Transparency Myanmar

transparency.myanmar@gmail.com

(China Tech News မှ 20 January 2011 ရက်စွဲပါ "China Unicom Launchs International Roaming Service in Myanmar" ကို ဘာသာ ပြန်ဆိုသည်)

တရုတ် လူမျိုးတို့၏ ခရီးသွား ရာသီ ကျရောက်လာသည့် အချိန်တွင် အချိန်ကိုက် ဆောင်ရွက်မှု အဖြစ် မြန်မာ နိုင်ငံမှ China Unicom သုံးစွဲသူ ဖောက်သည်များအား GSM နိုင်ငံတကာ ကွန်ရက် ဝန်ဆောင်မှုကို ပူးတွဲ လုပ်ကိုင်ရန် China Unicom နှင့် မြန်မာနိုင်ငံ စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ယူနန်ပြည်နယ် ကူမင်းတွင် သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ကြသည်။

ယခု အစီအစဉ်သည် မြန်မာနိုင်ငံနှင့် ပြည်ပ တယ်လီဖုန်း ကုမ္ပဏီ အကြား လက်မှတ် ရေးထိုးသော ပထမဆုံး နိုင်ငံတကာ ကွန်ရက် ဝန်ဆောင်မှု သဘော တူညီချက် ဖြစ်သည်ဟု သိရှိရပြီး China Unicom သည်လည်း ယခု ဝန်ဆောင်မှု လုပ်ငန်းကို မြန်မာ နိုင်ငံတွင် ပထမဆုံး စတင် လုပ်ကိုင်ခွင့် ရသော ကုမ္ပဏီ ဖြစ်လာကြောင်း ဆိုသည်။

တရုတ် နိုင်ငံ ယူနန် ပြည်နယ်၏ အကြီးဆုံး ပြည်ပ ကုန်သွယ်ဖက် ဖြစ်သည့် မြန်မာ နိုင်ငံတွင် တစ်ခု တည်းသော တယ်လီဖုန်း ကုမ္ပဏီမှာ အစိုးရ၏ စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး လုပ်ငန်း ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ် အကြား ကုန်သွယ်မှု ပမာဏသည် မြန်မာ နိုင်ငံနှင့် တရုတ် နိုင်ငံ အကြား စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်သည် ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment