Transparency Myanmar

transparency.myanmar@gmail.com

(14 Jan 2011 ရက်စွဲပါ AFP ၏ Japan cabinet resigns ahead of reshufflu: ministers ကို တိုက်ရိုက် ဘာသာပြန်သည်။)

ဂျပန်နိုင်ငံတွင် ကက်ဘိနက်အား အပြောင်းအလဲများ ပြုလုပ်ရန် ကက်ဘိနက် အဖွဲ့ဝင်များ နုတ်ထွက်ခဲ့ကြောင်း အဖွဲ့ဝင်များက ပြောသည်။ ဝန်ကြီးချုပ် Nasto Kan သည် လွတ်လပ်သော ကုန်သွယ်ရေး မူဝါဒများနှင့် ငွေကြေးနှင့် အခွန် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ကူညီနိုင်ရေး အတွက် ဝန်ကြီး အသစ်များ ခန့်အပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

ဝန်ကြီးချုပ်သည် ကက်ဘိနက် အဖွဲ့ဝင်များထံမှ အကူအညီ နည်းပါးစွာဖြင့် ရုန်းကန် နေရခြင်းကြောင့် ကက်ဘိနက် အဖွဲ့ဝင် အချို့ကို ပြောင်းလဲမည် ဖြစ်ကြောင်းနှင့် ၎င်း၏ ဗဟို-လက်ဝဲ ဒီမိုကရက်တစ် ပါတီ ဂျပန် (DPJ) ၏ ခေါင်းဆောင်မှုကို ယခုလ စတင်မည် ဖြစ်ပြီး ပါလီမန် အစည်းအဝေး မတိုင်မီ ပြောင်းလဲမည် ဖြစ်ကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်သည် သောကြာနေ့တွင် အသက် ၇၂ နှစ် အရွယ်ရှိ ရှေးရိုးစွဲ ဝါဒီသမား ဘဏ္ဍာရေး ဝန်ကြီးဟောင်း Kaoru Yosano အား ၎င်း၏ ငွေကြေးဆိုင်ရာ မူဝါဒ ဝန်ကြီးအဖြစ် ခန့်အပ်ရန် ရှိပြီး အခွန်ဆိုင်ရာနှင့် လူမှု ဖူလုံရေး အကြီးအကဲ အဖြစ် ထားရှိမည် ဖြစ်ကြောင်း မီဒီယာ သတင်းများက ပြောသည်။

၎င်း၏ တာဝန်မှာ ဂျပန်နိုင်ငံ၏ နိုင်ငံတော် ဘဏ္ဍာရေး ဟန်ချက်ညီရေးကို ကူညီ ဆောင်ရွက် ပေးရမည် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ပြည်သူလူထု၏ ကြွေးမြီသည် ယခုအခါ ဒေါ်လာ ၅ ထရီလီယံ စီးပွားရေး၏ နှစ်ဆ ဖြစ်နေပြီး၊ တိုင်းပြည်ရှိ လူများ၏ သက်တမ်း ရှည်လာသောကြောင့် အစိုးရ အပေါ် ဖိအားများ ပိုခဲ့ရသည်။

ဝန်ကြီးချုပ်သည် ကုန်သွယ်ရေး ဝန်ကြီး Akiihiro Ohata ကိုလည်း ဖယ်ရှားလိမ့်မည်ဟု မျှော်လင့်ရသည်။ ၎င်းသည် ကိုးနိုင်ငံ အငြင်းအခုန် ဖြစ်လျက် ရှိသော အမေရိကန် ကျောထောက် နောက်ခံပြု Trans-Pacific Partnership သို့ ဝင်ရောက်ရန် ဝန်ကြီးချုပ်က ဖိအားပေးမှုအား လုပ်ဆောင်ရန် နှေးကွေးနေခဲ့သည်။

ထိုအဖွဲ့သို့ ဝင်ရောက်ရန် ဂျပန် စက်မှုလုပ်ငန်း ကြားဝင် ဆောင်ရွက်သူများက ပြင်းထန်စွာ ကျောထောက် နောက်ခံပြုလျက် ရှိသော်လည်း နိုင်ငံရေးအရ အာဏာ ရှိသော လယ်သမား အုပ်စုက ဈေးပေါသော သွင်းကုန်များ၊ အထူးသဖြင့် ဆန်ပေါများစွာ ဝင်ရောက်လာမည်ကို ကြောက်သောကြောင့် ဆန့်ကျင်လျက် ရှိသည်။

နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနှင့် ကာကွယ်ရေး ဝန်ကြီးများမှာမူ ကက်ဘိနက် အသစ်တွင် ၎င်းတို့၏ နေရာဟောင်းကို ပြန်ရလိမ့်မည်ဟု မျှော်လင့်ရသည်။ ကက်ဘိနက် အသစ်ကို နေ့လည်ပိုင်းတွင် ကြေညာရန် ရှိပြီး ညနေပိုင်းတွင် ဂျပန် ဧကရာဇ် Akihito ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဟု မီဒီယာ သတင်းများက ဆိုသည်။

သုံးသပ်သူများက ပြောကြားရာတွင် ဝန်ကြီးချုပ်အား ရှေးရိုးစွဲ ဝါဒီ အတိုက်အခံက တွန်းအား ပေးခဲ့ကြောင်း၊ အတိုက်အခံက အရေးကြီးသော ဘတ်ဂျက် ဘဏ္ဍာရေး ဥပဒေများကို ထိန်းထားရန် ခြိမ်းခြောက်ခဲ့သည်။ သို့သော် ဝန်ကြီးချုပ် Kan သည် လူသိရှင်ကြား ဝေဖန်သော ကက်ဘိနက် အဖွဲ့ဝင် နှစ်ဦးအား ထုတ်ပယ်ပစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment