Transparency Myanmar

transparency.myanmar@gmail.com

၁ဝ မိနစ်သာကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်

သမ္မတက  တရားသူကြီးအဖွဲ့ဝင် ၇ ဦးအား အဆိုပြုတင်သွင်း

ဖေဖေါ်ဝါရီလ ၁၅

နေပြည်တော်၌ ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ယနေ့ ဖေဖေါ်ဝါရီလ ၁၅ရက်နေ့တွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့ကို ၇ ဦးဖြင့် ဖွဲ့ စည်းရန် သမ္မတက တင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။

၁ဝ မိနစ်သာ ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့တွင် ပါဝင်ရ မည့် အရေအတွက်ကို သမ္မတဖြစ်သူ ဦးသိန်းစိန်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အကြီးအမှူးဖြစ်သည့် ပြည်ထောင်စု တရားသူကြီး ချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို အနည်းဆုံး ၇ ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့် အပ်နိုင်သည်။

သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူချက်ဖြင့် "ပါတီနိုင်ငံရေး"ကင်းရှင်းပြီး အသက် (၅ဝ-၇ဝ) ရှိ သူကို ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ်ခန့်ရမည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကိုမူ သမ္မတ က ပြည်ထောင်စု တရားသူကြီးချုပ်နှင့်ညှိနှိုင်းကာ ပြည်ထောင်စုလွှတ်တော်၏ သဘောတူချက်ဖြင့် ခန့်အပ်ရမည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့သည် "ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်" ၁၃ ဦး၌ ပါဝင်ကြသည်။

ဖေဖေါ်ဝါရီလ ၁၅ရက်နေ့တွင် သမ္မတက တင်သွင်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ၈ ဦး အရေအတွက်ကို အမတ်ပေါင်း ၆၅၉ ဦးအနက် အင်္ဂါအစည်းအဝေး တက်သည့် ၆၅၆ ဦးက "ကန့်ကွက်သူမရှိ" အတည်ပြုခဲ့ ကြောင်းလည်း သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၌ "သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့် အခါတိုင်း ယင်းတို့အား တာဝန်ပေးအပ်သည့် ဝန်ကြီးဌာနများကို ဖော်ပြ၍ ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်" ဟု ပါ ရှိသော်လည်း ဝန်ကြီးအမည်နှင့် ဝန်ကြီးဌာနကိုတွဲလျက် မကြေညာသေးသဖြင့် အမတ်များအကြား ဝေဖန်မှုများ ထွက်ပေါ် နေသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုလည်း နေရာသာအတည်ပြုထားနိုင်ပြီး အမည်များမထွက်သေးသည့်အ ပေါ် အမတ်များအကြား ဝေဖန်သံများ ထွက်နေသည်။

Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ် ဝန်ကြီးဌာန ၉နေရာ ပါတီအလိုက် သတ်မှတ်

ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး၏ တတိယနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြည်နယ်ဝန်ကြီး ဌာန ၉ နေရာအား ပါတီအလိုက် ရာထားသတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လွှတ်တော်အစည်းအဝေးကို နံနက် ၁၀နာရီကနေ ၁၀နာရီ ၁၀မိနစ်အထိ ကျင်းပခဲ့သည်ဟု သိရပြီး ပြည်ခိုင်ဖြိုး ပါတီက အမတ် ၅ဦး၊ ရတပပါတီက အမတ် ၃ဦး နှင့် တပ်မတော်သားကိုယ်စားလှယ် တစ်ဦးကို ဝန်ကြီး ၉ နေရာအတွက် ရာထားသတ်မှတ်လိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါ ရွေးချယ်ခန့်အပ်ရန် သတ်မှတ်လိုက်သည့် ဝန်ကြီး ၉ဦးမှာ ဗိုလ်မှူးကြီးထင်လင်း (တပ်မတော်သား ကိုယ် စားလှယ်)၊ ဦးကျော်ခင် (ပြည်ခိုင်ဖြိုးပါတီ) ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁)၊ ဦးကျော်သိန်း (ရတပပါတီ) မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)၊ ဦးစိုးအေး (ပြည်ခိုင်ဖြိုးပါတီ) ဂွမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးမြအောင် (ပြည်ခိုင်ဖြိုးပါတီ) မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးသာလူချေ (ရတပပါတီ) စစ်တွေ မြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁)၊ ဒေါက်တာအောင်ကျော်မင်း (ပြည်ခိုင်ဖြိုးပါတီ) တောင်ကုတ်မြို့နယ် ပြည်နယ် လွှတ်တော် အမှတ်(၂)၊ ဦးအောင်သန်းတင် (ရတပပါတီ) ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂)၊ ဦးလှဟန် (ပြည်ခိုင်ဖြိုးပါတီ) သံတွဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁) တို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ချင်းရေးရာကိုယ်စားလှယ်ဝန်ကြီးတစ်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီမှ ဦးကိုကိုနိုင် အား ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ပါဝင်မည့် ဝန်ကြီးဌာန ၉ ခုမှာ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာန၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဌာန၊ သာသနာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ စက်မှုနှင့် အားကစား ဝန်ကြီးဌာန၊ လူမူဖုံလုံရေး နှင့် ယဉ်ကျေးမူ ဝန်ကြီးဌာန၊ စီးပွားကူးသန်း ဝန်ကြီးဌာန ၊ သားငါးနှင့် စက်မှုလက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ လယ်ယာစိုက် ပျိုးရေး ဝန်ကြီးဌာနတို့ ဖြစ်ကြသည်။

ခန့်အပ်လိုက်သည့် အမတ်များအား မည်သည့် ပြည်နယ်ဝန်ကြီးဌာနများတွင် ခန့်အပ်လိုက်သည်ကိုမူ အသေး စိတ် မသိရသေးချ။
Ref; Internet News

--------------------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး သင်တန်းပေးမည်

ဖေဖော်ဝါရီ ၁၄

ပြည်ခိုင်ဖြိုး ပါတီဝင်များအား သင်တန်းပေးရန်အတွက်  နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ် အနီး၌ နိုင်ငံရေး သင်တန်းကျောင်း ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းအား ယခုနှစ် အတွင်း စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းအတွက် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ ဗထူး စစ်သင်တန်းကျောင်းမှ သင်တန်းဆရာများသာမက ယဉ်ကျေးမှုဝန်ကြီးဌာန လက် အောက်ရှိ ပညာရှင်များကိုပါ တာဝန် ပေးသွားမည် ဖြစ်ကြောင်း၊ သင်ထောက်ကူဆိုင်ရာ ပစ္စည်းများ၊ စာအုပ် စာတမ်းများ ကြိုတင် စုဆောင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံးရရှိထားသည့် ပါတီဖြစ်ပြီး မကြာသေးခင်က ကျင်းပသော လွှတ်တော်အစည်းအဝေး၌ အစိုးရအဖွဲ့သစ် ဖွဲ့ရာတွင်လည်း ပြည်ခိုင်ဖြိုးပါတီ ဝင်များသာ ပါဝင်သည်။

ပြည်ခိုင်ဖြိုးပါတီမှာ စစ်အစိုးရ ကျောထောက်နောက်ခံမှုဖြင့် ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအနေနှင့် စတင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ ဧပြီလ၌ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းခဲ့သော ပါတီ ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ၏ အမာခံအင်အား ၈ သန်းကျော် ရှိကြောင်း ပါတီအကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောဆို ထားသည်။

မြန်မာနိုင်ငံ၌ ၁၉၆၂ ခုနှစ်တွင် တစ်ပါတီ အာဏာရှင် ဦးနေဝင်း အာဏာသိမ်းပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်း စဉ်ပါတီ (မဆလ) ကို ဖွဲ့စည်း၍ ပါတီ မူဝါဒ သဘောတရားများကို သင်ကြားပို့ချသည့် နိုင်ငံရေးသင်တန်းကျောင်း ဖွင့်လှစ် မှု ပြုလုပ်ခဲ့ဖူးသည်။

Ref; Internet News


(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါ ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment