Transparency Myanmar

transparency.myanmar@gmail.com

(FAO report news မှ 3 February 2011 ရက်စွဲပါ "India Adding 300,000 Hectares of Forests Every Year" ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယ နိုင်ငံသည် တရုတ်၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ မြန်မာ နိုင်ငံ တို့နှင့် အတူ ကမ္ဘာ့သစ်တော ဧရိယာ ၇၄ ရာခိုင်နှုန်း ခန့်ကို ပိုင်ဆိုင် ထားသည့် တိုင်အောင် နှစ်စဉ် သစ်တော ဧရိယာ ဟတ်တာ သုံးသိန်း တိုးချဲ့ စိုက်ပျိုးနေသည်ဟု ကုလ သမဂ္ဂ အစီရင်ခံစာ အရ သိရှိရသည်။

"နိုင်ငံတကာ သစ်တောများနှစ်" တွင် ကမ္ဘာ့သစ်တော ဖုံးလွှမ်းဧရိယာ တိုးတက် လာသည့် အတွက် ဂုဏ်ပြုရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) က ၂ နှစ် တစ်ကြိမ် ထုတ်ဝေသော "State of the World Forest" အစီရင်ခံစာက ဆိုသည်။

ကမ္ဘာပေါ်တွင် အကြီးမားဆုံး သစ်တော ဖုံးလွှမ်း ဧရိယာကို ပိုင်ဆိုင်ထားသည့် အဆိုပါ ငါးနိုင်ငံ အနက် တရုတ်နှင့် ဩစတြေးလျ နှစ်နိုင်ငံတည်းကပင် အာရှ-ပစိဖိတ် ဒေသ၏ သစ်တော ဧရိယာ ထက်ဝက်ခန့်ကို ပိုင်ဆိုင် ထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အာရှတိုက်သည် ကမ္ဘာ့သစ်တော ပြန့်ပွားရေး လှုပ်ရှားမှုတွင် သိသိ သာသာ ပါဝင် ဆောင်ရွက်ခြင်းဖြင့် ဦးဆောင် နေသည်ဟု FAO ၏ သစ်တော ဒါရိုက်တာ အက်ဒူရာဒို ရိုဂျာစ် ဘရာလက်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

"အရေးကြီးတဲ့ အပင် အရေအတွက် တိုးချဲ့ရေးကို ဆောင်ရွက်နေတဲ့ အိန္ဒိယကို ချီးကျူး လိုပါတယ်၊ အိန္ဒိယရဲ့ သစ်တော ဧရိယာဟာ တစ်နှစ်ကို ဟတ်တာ သုံးသိန်း စိုက်ပျိုး တိုးချဲ့ နေပါတယ်" ဟု ၎င်းက ဆိုသည်။

၁၉၉၀ ခုနှစ်များ အတွင်းက တစ်နှစ်လျှင် ပျမ်းမျှ သစ်တော ဧရိယာ ဟတ်တာ ၀.၇ သန်း ဆုံးရှုံးခဲ့သည့် အာရှ- ပစိဖိတ် ဒေသသည် ထို အနေအထားကို ပြောင်းပြန် လှန်ပစ် နိုင်ခဲ့သည်ဟု ယူဆ ရပြီး ၂၀၀၀-၂၀၁၀ ကာလ အတွင်း နှစ်စဉ် သစ်တော ဧရိယာ ဟတ်တာ ၁.၄ သန်း တိုးပွား လာခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment