Transparency Myanmar

transparency.myanmar@gmail.com

(PTI သတင်းဌာနမှ ၁၅ ရက် ဖေဖော်ဝါရီ ၂၀၁၁ ရက်စွဲပါ " Bangladesh to raise 19 new border guard battalions" ကို ဆီလျော်အောင် ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်း၏ အိမ်နီးချင်း အိန္ဒိယ၊ မြန်မာတို့နှင့် နယ်စပ်တလျောက် လစ်ကွက်၊ ဟာကွက်များကို စောင့်ကြပ် ကြည့်ရှုနိုင်ရန် အတွက် တပ်ရင်းသစ် ၁၉ ဖွဲ့ကို လာမည့် ငါးနှစ် အတွင်း တိုးချဲ့ ဖွဲ့စည်းသွားမည်ဟု ရှေ့တန်း နယ်ခြားစောင့် တပ်ဖွဲ့ အကြီးအကဲက ယနေ့ ပြောကြားလိုက်သည်။

          "လာမယ့် ငါးနှစ်တာ ကာလအတွင်း တပ်ရင်းသစ်တွေ တိုးချဲ့တော့မှာပါ၊ ရှေ့တန်း တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံမှာ အသစ် တိုးချဲ့မှု အနေနဲ့ ဒေသခွဲ စစ်ဌာနချုပ် ၄ ခု ဖွဲ့စည်းမှာ ဖြစ်သလို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အတွက် အကြီးစား ပြင်ဆင် ဖွဲ့စည်းမှု အစီအစဉ် အောက်မှာ စစ်ဆင်ရေး ကွပ်ကဲမှုဌာန  အသစ် ၄ ခု ဖွဲ့စည်းမှာပါ" ဟု ဗိုလ်ချုပ် ရာဖီကာ အစ်စလာမ်က PTI သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

          ယခင်လက အထိ "ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်" ဟု ခေါ်ဝေါ်ခဲ့သော တပ်မတော် အရံ စစ်တပ်ကို ယခုအခါ "ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်" ဟု ပြောင်းလဲ ခေါ်ဝေါ် လိုက်ပြီ ဖြစ်သည်။

          အရာရှိ ၅၇ ဦး အသတ် ခံခဲ့ရသော ၂၀၀၉ ခုနှစ်က တပ်တွင်း ပုန်ကန်မှု ဖြစ်ရပ် အပြီးတွင် ယခုအခါ နယ်ခြားစောင့်တပ်ကို အကြီးစား ပြင်ဆင် ဖွဲ့စည်းမှုများ ပြုလုပ်လျှက် ရှိပြီး တပ်ဖွဲ့၏ အမည်၊ ဥပဒေ စည်းကမ်း၊ ယူနီဖောင်းနှင့် တံဆိပ်များကို အသွင်သစ် ဖြစ်အောင် ပြောင်းလဲ လိုက်ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment