Transparency Myanmar

transparency.myanmar@gmail.com

(VOA News မှ 27 ဇန်နဝါရီ 2011 ရက်စွဲပါ "U.S Envoy to UN Rights Council Criticizes Burma's Record" သတင်းကို ဘာသာ ပြန်ဆိုသည်)

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆိုင်ရာ အမေရိကန် သံအမတ်က စစ်ဖက် အုပ်ချုပ်သော အရှေ့တောင် အာရှ မြန်မာ နိုင်ငံတွင် အခြေခံ လွတ်လပ်ခွင့်များ အပေါ် စနစ်တကျ ချိုးဖောက်နေခြင်းကို ရည်ညွှန်းကာ "အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းနှင့် ပတ်သက်၍ အလွန် အမင်း စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်" ဟု ပြောကြားလိုက်သည်။

သံအမတ်ကြီး Eileen Donahoe က ဂျီနီဗာတွင် ကြာသပတေးနေ့က ပြောကြားရာ၌ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ဆက်လက် ဖမ်းဆီးထားခြင်း အပါအဝင် ကျယ်ကျယ် ပြန့်ပြန့် ကြားသိရသည်။ ညှင်းပမ်း နှိပ်စက်မှုများကို ဝါရှင်တန်က ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြ ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံ၏ ပြန်လည် သုံးသပ်မှု လုပ်ငန်း အစီအစဉ်တွင် အဖွဲ့ဝင် နိုင်ငံများ၏ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စများကို ငြင်းခုံ ဆွေးနွေးကြစဉ် သူမ၏ ပြစ်တင် ရှုတ်ချမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရေး အကျဉ်းသားများကို ညှင်းပမ်း နှိပ်စက်မှုများနှင့် ဆက်လျဉ်းသည့် "လွတ်လပ်သော သတင်း ပေးပို့မှု" ရာပေါင်းများစွာ ဝါရှင်တန်၏ လက်ဝယ်တွင် ရှိနေသည်ဟု Donahoe က မြန်မာ ကိုယ်စားလှယ် အဖွဲ့အား ပြောကြားသည်။ ထို့ပြင် နိုဝင်ဘာလတွင် မြန်မာ အစိုးရက ရှားရှားပါးပါး ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအပေါ် အမေရိကန် ပြည်ထောင်စု၏ ပြစ်တင် ဝေဖန်မှုကို သူမက ထပ်မံ ပြောကြားခဲ့ပြီး "လွတ်လပ်ခြင်း မရှိ၊ မျှတခြင်း မရှိသည့် ရွေးကောက်ပွဲ" ဟု သုံးနှုန်း ပြောဆိုခဲ့သည်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့ကလည်း လာမည့် အပတ်တွင် ခေါ်ယူ ဆွေးနွေးရန် စီစဉ်ထားသည့် လွှတ်တော်သစ်သည် ဒီမိုကရေစီ အသွင် ကူးပြောင်းမှု၏  အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်ဟု ကာကွယ် ပြောကြားခဲ့သည်။

ကြာသပတေးနေ့က ငြင်းခုံမှုသည် လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်များ အတွက် မြန်မာ အစိုးရ၏ ကမ္ဘာသိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ဖြေရှင်း ဆောင်ရွက်အောင် ဖိအား ပေးရန် အခွင့်အလမ်း တစ်ခု ဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုများက သုံးသပ်ကြသည်။

ပြီးခဲ့သည့် အပတ်တွင် အမေရိကန် အခြေစိုက် Physicians for Human Rights အုပ်စုက မြန်မာ နယ်စပ် ဒေသမှ လူသားထု အပေါ် မြန်မာ အစိုးရက ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း စွတ်စွဲသည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ၎င်းကိစ္စကို တရားဝင် စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် ကုလ သမဂ္ဂကို တိုက်တွန်းထားသည်။

အဆိုပါ အစီရင်ခံစာတွင် မြန်မာပြည် အနောက် မြောက်ပိုင်း ချင်းပြည်နယ်မှ ဒေသခံ မိသားစု ရာဂဏန်းကို စေတနာ့ ဝန်ထမ်းများက မေးမြန်း စူးစမ်းခဲ့ရာ၌ ၎င်းတို့အများစု အပေါ် မြန်မာ အာဏာပိုင်များ၏ သတ်ဖြတ်မှုများ၊ မုဒိန်း ကျင့်မှုများ၊ အဓမ္မ ခိုင်းစေမှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ကြားသိခဲ့ရသည်ဟု လူ့အခွင့်အရေး အုပ်စုက ဖော်ပြ ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment