Transparency Myanmar

transparency.myanmar@gmail.com

(The Straits Times မှ 19 Jan 2011 ရက်စွဲပါ "Vietnam's Communist elist pick new boss" သတင်းကို ဘာသာပြန်ဆိုသည်)

ဗီယက်နမ်နိုင်ငံတွင် တိုင်းပြည်၏ ပေါက်ကွဲ ကြီးထွားမှုကို အဆက်မပြတ် ထိန်းသိမ်းရန် ကြိုးစားသည့် အနေဖြင့် အလယ်အလတ်ဝါဒီ တစ်ဦးကို ရွေးချယ် တာဝန် ပေးခြင်း မပြုမီ နိုင်ငံရေးသမားများ အာဏာအတွက် ပြိုင်ဆိုင်ခဲ့ကြသည့် လျှို့ဝှက်အစည်းအဝေးများ တစ်ပတ်ခန့် ကျင်းပအပြီး အင်္ဂါနေ့တွင် ဗီယက်နမ် ကွန်မြူနစ်ပါတီ ထိပ်ပိုင်း အလွှာက ပါတီ ခေါင်းဆောင်သစ်ကို ရွေးချယ် တင်မြှောက်လိုက်သည်ဟု ပါတီတွင်း သတင်းရပ်ကွက်က ပြောကြားသည်။

အများ မျှော်လင့်ထားကြသည့် အတိုင်း လက်ရှိ လွှတ်တော် အစည်းအဝေး သဘာပတိ ငုယင်ဖူထရောင် (၆၆)နှစ်ကို ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ပေးလိုက်သည်ဟု အမည်မဖော်လိုသော ပါတီ တာဝန်ရှိသူများ၏ အဆိုအရ သိရှိရသည်။

နိုင်ငံ၏ အခြားထိပ်ပိုင်း ရာထူးနေရာများတွင် ခန့်အပ်ခံရလိမ့်မည်ဟု မျှော်လင့်ရသော ထိပ်ပိုင်း အဆင့်ပါတီဝင် ၃ ဦး ကိုလည်း သြဇာကြီး ပေါလစ် ဗျူရိုတွင် ပြန်လည် ရွေးချယ်ခဲ့သည်ဟု အဆိုပါ ပါတီတာဝန်ရှိသူများက ဆက်လက် ပြောကြားသည်။

ထိပ်ပိုင်း ရာထူးများကို မည်သူ ရယူသည် ဖြစ်စေ၊ အရေးမကြီးပါ တိုင်းပြည်၏ ဂရုတစိုက် ရေးဆွဲ ဖန်တီးထားပြီးဖြစ်သော လမ်းကြောင်းမှ သွေဖယ်သွားလိမ့်မည် မဟုတ်ဟု လေ့လာ ဆန်းစစ်သူများက ယခင်ကပင် ပြောကြားထားသည်။

ကင်ဘာရာရှိ Australian Defense force Academy မှ ဗီယက်နမ်ရေးရာ ကျွမ်းကျင်သူ Carl Thayer က "ဒါက ဦးနှောက် သွေးကြောစနစ်လို အရေးပါတဲ့ ကိစ္စများ မဟုတ်ပါဘူး၊ တစ်ယောက် ထုတ်ပြီး နောက်တစ်ယောက် သွင်းလိုက်တာပါ၊ နေရာလုတဲ့ တိုက်ပွဲတစ်ခု ပေါ့ဗျာ၊ နိုင်ငံရေး ရာထူး ဝေခြမ်းရေး လုပ်တာပါ" ဟု မှတ်ချက်ပေးသည်။

ပါတီ ခေါင်းဆောင်သစ်နှင့် သြဇာကြီး ပေါလစ်ဗျူရိုကို အင်္ဂါနေ့တွင် ရွေးချယ်ပေးမည့် ဗဟို ကော်မတီဝင်သစ် ၂၀၀ ကို ရွေးချယ်ရန်အတွက် တစ်ဦးကို တစ်ဦး ရဲဘော်ဟု နှုတ်ဆက်တတ်သည့် ကွန်မြူနစ် ပါတီကိုယ်စားလှယ် ၁၄၀၀ ဦး နီးပါးသည် တနင်္လာနေ့က စုဝေးခဲ့ကြသည်။ "တူနှင့် တံစဉ်" ဝါဒဖြန့်ချီမှုများ ကဲ့သို့ ဟန်ရေးပြ အစီအစဉ်များဖြင့် ပြည့်နေသည့် ကွန်မြူနစ်ပါတီ ညီလာခံကို  ၈ရက်ကြာ ကျင်းပပြီး ဗုဒ္ဓဟူးနေ့တွင် ပိတ်သိမ်းမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment