဲ့သုံးဖွဲ့က ထောက်ခံလိုက်သည်။ ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက် ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂ အနေဖြင့် စုံစမ်း ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် ထည့်သွင်းထားသည်။
Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။