Transparency Myanmar

transparency.myanmar@gmail.com

From Bernama, 9th December 2010

      ၁၉၉၀ မှ ၂၀၀၉ ခုနှစ်အတွင်း မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံကြား စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ မလေးရှားရင်းဂစ် ၂၇.၆ ဘီလီယံရှိကြောင်း Dewan Rakyat က ကြာသပတေးနေ့က သိရှိခဲ့ရသည်ဟု ဆိုသည်။

      မလေးရှား၏ ပို့ကုန် စုစုပေါင်း တန်ဖိုး ရင်းဂစ် ၂၂.၆ ဘီလီယံရှိပြီး သွင်းကုန်မှာ ရင်းဂစ်(RM) ၅ ဘီလီယံ ရှိကြောင်း နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဒုဝန်ကြီး Datuk Jacob Dungau Sagan က မေးခွန်းများ ဖြေကြားစဉ် ပြောခဲ့သည်။

      M. Manogaran က ၁၉၉၀ မှ ၂၀၀၉ အတွင်း မလေးရှားနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်မှု တန်ဖိုးကို မေးခဲ့ရုံမျှမက ထုတ်ကုန်သွင်းကုန် ပြုလုပ်ခဲ့သည့် ပစ္စည်းအမျိုးအစားများကိုပါ မေးခဲ့သည်။

      မြန်မာနိုင်ငံတွင် သဘာဝ သယံဇာတများပေါများသည်ဟု ဆိုသော်လည်း မလေးရှားနှင့် ကုန်သွယ်ရာတွင် အကန့်အသတ်များ ရှိသည်ဟု Jacob က ပြောသည်။

      "ပမာဏ အများဆုံးကတော့ ၂၀၀၈ ခုနှစ်ပါ။ RM ၁.၆၃ ဘီလီယံ ရှိပါတယ်။"

      "၂၀၀၉ ခုနှစ်မှာ မလေးရှားက ထုတ်ကုန် RM ၇၄၄ သန်း ရှိခဲ့ပြီး၊ မြန်မာနိုင်ငံက သွင်းကုန် RM ၅၀၇ သန်း ရှိခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

      မလေးရှားမှ မြန်မာနိုင်ငံသို့ တင်ပို့သော ပစ္စည်းများတွင် စားအုန်းဆီ၊ ဓာတုပစ္စည်းများ၊ လောင်စာဆီ၊ စားသောက်ကုန်နှင့် စက်ပစ္စည်းများ ဖြစ်သည်။

      မြန်မာနိုင်ငံမှ တင်သွင်းသော အဓိကပစ္စည်းများမှာ ရာဘာ၊ ဟင်းသီးဟင်းရွက်နှင့် အမြစ်များ၊ ပင်လယ်စာများ၊ သစ်နှင့် စားသောက်ကုန်များ ဖြစ်ကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Anita Snow, From Washington Post, 8th December 2010

      တရုတ်နိုင်ငံ၏ တိုင်းရင်းသား သတင်းထောက်များအား နှိပ်ကွပ်ခြင်းနှင့် အီရန်နိုင်ငံ၏ ဝေဖန်သူများကို ဖိနှိပ်ခြင်းများသည် တကမ္ဘာလုံး အနေဖြင့် ထောင်ချခံရသော သတင်းစာဆရာ ဦးရေ ၁၄၅ ဦးအထိ တိုးပွားစေခဲ့ကြောင်း၊ ၁၄ နှစ်အတွင်း အများဆုံး ဖြစ်စေခဲ့ကြောင်း Committe to Protect Journalists က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

      ၂၀၀၉ နှစ်ကုန်က ထောင်ထဲတွင်ရှိသော သတင်းစာဆရာအရေအတွက်မှာ ကိုးဦးသာ ရှိခဲ့ကြောင်း ကော်မတီက ဆိုသည်။

      နယူးယောက် အခြေစိုက် အဆိုပါ အဖွဲ့၏ အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ရာတွင် တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံတွင် ထောင်ချခံရသော သတင်းစာဆရာ ၃၄ စီရှိရာ၊ တစ်ကမ္ဘာလုံး ထောင်ချခံရသော သတင်းထောက်၊ အယ်ဒီတာနှင့် ဓာတ်ပုံသတင်းထောက် စုစုပေါင်း၏ တစ်ဝက်နီးပါး ရှိသည်ဟု ဖော်ပြထားသည်။

      ထောင်ချခံရသော သတင်းစာဆရာ ဦးရေတွင် Eritrea တွင် ၁၇ ဦး၊ မြန်မာနိုင်ငံတွင် ၁၃ ဦးနှင့် ဥဘက်ကစ္စတန်တွင် ၆ ဦး အသီးသီးရှိကြောင်း ကော်မတီက ဖော်ပြသည်။

      တကမ္ဘာလုံးတွင် အကျဉ်းချခံရသော သတင်းစာဆရာများ အနက် ၆၄ဦးခန့်မှာ အလွတ်တန်း သတင်းစာဆရာများ ဖြစ်ကြောင်း ဆိုသည်။

      "ကမ္ဘာပေါ်မှာ ထောင်ချခံရတဲ့ သတင်းစာဆရာတွေ တိုးလာတာဟာ တုန်လှုပ်စရာ ကောင်းတဲ့ အချက်တစ်ခုပါ။ မွှေနေတာကလည်း လက်တဆုတ်စာသာရှိတဲ့ နိုင်ငံတွေဖြစ်ပြီး၊ စနစ်တကျကို ထောင်ချနေတာပါ" ဟု အမှုဆောင် ဒါရိုက်တာ Joel Simon က ပြောသည်။

      သာမန်အားဖြင့် ထောင်ချခံရသော သတင်းစာဆရာများသည် အစိုးရ ဆန့်ကျင်ရေး စွဲချက်များဖြင့် ဖြစ်ကြောင်း၊ တချို့မှာ စွဲချက်ပင် မရှိပဲ ဖမ်းခံရကြောင်း ကော်မတီက ပြောသည်။ တရုတ်နှင့် အီရန်တွင် မသေချာ မရေရာသော အစိုးရ ဆန့်ကျင်ရေး စွဲချက်များဖြင့်သာ ဖမ်းဆီးလျက် ရှိကြောင်း ဆိုသည်။

      အီရန်နိုင်ငံသည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲလွန်ကာလ နှိပ်ကွပ်မှုများ အပြီးတွင်ပင် ဆက်လက် ဖမ်းဆီးလျက်ရှိရာ လွန်ခဲ့သည့် နှစ်လအတွင်း လေးဦးခန့် ထိန်းသိမ်းခဲ့ကြောင်း ကော်မတီက ပြောသည်။

      တရုတ်နိုင်ငံတွင်မူ ဖမ်းဆီးမှုများ တိုးပွားလာရခြင်းမှာ Uighur နှင့် တိဗက် သတင်းစာဆရာများက တိုင်းရင်းသားကိစ္စများနှင့် ဒေသဆိုင်ရာ မငြိမ်သက်မှုများတွင် ရက်စက်မှုများကို ဘောင်ကျော် ရေးသားမှုများအတွက် ဖမ်းဆီး ထောင်ချနေသောကြောင့် ဖြစ်သည်ဟု ကော်မတီက ရေးသားထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တိုင်းရင်းသားလူမျိုး စုံလင်လှသော မြန်မာနိုင်ငံတွင် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်နယ်တပ်မတော် (SSA) သည် အင်အားအကြီးများဆုံး သူပုန်အုပ်စုများထဲတွင် ပါဝင်သည်။ သတင်းများအရ မြန်မာစစ်အစိုးရကသာ တိုင်းရင်းသားလူနည်းစုအုပ်စုများနှင့် ဒိုင်ယာလော့ခ် မပြုလုပ်ပါက တိုက်ခိုက်မှုများ ပိုမိုမြင့်တင်လာမည်ဖြစ်သည်ဟု SSA ကသတိပေးကြေညာလိုက်သည်။

"တကယ်လို့သာ ပြည်နယ်တွေအားလုံးနဲ့ လက်နက်ကိုင်အုပ်စုတွေအားလုံး စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ညီညွတ်မှုရှိကြမယ်ဆိုရင် ကျွန်တော်တို့တတွေမှာ မြန်မာစစ်တပ်နဲ့ညီမျှတဲ့ စစ်အင်အား ရှိလာမှာပါ။ စစ်အစိုးရမှာ စစ်လက်နက်ပစ္စည်းတွေ ပိုရှိနေမယ်ဆိုရင်တောင်မှ ကျွန်တော်တို့ အားလုံးကို တိုက်ခိုက်နိုင်မှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်သားတွေမှာ ဦးတည်ချက် မရှိလို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်တိုက်တယ်ဆိုတာက ကိုယ့်ဦးတည်ချက် ကိုယ်စီရှိကြလို့ပါ" SSA ၏ ဥက္ကဌဖြစ်သူ ရွက်ဆစ်၏ ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းဌာနက ပြောကြားသည်။

နိုင်ငံရေးအရ အဆုံးအဖြတ်ပြုလုပ်ရမည့် ဖြစ်စဉ်များတွင် စစ်အစိုးရက တိုင်းရင်းသား လူနည်းစုများကို ဖယ်ထုတ်ခဲ့ပါက နယ်စပ်ဒေသများ၌ တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ရွက်ဆစ်က ပြောကြားသည်။ "တကယ်လို့သာ နောင်တက်မယ့်အစိုးရအဖွဲ့သစ်က ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တိုင်းရင်းသား လူနည်းစုတွေကို ပါဝင်ခွင့်မပြုဘူးဘဲ လက်နက်အသုံးပြုပြီး ဖိအားပေးမှုတွေ လုပ်နေမယ်ဆိုရင် နယ်စပ်ဒေသမှာ အခုထက် တိုက်ပွဲတွေဖြစ်ပွားလာပါလိမ့်မယ်" ဟု ၎င်းကဆိုသည်။

မြန်မာစစ်အစိုးရသည် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များနှင့် အရပ်ဘက်အစိုးရသစ်တစ်ရပ် ဖွဲ့စည်းရန်စီစဉ်လျက်ရှိသည်။ မြန်မာနိုင်ငံရှိ အချို့နေရာများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သဘောတူညီချက် ရှိထားသည့်တိုင် စစ်အစိုးရက အချို့သော ပြည်နယ်များ၌ ရွေးကောက်ပွဲကျင်းပခွင့်ပိတ်ပင်ခဲ့သည်။ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် သူပုန်အုပ်စုများသည် အရှေ့တောင်အာရှတွင် အင်အားအကြီးဆုံး မြန်မာစစ်တပ်ကို ဆန့်ကျင်ရန် ထောင်ပေါင်းများစွာသော စစ်သားများ လေ့ကျင့်မွေးထုတ်ပေးလျက် ရှိကြောင်းသိရသည်။

Press TV မှသတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.