Transparency Myanmar

transparency.myanmar@gmail.com

(Asia Society ၏ 24 ဇန်နဝါရီ 2011 ရက်စွဲပါ "As Burma meets, US should press engagement" သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ လွှတ်တော်ကို ၂၂ နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် ဇန်နဝါရီ ၃၁ ရက်တွင် ခေါ်ယူ ဆွေးနွေးတော့မည် ဖြစ်သည်။ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် သုံးရပ်တွင် တပ်မတော် အတွက် သီးသန့် ဖယ်ထားသော လွှတ်တော် ကိုယ်စားလှယ် နေရာ ၂၅ % ရာခိုင်နှုန်းကို ဖြည့်တင်းပေးမည့် တပ်မတော် အရာရှိ ၄၀၀ နီးပါးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခန့်အပ် တာဝန် ပေးလိုက်ပြီဟု Asia Society ၏ ကမ္ဘာလုံး ဆိုင်ရာ မူဝါဒ အစီအစဉ်များ ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ Suzanne DiMaggio က ပြောကြားသည်။

၂၀၀၈ အခြေခံ ဥပဒေ အရာ ဆိုလျှင် မြန်မာ ခေါင်းဆောင်များ အနေဖြင့် ဖေဖော်ဝါရီ ၅ရက် (ရွေးကောက်ပွဲ အပြီး ၃ လအကြာ) နောက်ဆုံးထား၍ ဖွဲ့စည်းရန် လိုအပ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူ သမ္မတ အဖြစ် ခန့်အပ်ကာ ဦးတင်အောင်မြင့်ဦးကို ဒုတိယ သမ္မတ ခန့်အပ်မည်ဟု ကျယ်ကျယ် ပြန့်ပြန့် မှန်းဆမှုများ ရှိနေပြီး နောက်ထပ် ဒုတိယ သမ္မတ နေရာ ကိုလည်း မကြာမီ သိရှိရမည်ဟု မျှော်လင့်ရသည်။ သေချာသည့် အချက်မှာ နိုင်ငံရေး နယ်ပယ် အတွင်း ပြန်လည် အသက် ဝင်လာမည့် စစ်ဗိုလ်ချုပ်များ သာလျှင် အစိုးရ အဖွဲ့ အတွင်း တစ်နှစ်(သို့) ငါးနှစ်အထိ ကျန်နေနိုင်မည့် အချက် ဖြစ်သည်။ ဤအနေအထားသည် အသစ် တင်မြှောက်၊ ခန့်အပ်သည့် လွှတ်တော်က မြန်မာပြည်၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို ချက်ခြင်း (သို့) များမကြာမီ ဆောင်ကြဉ်း ပေးလိမ့်မည် ဟူသော အလား အလာ လက္ခဏာ မဟုတ်ပါ။

အမှန်စင်စစ်၊ အမှန်တကယ် အရေးပါသော အသွင် ကူးပြောင်းမှုများ သိသိသာသာ ထွက်ပေါ်လာရန် အတွက် ဆယ်စုနှစ်များ မဟုတ်လျှင်ပင် နှစ်ပေါင်း အတော် ကြာဦးမည် ဖြစ်သည်။ ယခုကဲ့သို့ နောက်ပြန် သွားနေသည့် ဖြစ်ရပ်ကို တားဆီးရန် အတွက် မြန်မာနိုင်ငံမှ ရွေးကောက်ပွဲ အလွန် အစိုးရက ဒီမိုကရေစီ ထွန်းကားရေး၊ အမျိုးသား ပြန်လည် စေ့စပ်ညှိနှိုင်းရေးနှင့် လူ့အခွင့်အရေး တို့ကို ဦးတည်မှုနှင့် ပတ်သက်ပြီး အမေရိကန် အစိုးရ အနေဖြင့် သတိရှိရှိ ဆက်လက် စောင့်ကြည့် ရမည် ဖြစ်ကာ၊ အနာဂါတ် မြန်မာ ခေါင်းဆောင်များ အကြား အဆိုပါ ရည်မှန်းချက်များကို ကောင်းစွာ နားလည် သဘောပေါက်ရေးကို မြှင့်တင်ရန် ရည်ရွယ်၍ တွေ့ဆုံ ညှိနှိုင်းမှု လုပ်ငန်းစဉ်ကိ ဆက်လက် ဆောင်ရွက်ရန် အားထုတ်မှုများကို အရှိန် မြှင့်ရမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment