Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းမှ 20 January 2011 ရက်စွဲပါ "US, China Want North Korea to End Provocation" ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုရီးယား၏ ဆက်လက် ကျူးကျော် ရန်စမှုများ ရပ်ဆိုင်းစေရန် ဝါရှင်တန်နှင့် ဘေဂျင်းက ဆန္ဒ ရှိနေသည်ဟု အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက တရုတ် ခေါင်းဆောင် ဟူဂျင်းတောင်နှင့် ထိပ်သီး ဆွေးနွေးပွဲ အပြီး ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

"ကိုရီးယား ကျွန်းဆွယ် ပေါ်က တင်းမာမှုတွေကို လျှော့ချဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်၊ မြောက်ကိုရီးယား အနေနဲ့ ဆက်လက် ကျူးကျော် ရန်စမှုတွေကို ရှောင်ရှား ရပါလိမ့်မယ်" ဟု သမ္မတ အိုဘားမားက တရုတ်သမ္မတ ဟူဂျင်းတောင် နှင့်အတူ အိမ်ဖြူတော်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သမ္မတ အိုဘားမားက ကိုရီးယား ကျွန်းဆွယ် နျူကလီယာ လုံးဝ ကင်းစင်ရေးသည် အရာ အားလုံးထက် အရေးပါသော ပန်းတိုင် ဖြစ်ရမည်ဟု ယင်းနှင့် သမ္မတ ဟူဂျင်းတောင်တို့ သဘော တူညီခဲ့ကြသည်ဟု ပြောကြားသည်။

"ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ရှင်းရှင်းလင်းလင်း ဆက်လက် ကြေညာ ရမှာကတော့ မြောက်ကိုရီးယားရဲ့ ယူရေနီယမ် သန့်စင်မှု အစီအစဉ်ဟာ ကိုရီးယား ကျွန်းဆွယ်ရဲ့ တာဝန်နဲ့ နိုင်ငံတကာမှာ လိုက်နာရမယ့် ဝတ္တရားတွေကို ချိုးဖောက်တာ ဖြစ်တယ် ဆိုတဲ့ အချက်ပါပဲ" ဟု သမ္မတ အိုဘားမားက ဆက်လက် ပြောကြားသည်။

ယခင်နှစ်က တောင်ကိုရီးယားရှိ အရပ်သားများ နေထိုင်ရာ ဒေသကို အမြောက်ဖြင့် ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယား စစ်သင်္ဘော တစ်စင်းကိုလည်း ပစ်ခတ် နှစ်မြှုပ်ခဲ့သည်ဟု စွပ်စွဲ ခံရသော မြောက်ကိုရီးယား နိုင်ငံ၏ မှီခိုရာ အဓိက မဟာမိတ်မှာ တရုတ်နိုင်ငံ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment