Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 20th August 2010

အရှေ့ တီမောတွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်ကို ကန့်ကွက်ကာ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသော လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့တို့ သောကြာနေ့က ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။

အရှေ့တီမော သမ္မတ Jose Ramos Horta အပါအဝင် အခြား ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံရေး ဝန်ကြီး ဦးဥာဏ်ဝင်း ရောက်ရှိလာသဖြင့် ဒီလီ လေဆိပ်တွင် ဆန္ဒပြသူ ရာဂဏန်း စုဝေးခဲ့ကြခြင်း ဖြစ်သည်။

နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်း များစွာ အကျယ်ချုပ် ဖမ်းဆီးထားသော စစ်ဖက် အုပ်ချုပ်သည့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး နှိပ်စက် ညှင်းပန်းမှုများကို ပြစ်တင် ရှုတ်ချ ရေးသားထားသည့် နဖူးစည်း စာတမ်းများ၊ ပိုစတာများကို ရဲတပ်ဖွဲ့က လိုက်လံ သိမ်းဆည်းသဖြင့် ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားခဲ့ရသည်။

"မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ လူ့အခွင့်အရေး အဆက်မပြတ် ချိုးဖောက်မှုတွေ ရပ်ဆိုင်းဖို့ အတွက် မြန်မာနိုင်ငံက မိတ်ဆွေတွေ ရုန်းကန် လှုပ်ရှားနေကြတာကို ထောက်ခံ အားပေးဖို့ ကျွန်တော်တို့ ဒီကို ရောက်နေတာပါ" ဟု ဆန္ဒပြပွဲကို စည်းရုံး လှုံ့ဆော်သူ Carolino Marques က ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးပါ။ စစ်အစိုးရ ကျဆုံးပါစေ" စသည့် စာတမ်းများကို ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့ကြသည်။

နိုဝင်ဘာ ၇ ရက်တွင် တင်းကြပ်စွာ ချုပ်ချယ်မှုများဖြင့် ကျင်းပမည့် မြန်မာ ရွေးကောက်ပွဲများသည် စစ်ဖက် အစိုးရ အာဏာမြဲရန် လှည့်စားထားသော အတုအယောင်သာ ဖြစ်သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက်နိုင်ငံများက ပြစ်တင် ရှုတ်ချလျက် ရှိသည်။

ဦးဥာဏ်ဝင်းသည် အရှေ့ တီမောမှ တနင်္ဂနွေနေ့တွင် ထွက်ခွာမည်ဟု မျှော်လင့်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.