Transparency Myanmar

transparency.myanmar@gmail.com

(Reliefweb မှ 11 Jan 2011 ရက်စွဲပါ U.S Government Provides Additional $ 1.5 million for Victims of Cyclone Giri သတင်းကို ဘာသာ ပြန်ဆိုသည်။)

အမေရိကန် ပြည်ထောင်စု အစိုးရနှင့် ပြည်သူများသည် ၂၀၁၀ အောက်တိုဘာလက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို တိုက်ခတ်သွားသော ဂီရိ ဆိုင်ကလုန်းကြောင့် ဒုက္ခ ရောက်နေသူများကို စားနပ်ရိက္ခာ အကူအညီ ဒေါ်လာ ၁.၅ သန်း ထပ်တိုး ကူညီရန် ကြေညာကာ နှစ်သိမ့် ဝမ်းမြောက်လျက် ရှိသည်။ ရေနှင့် သန့်ရှင်းရေး၊ အမိုးအကာ ပစ္စည်းများ အပါအဝင် အရေးပေါ် ကူညီ ထောက်ပံ့မှုများ အတွက် အမေရိကန် ဒေါ်လာ ၃ သိန်း ကနဦး ကူညီ လှူဒါန်းခဲ့ပြီးနောက် ယခု ဆက်လက် လှူဒါန်းခြင်း ဖြစ်သည်။

ဆိုင်ကလုန်း ဒဏ်ခံ ပြည်သူများ အတွက် စားနပ်ရိက္ခာ ဝယ်ယူရန် ဒေါ်လာ ၁.၅ သန်းကို US Agency for International Development (USAID) က ကုလ သမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်ထံ ပေးအပ် လှူဒါန်းမည် ဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာ ၂၂ ရက်က မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းကို ဂီရိ ဆိုင်ကလုန်း ဝင်ရောက် တိုက်ခတ်ခဲ့ရာ လူပေါင်း ဒါဇင်နှင့် ချီ၍ သေဆုံးကာ ထောင်နှင့် ချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်စေခဲ့ပြီး အခြေခံ အဆောက်အဦးများနှင့် စိုက်ပျိုးမြေများကို ဆိုးဆိုးဝါးဝါး ပျက်စီး စေခဲ့သည်။

အဆိုပါ ဆိုင်ကလုန်း ဒဏ်ကြောင့် ရခိုင်ပြည်နယ် ဒေသခံများမှာ အခက်အခဲများ ဆက်လက် ကြုံတွေ့နေရဆဲ ဖြစ်ပြီး၊ လူပေါင်း ၂ သိန်းကျော်မှာ စားနပ်ရိက္ခာ ကူညီ ထောက်ပံ့မှုကို လိုအပ်နေဆဲ ဖြစ်သည်။

၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် ဒဏ်ခံ မြန်မာ ပြည်သူများကို အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၈၃ သိန်းကျော် လှူဒါန်းခဲ့ပြီးနောက် ယခု နောက်ဆုံး လူသားချင်း စာနာသော အကူအညီများကို ဆက်လက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယခု ကူညီမှုသည် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နေရသော မြန်မာ ပြည်သူများကို ကူညီလိုသော အမေရိကန် ပြည်ထောင်စု၏ စိတ်ဆန္ဒကို ထပ်မံ ပေါ်လွင်စေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment