Transparency Myanmar

transparency.myanmar@gmail.com

နယ်စပ်ဒေသတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများမှ ဗုံးဆံ၊ အမြောက်ဆံနှင့် လက်နက်ကြီး ကျည်ဆံများ ကျရောက် လာသောကြောင့် ထိုင်းနိုင်ငံ၊ Tak ပြည်နယ် Phop Phra ခရိုင်၊ Ban Mo Ker Thai ကျေးရွာတွင် နေထိုင်သူ တစ်ထောင်ခန့် အရေးပေါ် ပြောင်းရွှေ့ ခဲ့ကြရကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားသည်။

Ban Mo Ker Thai ကျေးရွာဦးစီး Chamroen Khiewja က နယ်စပ်ဒေသ မြန်မာနိုင်ငံ ဘက်အခြမ်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သံများ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကြားရကြောင်း၊ မော်တာကျည်ဆံ ၂၀ ခန့် မိမိတို့ နယ်မြေထဲသို့ ကျရောက်လာကြောင်း ပြောကြားသည်။ မြန်မာဘက်မှ ကျရောက်လာသော မော်တာကျည်ဆံများ အနက် လေးခုမှာ ကျေးရွာထဲသို့ ရောက်ရှိ လာသောကြောင့် နေအိမ်အချို့ ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

မြန်မာ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ဖြစ်သော ကရင် ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် တပ်ဖွဲ့ (ဒီကေဘီအေ) တပ်ရင်းများကို ပြင်းပြင်း ထန်ထန် ချေမှုန်း တိုက်ခိုက်လျက် ရှိသည်ဟု မစ္စတာ Chamroen Khiewja က ပြောသည်။ ယင်းသို့ လက်နက်ကြီးများ ကျရောက်မှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခြင်း မရှိသော်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အပါအဝင် ကျေးရွာနေပြည်သူပေါင်း ၁၀၀၀ ခန့်အား အရေးပေါ် ရွှေ့ပြောင်း ပေးလိုက်ရသည်ဟု ဆိုသည်။

ရွှေ့ပြောင်းရများကို Chamroen Khiewja ကျေးရွာနှင့် ၃ ကီလိုမီတာမျှ ဝေးကွာသည့် ဒုက္ခသည် စခန်းတွင် ခေတ္တ ယာယီ ထားရှိထားကြောင်း မစ္စတာ Chamroen Khiewja က ဆိုသည်။

Bangkok Post သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment