Transparency Myanmar

transparency.myanmar@gmail.com

လစ်လပ်သွားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၌ ဦးသုဝေ ပြန်လည်အရွေးခံရန် စဉ်းစား
ဖေဖော်ဝါရီ ၁၈

မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကြည် သည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် အရွေးခံရသောကြောင့် လစ်လပ်သွားသည့် ဦးအောင်ကြည်နေရာ၌ ဒီမို ကရက်ပါတီ၏ ပါတီခေါင်းဆောင် ဦးသုဝေမှ ၎င်းမဲဆန္ဒနယ်တွင် အသစ်ပြန်လည်အရွေးခံရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

ဦးအောင်ကြည်သည် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် အရွေးခံရသောကြောင့် လစ်လပ်သွားသည့် ၎င်း၏နေရာတွင် စည်းမျဉ်းဥပဒေအရ အရွေးခံချင်သည့်သူများရှိကြောင်း၊ ထို့ကြောင့် မိမိအနေနှင့်လည်း ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရန် စဉ်းစားနေကြောင်း၊ မိမိပါတီ၏ အားနည်းချက်များကိုပြုပြင်၍ ရွေးကောက်ပွဲအသစ် ပြန်လည်ဝင်ရောက်ရန် စဉ်းစားမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင် ဦးသုဝေမှ ပြောကြားခဲ့သည်။

"စည်းမျဉ်း ဥပဒေအရ လစ်လပ်သွားတဲ့နေရာဆိုရင် ရွေးကောက်ပွဲအသစ်လုပ်မှာဆိုတော့ အရွေးခံချင်တဲ့သူတွေ ဝင်ကြမှာပေါ့။ အဲဒီတော့ ကျွန်တော့်အနေနဲ့လည်း နည်းနည်းပြန်စဉ်းစားရမှာပေါ့။ ပိာုတုန်းက ရွေးကောက်ပွဲလုပ်ခဲ့တုန်းက အားနည်းချက်တွေကို ပြုပြင်နိုင်မယ့် အနေအထားမျိုးရှိရင် ကျွန်တော်တို့လည်း ဒီရွေးကောက်ပွဲအသစ်ကို ပြန်ဝင်သင့်ဝင်ရ မှာပေါ့" ပာု ဒီမိုကရက်တစ်ပါတီမှ ပါတီခေါင်းဆောင်ဦးသုဝေက ပြောကြားခဲ့သည်။

ယခုရွေးကောက်ပွဲအသစ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါကလည်း ယခင်စည်းရုံးမှုများကိုသာ ထပ်မံတိုးချဲ့၍ စည်းရုံးသွားမည်ဖြစ်ကြောင်း၊ ယခင်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ၌ မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်တွင် မိမိတို့ပါတီအနေ နှင့် ပြည်သူများ၏ ထောက်ခံအားပေးမှုအများဆုံး ရရှိခဲ့သည့်အတွက် ပါတီလိုအပ်ချက်များကို ဖြည့်ဆည်းလိုက်ပါက ယခင် ထက်ပို၍ ပြည်သူများ၏ထောက်ခံအားပေးမှု ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေနှင့်လည်း အဘက်ဘက်မှ တွက်ဆနေသည့်အတွက် အဆုံးအဖြတ်မချရသေးပဲ စဉ်းစားနေချိန်သာရှိသေးကြောင်း DPM ပါတီမှ ခေါင်းဆောင်ဦးသုဝေမှ ဆက် လက် ပြောကြားခဲ့သည်။

ဦးသုဝေ၏ လွှတ်တော်ပြင်ပ နိုင်ငံရေးဆောင်ရွက်မှုများနှင့် ပတ်သတ်၍မေးမြန်းခဲ့ရာ လက်ရှိမိမိတို့ပါတီ၌ အဓိက အနေဖြင့် စည်းရုံးမှုများကိုသာ လုပ်ဆောင်နေသည်ဖြစ်ကြောင်း၊ ယခုမှ လွှတ်တော်စတင်ဖွဲ့သည်းသည့်အတွက် မိမိတို့ ပါတီအနေဖြင့် ဖြစ်စေချင်သည့် ကိစ္စရပ်များကို လွှတ်တော်ပြင်ပမှနေ၍သာ သုံးသပ်ပြသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ပြောကြားသွားခြင်းသည် လွှတ်တော်အတွင်းမှ ကိုယ်စားလှယ်များကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးသွားခြင်းသာဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

"သူတို့က အခုမှ ဖွဲ့စည်းတုန်းရှိပါသေးတယ် ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့တိုင်းပြည်မှာ ဘာလုပ်စေချင်သလဲ ဆိုတာကို သုံးသပ်ပြရမှာပေါ့။ အစိုးရအဖွဲ့ကိုလည်း ကျွန်တော်တို့က ဒီတိုင်းပြည်မှာ ဒီအတိုင်းဖြစ်စေချင်ပါတယ် ဆိုတာကို မေတ္တာရပ်ခံကာ တွန်းအားပေးတယ် စသည်ဖြင့် ကျွန်တော်တို့က အကူအညီပေးရာ ကျတာပေါ့" ပာု ဦးသုဝေမှ ပြောကြားခဲ့ သည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) သည် ယခင် (၂၀၁၀) ရွေးကောက်ပွဲ၌ မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်တွင် ဒုတိယ မဲအများဆုံးရရှိထားသည့် ပါတီဖြစ်သည့်အတွက် ယခုလစ်လပ်သွားသည့် ဦးအောင်ကြည်၏နေရာ၌ ထပ်မံဝင်ရောက် ယှဉ်ပြိုင် အရွေးခံပါက အောင်နိုင်ရေး အလားအလာ အများကြီးရှိသည့်ပါတီ ဖြစ်သည်။


--------------------------------------------------------------------------------------------------------------------------------


ရန်ကုန်တိုင်းဒေသကြီး အစိုးရဝန်ကြီးအဖွဲ့၌ စာနယ်ဇင်းသမားတစ်ဦး ရွေးချယ်ခံရ

ဖေဖော်ဝါရီ ၁၈

၂၀၁၀ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်ရှိကျင်းပပြုလုပ်လျှက်ရှိသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်  အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးမြင့်ဆွေမှ ရန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်း လျှက်ရှိရာ စာနယ်ဇင်းလောကမှ သတင်းအယ်ဒီတာတစ်ဦးအား  ဝန်ကြီးအဖွဲ့တွင် ရွေးချယ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

 ဝန်ကြီးချုပ်ဦးမြင့်ဆွေမှ ၎င်းစိတ်ကြိုက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းလျှက်ရှိရာ ရွှေပြည်စိုးစာပေတိုက်၊ The Live News သတင်းဂျာနယ်မှ အယ်ဒီတာတစ်ဦးအဖြစ် သုံးနှစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်အတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် စာနယ်ဇင်းလောကမှ ပထမဆုံးရွေးချယ်ခံရသူ သတင်းဂျာနယ် စာနယ်ဇင်းသမားတစ်ဦးဖြစ်ကြောင်း သိရသည်။


 (အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ်ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့်ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment