Transparency Myanmar

transparency.myanmar@gmail.com

(The Asian Age မှ 11 Jan 2011 ရက်စွဲပါ Battle continues near the Thai-Myanmar Border သတင်းကို ဘာသာပြန်ဆိုသည်။)

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း တပ်ခ်ပြည်နယ် မဲဆောက်ခရိုင်အနီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင်တပ်များ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် ကရင် DKBA တပ်ဖွဲ့များအကြား တိုက်ပွဲသည် တနင်္လာနေ့က စတင် ဖြစ်ပွားခြင်း ဖြစ်ပြီး၊ မဲဆောက်ခရိုင် ကော့မနော အနီးမှ မြန်မာ စစ်သားများ၏ စခန်းတစ်ခုကို DKBA တပ်များက ဝိုင်းထားပြီး၊ အမြောက်များဖြင့် ပစ်ခတ်ခဲ့သလို မြန်မာ စစ်သားများကလည်း ကိုယ့်ကိုကိုယ် ကာကွယ်ရန် အပြင်းအထန် ပြန်လည် ပစ်ခတ်ကာ DKBA တပ်များ ရှေ့မတိုးနိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့သည်။

အမြောက် ကျည်ဆံ ၁၁ ခု ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့ခြင်းကြောင့် မဲဆောက်ရှိ ထိုင်း-မြန်မာ နယ်ခြားကော်မတီ TBC အကြီးအကဲက မြဝတီမှ TBC ရုံးသို့ စာတစ်စောင် ပေးပို့ကာ မြန်မာ စစ်သားများ ပစ်မှတ်ကို သေချာစွာ ပစ်ခတ်ကြရန်နှင့် ထိုင်းနိုင်ငံတွင်းသို့ မပစ်ခတ်ကြရန် တိုက်တွန်းလိုက်သည်။ နယ်စပ်အနီး နေထိုင်သော ထိုင်းရွာသားများက ကော့မနောရှိ ၎င်းတို့၏ ပြောင်းခင်း၊ ပဲခင်းများ အတွင်းမှ မပေါက်ကွဲသေးသော အမြောက်ဆံများကို ဖယ်ရှားပေးရန် ထိုင်းတပ်ဖွဲ့များကို တောင်းဆိုထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment