Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 19 Jan 2011 ရက်စွဲပါ "China got stealth tech from Russia"  သတင်းတို ဘာသာ ပြန်ဆိုသည်)

တရုတ် နိုင်ငံသည် ၎င်း၏ ပထမဆုံး ရေဒါပျောက် စတဲ့လ် တိုက်လေယာဉ် နည်းပညာကို ရုရှားထံမှ ရရှိခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဂျက်လေယာဉ် ပထမဦးဆုံး စမ်းသပ်ပျံသန်းမှု အပြီး တစ်ပတ်အကြာ အင်္ဂါနေ့တွင် ဝါရင့် အမေရိကန် လွှတ်တော် အမတ်တစ်ဦးက ပြောကြားလိုက်သည်။

"ကျွန်တော် သိထားတာကတော့ ရုရှားကနေ ရတဲ့ နည်းပညာ အချက်အလက်ပေါ် အခြေခံပြီး သူတို့ လေယာဉ်ကို တည်ဆောက်ခဲ့တယ် ဆိုတာပါပဲ၊ ရုရှား လေယာဉ်ကနေ ပုံတူ ကူးနိုင်ခဲ့တာပါ" ဟု အထက် လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ Buck Mckeon က သတင်းထောက်များအား ပြောကြားသည်။

တရုတ် အနောက်တောင်ပိုင်း ကောင်းကင်ယံမှ J.20 ဂျက်လေယာဉ်၏ ဓါတ်ပုံများကို တရုတ်မီဒီယာများက ဖော်ပြခဲ့သည့် အချိန်တွင် ဘေဂျင်းသို့ ရောက်ရှိနေသော ကာကွယ်ရေးဝန်ကြီး Robert Gates ထံမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပိုမို ကြားသိရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် Mckeon ကဆိုသည်။

တရုတ် တပ်မတော် ခေတ်မီရေးကို အရှိန်မြှင့်သည့် လက္ခဏာအဖြစ် ထက်ဟပ်နေသော မျိုးဆက်သစ် ရေဒါပျေက် တိုက်လေယာဉ်သည် ၁၅ မိနစ်ကြာ အစမ်းပျံသန်းကာ ပြန်လည် ဆင်းသက်ခဲ့သည်ဟု မျက်မြင် သက်သေများကို ကိုးကားထားသည့် သတင်းများအရ သိရှိရသည်။

ယခုကဲ့သို့ အဆင့်မြင့် တိုက်လေယာဉ် တည်ဆောက်ရန် လိုအပ်သော နည်းပညာအား ဆိုက်ဘာ သူလျိုလုပ်ခြင်းမှ ဘီဂျင်းက ရရှိသွားခြင်း ဟုတ်/မဟုတ်ကို မေးမြန်းခြင်းခံရသူ လွှတ်တော်အမတ် Mckeon က အမေရိကန် အမျိုးသား လုံခြုံရေးအတွက် တရုတ်ကို စိုးရိမ်ပူပန်ကြောင်း အလေးထား ပြောကြားခဲ့သည်။

အမေရိကန် စစ်ဖက် အသုံးစရိတ်များ လျှော့ချမည့် Robert Gates ၏ အစီအစဉ်များကို သံသယရှိကြောင်း သဘောထား ပေးခဲ့သူ Mckeon က "ကျွန်တော်တို့ တရုတ်ကို စောင့်ကြည့်ဖို့ လိုပါတယ်၊ မြောက်ကိုးရီးယားကို စောင့်ကြည့်ဖို့လိုပါတယ်၊ အီရန်ကို စောင့်ကြည့်ဖို့လိုပါတယ်" ဟု ပြောဆိုခဲ့သည်။

"ကာကွယ်ရေး ဘတ်ဂျက်နဲ့ ပတ်သက်လို့ သူတို့ ပြောနေကြတဲ့ ဖြစ်နိုင်ချေ ဖြတ်တောက်မှု အစီအစဉ်ကို ကျွန်တော် လေ့လာကြည့်တဲ့အခါ ကျွန်တော့်ကို အမှန်တကယ် စိုးရိမ်သွားစေပါတယ်၊ လုံခြုံတဲ့ ကမ္ဘာကြီး မဟုတ်လို့ပါပဲ"ဟု အထက် လွှတ်တော် အမတ်က မှတ်ချက်ပေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment