Transparency Myanmar

transparency.myanmar@gmail.com

(pennenergy.com မှ 13 Jan 2011 ရက်စွဲပါ Eric Walkins ၏ Sinopec confirms gas find in Myanmar သတင်းကို ဘာသာ ပြန်ဆိုသည်။)

Sinopec International Petroleum Corp နှင့် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း MOGE တို့၏ ဖက်စပ် လုပ်ငန်း ဖြစ်သော Burma Petroleum Co Ltd က မြန်မာနိုင်ငံတွင် ကြီးမားသော ဓာတ်ငွေ့သိုက် တစ်ခု တွေ့ရှိမှုကို အတည်ပြုခဲ့သည်။

တရုတ် ကုမ္ပဏီ ဦးဆောင်သော အုပ်စုက မြန်မာ နိုင်ငံ အလယ်ပိုင်းတွင် သဘာဝ ဓာတ်ငွေ့ ၉၀၉ bcf (ကုဗပေ သန်းထောင်ပေါင်း) နှင့် ဓာတ်ငွေ့ရည် ၇.၁၆ သန်း bbl တွေ့ရှိခဲ့ကြောင်း မြန်မာ အစိုးရ မီဒီယာက အစောပိုင်း သတင်းများ ဖော်ပြ ခဲ့ပြီးနောက် ယခု သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

Sinopec ဥည် ကျယ်ကျယ် ပြန့်ပြန့် စမ်းသပ် လေ့လာမှုများ အပြီးတွင် ပုထိုးလွန် ဓာတ်ငွေ့သိုက်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု တရားဝင် သတင်းများက ဆိုသည်။ ဆက်လက် စမ်းသပ်မှုများကိုလည် ပြုလုပ်နေသည်ဟု သိရသည်။

ပြီးခဲ့သော နိုဝင်ဘာလကလည်း မြန်မာနိုင်ငံ အလယ်ပိုင်းတွင် Sinopec က ဓာတ်ငွေ့ တွေ့ရှိကြောင်း သတင်းများ ကြားသိရသော်လည်း တွေ့ရှိသည့် ဓာတ်ငွေ့သိုက်၏ ပမာဏ အတိုင်း အတာကို ရှင်းလင်းစွာ မသိရပါ။ Sinopec ၏ ပြောရေး ဆိုခွင့် ရှိသူကမူ ဓာတ်ငွေ့ တွေ့ရှိမှုနှင့် ပတ်သက်၍ မည်သည့် သတင်းမှ မရရှိပါဟု ဆိုသည်။ မြန်မာ အစိုးရပိုင် MOGE ၏ အင်ဂျင်နီယာချုပ် ဦးဝင်းမြင့်က Sinopec သည် မန္တလေး၏ အနောက်မြောက် ၁၄၀ ကီလိုမီတာ အကွာ မုံရွာ အနီးတွင် ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေနေသည်ဟု ပြောကြားခဲ့သည်။

Sinopec က စလင်း ချိုင့်ဝှမ်းရှိ သင်္ဂဒုံ (၁) အစမ်းတွင်းနှင့် ပဒတ်ကုန်း ၃ အစမ်းတွင်းများကို တူးဖော်ကာ ရှာဖွေ စမ်းသပ်နေသော ကုန်တွင်း လုပ်ကွက် D တွင် တွေ့ရှိခြင်း ဖြစ်ရန် များသည်ဟု IHS Global Insight က ဆိုသည်။

ပြည်ပမှ တင်သွင်းလာသော ရေနံစိမ်းများနှင့် မြန်မာ ကမ်းလွန် ဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့များကို တရုတ်ပြည် အနောက်တောင်ပိုင်းသို့ သယ်ယူမည့် အမွှာပိုက်လိုင်း စီမံကိန်းများ အပါအဝင် မြန်မာနိုင်ငံတွင် ရှိနှင့်ပြီးသား အခြား တရုတ် စီမံကိန်းများတွင် ယခု တွေ့ရှိမှု ထပ်တိုးလာခြင်း ဖြစ်သည်။

တရုတ်ပြည် အနောက်တောင်ပိုင်း ကုန်းတွင်းပိတ် ယူနန်ပြည်နယ် မြို့တော် ကူမင်း အနီးရှိ အန်နင်းမြို့တွင် CNPC က အမွှာ ပိုက်လိုင်း တည်ဆောက်မှုကို စတင်လျက် ရှိသည်။

ရေနံစိမ်း စည်ပေါင်း တစ်ရက်လျှင် ၄၄၀၀၀၀၀ နှင့် ဓာတ်ငွေ့ တစ်ရက်လျှင် ၁၂ ဘီလျံ ကုဗမီတာ သယ်ပို့ရန် စီစဉ်ထားသော အမွှာပိုက်လိုင်း နှစ်ခုကို မြန်မာ အနောက်ဖက် ကမ်းရိုးတန်း ကျောက်ဖြူ ဆိပ်ကမ်းတွင် ပြီးခဲ့သော ဇွန်လက တည်ဆောက်မှု စတင်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment