Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ နေရာကို ၎င်း၏ တတိယမြောက်နှင့် အငယ်ဆုံး သားဖြစ်သူက ရယူလိမ့်မည် ဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စုက ကြိုတင် မျှော်မှန်းထားကြောင်း ကာကွယ်ရေး ဝန်ကြီး Robert Gates က အောက်တိုဘာလ ၈ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

"ဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် တွက်ဆထားပါတယ်။ ကင်ဂျုံအီလ်ရဲ့ အငယ်ဆုံးသားသာ သူ့ရဲ့ နေရာကို ရရှိပါလိမ့်မယ်" ဟု မစ္စတာ Robert Gates က တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ကင်တေးယောင်နှင့် ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။

         မြောက်ကိုရီးယား အာဏာရှင် ခေါင်းဆောင် ကင်ဂျုံအီလ်၏ တတိယ သားဖြစ်သူ ကင်ဂျွန်အန်သည် ကွန်မြူနစ် ပါတီ ဆွေးနွေးပွဲ မတိုင်မီ ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီး အဖြစ် ရာထူး တိုးမြှင့်ခံခဲ့ရသည်။ ထို့အတူ ၎င်းသည် ကိုရီးယား ဗဟိုစစ်ရေး ကော်မရှင်၊ အလုပ်သမား ပါတီ၏ ဒုတိယ ဥက္ကဌ အဖြစ်လည်း တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။

         "မြောက်ကိုရီးယား နိုင်ငံမှာ ခေါင်းဆောင် ဆက်ခံမှုနဲ့ ပတ်သက်ပြီး သွားနေတဲ့ ဦးတည်ချက်ကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်" ဟု အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းက ကျင်းပ ပြုလုပ်သော မြောက်ကိုရီးယား အလုပ်သမားပါတီ တွေ့ဆုံ ဆွေးနွေးပွဲတွင် ရာထူး ခန့်အပ်မှုသစ်များ ပြုလုပ်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေ အသက် အရွယ်အားဖြင့် ၂၇ သို့မဟုတ် ၂၈ နှစ်မျှသာ ရှိသေးသည်ဟု ယူဆရသော သားဖြစ်သူအား တရားဝင် အာဏာ လွှဲပြောင်းမည့် ကိစ္စနှင့် ပတ်သက်သော တရားဝင် အရိပ် လက္ခဏာကို မိမိအနေဖြင့် မသိရှိပါကြောင်း မစ္စတာ Robert Gates က ဆိုသည်။

ကင်ဂျွန်အန်သည် ဖခင်ကြီး ကင်ဂျုံအီလ်ထက် စီးပွားရေး ကိစ္စများကို ပိုမို အာရုံစိုက် လာဖွယ် ရှိသည်ဟု ဝေဖန် သုံးသပ်မှုများ ရှိခဲ့ရာ ၎င်းအား ယခုကဲ့သို့ စစ်ဘက်ရေးရာ အဆင့်မြင့် ရာထူး ခန့်အပ်လိုက်ခြင်းကြောင့် ဒွိဟများ ဖြစ်ရကြောင်း မြောက်ကိုရီးယား ရေးရာ လေ့လာ ဆန်းစစ်သူများက ဆိုသည်။

"တကယ်တော့ သူ့ကို စစ်ဘက်ရေးရာ ဗိုလ်ချုပ်ကြီး ရာထူး ပေးအပ်လိုက်တာဟာ သူ့အဖေ တုန်းကလိုပါပဲ။ ပြည်တွင်းနဲ့ ပြည်ပကို တရားဝင် မိတ်ဆက်ပေးလိုက်တဲ့ သဘောပါ" ဟု The Cleanest Race စာအုပ် ရေးသားသူ Brain Myers က ပြောကြားသည်။ ကင်ဂျုံအီလ်သည် ၂၀၀၈ ခုနှစ်အတွင်းက လေသင်တုန်းဖြတ် ရောဂါ ခံစားခဲ့ရပြီး ယခုအခါတွင်လည်း ကျန်းမာရေး ညံ့ဖျင်းလျက် ရှိသည်ဟု ထင်ကြေးပေး ပြောခံနေရသည်။

CNN သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

         တောင်ပိုင်း အိမ်နီးချင်း နိုင်ငံများတွင် တရုတ်နိုင်ငံက ဧရာမ ရင်းနှီးမှုများ ပြုလုပ်နေခြင်းသည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံ တို့အတွက် ကောင်းကျိုး ဖြစ်ထွန်းစေမည့် ကိစ္စတစ်ခု ဖြစ်သကဲ့သို့ သံတမန်ရေးရာ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်သည်။

မြန်မာ၊ ကမ္ဘောဒီယား၊ လာအို အစရှိသော နိုင်ငံ အစိုးရများက ဆည်တမံ တည်ဆောက်မှု၊ သတ္တု တူးဖော်မှုနှင့် ရာဘာ စိုက်ပျိုးမှု အစရှိသော အခန်းကဏ္ဍများတွင် တရုတ် ရင်းနှီး မြှုပ်နှံမှုများအား ကြိုဆို လက်ခံနေခြင်းသည် အခြားသော ရင်းနှီး မြှုပ်နှံသူများကိုလည်း ကော်ဇောနီခင်း ကြိုဆိုရန် ကြိုးပမ်းမှု တစ်ရပ် ဖြစ်သည်။

ဥပမာအားဖြင့် ပြောရလျှင် လာအို နိုင်ငံသည် တစ်ခု မကသော မဟာဗျူဟာကို ပြောင်းလဲ ကျင့်သုံးရန် ဦးတည် လုပ်ကိုင်နေသည်ကို တွေ့ရခြင်း ဖြစ်သည်။ ယခုနှစ် အစောပိုင်းတွင် လယ်ယာမြေများ၊ စိုစွတ်မြေများ၌ လုပ်ကိုင်လျက် ရှိသော တရုတ် ရင်းနှီး မြှုပ်နှံသူများကို မြို့တော် ဗီယန်ကျင်း အတွင်းသို့ ဝင်ရောက် လုပ်ကိုင်ခွင့် ပြုမည့် အစီအစဉ် စတင်ခဲ့သည်။

အဆိုပါ အစီအစဉ်ကြောင့် ဖြစ်ပေါ်လာသော လျော်ကြေးနှင့် နေရာ ပြောင်းရွှေ့ကြေး အစရှိသော စရိတ်စခများကြောင့် တရုတ် ရင်းနှီးမြှုပ်နှံသူများ လက်တွန့်နေကြသော်လည်း အခြားသော ဖက်တာများက စီးပွားရေးအရ ယှဉ်ပြိုင် ကစားမှုများ ဖြစ်ပေါ်စေသည်။

လာအို လယ်ယာမြေ စီမံခန့်ခွဲရေး ဝန်ကြီး Kham Ouane Boupha က ယင်းသို့ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လယ်ယာမြေ အကာအကွယ် ပြုရေး အစီအစဉ်ကြောင့် ဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့က ဗီယန်ကျင်းတွင် မြေယာ ပေါ်လစီ ဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပ ပြုလုပ်သည်။ ထိုဆွေးနွေးပွဲ ထုတ်ပြန်ချက်များကို ကြည့်လျှင် တရုတ် နိုင်ငံသည် ၂၀၁၀ ပထမ နှစ်ဝက်တွင် အမေရိကန် ဒေါ်လာ သန်း ၃၄၀ ရင်းနှီး မြှုပ်နှံခဲ့ပြီး လာအို၏ အကြီးဆုံးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တစ်ဦး ဖြစ်နေသည်ကို တွေ့ရကာ ဗီယက်နမ် နှင့် ထိုင်းတို့သည်လည်း အခြားသော စီးပွားရေး ရင်းနှီး မြှုပ်နှံသူများ အဖြစ် ယခုနှစ်အတွင်း လာအိုသို့ ဝင်ရောက်လာသည်ကို တွေ့နိုင်သည်။

ကမ္ဘောဒီယားတွင်လည်း လာအိုကဲ့သို့ အလားတူ ပုံစံမျိုးများ တွေ့ရသည်။ ရေအရင်းအမြစ် ဆိုင်ရာ အခြေခံ အဆောက်အအုံ တည်ဆောက်မှုတွင် အဆမတန် ရင်းနှီး မြှုပ်နှံရေးသည် တရုတ်နိုင်ငံ တစ်ခုတည်း၏ စိတ်ဝင်စားမှုကို ရယူနိုင်ရုံ တင်မက အခြားသော အိန္ဒိယ၊ ကူဝိတ်၊ ကာတာ နှင့် တောင်ကိုရီးယားတို့၏ စီးပွားရေးအရ စိတ်ပါဝင်စားမှုကိုပါ ရရှိခဲ့သည်။

အစိုးရများ အနေဖြင့် ဂျပန်၊ ဥရောပ၊ အမေရိကန် ပြည်ထောင်စု အစရှိသော နိုင်ငံများနှင့် ခိုင်မာသော မဟာမိတ်ဖွဲ့ပြီး စီးပွားရေး အကျိုးဆောင် လုပ်ကိုင်လိုခြင်း ရှိ၊မရှိကို ဆန်းစစ်ရန် လိုကြောင်း လာအို အခြေစိုက် သဘောဝ ရင်းမြစ်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နှင့် ပူးပေါင်းရန် ရည်ရွယ်ထားသည့် အမေရိကန် ပြည်ထောင်စု၏ မဲခေါင်မြစ် အောက်ပိုင်း ကနဦး ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်သည် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှုကို တန်ပြန် ချိန်ခွင်လျှာ မျှရန်သာ ဖြစ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံသည် တရုတ်၏ သြဇာ လွှမ်းမိုးမှုကို အိန္ဒိယ နိုင်ငံနှင့် တန်ပြန် ချိန်ညှိလျက် ရှိသည်။ အိန္ဒိယသည်လည်း မြန်မာနိုင်ငံတွင်း ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ကိုင်နေသော နိုင်ငံတစ်ခု ဖြစ်သည်။ ပို၍ ဆိုရပါက မြန်မာ လူမျိုးတို့၏ အမျိုးသားရေး ဝါဒ ကိုယ်တိုင်က တရုတ်သြဇာ လွှမ်းမိုးမှုကို သဘာဝ အလျောက် ထိန်းညှိပေးသည့် အရာတစ်ခု သဖွယ် ဖြစ်နေသည်။ သို့သော်လည်း မြန်မာ စစ်အစိုးရသည် အနောက် အင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေးတွင် အဆီအငေါ် မတည့်သောကြောင့် ကန့်သတ်မှုများနှင့် ရင်ဆိုင်နေရသည်။

မြန်မာ့သမိုင်း ပညာရှင် ဦးသန်းမြင့်က "အနောက် နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ တရုတ်နိုင်ငံ အတွက် မိတ်ဆွေကောင်းတွေလို ဖြစ်နေခဲ့တာပါ။ ဒီမိုကရေစီ ဖော်ဆောင်ဖို့နဲ့ ပြုပြင် ပြောင်းလဲဖို့ ရည်ရွယ်ခဲ့တာ မှန်ပေမယ့်လည်း တကယ်တော့ အဲဒီ စီးပွားရေး ပိတ်ဆို့မှု၊ ကုန်သွယ်ရေး ပိတ်ဆို့မှု စတာတွေရဲ့ အသားတင် အကျိုးသက်ရောက်မှုက တရုတ်နိုင်ငံရဲ့ စီးပွားရေး လွှမ်းမိုးမှု အင်အားကို ပိုမို ကောင်းမွန် လာစေတာပါပဲ" ဟု ဆိုသည်။

တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ အစိုးရက ထုတ်ပြန်သော တရားဝင် စာရင်း ဇယားများအရ ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း တရုတ် ရင်းနှီး မြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ ရှိခဲ့ကြောင်း သိရသည်။

Strait Times မှ သတင်း ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


မြန်မာနိုင်ငံတွင် ဖမ်းဆီး အကျဉ်းချခံထားရသော လွှတ်တော် အမတ် ၁၂ ဦးအား လာမည့် နိုဝင်လာလ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ အမြန်ဆုံး လွှတ်ပေးရန် ကမ္ဘာ့ ပါလီမန် လွှတ်တော်များ ဆိုင်ရာ အသင်းက အောက်တိုဘာလ ၆ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

နိုင်ငံတကာ ပါလီမန်များ ဆိုင်ရာ သမဂ္ဂ (IPU) ၏ လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီက မြန်မာ စစ်အစိုးရ အနေဖြင့် ဖမ်းဆီး အကျဉ်းချထားသည့် လွှတ်တော် အမတ်များအား "အမြန်ဆုံးနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်" တိုက်တွန်းခဲ့သည်။

"ပါလီမန် အမတ် ၁၂ ဦးသည် အကျဉ်းထောင်တွင်း ဆက်လက် ဖမ်းဆီး အကျဉ်းချ ခံထားရပြီး ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်မှာလည်း ဆုံးရှုံးလျက် ရှိသည်" ဟု IPU က ဆိုသည်။ "မိမိတို့ ကော်မတီ အနေဖြင့် အလွန်အမင်း သံသယ ဖြစ်မိသည့် အချက်မှာ မြန်မာ စစ်အစိုးရက ကျင်းပပေးမည့် သမိုင်းဝင် ရွေးကောက်ပွဲသည် မြန်မာ ပြည်သူ ပြည်သားများ၏ ဆန္ဒကို ထင်ဟပ် နိုင်ပါစေမည်လော ဟူသည်ပင် ဖြစ်၏" ဟု ဆက်လက် ဝေဖန်သည်။

IPU ၏ လူ့အခွင့်အရေး ကော်မတီ ဥက္ကဌ ဖြစ်သော မက္ကဆီကို နိုင်ငံ ဆီနိတ်တာ Rosario Green က အဆိုပါ ပါလီမန် လွှတ်တော် အမတ် ၁၂ ဦးသည် စစ်အစိုးရက ဖမ်းဆီး အကျဉ်းချ ထားသော နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ထဲတွင် ပါဝင်သည်ဟု ထောက်ပြသည်။ "ယင်းလွှတ်တော် အမတ် ၁၂ ဦးသည် မျှတသော တရားစီရင် ခံပိုင်ခွင့် ချိုးဖောက်ထားသော တရား စီရင်မှုဖြင့် ဖမ်းဆီး အကျဉ်းချ ခံနေရခြင်း ဖြစ်သည်" ဟု ၎င်းက ဆိုသည်။

         IPU ၏ စောင့်ကြည့် လေ့လာရေး အဖွဲ့သည် မြန်မာ နိုင်ငံတွင်း အလားတူ အလားတူ အမှုကိစ္စမျိုး များစွာ ရှိနေသည်ကို စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည် ဟုလည်း ဆိုသည်။ "အဆိုပါ ပုဂ္ဂိုလ်များ အားလုံး အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့အပေါ် မတရား ချမှတ်ထားသော ပြစ်ဒဏ်များက ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိအောင် အလိုအလျောက် ပြုလုပ်ထားသောကြောင့် ဖြစ်၏" ဟု IPU ၏ ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

အောက်တိုဘာလ  ၅ ရက်နေ့ ဘယ်လ်ဂျီယမ် နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပ ပြုလုပ်သော အီးယူ-အာရှ ထိပ်သီး ဆွေးနွေးပွဲ၌ ဥရောပနှင့် အာရှ ခေါင်းဆောင်များက ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးပြီး နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ လွတ်လပ် မျှတမှု ရှိစွာ ကျင်းပပေးရန် စစ်အစိုးရကို တိုက်တွန်း ဆော်သြကြသည်။

အဆိုပါ ရွေးကောက်ပွဲသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်သောကြောင့် အတုအယောင်မျှသာ ဖြစ်လိမ့်မည်ဟု ဝေဖန် သုံးသပ်သူများက ဆိုသည်။ မြန်မာ စစ်အစိုးရကမူ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပြပြီး နောက်ပိုင်း လွတ်မြောက်မည် ဖြစ်သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကြေညာသည်။ IPU သည် ကမ္ဘာ အရပ်ရပ်မှ ပါလီမန် လွှတ်တော် ၁၅၅ ခု ပါဝင် ဖွဲ့စည်းထားသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Weekly Business Round Up, 9th October 2010

မြန်မာနိုင်ငံတွင် အဓမခိုင်းစေမှုများ အဆုံးသတ်ခြင်း၊ လူ့အခွင့်အရေး ပြန်လည် မြင့်တင်ခြင်း၊ မပြုလုပ်သေးသရွေ့ မြန်မာ စစ်ဖက် အစိုးရနှင့် ကုန်သွယ်ခြင်း၊ ရင်းနှီး မြုပ်နှံခြင်းများကို ဆက်လက် သပိတ်မှောက်ကြရန် ကုန်သွယ်ရေး သမဂအုပ်စုက တိုက်တွန်းလျက် ရှိသည်ဟု နိုင်ငံတကာ ကုန်သွယ်ရေး သမဂအဖွဲ့ချုပ် (ITUC) က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများကို စစ်အစိုးရအပေါ် ဖိအား ဖြေလျှော့ပေးရန် အကြောင်း တစ်ရပ်အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အချို့ကှုမြင်နေခြင်းကို စိုးရိမ် ပူပန်မိကြောင်း အားလုံး သက်ဆိုင် ဒီမိုကရေစီ ပြည့်ဝသော အခြေခံဥပဒေနှင့် လူ့အခွင့်အရေး အပြည့်အ၀ လေးစားမှုသို့ ဦးတည်သည့် ထင်ရှားသော တိုးတက်မှုများ ရှိလာသည်အထိ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာစစ်ဖက် အစိုးရအပေါ် သိသိသာသာ ဖိအား တိုးမြှင့်သွားရန် လိုအပ်ကြောင်း ITUC က နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။

ဘရမ်ဆဲ အခြေစိုက် ITUC သည် နိုင်ငံပေါင်း ၁၅၁ နိုင်ငံမှ အဖွဲ့ဝင် အလုပ်သမား ၁၇၆ သန်း အတွက် အခွင့်အရေးများ တောင်းဆိုပေးသော အဖွဲ့ ဖြစ်သည်။

ယခု မြန်မာ အစိုးရအပေါ် အသစ် ထပ်မံ ဝေဖန်ပြစ်တင်မှုကို ASEM ခေါင်းဆောင်များထံ ဦးတည် ထုတ်ပြန်ခြင်း ဖြစ်သည်။ ASEM သည် အာရှနှင့် ဥရောပ သမဂနိုင်ငံများ၏ လျော့တိလျော့ရဲ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ကုန်သွယ်ရေး ကိစ္စများ ဆွေးနွေးရန် ဘယ်လဂျီယံတွင် တွေ့ဆုံခဲ့ကြသည်။

ASEAN အစိုးရများနှင့် လုပ်ဖော်ကိုင်ဖက်များသည် မြန်မာ စစ်အစိုးရ အာဏာ ဆက်လက် ခိုင်မြဲစေမည့် ကုန်သွယ်ရေးနှင့် ရင်းနှီး မြုပ်နှံမှုများကို ဖြတ်တောက်ခြင်းအားဖြင့် ယင်းတို့ တာဝန် ရှိသော အပိုင်းကို လုပ်ဆောင်သင့်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံမှ အဓမ္မ ခိုင်းစေ ညင်းပန်းမှုများကို စုံစမ်းမည့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO ၏ ကြိုးပမ်း အားထုတ်မှုများကိုလည်း အားပေး ထောက်ခံကြရန် ASEM ကို တောင်းဆို ထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Weekly Business Roundup, 9th Oct 2010

မြန်မာ နိုင်ငံမှ ဆန်အမြောက်အမြား ဝယ်ယူမည့် အိန္ဒိယ မဏိပူရ ပြည်နယ်၏ အစီအစဉ်ကို နယူးဒေလီ ဗဟိုအစိုးရက ပိတ်ဆို့ တားဆီးလျက် ရှိသည်ဟု ပြည်တွင်း မီဒီယာက အခိုင်အမာ ပြောကြားလိုက်သည်။

မြန်မာနိုင်ငံနှင့် ထိစပ်နေသော မဏိပူရ ပြည်နယ်၏ မြို့တော် အင်ဖားမှ အာဏာပိုင်များက မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၃၀,၀၀၀ ဝယ်ယူလိုသော်လည်း ဗဟို အစိုးရက သွင်းကုန် လိုင်စင် ထုတ်ပေးခဲ့ခြင်း မရှိဟု The Sangai Express သတင်းစာက ဖော်ပြသည်။

အိန္ဒိယ ဗြူရိုကရေစီ ယန္တရားက နယ်စပ် ကုန်သွယ်ရေး အပေါ် မည်သို့ ဟန့်တားသည်၊ နယူးဒေလီ၏ "အရှေ့မျှော်" မူဝါဒကို မည်သို့ နှောင့်ယှက်သည်ကို ယခု ကိစ္စက ညွှန်ပြနေသည်။

အိန္ဒိယ မဏိပူရ ပြည်နယ်သည် ကောက်ပဲသီးနှံ အထွက်နှုန်း ကျဆင်းခြင်း၊ ပြည်နယ်တွင်း နိုင်ငံရေး ဆ္ဒပြမှုများကြောင့် ကာလ ကြာမြင့်စွာ လမ်းများ ပိတ်ဆို့ကာ အိန္ဒိယ အခြား ပြည်နယ်များမှ စားနပ်ရိက္ခာ ပေးပို့မှု နှောင့်နှေးခြင်း တို့ကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်။

မဏိပူရ ပြည်နယ်သို့ ဝင်ရောက်ရာ  အခြားလမ်းများမှာ အလွန် အခြေအနေ ဆိုးသည်ဟု သတင်းစာက ဆိုသည်။

"သွင်းကုန် လိုင်စင် ထုတ်ပေးမယ့် ကိစ္စမှာ အိမ်နီးချင်း ပြည်ပ နိုင်ငံအပေါ် ကောက်ပဲသီးနှံအတွက် မှီခိုနေရတယ် ဆိုတဲ့ ဝေဖန် ပြစ်တင်မှု ထွက်ပေါ်လာမှာကို အိန္ဒိယ ဗဟို အစိုးရက စိုးရိမ် ပူပန်နေတာပါ" ဟု ပြည်နယ် အစိုးရ အရာရှိများ၏ မှတ်ချက်ပေးမှုကို သတင်းစာက ပြန်လည် ဖော်ပြထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Editorial From The Washington Post, 9th October 2010

Obama အစိုးရသည် ပြဿနာ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်မည်ဟု ကတိပြုခဲ့သော်လည်း၊ မြောက်ကိုးရီးယားကိုမူ ယခု အချိန်အထိ လက်တကမ်းလောက် အကွာတွင်သာ ထား၍ ဆက်ဆံလျက် ရှိသည်။ ၎င်း၏ "ဗျူဟာမြောက် သည်းခံခြင်း" မဟာဗျူဟာသည် ပြုံယမ်း၏ အချိန်ကြာနေပြီ ဖြစ်သော ပုံမှန် လုပ်နေကျ နျူကလီယာ လျော့ချရေး လုပ်ငန်းစဉ်မှ သွေဖယ်၍ လမ်းစဉ် အသစ် တွေ့ရှိရေး အတွက် ဖြစ်သည်။ ပြုံယမ်းသည် နျူကလီယာ ဖျက်သိမ်းရေး အတွက် ကတိများ ပေးလိုက်၊ အကူအညီ ငွေများ ရယူလိုက် ပြုလုပ်ပြီးနောက်၊ ပုံမှန် အချိန်ဆွဲလိုက်နှင့် သံသရာ လည်လျက် ရှိသည်။ ထို့ကြောင့် အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်တို့က ညှိနှိုင်းမှုများ အသစ် မစတင်မီ ကင်ဂျုံအီ အစိုးရ အနေဖြင့် နျူကလီယာ လက်နက် ဖျက်သိမ်းရေးအတွက် အလေးအနက် ထားသည်ကို ဦးစွာ သက်သေ ပြသင့်ကြောင်း ထင်မြင်ချက် ပေးကြသည်။

ယခုအထိ မျက်မြင် အခြေအနေ များအရ ချဉ်းကပ်မှုများမှာ အလုပ် မဖြစ်သေးကြောင်း တွေ့ရှိရသည်။ Institute for Science and International Security  က သောကြာနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ မြောက်ကိုးရီးယားသည် ယူရေနီယံ သန့်စင်မှုအတွက် သန့်စင်စက်များ တည်ဆောက်လျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ စက်ရုံများသည် Yongbyun ဓါတ်ပေါင်းဖိုမှ ထုတ်လုပ်သော ပလူတိုနီယမ် အပြင် နျူကလီယာ လက်နက်အတွက် ပစ္စည်းသစ် တစ်မျိုးကို ထုတ်ပေးနိုင်သည်။ ထို့အပြင် ၂၀၀၈ ခုနှစ်က ဖျက်ဆီးခဲ့သော Yongbyun  အအေးပေး တာဝါ နေရာတွင် မြေတူးခြင်း လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ကောင်းကင် ဓါတ်ပုံများအရ သိရှိရသည်။ အဆိုပါ အချက်မှာ နျူကလီယာ လက်နက် ပိုင်ဆိုင်သော နိုင်ငံအဖြစ် ညွှန်းဆိုနေသော မြောက်ကိုးရီးယား အစိုးရအတွက် ပလူတိုနီယမ်များ ပိုမို ထုတ်လုပ်ရန် ပြင်ဆင်နေခြင်းအတွက် သက်သေပင် ဖြစ်သည်။

ဒီမိုကရက်တစ် နိုင်ငံများက တောင်ဆိုချက်များနှင့် ဆန့်ကျင်ဖက်များကို လုပ်ဆောင် နေသော်လည်း၊ ကင်ဂျုံအီသည် တရုတ်နိုင်ငံမှ တဆင့်သော်လည်းကောင်း၊ သမ္မတဟောင်း ဂျင်မီကာတာမှ တဆင့် သော်လည်းကောင်း ၎င်းသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာလိုကြောင်း အချက်ပေး စကား ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲမှာ ဘွတ်ရှ်အစိုးရ လက်ထက် လွန်ခဲ့သော ငါးနှစ်ခန့်မှ စ၍ ပြုလုပ်ခဲ့သည့် မအောင်မြင်သော သံတမန်ရေးရာ လုပ်ငန်းစဉ် တစ်ခု ဖြစ်ခဲ့သည်။ "အခုတော့ ပြုံယမ်းက ညှိနှိုင်းရေး ဆွေးနွေးပွဲတွေ ပြန်လုပ်လိုတဲ့ စိတ်အား ထက်သန်မှု ရှိကြောင်း ထင်ထင်ရှားရှား ပြသနေပါပြီ" ဟု ဂျင်မီကာတာက ပြုံယမ်းသို့ သွားရောက် လည်ပတ်ပြီးနောက် ၎င်း၏ အမြင်ကို New York Times တွင် ပြီးခဲ့သည့် လက ရေးသားခဲ့သည်။ တစ်နည်း ပြောရလျှင် ကင်ဂျုံအီသည် အနောက် နိုင်ငံများသို့ နျူကလီယာ အစီအစဉ်များ ရပ်ဆိုင်းပြီး၊ လက်နက် ဖျက်သိမ်းရေး စကားပြောမှုများတွင် ပါဝင်လိုကြောင်း မျှော်လင့်ချက်များ ပေးပြီး အကူအညီများ တောင်းကာ အရေးယူမှုများ ရုပ်သိမ်းရေးကို ၎င်း၏ လှည့်စားချက်အား ပြန်လည် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

ကင်ဂျုံအီသည် ယခင်က ဘယ်သောအခါမျှ ရိုးရိုးသားသား ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်း မရှိပေ။ ဥပမာအားဖြင့် မြောက်ကိုးရီးယား အစိုးရသည် ယူရေနီယံ သန့်စင်မှု လုပ်ငန်းနှင့် ပတ်သက်၍ အသိပေးရန် ငြင်းဆန်ခဲ့ပြီး၊ ထိုကိစ္စကို အစောပိုင်း ဆွေးနွေးပွဲများတွင် ထည့်သွင်းခြင်း မပြုရန် ဘွတ်ရှ် အစိုးရသို့ အတင်းအကျပ် ဖိအားပေးခဲ့သည်။ ကင်ဂျုံအီသည် လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ လောလောဆယ် အလေးအနက် ရှိသည့်ပုံ မပေါ်ဘဲ ယင်း၏ နေရာ ဆက်ခံမည့် သူအဖြစ် သားဖြစ်သူ Kim Jong-un ကို ထားရန် ကြိုးစားလျက် ရှိသည်ကို ယင်း၏ ဗိုလ်ချုပ်များကလည်း မည်သို့မျှ မတတ်နိုင်ကြချေ။ အကယ်၍ Obama  အစိုးရသည် ဂျင်မီကာတာ၏ အကြံပြုချက်အတိုင်း တွေ့ဆုံ ညှိနှိုင်းရေးကို အလျင်စလို ပြုလုပ်မပါက၊ မြောက်ကိုးရီးယားတို့၏ တောင်းဆိုမှုများကို သဘော တူရလိမ့်မည် ဖြစ်ပြီး၊ ကင်ဂျုံအီ၏ အသွင် ကူးပြောင်းရေး ကိစ္စ အောင်မြင်အောင် ကူညီပေးသလို ဖြစ်တော့မည် ဖြစ်သည်။ အမေရိကန် အနေဖြင့် စိတ်ရှည်ရှည်နှင့် ပြုံယမ်းအပေါ် အရေးယူမှုများ ပိုမို တင်းကြပ်အောင် ဆက်လုပ်ရမည် ဖြစ်ပြီး၊ တရုတ်ကိုလည်း မြောက်ကိုးရီးယားအပေါ် နျူကလီယာ လုပ်ငန်းစဉ်များ လုပ်ကိုင်ခွင့် ပြုထားခြင်းသည် ဒေသတွင်း လုံခြုံရေးကို အန္တရာယ် ဖြစ်စေကြောင်း ရှင်းရှင်းလင်းလင်း သိစေရန် ဖြစ်သည်။ ထို့အပြင် မြောက်ကိုးရီးယား၏ ယူရေနီယံ သန့်စင်စက်များနှင့် နျူကလီယာ ပစ္စည်းများ အခြားနိုင်ငံများသို့ မတင်ပို့နိုင်ရေးကို ကာကွယ်ရန်လည်း ပစ်မှတ်ထား လုပ်ဆောင်ရမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, By Roger Harrabin, 9th October 2010

ုတ် နိုင်ငံတွင် ပြုလုပ်သော ကုလ သမဂရာသီဥတု ဆွေးနွေးပွဲမှာ အဓိက တိုးတက်မှုများ မရဘဲ Beijing ၏ အမေရိကန် အပေါ် စိတ်ဆိုးမာန်ဆိုး ပြောကြားမှုများဖြင့်သာ ပြီးဆုံးသွားခဲ့သည်။

Tianjin တွင် ကျင်းပသော အစည်းအဝေးတွင် တုတ်က အမေရိကန်အပေါ် ဓာတ်ငွေ့ ထုတ်လွှတ်ခြင်း ဖြတ်တောက်ရန် တာဝန် မယူခြင်းအတွက် အပြစ်တင်ခဲ့ပြီး ကုလသမဂစည်းမျဉ်းများကို ပြောင်းပြန်လှန်ရန် ကြိုးစားနေခြင်း အတွက်လည်း အပြစ်တင်ခဲ့သည်။

အမေရိကန်ကလည်း တုတ်သည် ယင်း၏ စွမ်းအင် ချွေတာရေး ကိုယ်ပိုင် အစီအစဉ်ကို နိုင်ငံတကာသို့ သက်သေ ပြရန် ငြင်းဆန်ခြင်းအတွက် စွပ်စွဲခဲ့သည်။

သို့သော် နိုဝင်ဘာလတွင် မကဆီကိုကျင်းပမည့် ရာသီဥတု ဆွေးနွေးပွဲအတွက် တိုးတက်မှု အချို့ ရရှိခဲ့သည်။

Cancun တွင် ပြုလုပ်သော အစည်းအဝေးတွင် ချမ်းသာသော နိုင်ငံများမှ ဆင်းရဲသော နိုင်ငံ များသို့ ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ပရောဂျက်များအတွက် တစ်နှစ်လျှင် အကူအညီငွေ ဒေါ်လာ ၁၀၀ ဘီလီယံ (ပေါင်စတာလင် ၆၃ ဘီလီယံ) ပေးရန် အသေးစိတ်အား သဘောတူလိမ့်မည်ဟု မျှော်လင့်ရသည်။

ထိုငွေ ပမာဏမှာ များပြားသော်လည်း မလုံလောက်သေးကြောင်း ဖွံ့ဖြိုးဆဲ နိုင်ငံများက ဖော်ပြ ခဲ့ကြသည်။

မြောက်ပိုင်း တုတ်မြို့ ဖြစ်သော Tianjin မြို့တွင် ကျင်းပသော တစ်ပတ်ကြာ အစည်းအဝေးတွင် အကြောင်းအရာ ဟောင်းများမှာ လိပ်ခဲတည်းလည်း ဖြစ်လျက်ပင် ရှိသေးသည်။ အမေရိကန်ကလည်း ယင်းသည် တရားမျှတမှု မရှိစွာ ဝေဖန်ခံရသည်ဟု ခံစားနေရသည်။

စနေနေ့က တုတ် ရာသီဥတု ဆိုင်ရာ စေ့စပ်ညိနှိုင်းသူ တစ်ဦးက အမေရိကန်သည် ယင်းကိုယ်ကို ထင်ပေါ်အောင်သာ ပြုမူလျက် ရှိကြောင်း စွပ်စွဲခဲ့ပြီး၊ ယင်းကိုယ်တိုင် အနည်းငယ်သာ လုပ်ဆောင်ပြီး တုတ်ကို မကျေမနပ် ပြောဆိုခဲ့ကြောင်း ဆိုသည်။

အမေရိကန် ကိုယ်စားလှယ် ခေါင်းဆောင် Jonathan Pershing က ပိုသံတမန် ဆန်သည်ကို တွေ့ရသည်။

သို့သော် မည်သည့် သဘော တူညီချက်မဆို တုတ်နိုင်ငံက ပါဝင်ရန် သဘော တူညီမှု မရှိပါက အမေရိကန်က လက်မှတ် ရေးထိုးလိမ့်မည် မဟုတ်ကြောင်း ယင်းက ပြောသည်။

စူပါပါဝါများ ဆွေးနွေးမှု မအောင်မြင်ခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း Tianjin တွင် တိုးတက်မှု အချို့ ရရှိခဲ့သည်။

အကယ် Cancun တွင် ဒေါ်လာ ၁၀၀ ဘီလီယံ ရန်ပုံငွေကို သဘောတူခဲ့လျှင် ယခု အစည်း အဝေးမှာ အလကား မဖြစ်ဟု သက်သေပြခြင်း ဖြစ်ပေမည်။

အဆိုပါ ကိစမအောင်မြင်ခဲ့လျှင် အနာဂတ်တွင် ကမ္ဘာ့ နိုင်ငံများကြား နိုင်ငံစုံ ဆောင်ရွက်မှုများ အတွက် အလားအလာ မကောင်းကြောင်း Tianjin တွင် တက်ရောက်လာသော သံတမန်များက သတိပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.