Transparency Myanmar

transparency.myanmar@gmail.com

,

(AFP သတင်းဌာနမှ 13 February 2011 ရက်စွဲပါ "White House Calls on Iran to Allow Rally" ကို ဘာသာ ပြန်ဆိုသည်)

အီရန် အတိုက်အခံ အုပ်စုများအား အာရပ် ပြည်သူများ၏ တော်လှန် ဆန္ဒပြမှုများကို ထောက်ခံသည့် ချီတက်ပွဲများ ကျင်းပခွင့် ပေးရန် အီရန် အစိုးရက ငြင်းပယ် ခဲ့ခြင်းကို အိမ်ဖြူတော် အရာရှိကြီး တစ်ဦးက စနေနေ့တွင် ပြင်းထန်စွာ ပြစ်တင် ဝေဖန် လိုက်သည်။

"အတိုက် အခံတွေရဲ့ ဆန္ဒပြပွဲ တွေကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကြေညာခြင်း အားဖြင့် အီရန် အစိုးရက အီဂျစ် တွေရဲ့ မြင့်မြတ်တဲ့ အောင်ပွဲကို ဂုဏ်ပြုဖို့ တောင်းဆိုထားတဲ့ အီရန် ပြည်သူတွေကို တရား မဝင်ဘူး လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်" ဟု အမျိုးသား လုံခြုံရေး အကြံပေး Tom Donilon က ထုတ်ပြန် ပြောကြား လိုက်ခြင်း ဖြစ်သည်။

"ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဆန္ဒပြခွင့်နဲ့ ကိုင်ရိုမှာ ဖြစ်နေတဲ့ ဆန္ဒ ပြပွဲတွေကို ဆက်သွယ်ခွင့် အစရှိတဲ့ အီရန် ပြည်သူတွေရဲ့ အခြေခံ အခွင့် အရေးကို ခွင့်ပြုဖို့ အီရန် အစိုးရကို ကျွန်တော်တို့ တောင်းဆို ပါတယ်" ဟု ယင်းက ဆက်လက် ပြောသည်။

ယခု အဆိုပြု နေသည့် ချီတက်ပွဲသည် သမ္မတ အာမက် ဒီနီဂျက် အငြင်းပွားဖွယ် ပြန်လည် ရွေးချယ် ခံရပြီး နောက်ပိုင်း ၂၀၀၉ ခုနှစ်က အလားတူ အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများကို ထပ်မံ ပြုလုပ်ရန် အတွက် လှည့်ကွက် ဖြစ်သည်ဟု အစ္စလာမ္မစ် အစိုးရက ပြောကြား ထားသည်။ ချီတက်ပွဲ ကျင်းပရန် တောင်းဆိုမှုသည် တရားမဝင်ဟု အီရန် အစိုးရက ဆိုသည်။

သို့သော်လည်း ပြီးခဲ့သော တစ်ရက်က အီဂျစ် အာဏာရှင် မနုတ်ထွက်မီ  နာရီပိုင်း အလိုတွင် "အမေရိကန် မဟာမိတ် ဟော့စနီ မူဘာရက်ကို ဆန့်ကျင် ဆန္ဒ ပြခြင်းသည် အီဂျစ် ပြည်သူတို့၏ အခွင့် အရေး ဖြစ်သည်" ဟု အီရန် သမ္မတ အာမက် ဒီနီဂျက် ကိုယ်တိုင် ပြောကြား ခဲ့သည်။

အီရန် နိုင်ငံတွင် အတိုက် အခံ ခေါင်းဆောင်များက "တူနီးရှားနှင့် အီဂျစ်မှ ဆန္ဒ ပြမှုများနှင့် တစ်သားတည်း ရှိကြောင်း ပြသရန်" ဟု ယင်းတို့ ပြောဆိုထားသည့် ချီတက်ပွဲကို တနင်္လာနေ့တွင် ပြုလုပ်ရန် ခွင့်ပြုချက် ရရှိအောင် ကြိုးပမ်းလျက် ရှိသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment