Transparency Myanmar

transparency.myanmar@gmail.com

democracy for Burma, 20th September 2010

မြန်မာနိုင်ငံ သို့မဟုတ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာ နိုင်ငံ၏ မိတ်ဆွေများ အဖွဲ့သည် ကုလသမဂ္ဂ အထွေထွေ စကား အချေအတင် ပြောခြင်း (UN General Dabate) ရက်သတ္တပတ်တွင် နေရာ ရလိမ့်မည် ဖြစ်သည်။ ထိုသို့ ပြင်ဆင်မှုများ ကြားတွင် ကုလသမဂ္ဂမှ အဖွဲ့ (၁၅) ခုသည် စက်တင်ဘာလ (၁၆) ရက်နေ့က မီဒီယာအတွက် Paley Center တွင် မြန်မာ နိုင်ငံတွင် အမျိုးသမီးများ အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ စုံးစမ်းရေး အဖွဲ့ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

Nobel Women's Intiative မှ Jody Williams က လူရည်သန့် နယူးယောက် မြို့သားများကို ပြောကြားရာတွင် အမေရိကန် အမြဲတမ်း ကိုယ်စားလှယ် Susan Rice အား မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ စုံစမ်းရေး အတွက် တောင်းဆိုမှုတွင် နောက်ကျရခြင်းအတွက် ကျေးဇူးတင်ကြောင်း စာရေးသင့်သည်ဟု ဆိုသည်။

သမ္မတ Obama က သန်းရွှေ၏ စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရန် မူဝါဒ ပြောင်းခဲ့စဉ်က၊ အမေရိကန်၏ ရပ်တည်မှု ပြောင်းလဲခြင်း အတွက် အချို့က ကောင်းသော ရပ်တည်မှုဟု မပြောခဲ့ကြပေ။ ဘယ်သောအခါမျှ ဖြစ်လာလိမ့်မည် မဟုတ်သော နိုင်ငံတကာ စုံစမ်းရေးကို တောင်းဆိုမှုတွင် ပါဝင်ရန် အမည်မခံသော အမေရိကန် အစိုးရ တာဝန်ရှိသူ အတွက်သာ လွယ်ကူလိမ့်မည်ဟု ယုံကြည်မှု မရှိသူများက ပြောသည်။

ကုလသမဂ္ဂ  လုံခြုံရေး ကောင်စီမှ နေ့စဉ် သတင်း ပေးပို့နေသော Inner City Press က အမေရိကန်သည် ယခုအခါ မြန်မာနိုင်ငံ ကိစ္စကို တင်ပြရန်ပင် မကြိုးစားတော့ဟု အသေအချာ ပြောခဲ့သည်။ စက်တင်ဘာ (၁၆) မတိုင်မီ အစောပိုင်းက Inner City Press  နှင့် တွေ့ဆုံခဲ့သော အကြီးတန်း အမေရိကန် အစိုးရ တာဝန်ရှိသူ တစ်ဦးက အတွင်းရေးကို ပြောကြားရာတွင် လာမည့် မြန်မာနိုင်ငံ၏ မိတ်ဆွေများ အဖွဲ့ အစည်းအဝေးအတွက် ဘာမျှ ညွှန်ကြားချက် မရှိဟု ဆိုသည်။

စက်တင်ဘာ (၁၆) ရက် ဆွေးနွေးပွဲတွင် စဉ်းစားရန် တင်ပြမည့် မဟာဗျူဟာမှာ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) သို့ မြန်မာ နိုင်ငံအား ပို့ဆောင်ရေးကို ဖိအားပေးရေး ဖြစ်သည်။ မြန်မာ နိုင်ငံသည် ICC  အဖွဲ့ဝင် နိုင်ငံ မဟုတ်သည့် အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ပြုလုပ်ပေးရုံဖြင့် အဆိုပါ ကိစ္စ မပြီးမြောက်နိုင်ပေ။

သို့သော် မြန်မာနိုင်ငံကို ICC သို့ ပို့ဆောင်ရေး ကိစ္စတွင် တရုတ်နှင့် ရုရှားတို့၏ ထောက်ခံမှု ရရှိရေးမှာမူ ရှင်းလင်းစွာ သိရှိနိုင်သော အချက် ဖြစ်သည်။ ကြာသပတေး နေ့ညက ဆွေးနွေးပွဲတွင် ထူးဆန်းသော အချက်မှာ China ဆိုသော စကားလုံးကို လုံးဝ မဟခြင်းပင် ဖြစ်သည်။ အချို့ တက်ရောက်သူများက အနေဖြင့် အောင်မြင်ရန် အခွင့်အလမ်း မရှိသော မဟာဗျူဟာကို မြှင့်တင်ရာတွင် ထူးဆန်းမှုများ တွေ့ကြရခြင်း ဖြစ်သည်။ သို့သော် ဤမဟာဗျူဟာမှာ ရည်မှန်းချက် ပန်းတိုင် ဟုတ်မဟုတ်ကိုမူ မေးခွန်းထုတ်ရန် ရှိနေသည်။

၂၀၁၀ မတ်လက မြန်မာနိုင်ငံ၏ အမျိုးသမီးများ အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ဆိုင်ရာ အစည်းအဝေး အပြီးတွင် Jody Williams နှင့် Women's League of Burma မှ သင်းသင်းအောင် အပါအဝင် အခြားသူများသည် အထွေထွ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တွေ့ဆုံခဲ့သည်။ သို့သော် ယခု အချိန်ထိ ဘာမျှ ထူးခြား မလာသေးသည်မှာ အမှန် ဖြစ်သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Human Rights Watch, 20th September 2010

မြန်မာနိုင်ငံအတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့် အစီအစဉ်ကို ဖိလစ်ပိုင် အစိုးရ အနေဖြင့် လူသိရှင်ကြား ထောက်ခံ အားပေးသင့်ကြောင်း Human Rights Watch က ဖိလစ်ပိုင် သမ္မတ နစ်နိုအကွီနို (၃) ထံ ပေးစာတွင် ယနေ့ တောင်းဆိုလိုက်သည်။

Human Rights Watch က သမ္မတ အကွီနိုအား အထက်ပါ ကိစ္စကို အာဆီယံ အဖွဲ့တွင် တင်ပြ ဆွေးနွေးရန်နှင့် ၂၀၁၀ စက်တင်ဘာလ ၂၄ ရက်နေ့တွင် နယူးယောက်ပြုလုပ်မည့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အဆိုပြုချက်ကို အားပေး ထောက်ခံရန် တိုက်တွန်းလျက် ရှိသည်။

"အကွီနို အစိုးရ အနေနဲ့ အာဆီယံကို ဦးဆောင်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ညှဉ်းပန်း နှိပ်စက်မှု ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းသင့်ပါတယ်" ဟု Human Rights Watch မှ အာရှ ရေးရာ ဒုတိယ ဒါရိုက်တာ Elaine Pearson က ပြောကြားသည်။ "အာဆီယံ အဖွဲ့ အနေနဲ့လည်း သူ့ရဲ့ အဖွဲ့ဝင်တွေထဲက လူ့အခွင့်အရေး ညှင်းပန်းမှုတွေကို ကိုင်တွယ်ဖို့ လက်ရှောင်နေတာထက် တရား မျှတမှုကိုပဲ အားပေး မြှင့်တင်ဖို့ လိုပါတယ်" ဟုလည်း သူမက ဆက်လက် ပြောကြားသည်။

ဇွန်လ ၃၀ ရက်က ပြောကြားခဲ့သော နှုတ်ခွန်းဆက် မိန့်ခွန်းတွင် အကွီနိုက "တရားမျှတမှု မရှိဘဲနဲ့ ပြန်လည် ရင်ကြားစေ့ ပေါင်းစည်းလို့ မရနိုင်ပါဘူး။ ရာဇ၀တ်မှုတွေကို အရေးမယူဘဲ ထားလိုက်မယ်ဆိုရင် ထပ်ထပ်ခါခါ ကျူးလွန်အောင် ခွင့်ပေးသလို ဖြစ်နေလိမ့်မယ်" ဟု ပြောကြားခဲ့သည်။ "ဒါက မြန်မာ နိုင်ငံအတွက် သီးသန့် ခေါင်းလောင်း ထိုးလိုက်တာပါ" ဟု Human Rights Watch က ဆိုသည်။ မြန်မာ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ကျူးလွန်ခဲ့ကြသော ရာဇ၀တ်မှုများ အရေးယူ မခံရဘဲ လွတ်မြောက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စကို အားပေးရာတွင် အကွီနို အနေဖြင့် သူ၏ ကွယ်လွန်သူ မိခင် ကိုရာဇဉ်အကွီနို ဖောက်ခဲ့သော လမ်းကို လိုက်ရမည် ဖြစ်သည်။ ၁၉၉၉ ဇွန်လ အာရှပစိဖိတ်ဒေသ ဒီမိုကရေစီ ခေါင်းဆောင်များ ဖိုရမ်တွင် "အခု မြန်မာနိုင်ငံရဲ့ အလှည့်ပါ" ဟု ခေါင်းစဉ် တပ်ထားသော မိန့်ခွန်းကို သူမက ပြောကြားရာတွင် "အခု မြန်မာနိုင်ငံမှာ တရားမျှတမှု ပျောက်ဆုံးနေတဲ့ အတွေးကနေ နောက်ဆက်တွဲ ပေါ်လာတဲ့ တရားမျှတမှု ခံစားချက် တစ်မျိုး ဖိလစ်ပိုင်တွေရဲ့ စိတ်မှာ ရှိနေပါတယ်။ ဒီနှစ်တွေ အတောအတွင်း မြန်မာလူထုဟာ သနား ညှာတာခြင်း၊ အလုပ် ကြိုးစားခြင်းတွေ ရှိခဲ့သလို ရဲရင့်မှုနှင့် သည်းခံမှုတွေကိုလည်း ပြသခဲ့ပါတယ်" ဟု ဖော်ပြခဲ့သည်။

ဆယ်စုနှစ် တစ်စု ကြာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဆိုးဝါးသော လူ့အခွင့်အရေး၊ ညှဉ်းပန်းမှုများ အတွက် တာဝန်မယူမှုများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး ယခု နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့် အစီအစဉ်သည် တရားမျှတမှုအတွက် အရေးပါသည့် အဆင့်တစ်ဆင့် ဖြစ်လာဖွယ် ရှိသည်ဟု Human Rights Watch က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေသော ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးမည့် နိုင်ငံတကာ ကော်မရှင် တစ်ရပ် ဖွဲ့စည်းရေး အလားအလာကို စဉ်းစား သုံးသပ်ရန် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ogea Quintana က မတ်လတွင် ကုလသမဂ္ဂကို တောင်းဆိုခဲ့သည်။

အဆိုပါ ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို လူသိရှင်ကြား ထောက်ခံ ကြေညာခဲ့သော နိုင်ငံများတွင် သြစတြေးလျ၊ ကနေဒါ၊ ချက်ရီပတ်ဘလစ်၊ ဟန်ဂေရီ၊ ဆလိုဗေးကီးယား၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။

"သမ္မတ အကွီနိုရဲ့ လူ့အခွင့်အရေး ပြောဆိုမှုတွေကို အလုပ်နဲ့ သက်သေပြဖို့ အတွက် လက်ရှိ မြန်မာနိုင်ငံ အနေအထားက အခွင့်အရေးပါပဲ" ဟု Pearson က ဖိအားပေးလိုက်သည်။

နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့် အစီအစဉ်ကို ထောက်ခံခြင်းသည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ဖောက်ဖျက်မှု မှတ်တမ်းများကို စိုးရိမ်ပူပန်မှုကြောင့် ထုတ်ဖော်ခဲ့သည့် ဖိလစ်ပိုင်၏ ယခင် လုပ်ရပ်များနှင့် တစ်ထပ်တည်း ကျလိမ့်မည်ဟု Pearson က ဆက်လက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 BBC News, 20th September 2010

စက်မှု လုပ်ငန်းသုံး ဓာတုပစ္စည်း မယ်လမင်း ပါဝင်သည့် နို့မှုန့်များ ထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ မြောက်ပိုင်း နို့ထွက်ပစ္စည်း လုပ်ငန်းမှ လူ ၇ ဦးကို ဖမ်းဆီးလိုက်သည်ဟု သိရသည်။

မယ်လမင်း ပါဝင်သော သက်တမ်းလွန် နို့မှုန့်များနှင့် ပတ်သက်၍ စွပ်စွဲ ခံရသူများထဲတွင် ရှန်ဇီပြည်နယ် နို့ထွက်လုပ်ငန်း တစ်ခုမှ အထွေထွေ မန်နေဂျာ ပါဝင်သည်ဟု ဥပဒေ အရာရှိများက ပြောကြားသည်။

မသန့်ရှင်းသော နို့မှုန့် ၂၆ တန်ကို နိုင်ငံ အလယ်ပိုင်း ဟူနန်နှင့် ဟီနန် ပြည်နယ်များတွင် ဖြန့်ဖြူးခဲ့ကြခြင်း ဖြစ်သည်။

မယ်လမင်း ပါဝင်သည့် နို့မှုန့်များကြောင့် ၂၀၀၈ ခုနှစ်အတွင်း ကလေးငယ် ၆ ဦး သေဆုံးခဲ့ပြီး ၃ သိန်းခန့် နေထိုင် မကောင်း ဖျားနာခဲ့ကြရသည်။

မယ်လမင်းသည် ဖိုင်ဘာ ပလပ်စတစ်များ၊ ဓါတ်မြေသြဇာများနှင့် အင်္ဂတေ ဖျော်စပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်း ဖြစ်သည်။

မယ်လမင်းကို စားသောက်ကုန်များတွင် ထည့်သွင်း လိုက်သောအခါ ပရိုတင်း ဓါတ်အား မြင့်မားသော လက္ခဏာ ပေါ်ထွက်လာသော်လည်း ကျောက်ကပ် ကျောက်တည်ခြင်းနှင့် ကျောက်ကပ် ပျက်စီးမှုကို ဖြစ်ပွားစေနိုင်သည်။

၂၀၀၈ ခုနှစ်တွင် တရုတ် နို့ထွက်ပစ္စည်း ကုမ္ပဏီ ၂၂ ခု၏ ထုတ်ကုန်များ၌ မယ်လမင်းကို တွေ့ရှိခဲ့ရာ၊ တရုတ် နို့ထွက်ပစ္စည်း ကုမ္ပဏီ ၅ ခုလျှင် ၁ ခု ပါဝင် ပတ်သက်နေခြင်းပင် ဖြစ်သည်။

အဆိုပါ ယုတ်ညံ့သော လုပ်ရပ်တွင် ပါဝင် ပတ်သက်သည့် လူ ၂၀ ခန့်ကို တရုတ် အစိုးရက ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ၂ ဦးကိုမူ သေဒဏ် ချမှတ်ခဲ့သည်။

၎င်းဖြစ်ရပ်ကြောင့် ကမ္ဘာတစ်လွှားမှ တရုတ် နို့ထွက် ပစ္စည်းများကို ပြန်လည် သိမ်းဆည်းခဲ့ကြရသည်။

ယင်းသို့ မယ်လမင်း ပါသော နို့ထွက်ပစ္စည်းများနှင့် ပတ်သက်၍ နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည့် ကြားမှ ၂၀၀၈  နောက်ပိုင်း ၎င်းပစ္စည်းများ ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.