Transparency Myanmar

transparency.myanmar@gmail.com

(Xinhua သတင်းဌာနမှ 17 January 2011 ရက်စွဲပါ "U.S aid agency says may extend funding to Philippines if it can reduce corruption" သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စု ကယ်ဆယ်ရေး အေဂျင်စီက ဖိလစ်ပိုင် နိုင်ငံအား ယခုနှစ်အတွက် အာမို ရန်ပုံငွေ ထပ်မံ ထပ်မံ တိုးပေးရန် စဉ်းစားဖွယ် ရှိသော်လည်း သမ္မတသစ် ဘီနစ်နို အကွီနို(၃) အား အဂတိ လိုက်စားမှု တိုက်ဖျက်မည့် ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်ကို ပထမဆုံး ပြသရန် တောင်းဆို လိုက်သည်။

Millennium Challenge Corporation (MCC) က ကြာသပတေးနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် "အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အပါအဝင် MCC ၏ စံညွှန်းနှင့် မူဝါဒများ၊ သဘော တူညီချက်ပါ ရည်မှန်းချက်နှင့် အကောင်အထည် ဖော်မှုများကို အစိုးရ အဖွဲ့သစ်က တာဝန် ယူစေလိုသော MCC ၏ ဆန္ဒကို နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဦးဆောင်သော MCC ဘုတ်အဖွဲ့က ထပ်မံ ပြောကြားခဲ့သည်" ဟု ဖော်ပြထားသည်။

MCC ဘုတ်အဖွဲ့က ဝင်ငွေနိမ့်နှင့် ဝင်ငွေ အလယ် အလတ် အဆင့် မမီသော တိုင်းပြည်များတွင် ရင်းနှီးမြှုပ်နှံသည့် ၎င်း၏ လုပ်ငန်း တာဝန်ကို ပြန်လည် သုံးသပ်မှု ပြုလုပ်ပြီးနောက် အချိန်တို အတွင်း ကြေညာချက် ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ ပြက္ခဒိန် နှစ်တွင် ဖိလစ်ပိုင်၊ ဂျော်ဒန်၊ မာလာဝီ၊ ၂၀၁၁ ပြက္ခဒိန်နှစ်တွင် အင်ဒိုနီးရှား၊ ဇမ်ဘီယာ၊  ကိပ်ဗာဒီ နိုင်ငံများနှင့် ရန်ပုံငွေ ပေးအပ်ရေး သဘောတူညီချက် ရရှိထားမှုကို စဉ်းစား သုံးသပ်ရန် မျှော်လင့် ထားသည်ဟု MCC ဘုတ်အဖွဲ့က ပြောကြားသည်။

ဖိလစ်ပိုင် နိုင်ငံသည် အစိုးရ အဖွဲ့အတွင်း အဂတိ လိုက်စားမှု ရေရှည် ပြဿနာကြောင့် ယခင် နှစ်က MCC ထံမှ ပမာဏ များပြားသော ရန်ပုံငွေ ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ဖိလစ်ပိုင် နိုင်ငံကို ၎င်း၏ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် MCC သဘောတူညီချက် အစီအစဉ်အောက်မှ ထပ်တိုး ရန်ပုံငွေ အတွက် အသစ် လျှောက်ထားရန် ပြန်လည် ရွေးချယ် ခဲ့သည်။

MCC သည် အမေရိကန် ပြည်ထောင်စု အစိုးရ ကော်ပိုရေးရှင်း တစ်ခု ဖြစ်ပြီး Millennium Challenge Account (MCA) ရန်ပုံငွေ အစီအစဉ်ဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် စီးပွားရေး ဖွံ့ဖြိုးမှု အတွက် ပူးပေါင်း လုပ်ဆောင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment