Transparency Myanmar

transparency.myanmar@gmail.com

(The Straits Times မှ 10 Jan 2011 ရက်စွဲပါ Red Shirts mark New Year with new protest pledge သတင်းကို ဘာသာ ပြန်ဆိုသည်။)

ဘန်ကောက် မြို့တော်တွင် တနင်္ဂနွေနေ့က စုဝေးခဲ့ကြသော ရှပ်နီ ၃ သောင်းခန့်က ၎င်းတို့သည် ယခင်နှစ် ဗရမ်းဗတာ အကြမ်း ဖက်မှုများမှ သင်ခန်းစာများ ရရှိခဲ့ကြောင်းနှင့် နှစ်သစ် အတွက် မဟာ ဗျူဟာသစ် ချမှတ်ထားကြောင်း ပြောကြားခဲ့ကြသည်။

မနှစ်က ၎င်းတို့၏ ကြီးမားသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်က သွေးစွန်းအောင် ဖြိုခွဲခဲ့ပြီး နောက်ပိုင်း ဘန်ကောက် မြို့တော်တွင် ကြီးမားစွာ အင်အားပြသည့် အနေဖြင့် ချီတက်ခဲ့ကြရာ အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀၀၀ ကို တပ်ဖြန့် ထားခဲ့ရသည်။

ဆန္ဒ ပြသူများသည် ၎င်းတို့၏ အမှတ် အသား ရှပ်နီများကို ဝတ်ဆင်ကာ "လုံးဝ အကြမ်းမဖက်" ဟူသော နဖူးစည်း ပိုစတာများ ကိုင်ဆောင်ရန် လက်ခုပ်တီး သီချင်းဆိုကာ ချီတက်ခဲ့ကြသည်။

လူပေါင်း ၃ သောင်းခန့် စုဝေး ချီတက်ခဲ့ကြသည်ဟု မြို့တော် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ် ပီယာအူတာယိုက AFP သို့ ပြောကြားခဲ့သော အဆိုပါ ကိန်းဂဏန်းကို အထူးတပ်ဖွဲ့ သတင်းရပ်ကွက်က အတည်ပြုခဲ့သည်။

တနင်္ဂနွေနေ့က ချီတက်ပွဲ ခေါင်းဆောင်များက "မနှစ်က အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့သော စုဝေး ပိတ်ဆို့မှုမျိုးကို မပြုလုပ်ပဲ နှစ်လ တစ်ကြိမ် ချီတက်ပွဲများ ကျင်းပကာ ၎င်းတို့၏ တောင်းဆိုချက်များ ရရှိသည်အထိ တိုက်ပွဲ ဝင်သွားရန် သန္နိဋ္ဌာန် ချထားသည်" ဟု ပြောကြားသည်။

ပြီးခဲ့သော မတ်လမှ မေလအထိ မငြိမ်သက်မှုများတွင် ဆန္ဒပြသူများက ဝန်ကြီးချုပ် အဘီဆစ် နုတ်ထွက်၍ ရွေးကောက်ပွဲ ကျင်းပအောင် ဖိအားပေးရန် ကြိုးစားခဲ့ကြသဖြင့် လူပေါင်း ၉၀ ကျော် အသက် ဆုံးရှုံးခဲ့ကြရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment