Transparency Myanmar

transparency.myanmar@gmail.com

"Century Times" opportunities and threats in current Myanmar Politics
15 May 2010
ကို ဘာသာပြန်သည်။

*နိုင်ငံရေး ရာသီဥတုမှ ပေးလာသော အခွင့်အလမ်းများ*

၁။ NLD အပေါ် အစိုးရ၏ ဖိနှိပ်မှုများ ကြောင့် NLD က ရရှိမည့် စာနာ ထောက်ထားမှု
မဲအများစုကို ၎င်းတို့ ရွေးကောက်ပွဲ မဝင်ခြင်းကြောင့် အခြား ဒီမိုကရေစီ
အင်အားစုများက ခွဲဝေ ခံစားရရှိရမည် ဖြစ်သည်။

The decision by the NLD not to contest may result as an opportunity for
other opposition groups with the probability of capturing key NLD sympathy
votes. It is unclear whether this factor played an issue in the NLD
deliberations. Nevertheless, it is clear that the regime will bare the
consequences in their mistreatment

of the former main opposition leaders. The objective is for new principals
to carry forward the voice for democracy and a differentiation to the
public.

၂။ NLD ရွေးကောက်ပွဲ မဝင်ခြင်းကြောင့် ဒီမိုကရေစီ အင်အားစုများအကြား
ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မှုသည် ပိုမိုမျှတ၍ စိတ်ဝင်စားစရာ ကောင်းနိုင်သည်။

With the absence of the NLD, the regime may view other opposition as less
hostile.
An opportunity for dialogue can arise while having a larger participation in
the decision making process.

၃။ ဓမ္မ/အဓမ္မ ငြင်းခုံမှုများတွင် NLD ရနေကျ ဖြစ်သည့် ဓမ္မဘက်သား ဟု သတ်မှတ်သော
တံဆိပ်ကို ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သူ ဒီမိုကရေစီ အင်အားစုများ ခွဲဝေ ခံစား
ရရှိလိမ့်မည်။

NLD is no more the owner of the brand *"good"* who used to appose the *
"evil"* military so that the rest of the contesting stakeholder will be
benifited the brand accordingly.

၎။ NLD ပါတီ ဖျက်သိမ်း ခံရခြင်းသည် တပ်မတော်အတွက် အဓိက လိုအပ်ချက် ဖြစ်သော
လက်ညှိုးထိုးစရာ မြင်သာ ထင်သာ ကိုလိုနီနယ်ချဲ့ လက်ဝေခံ အဖွဲ့အစည်းကြီး
ပျောက်ဆုံးသွားခြင်း ဖြစ်ရာ ထိုသို့ ရန်သူ မရှိတော့သော အခြေအနေတွင်
တပ်မတော်ကြီးအား ညီညွတ်စွာ ထိန်းသိမ်းသွားနိုင်ရန် ခက်ခဲလိမ့်မည်။

This decision by the NLD have resulted as an end to their public opposition
position. With the regime's greatest threat for over the last 3 decades
becoming abolish, there may be an impact on the unity of the military.

၅။ NLD သည် မည်သည့် အခါကမျှ မဟာဗျူဟာကျသော ဆုံးဖြတ်ချက်များ
မချမှတ်ခဲ့ဖူးသော်လည်း ယခု အဆုံးအဖြတ်သည် ပထမဆုံးအကြိမ် အဖြစ်
တပ်မတော်ခေါင်းဆောင်များကို အံ့အားသင့်စေခဲ့သည့် အဆုံးအဖြတ် ဖြစ်သည်။

This is arguably the first time the NLD has managed to
surprise general Than Shwe, a challenge that may lead him to revise
parts of his strategy, potentially creating new space in specific
areas.

၆။ NLD ပါတီ မရှိတော့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီနိုင်ငံရေးနှင့်
ခွဲခြားလိုက်သကဲ့သို့ ဖြစ်စေခဲ့ပြီး အမျိုးသားနိုင်ငံရေး ရှုထောင့်မှ
ပြောင်းရွှေ့ ရှုမြင် သုံးသပ် လုပ်ကိုင်နိုင်ရန် အခြေအနေ ပေးလာပြီ ဖြစ်သည်။

The fact that DASSK would now de facto be out of partisan politics may help
her change some of her perspectives, and put her in the position of a moral
authority, rather than that of a politician, a position in which she is more
likely to influence the entire political spectrum, and that would allow her
to weight on political decisions even within non democratic institutions,
something she had failed to achieve so far, knowing that this scenario may
remain the political reality for a number of years to come.

၇။ NLD ပါတီ ရွေးကောက်ပွဲ မဝင်ခြင်းကြောင့် ရွေးကောက်ပွဲများ၏ ဂုဏ်သရေကို
ထိခိုက်သွားနိုင်သည် ဖြစ်ရာ တပ်မတော်သည် ရွေးကောက်ပွဲ တရားမျှတမှု ရှိရေးကို
ပိုမို လုပ်ဆောင်ရန် တာဝန်ရှိသွားပြီ ဖြစ်သည်။

By refusing to take part in the election, the NLD has denied legitimacy to
the post electoral government. The new elected government must earn
legitimacy through several factors including the liberalization across the
socio-economic spectrum.

၈။ NLD ပါတီ၏ ထိပ်တိုက် ရင်ဆိုင်မှုများကြောင့် တုံ့ပြန်ရသည့် နိုင်ငံရေး အရ
ဖိနှိပ်မှုများ NLD ပါတီ မရှိတော့ခြင်းကြောင့် လျော့ပါးသွားပြီး နိုင်ငံရေး အရ
လုပ်ကိုင်ရန် အခွင့်အလမ်းများ ပိုမို ပေါ်ထွက်လာနိုင်သည်။

The decision by the NLD have resulted as an end to their public opposition
position. With the regime's greatest threat for over the last 3 decades
becoming abolish, there may be an impact on the unity of the military as
well as a re-evaluation of the military's role in the new civilian dominated
politics.

၉။ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ယခုရွေးကောက်ပွဲတွင် တပ်မတော်၏ ပြိုင်ဘက်
မဟုတ်တော့သောကြောင့် တပ်မတော်၏ ရန်သူလည်း အတိအလင်း မဟုတ်တော့ဟု ဆိုနိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ပါးနပ်ခဲ့လျှင် နိုင်ငံရေး အရ ညှိနှိုင်းမှုများနှင့်
ရေရှည်သဘော ဆောင်သည့် မဟာဗျူဟာ လိုလားချက်များ တောင်းဆိုနိုင်ပေလိမ့်မည်။

Dialogue may become possible, as DASSK and her party are no more direct
political rivals of the regime.

*နိုင်ငံရေး ရာသီဥတုကြောင့် ဖြစ်ပေါ်ဖွယ်ရှိသော အတားအဆီးများ*

၁။ NLD ပါတီနှင့် တင်းမာသော အတိုက်အခံများ၏ ရွေးကောက်ပွဲ မဝင်ရန်
ဆုံးဖြတ်ချက်ကြောင့် ရွေးကောက်ပွဲများ၏ တရားဝင်မှုကို ထိခိုက်သွားနိုင်သည်
ဖြစ်ရာ အသစ်ပေါ်ထွန်းလာမည့် အစိုးရ၏ တရားဝင်မှုကိုလည်း ထိခိုက်နိုင်ပါသည်။
ထိုကိစ္စသည် မြန်မာနိုင်ငံ၏ ဂုဏ်သရေကိုလည်း ညှိုးနွမ်းစေသည် ဖြစ်ရာ အနာဂတ်တွင်
ပိတ်ဆို့မှုများ ရပ်ဆိုင်းရေးအတွက် အခက်အခဲ ရှိစေနိုင်ပါသည်။

The elections losing legitimacy will result in a more challenging process
for the western powers to lessen economic sanctions. Unfortunately, with
current sanctions in place, it will do more harm for the development of the
general public rather than having the effect on it's targets. Sectors such
as aid, civil society development and capacity building will be negatively
effected and in worst case scenario, can even result in implosion of these
sectors.

၂။ NLD ပါတီနှင့် တင်းမာသော အတိုက်အခံများ၏ ရွေးကောက်ပွဲ မဝင်ရန်
ဆုံးဖြတ်ချက်သည် ပြည်သူလူထုကြီး၏ ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှုနှင့်
မျှော်လင့်ချက်ကို ညှိုးနွမ်းစေသည်။

While many in the NLD believe this position will raise the dreams of the
general public, instead an argument can be made that this NLD decision will
promote the sentiments of depression and hopelessness- key sentiments
leading to an uprising and a social implosion.

၃။ NLD ပါတီနှင့် တင်းမာသော အတိုက်အခံများ၏ ရွေးကောက်ပွဲ မဝင်ရန်
ဆုံးဖြတ်ချက်ကြောင့် မီဒီယာ အားလုံးက ဘက်လိုက်၍ ရပ်တည်မည် ဖြစ်ရာ
ရွေးကောက်ပွဲတွင် ရှိနေသော မဲဆန္ဒနယ် စုစုပေါင်း ၄၉၈ နေရာတွင်
ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သော အမတ်လောင်းများ ရရှိရေး ရွေးကောက်ပွဲတွင်
လိုအပ်သော ပြည်ပ မီဒီယာ များထံမှ ပံ့ပိုးကူညီမှုများ ရရှိရေး အခက်အခဲ
ဖြစ်သွားလိမ့်မည်။

The clear bias in favor of the NLD that can be witnessed in Myanmar exiled
medias is directly (and consciously) contributing to discredit those of the
moderates who are aiming at contesting the elections. This may be
legitimate, within the democratic frame, coming
from a political organization like the NLD, but coming from supposedly
independent media, in a context where the moderates do not have the
opportunity to communicate their own opinions and platform, is a in
contradiction with democratic values.

၎။ NLD ပါတီနှင့် တင်းမာသော အတိုက်အခံများ၏ ရွေးကောက်ပွဲ မဝင်ရန်
ဆုံးဖြတ်ချက်ကြောင့် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်သူ နိုင်ငံရေး ပါတီများ
ဒီမိုကရေစီ သစ္စာဖောက်များအဖြစ် တံဆိပ်တပ် ခံရရန် အလားအလာ ရှိနေသည်။

With her strong and uncompromising discourse, Aung San Suu Kyi has not only
led the NLD not to participate to the elections, she
has also discouraged many among the moderates to do so. This is directly
undermining their right to make political choices of their
own, and, again, this may prevent the NLD from being able to influence the
political process through sharing views with the moderates.

၅။ NLD ပါတီနှင့် တင်းမာသော အတိုက်အခံများ၏ ရွေးကောက်ပွဲ မဝင်ရန်
ဆုံးဖြတ်ချက်ကြောင့် ဖြစ်နိုင်ချေ နည်းသော်လည်း ဖြစ်သင့်သည့် တပ်မတော်နှင့်
ညှိနှိုင်းဆွေးနွေးမှု အလားအလာ လုံးဝပျောက်ကွယ်သွားမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်အား
အခွင့်အရေး ရသည်နှင့် အပြစ်ပေးနှိပ်ကွပ်ရန် အသင့် စောင့်ဆိုင်းနေသူများ
ဖြစ်ကြောင်း သက်သေထူခဲ့ခြင်းကြောင့် ဖြစ်သည်။

The decision made by the NLD to effectively boycott the elections is a blow
to any attempts made to build trust between the regime and the opposition.
The regime is reinforced in its view that the opposition is standing in its
way to modernize the country, which may lead to more repression.

၆။ NLD ပါတီနှင့် တင်းမာသော အတိုက်အခံများ၏ ရွေးကောက်ပွဲ မဝင်ရန်
ဆုံးဖြတ်ချက်သည် NLD ပါတီ၏ မြန်မာ့နိုင်ငံရေးတွင် အရေးပါမှု အခန်းကဏ္ဍကို
ကိုယ်တိုင် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

The NLD denied itself any role in the political process, and failing to
recognize that this may be the only opportunity existing in the
foreseeable future.

၇။ မြင်သာထင်သာ ရန်သူ မရှိတော့သော တပ်မတော်၏ အနေအထားသည် စိုးရိမ်စရာ ကောင်းသည်။
အထူးသဖြင့် တပ်မတော်၏ အာရုံသည် ပျော့ပြောင်းသော နိုင်ငံရေး အင်အားစုများ
အပေါ်တွင် ကျရောက်လာနိုင်သည်။

The regime is left without any serious political challenger, which is
detrimental to gradual change.

၈။ NLD ပါတီသည် တရားဝင်နိုင်ငံရေး ပါတီတစ်ခု မဟုတ်တော့သော်လည်း နိုင်ငံရေးတွင်
ဆက်လက် ပါဝင် လှုပ်ရှားနေဦးမည် ဖြစ်ရာ ၎င်းတို့၏ ထိပ်တိုက်ရင်ဆိုင်မှုများကြောင့်
နိုင်ငံရေးအရ ဖိနှိပ်မှုများ ကျောသားရင်သား မခွဲခြားဘဲ ပေါ်ပေါက်လိမ့်မည်။
ဤကိစ္စသည် မြန်မာ့နိုင်ငံရေးတွင် အဓိက လိုအပ်ချက် ဖြစ်သည့် တပ်မတော်ပါဝင်သော
အသွင်ကူးပြောင်းရေးကို လက်ခံသူ နိုင်ငံရေး အင်အားစု အသစ် ပေါ်ပေါက်ရန် အဟန့်အတား
ဖြစ်စေလိမ့်မည်။ မည်မည်ရရ အခန်းကဏ္ဍ မရှိတော့သော NLD ပါတီ၏ အဖွဲ့ဝင်များ၊
အထူးသဖြင့် ခံစားချက် ပြင်းသည့် လူငယ်များအား အသုံးချရန် စောင့်ဆိုင်းနေသော
အောက်လမ်း ဆရာများကြောင့် နိုင်ငံရေး လုပ်သာကိုင်သာ ရှိသည့် အခွင့်အရေးများ
ပျောက်ဆုံးသွားမည်။

The likely transformation of the NLD into an underground movement may invite
additional political repression. This could indirectly lead to a reduction
of the space other stakeholders like LNGOs have benefited from.

၉။ တပ်မတော်၏ နိုင်ငံရေး အရ ဖိနှိပ်မှုများကို ကိုယ်တိုင် ထောင်ကျခံ၍
မှတ်ကျောက်တင် ခံရစေရန် ကြိုးပမ်းနေသော ဦးဝင်းတင်ကဲ့သို့သော နိုင်ငံရေး
သမားများကြောင့် ရွေးကောက်ပွဲများ၏ တရားဝင်မှု သည် ထပ်မံ ညှိုးနွမ်းလိမ့်ဦးမည်။

The attempts by radicals to manage themselves to get arrested and prove the
political repression may invites more repressions in the future which in
turn may harm more the legitamacy of the elections.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

      ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ် ဖြစ်မှုများနှင့် ပတ်သက်၍ ထိုင်းတရားရုံးတော်က ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို အကြမ်းဖက်မှုဖြင့် တရားစွဲဆိုဖွယ် ရှိကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်း တရားရုံးတော်က မေလ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ချက် ပေးမည် ဖြစ်သည်။

      ထိုင်းအစိုးရ အာဏာပိုင်များကလည်း ကာဖျူး (သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်) ကို ခုနစ်ရက် ထပ်တိုးရန် အဆိုပြုမည်ဟု မျှော်မှန်းရကြောင်း နိုင်ငံပိုင် မီဒီယာက ရေးသား ဖော်ပြသည်။

      ထိုင်းအစိုးရ အာဏာပိုင်များက မြို့တော် ဘန်ကောက် အပါအဝင် အနည်းဆုံး ပြည်နယ် သုံးခုတွင် မေလ ၃၁ ရက်နေ့အထိ ကာဖျူးအမိန့် ထားရှိရန် စီစဉ်လျက် ရှိကြောင်း၊ မေလ ၂၄ ရက်နေ့တွင် ပြုလုပ်သော ကက်ဘိနက် အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း TNA သတင်းဌာနက ဆိုသည်။

      ထောက်လှမ်းရေး သတင်းများအရ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အုပ်စုများသည် ပဋိပက္ခများနှင့် ရုန်းရင်းဆန်ခတ်မှုများ ထပ်မံ ဖြစ်ပေါ်အောင် ကြိုးစားလျက် ရှိကြောင်း သိရသည်။ ရှပ်နီ ဆန္ဒပြ အုပ်စုများနှင့် စစ်တပ်အကြား အချိန်ကြာမြင့်စွာ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရှပ်နီ ခေါင်းဆောင်များမှာ ဖမ်းဆီး အကျဉ်းချခံခဲ့ရသည်။ ဆန္ဒပြ ခေါင်းဆောင် သုံးဦးမှာ သေကြေ ထိခိုက်မှုများ ပိုမိုဖြစ်ပေါ်မည် စိုးသောကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့တွင် သွားရောက် အဖမ်းခံခဲ့ကြပြီး ဆန္ဒပြမှုကို ရုပ်သိမ်းရန် ဆော်သြခဲ့ကြသည်။ သို့သော် အချို့သော ဆန္ဒပြ အုပ်စုငယ်များမှာ ဆက်လက် တိုက်ပွဲ ဝင်နေဆဲပင် ဖြစ်သည်။ ရှပ်နီဆန္ဒပြ အုပ်စုများက လက်ရှိ ဝန်ကြီးချုပ် အဘီဇစ်အနေဖြင့် ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် တစ်ရပ် ထပ်မံ ကျင်းပပေးရန် တောင်းဆိုထားကြသည်။

      လက်ရှိ အနေအထားတွင် ထိုင်းအစိုးရ စုံစမ်း စစ်ဆေးရေး အဖွဲ့များက ရာဇဝတ်ခုံရုံး အနေဖြင့် သက်ဆင်ရှင်နာဝပ်ကို ဖမ်းဝရမ်း ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။

      ယခုအခါ ပြည်ပြေးဘဝဖြင့် နိုင်ငံခြားတွင် ရှောင်တိမ်းလျက် ရှိသော သက်ဆင် ရှင်နာဝပ်က မိမိသည် ညီညွတ်သော ဒီမိုကရေစီတပ်ဦး (UFD) ခေါင်းဆောင် မဟုတ်သလို ရှပ်နီဆန္ဒပြ အုပ်စုများ၏ လှုပ်ရှားမှုများသည် မိမိကို ကိုယ်စားပြုခြင်း မဟုတ်ကြောင်း တုံ့ပြန် ပြောဆိုသည်။ UFD သည် ရှပ်နီ အင်အားစုများ၏ တရားဝင် နာမည် ဖြစ်သည်။

      ထိုင်းအစိုးရ အနေဖြင့် အကြမ်းဖက်မှုများ ကျူးလွန်သူများကို ထုတ်ဖော် အရေးယူရန်သာ တာဝန်ရှိသည်ဟု သက်ဆင်က ဆိုသည်။

      "ဘယ်လို အကြမ်းဖက် လုပ်ရပ်မျိုးကိုမှ ကျွန်တော်အနေနဲ့ သဘောမတူသလို ထောက်ခံ အားပေးမှုလည်း မပြုပါဘူး။ ကျွန်တော် ငြိမ်းချမ်းရေးကို ယုံကြည်တယ်။ အစိုးရ အဖွဲ့ဝင်တွေလိုပဲ ကျွန်တော့် တိုင်းပြည်ကို ကျွန်တော် ချစ်တယ်။ ငြိမ်းချမ်းပြီး အကြမ်းမဖက်တဲ့ လုပ်ရပ်တွေနဲ့ပဲ ပဋိပက္ခတွေ အားလုံးကို ပြေလည်စေနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု မစ္စတာ သက်ဆင် ရှင်နာဝပ်က ဆိုသည်။

      နိုင်ငံရေး ပဋိပက္ခကြောင့် ဘန်ကောက်မြို့မှ ဘဏ်များ၊ ရဲစခန်းများ အပါအဝင် အဆောက်အအုံ ၃၀ ခန့် မီးလောင်ကျွမ်းခဲ့သည်။ ပြည်တွင်း ရုပ်သံမီဒီယာ အဆောက်အအုံနှင့် 
ဘန်ကောက်မြို့၏ အကြီးဆုံး ရှော့ပင်းစင်တာလည်း မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် လူပေါင်း ၅၀ ခန့် သေဆုံးပြီး ၄၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြသည်ဟု အစိုးရ အာဏာပိုင်များက ဆိုသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 25th May 2010

တရုတ်နှင့် အမေရိကန်တို့သည် ထိပ်တန်း အဆင့် ဆွေးနွေးပွဲကို တနင်္လာနေ့က စတင်ပြီး နှစ်ရက်ကြာ ဆွေးနွေးမည် ဖြစ်ရာ၊အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က Bejing ကို မြောက်ကိုးရီးယားအား အရေးယူရာတွင် ထောက်ခံရန် တောင်းဆိုလိုက်သည်။

တရုတ်သမ္မတ ဟူကျင်းတောင်ကလည်း ယွမ်ငွေကို ပြုပြင် ပြောင်းလဲရန် စိတ်အား ထက်သန်ကြောင်း ပြသခဲ့သော်လည်း မည်သည့် အချိန်တွင် ပြုလုပ်မည်ကို ပြောဆိုခဲ့ခြင်း မရှိပါ။

နှစ်ဘက်စလုံးက ယခုပြုလုပ်မည့် မဟာဗျူဟာနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများသည် ကလင်တန် အဖွင့်စကား ပြောခဲ့သလို နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်စေရမည် (win-win solution) ဖြစ်ပြီး၊ တဖက်ဖက်က အသားစီးရယူမှုကို ရှောင်ရှားမည် ဖြစ်ကြောင်း သဘောတူ ကြပါသည်။

သို့သော် နှစ်နိုင်ငံ အနေဖြင့် ခက်ခဲသော ပြဿနာ အတွက် တိုးတက်မှု မည်မျှ ပြုလုပ်နိုင်မည် ဆိုသည်မှာမူ မသိနိုင်သေးပေ။

အစည်းအဝေး အဖွင့်နေ့တွင် ကုလသမဂ္ဂက အီရန်ကို ပိုမို တင်းကြပ်စွာ အရေးယူရာတွင် တရုတ်၏ ထောက်ခံမှုအပေါ် ကလင်တန်က ချီးကျူးလိုက်ပြီး၊ ယခု မြောက်ကိုးရီးယား ကိစ္စတွင်လည်း ထိုကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုမျိုး လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

တနင်္လာနေ့က အိမ်ဖြူတော်မှ ပြောကြားရာတွင် တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှု အတွက် မြောက်ကိုးရီးယားမှ တော်ပီဒိုဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း တရားဝင်စုံစမ်း စစ်ဆေးမှုများ အရ သိရှိရပြီးနောက် တောင်ကိုးရီးယားက စစ်ရေးအရ ရပ်တည်မှု ပိုမို တင်းကြပ်ရန်နှင့် ကုန်သွယ်ရေးများ ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ပြောခဲ့သည်။

ကလင်တန်က ပြောကြားရာတွင် "မနှစ်ကလည်း မြောက်ကိုးရီးယားရဲ့ နျူကလီယာ စမ်းသပ်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ချနိုင်အောင် ကျွန်မတို့ အတူတူ အလုပ်လုပ်ခဲ့ကြပါတယ်။ ဒီနေ့ ကျွန်မတို့ အရေးကြီးတဲ့ စိန်ခေါ်မှု တစ်ခု တွေ့ရပြန်ပါပြီ။ တောင်ကိုးရီးယား သင်္ဘောကို နစ်မြှုပ်ပြီး ဆွလိုက်ပြန်ပါပြီ။ ဒါကြောင့်မို့ ဒီစိန်ခေါ်မှု ကိစ္စရယ် ကိုးရီးယား ကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် တူညီတဲ့ ရည်မှန်းချက်တွေရယ်ကို ရှေ့ဆက်နိုင်ဖို့ ကျွန်မတို့ အလုပ် အတူလုပ်ကြရပါဦးမယ်'' ဟု ပြောကြားခဲ့သည်။

သို့သော် တရုတ်သည် အစွန့်ပစ်ခံ မြောက်ကိုးရီးယား၏ အရင်းနှီးဆုံး မဟာမိတ် ဖြစ်သည်။ ယခုလ အစောပိုင်းက တရုတ်သည် နိုင်ငံခြား ခရီးထွက်ခဲ့သော မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီကို တရုတ်သို့ အလည်ခေါ်ယူခဲ့သည်။

တရုတ်က အဆိုပါ သင်္ဘော နစ်မြုပ်မှုအား ကံမကောင်းမှု အဖြစ် ဖော်ပြခဲ့ပြီး၊ အခြား မှတ်ချက်များ မပေးခဲ့ဘဲ ကိုးရီးယား ကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်သာ ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲများကလည်း သူ့စိန်ခေါ်မှုများနှင့်သူ ရှုပ်ထွေးလျက် ရှိပါသည်။

အမေရိကန်က တရုတ်ကို ၎င်း၏ အမေရိကန် ပို့ကုန် ဈေးကွက်အား ဖြည့်ဆည်းမှုများ ပြုလုပ်ပေးစေလိုပြီး တရုတ်ငွေ ယွမ်၏ အရေးပါမှုကို ခွင့်ပြုစေလိုပါသည်။

သို့သော် ဂရိနိုင်ငံတွင် ဖြစ်နေသော စီးပွားရေး ပြဿနာများသည် ဥရောပ အခြား တိုင်းပြည်များသို့ ပျံ့နှံ့ခဲ့ပြီး ယူရိုငွေကို ဒုက္ခရောက်စေခဲ့သောကြောင့်၊ တရုတ်က ထိုသို့ လုပ်ရန် တုံ့ဆိုင်းနေခြင်း ဖြစ်သည်။

သမ္မတ ဟူကျင်းတောင်က တနင်္လာနေ့က ပြောကြားရာတွင် တရုတ်အနေဖြင့် ယွမ်ပြုပြင် ပြောင်းလဲမှုကို ရှေ့သို့ ဖြေးဖြေးမှန်မှန်သာ သွားလိုကြောင်း ပြောခဲ့ပြီး၊ အသေးစိတ် ဖြည့်စွက် ပြောကြားခြင်း မရှိခဲ့ပေ။

တရုတ်သည် တစ်ဒေါ်လာလျှင် (၆.၈၃) ယွမ်တွင် ထိန်းသိမ်းထားသည်မှာ နှစ်နှစ်ခန့် ရှိပြီ ဖြစ်ပြီး အမေရိကန် စီးပွားရေး ပညာရှင် အများအပြားက တရုတ်ငွေသည် ၄၀ % ခန့် တန်ဖိုးနှိမ့်၍ သတ်မှတ်ထားကြောင်း ဆိုသည်။

၎င်း၏ ငွေအား တန်ဖိုးနိမ့်၍ ထိန်းသိမ်းထားခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် တရုတ်ပစ္စည်းများ ပိုမို ဈေးပေါစေပြီး၊ ပိုမို ဝယ်ယူလာစေရန် ဖြစ်သည်။ သို့သော် ထိုအချက်သည် အမေရိကန် စီးပွားရေး လုပ်ငန်းများအား ထိခိုက်ကြောင်း ဝေဖန်သူများက ဆိုသည်။

တရုတ် အစိုးရ တာဝန်ရှိသူများက အမေရိကန် တို့သည် ၎င်းတို့၏ စီးပွားရေး ပြဿနာများကြောင့်ဟု မပြောဘဲ Bejing အား အကြောင်းမဲ့ ရမယ်ရှာခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

"တရုတ်နိုင်ငံဟာ ယွမ်လဲလှယ်မှု နှုန်းကို မိမိဘာသာ ထိန်းထိန်းသိမ်းသိမ်းနဲ့ တဖြည်းဖြည်း လုပ်သွားမှာပါ'' ဟု ဟူကျင်းတောင်က ပြောခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် တရုတ်၏ အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုကိုလည်း စိုးရိမ်လျက် ရှိသည်။ အာဖဂန် နစ္စတန် အခြေအနေကိုလည်း ဆွေးနွေးပွဲတွင် အရေးပါသော နေရာမှ ဆွေးနွေးလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရုတ်သည် အာဖဂန်တွင် အဓိက အလှူရှင်နိုင်ငံ တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

တရုတ်တွင်လည်း အတွန့်တက်စရာများ ရှိနေသည်။ မကြာသေးမီက သမ္မတ Obama က ဒလိုင်းလားမားနှင့် တွေ့ဆုံခြင်း၊ ထိုင်ဝမ်သို့ အမေရိကန်က လက်နက်များ ရောင်းချခြင်းတို့သည် တရုတ်ကို စိတ်ဆိုးစေပြီး၊ လက်နက် ရောင်းဝယ်မှုတွင် ပါဝင်သော အမေရိကန် ကုမ္ပဏီများအား အရေးယူ ပိတ်ဆို့ရန် ခြိမ်းခြောက်မှုများ ရှိခဲ့သည်။

တနင်္လာနေ့က ဟူကျင်းတောင်က ပြောကြားရာတွင် နိုင်ငံတိုင်းသည် သက်ဆိုင်ရာ နိုင်ငံအလိုက် ကိုယ်ကျိုးစီးပွားနှင့် အခြေခံ ပိုင်ခွင့်များ ဖြစ်သော အချုပ်အခြာ အာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေ ပိုင်ဆိုင်ခွင့်များကို လေးစားရမည် ဖြစ်ကြောင်း ပြောခဲ့သည်။

တရုတ်ပြည်သူများ အတွက် အမျိုးသား အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှု ထိန်းသိမ်းရေးထက် အရေးကြီးသော အရာ မရှိကြောင်း ဟူက ပြောကြားခဲ့သည်။

Obama အစိုးရမှ တာဝန်ရှိ ပုဂ္ဂိုလ် (၂၀၀) ကျော်သည် ကလင်တန်နှင့် အတူ (၂)ရက်ကြာ ဆွေးနွေးပွဲတွင် တက်ရောက်လျက် ရှိသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt  Campbell က ယခု ကက်ဘိနက်နှင့် ၎င်းလက်အောက် အဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သော တရုတ်ပြည်သို့ သွားသော ကိုယ်စားလှယ် အဖွဲ့သည် သမိုင်းတွင် လူအများဆုံး ပါဝင်သော အဖွဲ့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အဖွဲ့တွင် အမေရိကန် အစိုးရ၏ ဋ္ဌာနအားလုံး နီးပါးမှာ ကိုယ်စားလှယ်များ ပါဝင်ကြောင်း Campbell က ပြောသည်။

အမေရိကန် အစိုးရအဖွဲ့၏ အေဂျင်စီတိုင်း၏ ကိုယ်စားလှယ်များ ပါဝင်ရာ၊ ရာထူးကြီး ပုဂ္ဂိုလ်များ ဖြစ်သော ဘဏ္ဍာရေး ဝန်ကြီး Timothy Geithner ၊ ကျန်းမာရေးနှင့် လူမှုရေးရာ ဝန်ဆောင်မှု ဝန်ကြီး Kathleen Sebelius၊ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Ron Kirk၊ USAID အုပ်ချုပ်ရေးမှူး Rajiv Shah ၊ Federal Reserve ဥက္ကဋ္ဌ Ben Bernanke နှင့် သမ္မတ၏ စီးပွားရေး အကြံပေး ကောင်စီ ဥက္ကဋ္ဌ Christina Romer တို့ ပါဝင်ကြသည်။

ပင်တဂွန်နှင့် အမေရိကန် ပြည်ထောင်စု ပစိဖိတ် ဋ္ဌာနချုပ်မှ အဓိက ပုဂ္ဂိုလ်များလည်း ပါဝင်ကြသည်။

ယခု အစည်းအဝေးသည် ဝါရှင်တန်တွင် ၂၀၀၉ ဧပြီလက Obama နှင့် ဟူကျင်းတောင်တို့ စတင်ခဲ့သော မဟာဗျူဟာနှင့် စီးပွားရေး ဆွေးနွေးမှု၏ အဆက် ဖြစ်သည်။ ၂၀၀၉ ဧပြီလက တရုတ် ကိုယ်စားလှယ် အဖွဲ့သည်လည်း အများဆုံး ဖြစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 24th May 2010

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အတွက် မြောက်ကိုရီးယားကို အပြစ်တင်သော အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားက မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေးကို ရပ်ဆိုင်းလိုက်ပြီး တောင်းပန်မှု ပြုရန် တောင်းဆိုလိုက်သည်။

သင်္ဘောသား ၄၆ ဦး အသက် ဆုံးရှုံးခဲ့သော တိုက်ခိုက်မှုကို ပြုလုပ်သူများအား အပြစ်ပေးရမည်ဟု သမ္မတ လီမြောင်ဘက်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အဓိက သတင်းစာကမူ စုံစမ်း စစ်ဆေးမှုကို "သည်းခံနိုင်ဖွယ် မရှိသည့်၊ အန္တရာယ် များသော ရန်စမှု" ဟု သတ်မှတ် ပြောဆိုလိုက်သည်။

တောင်ကိုရီးယား၏ ဆောင်ရွက်မှုများကို အိမ်ဖြူတော်က လူသိရှင်ကြား ထောက်ခံခဲ့ပြီး နောင်တွင် ကျူးကျော် ရန်စမှုကို ဟန့်တားရာ၌ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိပြုသည်။

တစ်ချိန်တည်းတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြောက်ကိုရီးယားကို အရေးယူရာတွင် အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် တရုတ်နိုင်ငံကို တိုက်တွန်းခဲ့သည်။

ချိုနန် သင်္ဘောကို တိုက်ခိုက်မှု အတွက် ပြုံးယမ်းက တာဝန်ယူရလိမ့်မည်ဟု ကလင်တန်က ဘီဂျင်းတွင် ကျင်းပသော အမေရိကန် -  တရုတ် အဆင့်မြင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

"ရန်စ စော်ကားတဲ့ အပြုအမူကို ရပ်တန်းက ရပ်ဖို့နဲ့ နိုင်ငံတကာ ဥပဒေကို လိုက်နာပါလို့ မြောက်ကိုရီးယားကို တောင်းဆိုပါတယ်" ဟု သူမက ဆက်လက် ပြောဆိုသည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ အရင်းနှီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ယခင်က မြောက်ကိုရီးယားနိုင်ငံ အပေါ် တင်းကြပ်စွာ အရေးယူ ကိုင်တွယ်မှုများကို မလိုလားသည့် သဘောထား ရှိခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ ပြည်ပ ကုန်သွယ်ရေး ၈၀ % နှင့် ဂျီဒီပီ ၃၅ % ကို တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံ အပေါ် မှီခိုနေရကာ ၂၀၀၉ ခုနှစ် အတွင်း ကိုရီးယား နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ဒေါ်လာ ၁.၆၈ ဘီလျံ - ဂျီဒီပီ၏ ၁၃ % အထိ ရောက်ရှိခဲ့သည်။

ပြင်းထန်သော စကားလုံးများ သုံးစွဲထားသည့် ၎င်း ရုပ်သံမိန့်ခွန်းတွင် လီမြောင်ဘက်က "ကမ္ဘာပေါ်တွင် စစ်ပွဲ အဆာလောင်ဆုံး နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်ကို တောင်ကိုရီးယားက မေ့လျော့နေခဲ့သည်" ဟု ပြောကြားလိုက်သည်။

"အခု အချိန်က စပြီး ကိုရီးယား ရီပတ်ဗလစ်နိုင်ငံ (တောင်ကိုရီးယား) ဟာ မြောက်ကိုရီးယားရဲ့ ကျူးကျော် ရန်စမှု မှန်သမျှကို သည်းခံမှာ မဟုတ်တော့ပါဘူး။ လက်တွေ့ကျကျ ဟန့်တားရေး မူဝါဒကို ဆက်ပြီး ကျင့်သုံး သွားတော့မှာပါ" ဟု သမ္မတ လီမြောင်ဘက်က ပြောကြားလိုက်သည်။

"တကယ်လို့ ကျွန်တော်တို့ရဲ့ ရေပိုင်နက်၊ လေပိုင်နက်နဲ့ ပိုင်နက်နယ်မြေကို စစ်ရေးအရ ကျူးကျော်လာမယ်ဆိုရင် မိမိကိုယ်မိမိ ကာကွယ်ခွင့်အရ ချက်ချင်း တုန့်ပြန်သွားမှာပါ" ဟုလည်း ၎င်းက ဆိုသည်။

"ဒီလို အခြေအနေမျိုးမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ တခြား ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ လုပ်ဖို့ ဆိုတာ အဓိပ္ပာယ် မရှိပါဘူး။ မြောက်ကိုရီးယား သင်္ဘောတွေကို တောင်ကိုရီးယား ရေပြင် သုံးစွဲခွင့် မပေးတော့ပါဘူး" ဟု လီက ပြောကြားသည်။

"တောင်ကိုရီးယားနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အမြန်ဆုံး တောင်းပန်ဖို့၊ ချိုနန် ကိစ္စမှာ ပါဝင် ပတ်သက်သူတွေနဲ့ တာဝန်ရှိသူတွေကို အမြန်ဆုံး အရေးယူ အပြစ်ပေးဖို့ မြောက်ကိုရီးယား အာဏာပိုင်တွေကို လေးလေးနက်နက် တိုက်တွန်းပါတယ်" ဟု လီမြောင်ဘက်က ဆက်လက် ပြောဆိုခဲ့သည်။

ချိုနန် သင်္ဘော နစ်မြုပ်မှုကို တုန့်ပြန်ရန် အတွက် မြောက်ကိုရီးယားကို လုံခြုံရေးကောင်စီသို့ လွှဲအပ်မည်ဟုလည်း သိရှိရသည်။

သို့ရာတွင် တောင်ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီး ဟွန်အင်တိတ်က ပြောကြားရာ၌ မြောက်ကိုရီးယားက ၎င်း၏ လုပ်သားများ လုံခြုံရေးကို ထိခိုက်စေမည့် ဖြစ်နိုင်ခြေရှိသော ကြိုးပမ်းမှု မှန်သမျှကို တောင်ကိုရီးယားက ခိုင်မာသော ဆောင်ရွက်ချက်များဖြင့် တုန့်ပြန်နိုင်ဖွယ် ရှိနေသော်လည်း ကေဆောင်းမှ ဖက်စပ် စီးပွားရေး စီမံကိန်းကို ဆိုးလ်က ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု ဆိုသည်။

စစ်ရေးအရ အရေးယူမှုအထိ မလုပ်သော်လည်း တောင်ကိုရီးယားက ဖြစ်နိုင်သမျှ အပြင်းထန်ဆုံး တုန့်ပြန် ကိုင်တွယ်မည့် အလားအလာ ရှိသည်ဟု ဆိုးလ်မှ BBC သတင်းထောက် John Sudworth က ပြောကြားသည်။

တောင်ကိုရီးယားကို ထောက်ခံသည့် မိန့်ခွန်းတွင် အမေရိကန် သမ္မတ ဘာရက် အိုဘားမားက "မြောက်ကိုရီးယား အနေနဲ့ အမြန်ဆုံး တောင်းပန်ဖို့နဲ့ ဒီတိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ သမ္မတ လီမြောင်ဘက် တောင်းဆိုတာကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ထောက်ခံပါတယ်။ အရေးကြီးဆုံးကတော့ ရန်လို၊ ခြိမ်းခြောက်တဲ့ အပြုအမူတွေကို မြောက်ကိုရီးယားက ရပ်ဆိုင်းဖို့ပါပဲ" ဟု ပြောကြားလိုက်သည်။

"တောင်ကိုရီးယားရဲ့ ကာကွယ်ရေးကို အမေရိကန်က ထောက်ခံ ကူညီမယ်ဆိုတာက သိပ်ကို ရှင်းလင်း တိကျပါတယ်။ နောင်ကို ကျူးကျော် ရန်စမှု မဖြစ်အောင် ဟန့်တားဖို့နဲ့ အသင့် အနေအထားမှာ ရှိနေအောင် တောင်ကိုရီးယား စစ်ဖက်ဆိုင်ရာနဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ သမ္မတကြီးက သူ့ရဲ့ စစ်ဖက် တပ်မှူးတွေကို ညွှန်ကြားထားပါတယ်" ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Robert Gibbs က ထုတ်ပြန် ကြေညာသည်။

တောင်ကိုရီးယား၏ ဒေသတွင်း မဟာမိတ် ဂျပန်နိုင်ငံကလည်း မြောက်ကိုရီးယား အပေါ် ဖြစ်နိုင်ခြေ ရှိသော ပိတ်ဆို့ အရေးယူမှုများကို စဉ်းစား သုံးသပ်နေသည်ဟု ပြောကြားခဲ့သည်။

ချိုနန် သင်္ဘောကို တိုပီဒို ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်၊ ယူကေ၊ သြစတြေးလျ နှင့် ဆွီဒင် ကျွမ်းကျင်သူများက အစီရင်ခံစာ တင်ပြခဲ့ပြီးနောက် တပတ် မပြည့်မှီ အထက်ပါ အရေးယူမည့် အစီအစဉ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပင်လယ် ကြမ်းပြင်မှ ဆယ်ယူရရှိသော တိုပီဒို အပိုင်းအစများတွင် မြောက်ကိုရီးယား ဒီဇိုင်းနှင့် တူသည့် စာလုံးများ ပါရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားကမူ သင်္ဘောနစ်မြုပ်မှုတွင် ပါဝင် ပတ်သက်မှု မရှိဟု ငြင်းဆိုခဲ့ပြီး စုံစမ်း စစ်ဆေးရေး ရလဒ်များသည် လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်း၊ အကယ်၍ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ပါက စစ်ဖြစ်လိမ့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

တောင်ကိုရီးယား၏ အစီအစဉ်သစ်များတွင် ၂၀၀၄ ခုနှစ်က ရပ်ဆိုင်းထားခဲ့သော၊ ပြုံးယမ်းထံမှ စိတ်ဆိုးမာန်ဆိုး တုန့်ပြန်မှုများ ထွက်ပေါ်စေသည့် စိတ်ဓာတ် စစ်ဆင်ရေး ဆင်နွှဲမှု ပြန်လည် စတင်ခြင်းလည်း ပါဝင်နေသည်။

"တကယ်လို့ တောင်ကိုရီးယားက စိတ်ဓာတ် စစ်ဆင်ရေး အတွက် အသံချဲ့စက်တွေ၊ လက်ကမ်းစာစောင်တွေ စတဲ့ နည်းလမ်းသစ်တွေ စီစဉ်နေတယ် ဆိုရင် ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကို လျစ်လျူရှုတာပါပဲ။ သူတို့ကို တိုက်ရိုက် ချိန်ရွယ် ပစ်ခတ် ချေမှုန်းပစ်မယ်" ဟု မြောက်ကိုရီးယား စစ်ဖက်က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

"ကျွန်တော်တို့ရဲ့ မျှတတဲ့ တုန့်ပြန်မှုကို တောင်ကိုရီးယားက စိမ်ခေါ်လာတယ်ဆိုရင် ရန်စမှုကို အမြစ်ကနေ ဖယ်ရှားပစ်ဖို့ အတွက် ပိုပြီး အင်အားပြင်းတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ရှိပါတယ်ဟု မြောက်ကိုရီးယား တပ်မှူးက ပြောကြားခဲ့ကြောင်း အစိုးရ သတင်းဌာန KNCA ၏ အဆိုအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 25th May 2010

ဒေဝူး အင်တာနေရှင်နယ်ကို ဝယ်ယူရန် အကြို သဘောတူညီချက် လက်မှတ် ရေးထိုးလိုက်ပြီဟု တောင်ကိုးရီးယား ကုမ္ပဏီကြီး POSCO က  အင်္ဂါနေ့တွင် ပြောကြားခဲ့ရာ အဆိုပါ သံမဏိ ကုမ္ပဏီကြီး၏ ကုန်ကြမ်း လုံလောက်ရေး၊ ပြည်ပ အရောင်းမြှင့်တင်ရေး ကြိုးစားမှုများနှင့် အတူ ယခု နောက်ဆုံး စီးပွားရေး ပါဝါ ချဲ့ထွင်မှုမှ မည်သို့ ဖြစ်လာနိုင်သည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။

နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်လုပ်ငန်း ကုမ္ပဏီ၏ ရှယ်ယာ ၆၈ % အတွက် မျှော်မှန်းထားသော ဒေါ်လာ ၂.၈ ဘီလီယံ (ဝမ် ၃.၄ ထရီလီယံ) ထက် ပိုများသော ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီးနောက် POSCO သည် ဒေဝူးကို အလျှင်အမြန် သိမ်းပိုက်ရန် အတွက် လက်လီ ဦးစားပေး ပြည်တွင်း ပြိုင်ဘက် Lotte အုပ်စုကို အလဲထိုးလိုက်သည် ဟု သတင်းများ အရ သိရှိရသည်။

POSCO၏ သံမဏိ ထွက်ကုန် ပြည်ပ တင်ပို့မှုနှင့် ကုန်ကြမ်းရရှိမှုကို တိုးတက်စေမည့် ဒေဝူး ကုမ္ပဏီကို ဝယ်ယူခြင်းကြောင့် ကမ္ဘာ့နံပါတ် ၄ သံမဏိ လုပ်ငန်းရှင် POSCO ကို မြန်မာနိုင်ငံမှ ဝမ်ငွေ ၈ ထရီလီယံ ဓါတ်ငွေ့ လုပ်ငန်း၊ မဒါဂတ်စကား မှ နီကယ် စီမံကိန်း၊ သြစတြေးလျမှ ကျောက်မီးသွေး စီမံကိန်း စသော ကြီးမားသည့် ရင်းမြစ် ပိုင်ဆိုင်မှုများကို ရရှိပိုင်ဆိုင် စေမည် ဖြစ်သည်။

အဆိုပါ ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်ကို စက်တင်ဘာလ နောက်ဆုံးထား၍ အပြီးသတ် နိုင်ရန် POSCO က ဆန္ဒ ရှိနေပါသည်။

ယခုကဲ့သို့ မကြေညာမီက သံသတ္တုရိုင်း နှင့် ကျောက်မီးသွေး လောင်စာတောင့် တင်သွင်းမှု အပေါ် မှီခိုနေရသော POSCO ၏ ရှယ်ယာများမှာ ၂.၁ % ကျဆင်းပြီး၊ ဒေဝူး၏ ရှယ်ယာများမှာမူ ဈေးကွက်ကြီး အတွင်း ၂.၈% ကျဆင်းမှုနှင့် ဆန့်ကျင်ကာ ၅.၆ % အထိ ကျဆင်းခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 25th May 2010

ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က ခံစစ် ကတုတ်ကျင်း တူးဖော်မှုနှင့် လက်နက် သိုလှောင်မှု တိုးမြှင့်ခဲ့ခြင်းကြောင့် ယခင် အပတ်က ဝ တောင်ပိုင်း တပ်ဖွဲ့မှ အရာရှိများနှင့် တွေ့ဆုံခဲ့သည့် နေပြည်တော်မှ စစ်ဖက် အုပ်ချုပ်သူများ စိုးရိမ်ပူပန်နေကြသည်ဟု ကြားသိရသည်။

နယ်စပ်မြို့ တာချီလိတ် အနီးတွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် စစ်ဖက် ထောက်လှမ်းရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က UWSA တပ်ဖွဲ့များ အင်အား တိုးချဲ့နေခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းကို မေးမြန်းခဲ့သည်။ အင်အား ၃၀၀၀၀ ရှိသော UWSA စစ်တပ်သည် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး အပစ်ရပ်အဖွဲ့ ဖြစ်၍ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်၏ နယ်မြေ အချို့ကို ထိန်းချုပ်ထားသည်။

နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် ဝ တို့က တုန့်ဆိုင်းနေခဲ့ခြင်းကြောင့် ယခုလပိုင်းများ အတွင်း စစ်ဖက် အုပ်ချုပ်သူများနှင့် UWSA အကြား တင်းမာမှု မြင့်တက်လာခဲ့သည်။

"အစိုးရက ဝ နဲ့တိုက်ခိုက်ဖို့၊ ရထားတဲ့ ငြိမ်းချမ်းရေးကို ချိုးဖောက်ဖို့ ဆန္ဒမရှိဘူးလို့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောသွားပါတယ်" ဟု အမည်မဖော်လိုသူ ဝ အရာရှိတစ်ဦးက ပြောကြားသည်။

ယခင် ဝ စစ်သားဟောင်းများကို ပြန်လည် ခေါ်ယူခြင်း အပါအဝင် စစ်ဆင်ရေး အစီအစဉ်များသည် မြန်မာ အစိုးရနှင့် တိုက်ခိုက်ရန် ပြင်ဆင်ခြင်း ဟုတ်၊ မဟုတ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က မေးမြန်းခဲ့သည်ဟု သိရှိရသည်။

အဆိုပါ စစ်ရေး စီမံမှုများမှာ လာအိုနှင့် ထိုင်းနယ်စပ်အနီး ဝ နယ်မြေမှ လက်နက်ကိုင် တပ်ဖွဲ့များ၏ ပုံမှန် လုပ်ငန်းများသာ ဖြစ်သည်ဟု ဝ တို့က ပြန်လည် ပြောကြားခဲ့ကြောင်း ဝ အရာရှိ၏ အဆိုအရ သိရှိရသည်။

တပ်မတော် စစ်ဖက် လုံခြုံရေးရာဌာနမှ အရာရှိကြီး တစ်ဦး ဝ နယ်မြေ ပန်ဆိုင်းသို့ မေ ၉ ရက်နေ့တွင် လာရောက်ခဲ့သော်လည်း UWSA က ခပ်စိမ်းစိမ်း ဆက်ဆံလိုက်သည်ဟု တရုတ် မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး အကဲခတ် အောင်ကျော်ဇောက ပြောကြားသည်။

သို့ရာတွင် အထက်ပါ အရာရှိ၏ ခရီးစဉ် အပြီးတွင် ဝ ခေါင်းဆောင် ပေါက်ယူချမ်းက ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာတစ်စောင် ပေးပို့ခဲ့ရာတွင် လာမည့် ရွေးကောက်ပွဲများ အတွက် အခြေခံ ပံ့ပိုး ကူညီမှုများ ပြုလုပ်ပေးမည့် UWSA ၏ အနေအထားကို ဖော်ပြခဲ့သည်။ သို့ရာတွင် နယ်ခြားစောင့်တပ် နှင့် စပ်လျဉ်းသည့် ပြဿနာများကြောင့် ဝ တို့၏ နယ်ခြားတလျှောက် ဖွံ့ဖြိုးရေး စီမံကိန်းများကို နှောင့်နှေးစေခဲ့သည်ဟု ဝ အရာရှိက DVB သို့ ပြောကြားခဲ့သည်။ ရှမ်းပြည်နယ်မှ ပထမဆုံး ပြဿနာ မီးပွားမှာ ယခင်နှစ် သြဂုတ်လက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်ခဲ့သော ကိုးကန့် တပ်ဖွဲ့ကို မြန်မာ စစ်တပ်က ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

"တကယ်တော့ ဝ တွေက ဝေးလံတဲ့ ရွာတွေအထိ သွားပြီး၊ စာသင်ကျောင်း ဆောက်တာ၊ စိုက်ပျိုးရေးလုပ်ငန်းကို ကူညီပေးတာ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးတာ တို့ကို လုပ်နိုင်တဲ့ သူတွေပါ၊ ဒါပေမယ့် မနှစ်က ကိုးကန့် ပြဿနာ ဖြစ်ပြီး နောက်ပိုင်း မလုပ်နိုင်တော့ဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ ဤကိစ္စ ဖြစ်ပြီးနောက် နယ်မြေတွင်း စစ်ရေး ပြင်ဆင်မှု ကြီးထွားလာခဲ့ပြီး အစိုးရ အရာရှိများက ဝ နယ်မြေ အတွင်း ကျူးကျော် ဝင်ရောက်ခဲ့ကြသည်ဟု ပြောကြားခဲ့သော်လည်း၊ NGO အဖွဲ့များနှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် WFP မှ ဝန်ထမ်းများ နယ်မြေတွင်း လှုပ်ရှား ဆောင်ရွက်လျက် ရှိနေကြသည်ဟုလည်း အသိအမှတ်ပြု ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် လာမည့် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြားသော ထိပ်ပိုင်း အရာရှိကြီးများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဂျပန် သတင်းမီဒီယာ တစ်ခုက ရေးသား ဖော်ပြသည်။

Asahi Shimbun သတင်းအေဂျင်စီက သတင်းရင်းမြစ်များကို တွေ့ဆုံ မေးမြန်းခဲ့မှုများ အရ တရုတ်သည် မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲကို ထောက်ခံသည်ဟု ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုရန် ဝန်လေးနေသော်လည်း ယခု ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ခရီးစဉ်သည် မြန်မာ စစ်အစိုးရအပေါ် တရုတ် ကွန်မြူနစ် အစိုးရက ထောက်ခံသည်ကို ထုတ်ဖော် ပြသရန် ဖြစ်ကြောင်း သိရသည်။

မကြာသေးခင် ရက်သတ္တပတ်ခန့်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့ကို ဆက်သွယ်ပေးမည့် လမ်းဖောက်လုပ်ရေး စီမံကိန်းအတွက် နှစ်နိုင်ငံ သဘောတူညီမှု စာချုပ် လက်မှတ် ရေးထိုးခဲ့ပြီးနောက် အထက် ဖော်ပြပါ သတင်း ပေးပို့ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ လမ်းဖောက်လုပ်ရေး စီမံကိန်းကို တရုတ်-မြန်မာ စင်္ကြံလမ်း စီမံကိန်းဟု ခေါ်ပြီး နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေးအတွက် အရေးကြီးသော အထောက်အပံ့တစ်ခု အဖြစ် သတ်မှတ်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံ ဘင်္ဂလား ပင်လယ်အော်မှ ဓာတ်ငွေ့များကို စုပ်ယူပြီး တရုတ် တောင်ပိုင်း ဒေသသို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများမှာလည်း စတင် အကောင်အထည် ဖော်လျက် ရှိသည်။ ဒေါ်လာ ဘီလျံနှင့် ချီ၍ ကုန်ကျမည့် အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများကြောင့် ဖိအားပေး နေရာပြောင်းရွှေ့မှုများနှင့် အခွင့်အရေး ချိုးဖောက်မှုများ ခံစား နေကြရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့်  အဖွဲ့များက ပြစ်တင် ပြောဆိုလျက် ရှိသည်။

ယခု တရုတ်-မြန်မာ စင်္ကြံလမ်း စီမံကိန်းသည် ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၏ မဟာဗျူဟာ အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူ ကိုခိုင်ဝင်းအောင်က ပြောကြားသည်။

"ယခင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် တရုတ် အစိုးရဟာ မြန်မာအစိုးရနဲ့ နယ်စပ် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်လာတာကို တွေ့ရပါတယ်။ အဲဒီအတွက် ဒေါ်လာ ဘီလီယံနဲ့ ချီပြီး အကျိုးအမြတ်တွေ ထွက်လာတာကိုလည်း တွေ့ရတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ အစိုးရပိုင် New Light of Myanmar သတင်းစာ အဆိုအရ တရုတ် သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး Li Shenglin နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး Ye Dabo တို့သည် မေလ ၁၈ ရက်နေ့တွင် နေပြည်တော်သို့ သဘော တူညီချက် စာချုပ်ချုပ်ဆိုရန် သွားရောက် ခဲ့ကြသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ ၂၆၄ သန်းအထိ ရောက်ရှိလာကြောင်း Xinhua သတင်းဌာနက ဆိုသည်။ တရုတ်ပြည်မှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်း တင်ပို့မှုမှာ ဒေါ်လာ ၂၁၅ သန်းခန့် ရှိသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အများက မတရားဘူး၊ မမျှတဘူးလို့ ဘက်စုံထောင့်စုံက အော်နေကြတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလုပ်တဲ့၊ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ သူ့ရဲ့ တပ်မတော်ကိုယ်စားပြု ပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က နိုင်ခြေဘယ်လောက်ရှိပါသလဲ၊ ရွေးကောက်ပွဲ အဆုံးအဖြတ် အနေအထား ဘယ်လိုဖြစ် လာနိုင်ပါသလဲ။ အားလုံးက သိထားပြီးသား မေးခွန်းနဲ့ ထွက်ပြီးသား အဖြေကို ချေးခြောက်ရေနှူး လုပ်သလို ဖြစ်ကောင်း ဖြစ်နေနိုင်တဲ့အတွက် အခု ဆောင်းပါးဖတ်ချိန်ကလေးကိုပဲ သည်းခံပြီး နှာခေါင်းတစ်ဖက် ပိတ်ထားပေးဖို့ ဦးစွာ မေတ္တာရပ်ခံ ပါရစေ။

စစ်တပ်က နှစ်ပေါင်း ၂၀ ကျော်ကြာ မတရား ရယူ ကြီးစိုးထားတဲ့ အာဏာကို တရားဝင်ဖို့ အတွက် သူတို့ စိတ်ကြိုက်စည်းမျဉ်းတွေ၊ ဥပဒေတွေ ထုတ်ပြန်ခဲ့ပြီး မဖြစ်ဖြစ်အောင်၊ မနိုင်နိုင်အောင်လုပ်မယ့် ရွေးကောက်ပွဲ၊ ဒီပွဲကို ဘာကြောင့် ယုံကြည်မလဲ၊ ဝင်ပြိုင်မလဲ၊ အားလုံးက ညီညွတ်စွာ ဆန့်ကျင်ကြရမယ်၊ တွန်းလှန် ကြရမယ်လို့ ယုံကြည်ကြဆဲ သူများအတွက် အခုဆောင်းပါးက စဉ်းစားစရာ တစ်ခုကို ပေးစွမ်းနိုင်မယ်လို့ ထင်တဲ့ အတွက်ကြောင့်ပါ။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ နဲ့ အငြင်းပွားစရာများ

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ဖွဲ့စည်းပုံကို ကြည့်ရင် ပါတီစတင်ဖွဲ့စည်းမှုကစပြီး အငြင်းပွားစရာတွေ ဖြစ်လာတာကို တွေ့နိုင်ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကို နောက်ခံပြု ဖွဲ့စည်းခဲ့တာဖြစ်ပြီး  အသင်းကို စတင်ဖွဲ့စည်းစဉ် ကာလက လူမှုရေးအသင်းအဖြစ် တရားဝင် ဥပဒေထုတ်ပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နာယကအဖြစ်ဆောင်ရွက်သလို၊ အစိုးရအဖွဲ့ဝင်တွေ၊ အစိုးရ ဝန်ထမ်းတွေက အသင်းရဲ့အမှူဆောင်အဖြစ် ဆောင်ရွက်ကြတာပါ။ အဲဒါကြီးကို ပါတီအသွင် ပြောင်းလိုက်တယ် ဆိုတာ ပြဿနာရှိပါတယ်။

လောကကြီးမှာ ရှူ့ဒေါင့်ကို လိုက်လို့ မှန်တယ်မှားတယ်ဆိုတာ အမျိုးမျိုး ရှိနိုင်ပေမယ့် အခုကိစ္စမှာတော့ အငြင်းပွားစရာတွေ အသေအချာ ရှိနေပါတယ်။ ပထမ အငြင်းပွားစရာက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က နိုင်ငံတော်အထောက်အပံ့ရတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကို နောက်ခံပြုပြီး ဖွဲ့စည်းခြင်းဖြစ်တဲ့အတွက် ယခုအစိုးရနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာ သိပ်ကို ထင်ရှားနေပါတယ်။ အစိုးရနဲ့ တပ်မတော်၊ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းနဲ့ အစိုးရ၊ အခုပေါ်လာတဲ့ ကြံ့ဖွံ့ပါတီနဲ့ အစိုးရ ချိတ်ဆက်ကြည့် လိုက်ရင် တပ်မတော်က ကြားကနေပြီး ဒိုင်လူကြီးနေရာကနေ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတာ အငြင်းပွားစရာ ထပ်ဖြစ်လာတယ်။ အခု တခါ တပ်မတော်က ဟန်ဆောင်ပန်ဆောင် လေးတောင် ဒိုင်လူကြီးလုပ် မပြတော့ဘဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဟာ ကိုယ်ဝင်ပြိုင်မဲ့ ပွဲကို အရှက်မရှိ ဒိုင်လူကြီးပါလုပ်ဦးမယ်လို့ ပြင်ဆင်နေပြန်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဖြစ်လာပြီး ပါတီဥက္ကဌဖြစ်တဲ့ ဝန်ကြီးချုပ်ကအစ ဝန်ကြီးအဖွဲ့ တစ်ဖွဲ့လုံးက  တပ်မတော်ကပဲ အနားယူပြီး အစိုးရ အဖွဲ့ထဲက မထွက်ဘူး။ ဒီတော့ အငြင်းပွားစရာတွေ အများကြီးဖြစ်နေတာကို တွေ့ရတယ်။ ဝန်ကြီးတွေအနေနဲ့ ရွေးကောက်ပွဲကို ရာထူးလက်ရှိ ဝန်ကြီးများအနေနဲ့ ဝင်ပြိုင်မယ် ပြီးရင် ရွေးကောက်ပွဲ ရလဒ်အပေါ်မူတည်ပြီး ဝန်ကြီးဆက်လုပ်မယ် ဆိုတာမျိုးလို့ မြင်နိုင်တယ်။ အဲတော့ အငြင်းပွားစရာတွေက ထပ်ပြီးတော့ ဖြစ်လာတယ်။ ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ခဏထားပြီး နိုင်ငံရေး လုပ်ကွင်းလုပ်ကွက်နဲ့ အလားအလာကိုကြည့်ရင် စဖွဲ့ကတည်းက အငြင်းပွားစရာတွေ အများကြီးရှိတဲ့ ပါတီဖြစ်တယ်။

အဲဒီ သမိုင်းကြောင်းတွေဟာ ပါတီကနေ ရွေးချယ်မယ့် နိုင်ငံရေးခံယူချက်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဦးတည်မယ့် နိုင်ငံရေးလမ်းကြောင်း၊ အင်အားကြီး ပါတီတစ်ခုအဖြစ်နဲ့ သမ္မတ ဖြစ်အောင်လုပ်ပြီး အစိုးရဖွဲ့နိုင်ဖို့ ဆိုတဲ့ ရည်မှန်းချက်၊ စတာတွေ အတွက် အရိပ်မည်းတစ်ခုအနေနဲ့ရှိနေမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်မှု 

နောက်တစ်ချက်က ပါတီခေါင်းဆောင်မှု ဖြစ်ပါတယ်။ ခေါင်းဆောင်မှု အနေနဲ့ ပါတီမှာ အဓိက တာဝန်ယူမယ့်၊ ခေါင်းဆောင်မှုပေးမယ့် လက်ရှိဝန်ကြီးတွေ (လောလောဆယ်တော့ အရပ်ဝတ် ဖြစ်သွားပြီ) ဟာ စည်းလုံး ညီညွတ်မှု ရှိကြတာမဟုတ်ပါဘူး။ သူတို့ဟာ ဗိုလ်ချုပ်မှူးကြီး စကားကလွဲလို့ဘယ်သူ့ စကားမှ နားမထောင်ဘူး။ စည်းလုံး ညီညွတ်စွာ တစုံတဦးရဲ့ ဦးဆောင်မှုကို လက်ခံပြီး စကားကို နားထောင်ကြမှသာ ရွေးကောက်ပွဲ နိုင်မယ်ဆိုရင်လဲ ရွေးကောက်ပွဲသာ ရှုံးချင်ရှုံးပါစေ ဘယ်သူ့ဦးဆောင်မှုမှ လက်မခံဘူးလို့ သဘောထားရှိကြတယ်။

 သွယ်ဝိုက်ဖော်ပြနေတဲ့ မြင်သာထင်သာ တွေကို ကြည့်ရင်လည်း စစ်အစိုးရ တခေတ်သိမ်းမယ့် အချိန်မှာ စီးပွားရေးအကွက်အကွင်းတွေ၊ လုပ်ပိုင်ခွင့် အခွင့်အလမ်းတွေကို ဝန်ကြီးအခြေပြု  စီးပွားရေးအုပ်စုတွေက ပြောင်ပြောင်တင်းတင်း အပြိုင်လုနေကြတယ်။ အနိုင်ရဖို့၊ အသာစီးရဖို့ လုပ်နေတာကို ကြည့်ခြင်းဖြင့် ဒီစီးပွားရေးအုပ်စုတွေရဲ့ ပင်မဖြစ်တဲ့ ဝန်ကြီးတစ်ဦးချင်းစီရဲ့ စည်းလုံးညီညွတ်မှုက ဘယ်လိုမှ မရှိနိုင်ဘူး ဆိုတာတွေ့ရတယ်။ အခုဆိုရင် သူတို့ အနီးကပ်မွေးထားတဲ့ ခရိုနီတွေ၊ သားသမီးတွေ အုပ်စုချင်း အားပြိုင်တဲ့ နေတဲ့ ကိစ္စတွေ ပေါ်ပေါ်တင်တင် တွေ့နေရပါပြီ။ အကွက်အကွင်း တစ်ခုကို အမိအရရဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေတဲ့ဟာက ပြင်ပမှာ သိပ်မသိသာပေမယ့် စီးပွားရေးလောက မှာတော့ စစ်ခင်း နေကြသလို တောင်ဖြစ်နေ ကြတယ်လို့ ဆိုပါတယ်။

ဝန်ကြီးများအနေနဲ့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ရှေ့မှာပဲဖြစ်ဖြစ်၊ ဘယ်သူ့ရှေ့မှာပဲဖြစ်ဖြစ်၊ အချင်းချင်း ပြုံးပြပြီး စည်းလုံး သယောင်ပြု နေကြပေမယ့် တကယ့် နောက်ကွယ်မှာ ဖြစ်နေတဲ့ အခြေအနေက လုံးဝကို စည်းလုံးမှု မရှိနိုင်ဘူးလို့ သုံးသပ်လို့ရတယ်။

 
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီထောက်ခံမဲရနိုင်သလား

ရွေးကောက်ပွဲတစ်ခုမှာ သမိုင်းကြောင်း ဆိုတာ ရှိတယ်။ သမိုင်းကြောင်းဆိုတာက ပုံမှန်အားဖြင့် လက်ရှိ အာဏာရ အစိုးရရဲ့ ရွေးကောက်ပွဲကတိတွေကို အကောင်အထည်ဖော်နိုင်မှုနဲ့ တိုင်းတယ်။ လက်ရှိမှာက အာဏာသိမ်း စစ်အစိုးရဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲ ကတိလည်းမရှိပါဘူး။ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်နိုင်စွမ်း ဆိုတဲ့ဟာတွေ အားလုံးအပေါ်မှာတော့ ပြည်သူများက သူတို့ရရှိတဲ့ အကျိုး ရလဒ်နဲ့ တိုင်းမှာဖြစ်တယ်။ ဘာတွေ ဘယ်နှစ်ခု ဆောက်ပြီးပြီ။ ဘာကြီးတွေ ဘယ်နှစ်ခုပြီးပြီ ဆိုတာထက် ငါတို့ ဘယ်လောက် အကျိုး ခံစားခွင့်ရှိသလဲ ဆိုတာနဲ့ တိုင်းမှာဖြစ်တယ်။ အဲလိုဆိုရင် လက်ရှိအစိုးရရဲ့ ရလဒ်တွေက ကျေနပ်စရာ တစ်ခုမှ မရှိတဲ့အတွက် အဲဒီကနေရမယ့် ထောက်ခံမဲကတော့ ခက်ခဲမယ့် သဘောရှိတယ်။ ဝန်ကြီး များကတော့ သူတို့ ပိုက်ဆံ ဘယ်လောက် သုံးထားလဲ ဆိုတာနဲ့ တိုင်းပြပြီး ရွေးကောက်ပွဲ နိုင်မှာပါလို့ ပြောနေကြပါတယ်။ သူတို့ ကိုယ်တိုင် တကယ် ယုံမယုံတော့ မသိပါ။

ဒီမိုကရေစီနိုင်ငံတွေကို ကြည့်ရင် လက်ရှိ ခေါင်းဆောင်တွေရဲ့ ထင်ရှားကျော်ကြားမှု၊ ပြည်သူလူထုရဲ့ ထောက်ခံမှု ဆိုတာက ရွေးကောက်ပွဲ အသစ်တိုင်းမှာ အင်အားတစ်ရပ်အနေနဲ့ သက်ရောက်မှုရှိတယ်။ လက်ရှိ မြန်မာနိုင်ငံ အနေအထားမှာကြည့်ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ တခါမှ ပြည်သူတွေကို တိုက်ရိုက်စကား မပြောဘူး ပါဘူး။ သူလုပ်ချင်ရာလုပ်နေတဲ့ အနေအထားကနေ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရမယ်ဆိုရင် ဒါဟာ တော်တော် အံ့သြဖို့ကောင်းတဲ့ ကိစ္စဖြစ်တယ်။ အခုလို့ ငြင်းပယ်လို့မရတဲ့ အမှားတွေ အများကြီးထဲကနေ ရွေးကောက်ပွဲနိုင်ဖို့ စဉ်းစားတာဟာ တော်တော်လေး ရူးကြောင်ကြောင် နိုင်တဲ့ သဘောရှိပါတယ်။ ရွေးကောက်ပွဲလဲ နိုင်ချင်တယ်၊ ပါတီနာမယ် သီးခြား ပြောင်းရမှာလဲရှက်နေတယ်။ ရွေးကောက်ပွဲ နိုင်ချင်တဲ့ ပါတီ တခုရဲ့ အချိုးမချိုးဘဲ အာဏာရှင် ပုံစံ ဆက်လုပ်နေပြန်တယ်။ ဗိုလ်ချုပ်မှူးကြီး ဟာတကယ်ဘဲ ရွေးကောက်ပွဲနိုင်ချင်တာလား ဆိုတာတောင် သံသယ ဖြစ်စရာပါဘဲ။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် နဲ့ နိုင်ငံရေး ရပ်တည်ချက်

ပါတီနိုင်ငံရေး ဝင်လုပ်နေပြီ ဖြစ်လို့ ပါတီသစ်မှာပါမယ့် ခေါင်းဆောင် များဟာ နိုင်ငံရေးအပေါ်မှာ ထားတဲ့ သဘောထား ၊ အတွေးအမြင် ခံယူချက်တွေကို ရှင်းရှင်းလင်းလင်းပြသဖို့ လိုအပ်နေပေမဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့ပါတီဝင်များကို ကြည့်ရတာ နိုင်ငံရေး ဆိုတာဟာ နှစ်ပေါင်း၂၀ လုံးလုံး အရိုးစွဲလာတဲ့၊ ကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်ရာ လုပ်လို့ ရတယ်ဆိုတဲ့ အတွေ့အကြုံပဲ ရှိပါတယ်။

သူတို့လုပ်တာကို နိုင်ငံရေးလို့ ပြောရင်တောင်မှ သူတို့ကြုံတွေ့ဖူးတဲ့ နိုင်ငံရေး အတွေ့အကြုံ ဆိုတာဟာ ကိုယ်ထုတ်တဲ့ စည်းကမ်းနဲ့ကိုယ် ကစားဖူးတာမျိုးပဲ ဖြစ်တယ်။ အခုလုပ်တဲ့ပွဲမှာ ပြည်သူ့ထောက်ခံမှုရဖို့ ဘယ်လို လုပ်မလဲ ဆိုတာကို သူတို့နားလည်နိုင်မယ် ဆိုတာဟာ သံသယ ရှိစရာဖြစ်တယ်။ အရိုးစွဲနေတဲ့ သူတို့ရဲ့ ခံယူချက် တွေထဲမှာ ပြည်သူကို အလုပ်အကျွေးပြုရမယ်၊ နိုင်ငံရေးဘဝ ဆိုတာမှာ ပြည်သူ့ထောက်ခံမှုက အဓိက ကျတယ် ဆိုတဲ့ဟာတွေကို အသိပညာ အနေနဲ့ သော်လည်းကောင်း၊ အဖွဲ့အစည်းရဲ့ စည်းကမ်း အနေနဲ့ သော်လည်းကောင်း၊ လုပ်ငန်းလိုအပ်ချက် အနေနဲ့ သော်လည်းကောင်း တစ်ခါမှ မကျင့်သုံးဘူး။ ဒီတော့ ပြည်သူ့ ထောက်ခံမှုကို ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ဟာကို သေသေချာချာ ထဲထဲဝင်ဝင်သိမယ်လို့ မယူဆနိုင်ဘူး။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ တရားဝင်ခေါင်းဆောင် ဖြစ်တဲ့ ဦးသိန်းစိန်ဟာ သူပါတီ ခေါင်းဆောင် အဖြစ် သရုပ်ဆောင်နေတယ်ဆိုတာကို ရုပ်မြင်သံကြား ရိုက်ကူးနေချိန် ခဏလေးမှာတောင် မေ့နေပုံပါဘဲ။

ဗိုလ်ချုပ်မှူးကြီး နဲ့  ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း ပြီးရင် ဒုတိယတန်းမှာရှိတဲ့ ပြည်ခိုင်ဖြိုးအသင်းကနေပါလာမယ့် ခေါင်းဆောင်တွေကို နှစ်မျိုးနှစ်စား ခွဲနိုင်ပါတယ်။

ပထမတစ်မျိုးကတော့ လုပ်ပိုင်ခွင့်တွေရချင်လို့ အသင်းဝင်တဲ့ သူတွေဖြစ်ပြီး ဥပမာအနေနဲ့ပြောရရင် အခွင့်အရေးသမားတွေ၊ လောင်းကစား ဒိုင်တွေ၊ ဘယ်ခေတ်မှ တရားမဝင်တဲ့ လုပ်ငန်းလုပ်သူတွေ ခိုးသစ်နဲ့ ပရိဘောဂလုပ်ငန်း လုပ်သူတွေ ပါဝင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒုတိယ အမျိုးအစား ကတော့ အုပ်ချုပ်ရေးနဲ့ အလှမ်းကွာတဲ့ နေရာဖြစ်တဲ့အတွက် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို အကာအကွယ်ရဖို့ အသင်းဝင်ခဲ့တဲ့ သူတွေဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ရဖို့ ဝင်ခဲ့တဲ့သူတွေဟာ ကိုယ့်အရပ်ဒေသမှာ လူမုန်းခံပြီးသား ဖြစ်နေပါတယ် ။ အသင်းအရှိန်ကို အသုံးပြုပြီး လုပ်ပိုင်ခွင့်တွေ ရယူခဲ့၊ လူထုကို ဖိနှိပ်ခဲ့၊ မောက်မာခဲ့သူတွေ အများစုဖြစ်တဲ့ အတွက် ပါတီသစ်ဟာ ပြည်သူတွေရဲ့ ထောက်ခံမှုကို ဘယ်လိုမှ မရနိုင်ဘူး။ ယခု ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ လက်ရှိအနေအထားနဲ့ လက်ရှိ ခေါင်းဆောင်မှုနဲ့ ဝင်ပြိုင်ရင်၊ အရွေးခံရင်၊ ပြည်သူတွေရဲ့ ထောက်ခံမှု၊ ပြည်သူတွေရဲ့ ကိုးစားမှုနဲ့ ရိုးရိုးသားသား ထောက်ခံမှု ဆန္ဒမဲကို ရဖို့ဆိုတာ အကြောင်းလုံးဝ မရှိပါဘူး။ ဒါက လက်ရှိတွေ့မြင်ရတာတွေအပေါ်မှာ သုံးသပ်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသိအမှတ်ပြုဖို့က ပိုအရေးကြီးတယ်

အခု ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဝန်ကြီးအများစုဟာ ရွေးကောက်ပွဲမှာ အနိုင်ရရေးဆိုတာထက် ရွေးကောက်ပွဲမှာ သူတို့ ဘယ်လောက် အားထည့်တယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးကို သက်သေထူနိုင်ဖို့က သူတို့အတွက် ပိုအရေးကြီးတယ်။ ဒါဟာ နှစ်ပေါင်း၂၀ အတွင်းမှာ အရိုးစွဲလာတဲ့ တပ်တွင်း အလေ့အထ ယဉ်ကျေးမှုတစ်ရပ် ဖြစ်တယ်။ သူတို့ တကယ်လုပ်နိုင်တာ မလုပ်နိုင်တာထက် ဦးသန်းရွှေ အသိအမှတ်ပြုခံရဖို့ ပိုပြီး အရေးကြီးတာ ဖြစ်တယ်။ တပ်မတော် အရာရှိကြီး တော်တော်များများ ဟာ ရွေးကောက်ပွဲ ကို ဒီတကွေ့မှာ ရှောင်လွဲလို့မရတာကြောင့် အလိုက်သင့် ပါဝင်နေကြတာ ဖြစ်ပြီး သူတို့ အခုလုပ်နေတာ အားလုံးဟာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု ရရှိရေး ၊ ပြည်သူလူထု၏ ထောက်ခံမှု ရရှိရေး ဆိုတာတွေကို ဘယ်လိုမှ အထောက်အကူမဖြစ်ဘူး၊ ရအောင် မဖော်ဆောင်နိုင်ဘူးဆိုတာ တွေ့ရပါတယ်။ ပြည်သူလူထု ထံကရမယ့် ထောက်ခံမဲကသာ ရွေးကောက်ပွဲရဲ့ အဆုံးအဖြတ်ဖြစ်မယ့် အနေအထား ဖြစ်တယ် ဆိုတာကို သိကြပုံ တောင်မရပါဘူး။ 
 
အချို့ဝန်ကြီးတွေ အထူးသဖြင့် အနှစ်၂၀ အတွင်း နေရာကောင်း ရခဲ့သူ ဝန်ကြီးများဟာ အသက်အရွယ်လဲ ရနေပြီဖြစ်တဲ့ ရွေးကောက်ပွဲမှာ ရှုံးသွားလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကထွက်ပြီး အနားယူဖို့ စဉ်းစား နေကြတယ်လို့ သုံးသပ်လို့ရတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် အကြောင်းပြချက်ရှိပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ပါခြင်းကြောင့် ဝန်ကြီးဖြစ်ဖို့ မသေချာဘူး၊ ဖြစ်ရင်လည်း ဒီလိုဌာနမှာ ပြန်ရဖို့ မသေချာဘူး၊ ပြန်ရရင်တောင် အရင်လို အာဏာရှင်အငယ်စားတစ်ဦးလို စိတ်ကြိုက် ချယ်လှယ်ချင်သလို ချယ်လှယ်လို့ မရတော့ဘူး။ သန်းကြွယ် သူဌေးတွေ အနည်းဆုံး ဖြစ်ပြီးပြီ ဖြစ်လို့အုပ်စုတိုက်ပွဲ တွေကြားမှာ အသစ် တက်လာမဲ့ အုပ်စုကို ခေါင်းလျှိုပြီးလဲ မဝင်ချင်ဘူး။ လွှတ်တော် နှစ်ရပ်ပေါ်ပြီး အဲဒီကနေ အပြန်အလှန် ထိန်းကျောင်းမှုနဲ့ လုပ်ချင်ရာလုပ်လို့မရတဲ့ အနေအထားကို ပြန်ဆင်းဖို့က မလွယ်တော့ဘူး။ အရင်ရာထူးလို မက်လုံးမရှိတော့ဘူး။ သူတို့ ပုဂ္ဂိုလ် တစ်ဦးချင်းရဲ့ ခံယူချက်တွေကို အခုလို နားလည်လို့ရရင် ခေါင်းဆောင် စည်းလုံးမှုမရှိ၊ ပုဂ္ဂိုလ်ရေး မက်လုံး မရှိတဲ့အခြေအနေနဲ့ ညီညွတ်မှုမရှိတဲ့ အဖွဲ့အစည်းကနေ ရွေးကောက်ပွဲ နိုင်ဖို့၊ အပြတ်အသတ်မဲရဖို့ ဆိုတာ အံ့သြစရာဖြစ်ပါတယ်။
          မဲလိမ်နိုင်တယ်

အချို့ကလဲ မဲလိမ်မယ်၊ မတရားအာဏာသုံးပြီး နိုင်အောင်လုပ်မယ် ဆိုတာတွေ ပြောကြတယ်။ ဒါဟာဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံလို အာဏာရှင်စနစ်အောက်မှာ ဒီလိုကိစ္စမျိုးမဖြစ်ပါဘူးလို့ ငြင်းစရာ မရှိပါဘူး။ ဒါပေမယ့် သူတို့ကိုယ်တိုင်ထုတ်ထားတဲ့ ဥပဒေမှာ သေချာကြည့်မယ်ဆိုရင် တကယ်တမ်း သာ ပြည်သူတွေ၊ မဲဆန္ဒရှင်တွေဟာ ကိုယ့်ရပိုင်ခွင့်ကို အသေအချာကျင့်သုံးရင် မဲလိမ်ဖို့ ခက်တယ်ဆိုတာ သိနိုင်ပါတယ်။

ဒါကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲ နိုင်သွားတယ်ဆိုရင် သူတို့ ကြိုးစား အားထုတ်မှု ကြောင့် မဟုတ်ဘဲ ပြည်သူတွေ၊ မဲဆန္ဒရှင်တွေဟာ ကိုယ်လုပ်ရမယ့် အလုပ်ကို မလုပ်လို့ နိုင်သွားတယ်ဆိုတာ သုံးသပ်လို့ရပါတယ်။

အဓိက မဲလိမ်မဲ့ နည်းလမ်းက ကြိုတင်မဲပေးမှုမှာဖြစ်နိုင်ပါတယ်။ ဝက်ဝက်ကွဲ ရှုံးမှာဖြစ်လို့ နေရာတချို့မှာ ကြိုတင်မဲနဲ့ နိုင်လာတဲ့ အမတ်နေရာ သုံးလေးဆယ် ဟာ တပ်မတော် သမ္မတ ဖြစ်ဖို့ ဆောင်ကျဉ်းပေးမှာ မဟုတ်ဘူး။

ကျွန်တော်၊ ကျွန်မတို့ ပေးလိုက်မယ်၊ ကြည့်ထည့်ပေးမယ် ဆိုတဲ့ ကိစ္စတွေကနေ သူတို့ ထည့်ချင်တဲ့ မဲပုံးထဲကို ထည့်လိုက်တာမျိုး လည်းဖြစ်နိုင်ပါတယ်။ အဲလိုမဖြစ်ဖို့က မဲဆန္ဒရှင် တစ်ဦးချင်း၊ ပြည်သူ တစ်ဦးချင်းကနေ ကိုယ့်မဲကို လွယ်လွယ်မပေးလိုက်ဘူး။ တန်ဖိုးထားပြီး၊ သေချာ ကြည့်ပြီး မဲပေးမယ် ဆိုရင် ဒါမျိုးမဖြစ်အောင် ရှောင်လွှဲနိုင်ပါတယ်။ ပြည်သူတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ နဲ့ သူ့အပေါင်းအပါ ပါတီတွေက လွဲလို့ အခြားမဲထည့်နိုင်မယ့်၊ မဲထည့်ချင်စရာရှိတဲ့ ရွေးချယ်စရာ ကိုယ်စားလှယ် အမတ်လောင်းတွေ၊ ပါတီအမျိုးအစားတွေသာ ရှိမယ်ဆိုရင် မဲက အဲဒီ နေရာတွေကို စုသွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပေါ်မှာထားတဲ့ ပြည်သူတွေရဲ့ သဘောထားအမှန်ကိုမြင်တွေ့ရမယ့် အချိန်ဖြစ်ပါတယ်။ ပြည်သူတွေဟာသူတို့ ဒဏ်ခတ်လို့ ရမယ်ဆိုတာ သေချာရင် အပြစ်ပေးမှာ အသေအချာ ပါဘဲ။ ဒဏ်ခတ်လို့ရတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ နိုင်ချေမရှိပါဘူး။ အဲလိုမဲပေးပြီး ဒဏ်ခတ်ခွင့်ရအောင် အခြေအနေကို အားလုံးကတက်ညီလက်ညီ ကြိုးစားဖန်တီးပေးနိုင်ရင် ဝိုင်းပြီးဒဏ်ခတ်ကြမယ့် အနေအထားဖြစ်ပါတယ်။ အခြေအနေ အရပ်ရပ်ကို ကြည့်ရင်  ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ နိုင်ချေဟာ အင်မတန်မှ နည်းပါးတာကို လက်တွေ့ကျကျ တွေ့မြင်နိုင် ပါတယ်။

NLD ရဲ့ ကဏ္ဍ

လက်ရှိ နိုင်ငံရေးအခြေအနေကို ကြည့်မယ်ဆိုရင် NLD ပါတီဟာ ရွေးကောက်ပွဲကို သပိတ်မှောက် သွားပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်လို့ သပိတ်မှောက်တာ၊ ပါတီ မှတ်ပုံမတင်တာဟာ ပါတီတစ်ခုအနေနဲ့ ကြည့်ရင် အင်မတန်ကောင်းတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ နိုင်ငံသားတိုင်း ဂုဏ်ယူရမယ့် ရပ်တည်ချက်၊ သမိုင်းကြောင်းကောင်းတဲ့ ရပ်တည်ချက်ဖြစ်တယ်။ ပါတီက ဒေါ်စုအောင်ဆန်းစုကြည် နဲ့ ထောင်ထဲရောက်နေတဲ့ ခေါင်းဆောင်တွေ ဘာမှ သိက္ခာကျစရာ မလိုဘဲနဲ့ ၁၉၉၀ ရလဒ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သမိုင်းကြောင်းကောင်းကောင်း ဆုပ်ကိုင်ထားနိုင်တယ် ဆိုတဲ့ အနေအထားကြောင့် ဒီလို လုပ်လိုက်တာက ဘာပြဿနာမှ မရှိပါဘူး။ ဒါက ဂုဏ်ယူရမယ့်ကိစ္စ။ သာမန်နိုင်ငံသား တစ်ယောက်အနေနဲ့လည်း ဂုဏ်ယူနိုင်တဲ့ကိစ္စ၊  အလေးပြုသင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါဟာ ပါတီရဲ့ ရပ်တည်ချက်ကို   ရှင်းရှင်းလင်းလင်း ပြသနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုနိုင်ငံရေး သြဇာ၊ဂုဏ်သိက္ခာကြီးတဲ့ ပါတီက ကိုယ်ကိုယ်တိုင်တော့ ရွေးကောက်ပွဲကိုမဝင်ဘူး ၊ ဒါပေမယ့် ဝင်ပြိုင်တဲ့ သူတွေအားလုံးကိုလည်း အပြစ်ပေးတဲ့သဘောနဲ့ သစ္စာဖောက်တွေဆိုပြီး တံဆိပ်ကပ်တာ ဟာတော့ဖြစ်ရင် မတရားဘူးလို့ ပြောချင်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ခုနက ပြောတဲ့ အခြေအနေအရ အဓိက ပြိုင်ဖက်ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ နိုင်ချေမရှိဘူး။  ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကိုယ်တိုင်လုပ်တဲ့ပွဲ၊ သူချတဲ့ စည်းမျဉ်းစည်းကမ်း၊ သူကစား ခိုင်းချင်တဲ့ သူတွေသာ ပါဝင်တဲ့ ကစားပွဲ၊ သူ့စိတ်ကြိုက်လုပ်ထားတဲ့ ပွဲမှာ NLD မပါတာတောင် သူတို့ ရှုံးသွားတယ် ဆိုခဲ့ရင် ခါးသီးတဲ့ နိုင်ငံရေး သိက္ခာကျမှု အရသာကို ခံစားသွားရမှာဖြစ်ပါတယ်။ ခါးသီးတဲ့ နိုင်ငံရေး သိက္ခာကျမှု အရသာကို ဗိုလ်ချုပ်မှူးကြီး ခံစားသွားရစေ ဖို့အတွက် ဆရာကြီး ဦးဝင်းတင်လို လူမျိုး စဉ်းစားသင့်ပါတယ်။ NLD မပါတော့ဘူး ဆိုပေမယ့် ဗိုလ်ချုပ်မှူးကြီး နဲ့ သူ့ရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကို ဒဏ်ခတ်တဲ့ အနေနဲ့ ပြည်သူများကို ဘယ်လိုပါတီမျိုးကို မဲထည့်ပါဆိုပြီး လမ်းညွှန် သင့်တယ်လို့ အကြံပြုလိုပါတယ်။

တစ်ဖက်က နက်နက်နဲနဲ စဉ်းစားကြည့်ရင် ဗွိုက်ကောက် လုပ်ရေးသည် အဖြေမဟုတ်ဘူးဆိုတာကို တွေရပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများ အရ လုံလောက်တဲ့ မဲမရလို့ ပွဲပျက်တယ်ဆိုတာ မရှိတဲ့အတွက် တစ်ယောက်တည်းထွက်ပြီး တစ်မဲတည်းထည့်ရင်လည်း ဗွိုက်ကောက်က မအောင်မြင်ပါဘူး။ အောင်မြင်ချင်ရင် တယောက်မကျန် အားလုံး မဲမထည့်မှသာ အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဗွိုက်ကောက် ကိစ္စဟာ မဖြစ်နိုင်ပါဘူး။

အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ ဆက်ပြီး စဉ်းစားကြည့်ရင် ဗွိုက်ကောက်လုပ်ခြင်းနဲ့ မဲထွက်မထည့်ဘူး ဆိုသူများဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သဘောမကျသူများ၊ ဆန့်ကျင်သူများလို့ ယျေဘုယျအားဖြင့် ပြောလို့ရမယ်။ သို့သော် အဲလိုမဲထွက်မထည့်မယ့် လူတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိုလား နှစ်သက်လား၊ မနှစ်သက်ဘူးလား ဆိုတာက ကလေးတောင် သိတယ်လို့ပြောရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးကို မနှစ်သက်သူတွေ များများထွက်ပြီး မဲထည့်မှသာလျှင်၊ သူ့ကိုကြောက်လို့ သော်လည်းကောင်း၊ ကြိုက်လို့ သော်လည်းကောင်း သူထောင်မယ့်ပါတီကို ထောက်ခံမဲ ထည့်မယ့် ပါတီ အင်အားများစုကို ကျော်ပြီး သူ့ကို မကြိုက်သူ NLD ဘက်တော်သား များသည် ပိုပြီး အင်အားကြီးတယ်ဆိုတာကို သက်သေထူနိုင်မှာ ဖြစ်ပါတယ်။ အခုပွဲမှာ ဗွိုက်ကောက်မလုပ်ဘဲနဲ့ သူတို့လုပ်တဲ့ပွဲရဲ့ ရလဒ်မှာ သူတို့ကို ဆန့်ကျင်သူ ပိုများတယ်ဆိုတဲ့ ငြင်းဆန်လို့မရတဲ့ ခါးသီးတဲ့ ရလဒ်တစ်ခုကို ပေးဖို့ လိုအပ်တယ်လို့ စဉ်းစားဆင်ခြင်လို့ ရပါတယ်။

ဦးဝင်းတင်အပေါ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကို ကာယကံရှင် ဦးဝင်းတင် ထက်ပိုပြီး အခြားလူတွေ သိနိုင်ကြလိမ့်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် အဲဒါကို အခြေတည်ပြီး စဉ်းစားရင် ဦးဝင်းတင်ကို ထောင်က လွှတ်တာဟာ သနားညှာတာလို့ လွှတ်တာတော့ မဖြစ်နိုင်ပါဘူး။ အဲဒါထက်ပိုပြီး မြင့်မားတဲ့ ရည်မှန်းချက် ရှိမယ်လို့ ယူဆနိုင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကို သူကြိုက်တာခိုင်းဖို့ ဝယ်ယူလို့ မရဘူးဆိုတာကို သိရှိနေမှာကတော့ အမှန် ဧကန်ဖြစ်တယ်။ သို့သော် ဦးဝင်းတင် ယုံကြည်ချက် နဲ့ လုပ်ကိုင်ဆောင်ရွက်မှု အားလုံးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လိုလားမှုဖြစ်တဲ့ NLD နှစ်ခြမ်း ကွဲစေရေးကို ဧကန်ဒက်ထိ ဖြစ်သွားပြီဆိုတာ တွေ့ရပါတယ်။ အခုဖြစ်တဲ့အပေါ်မှာ ဦးဝင်းတင်ကို အပစ်တင် နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဦးသန်းရွှေလိုချင်နေတာကိုတော့ ရသွားပါပြီ။

မြန်မာနိုင်ငံလို အာဏာပိုင်အဖွဲ့အစည်းတွေ လုပ်ချင်ရာ လုပ်နိုင်တဲ့ ဖိနိပ်မှုများတဲ့ နိုင်ငံမှာ ဦးဝင်းတင်ကို လေလှိုင်းပေါ်မှာ လွတ်လွတ်လပ်လပ် စိတ်ကြိုက် ပြောချင်ရာပြောခွင့်ရဖို့ တယ်လီဖုန်းကို ဖွင့်ပေး ထားတာဟာ အဖြေဖြစ်ပါတယ်။ တကယ်လို့သာ ဦးဝင်းတင်ပြောနေတာ အားလုံးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ညိုညင် စရာ နည်းနည်းလေးဖြစ်ခဲ့ရင် ထောင်ထဲပြန် မထည့်ရင်တောင် နေအိမ်အကျယ်ချုပ်နဲ့ ထားပြီး ပြည်ပ မီဒီယာနဲ့ အဆက်ဖြတ်ပစ်မှာပါ။ အကောင်းဆုံး သာဓကအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကိစ္စက သိသာ ပါတယ်။ ဆရာကြီး ဦးဝင်းတင်အနေနဲ့ ပြန်စဉ်းစားသင့်တာက ကိုယ်ယုံကြည်ရာ ကိုယ့် လူ့အဖွဲ့အစည်းအတွက် အမှန်ဆုံးလို့ထင်ပြီး လုပ်နေတာဟာ လုပ်ရင်းတန်းလန်းနဲ့ တစ်ဖက်က ဗိုလ်ချုပ်မှူးကြီး လိုလားချက်ကို အတိအကျ အကောင်အထည်ဖော်ပေးနေသလို ဖြစ်နေသလား ဆိုတာကို ဖြစ်ပါတယ်။ 
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရှေ့ဆက် လိုလားချက်တွေ ကို စဉ်းစားကြည့်မယ်ဆိုရင် အဓိကအားဖြင့် NLD က ခွဲထွက်သွားတဲ့ ဒီမိုကရက်တစ် အင်အားစုတွေ၊ သူ့ဟာသူထွက်ပေါ်လာတဲ့ ဒီမိုကရက်တစ် အင်အားစုတွေ၊ သူ့ကို ဆန့်ကျင်ကြမယ့် အင်အားစုတွေကို ရုပ်ပြကောင်းရုံ ရွေးကောက်ပွဲ ဝင်ခိုင်းတာမျိုး ဖြစ်ပါတယ်။          ဒီရည်ရွယ်ချက် ဟာလည်း ဦးဝင်းတင်ရဲ့ မရည်ရွယ်ဘဲ ပံ့ပိုးကူညီမှု နဲ့ အောင်မြင်သွားတော့မလို ဖြစ်နေပါတယ်။ အဲဒါတွေကို ပေါက်မြောက် မသွားဖို့ အတွက် သူ့ဟာသူနိုင်ခြေမရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုအနိုင်ရဖို့၊ ကျန်တဲ့ ဒီမိုကရေစီ ဘက်တော်သား မည်သူမဆို၊ မည်သည့်ပါတီမဆို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရွေးကောက်ပွဲကို အဟန့်အတားမလုပ်ဘဲ ချီးမြှောက်လိုက်တာက အကောင်းဆုံး မဟာဗျူဟာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူဖော်တဲ့ဆေး သူကိုယ်တိုင် မစားနိုင်ဘူးဆိုတာ အခြေအနေ အမှန်တကယ် ဖြစ်နိုင်ချေ ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ အခုလိုခါးသီးတဲ့ ဒဏ်ခတ်မှုအရသာကို ခံစားသွားစေဖို့ ဆိုရင် ပြည်သူတွေအနေနဲ့  အဲဒီလို ဒဏ်ခတ်နိုင်တဲ့ အခွင့်အရေးကိုရဖို့ နဲ့  ဘယ်လို တက်ညီလက်ညီ ထိထိရောက်ရောက် အပြစ်ပေးလို့ရတယ်ဆိုတာတွေ သိဖို့လိုအပ်ပါတယ်။ ဒီကိစ္စအတွက် ဒါကို ဒီလိုလုပ်ခြင်းအားဖြင့် ဒဏ်ခတ်ရာ ရောက်တယ်ဆိုတာ ဦးဝင်းတင်လို ခေါင်းဆောင်မျိုးက ရှေ့ဆောင်လမ်းပြ လမ်းညွန်ပေးဖို့ အမှန်တကယ် လိုအပ်နေပါတယ် ဆိုတာကို အကြံပြု ထောက်ပြလိုပါတယ်။ အသေအချာကို နိုင်တော့မဲ့ စစ်ပွဲကို အဘယ့်ကြောင့် မတိုက်ဘဲ နေရမလဲ ဆိုတာကို ဒီမိုကရေစီရေး ရှေ့ဆောင်လမ်းပြ များ အသေအချာ စဉ်းစား သင့်ပါကြောင်း။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.