Transparency Myanmar

transparency.myanmar@gmail.com

(Reuters မှ 7 February 2011 ရက်စွဲပါ "Police-Opposition Supporters Clash in Bangladesh" ကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လက်ရှိ အာဏာရ ပါတီထံမှ အာဏာ လွှဲပြောင်း ရယူရေး အတွက် လွှတ်တော် ရွေးကောက်ပွဲများ စော၍ ကျင်းပနိုင်ရေး အတွက် တောင်းဆိုရန် တနင်္လာနေ့က လှုံ့ဆော် လှုပ်ရှား ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အဓိက အတိုက်အခံ ပါတီအား ထောက်ခံသူ ရာပေါင်း များစွာကို လူစု ခွဲရန် အတွက် ရဲတပ်ဖွဲ့က မီးသတ်ပိုက်များ၊ နံပါတ်တုတ်များကို အသုံး ပြုခဲ့သည်ဟု သိရှိရသည်။

ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာတွင် ဆန္ဒပြသူ မြောက်မြားစွာ ထိခိုက် ဒဏ်ရာ ရရှိ ခဲ့သည်ဟု မျက်မြင် သက်သေများက ပြောကြား ခဲ့ပြီး အနည်းဆုံး ဆန္ဒပြသူ ၇၀ ခန့်ကို ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု မီဒီယာများက သတင်း ထုတ်ပြန်သည်။

၂၀၀၉ ခုနှစ် အစောပိုင်းတွင် ဝန်ကြီးချုပ် ရှိတ်ဟတ်ဆီနာ အာဏာ ရလာပြီး နောက်ပိုင်း ၂၀၁၃ အထွေထွေ ရွေးကောက်ပွဲကို ရှေ့တိုး ကျင်းပရန် အတိုက်အခံ Bangladesh Nationalist Party (BNP) က တတိယ အကြိမ်မြောက် လှုံ့ဆော် ကြိုးပမ်း ခဲ့သည်။ ယခု ဆန္ဒပြပွဲကို မျှော်လင့် ထားခြင်း မရှိသည့် လေ့လာ ဆန်းစစ်သူများ အံ့အားသင့် ခဲ့ရသည်။

သို့သော်လည်း ယခု ဆန္ဒပြပွဲသည် မြူနီစပယ် ရွေးကောက်ပွဲများတွင် အောင်မြင်မှု ရရှိခြင်းကြောင့် အားတက် လာသည့် BNP ပါတီ၏ ကြီးမားသော စိန်ခေါ်မှု တစ်ခု ဖြစ်သည်။ ထို့အပြင် ဆင်းရဲ နွမ်းပါးသော တိုင်းသူ ပြည်သား အများစု အတွက် အဓိက ဝင်ငွေ ရင်းမြစ် ဖြစ်သည့် စတော့ ဈေးကွက် ရှယ်ယာများ ထိုးကျခြင်း အပါအဝင် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ အားနည်းခြင်း၊ ကုန်ဈေးနှုန်းတက်မှု အပေါ် ပြည်သူတို့၏ ဒေါသ ထွက်မှု များနှင့် ရင်ဆိုင်နေရခြင်း စသည့် ကိစ္စ များနှင့် ရုန်းကန် နေရသည်။ အဆိုပါ ဆန္ဒပြပွဲသည် ရှိတ်ဟတ်ဆီနာ အစိုးရ၏ သောက ဗျာပါဒများ အပေါ် တစ်ပူပေါ် နှစ်ပူ ဆင့်စေခဲ့သည်။

ဒါကာရှိ BNP ပါတီ ဌာနချုပ် အပြင်ဘက်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ဖြစ်ပွားသော ပဋိပက္ခတွင် အနည်းဆုံး ငါးဦး ဒဏ်ရာ ရရှိပြီး နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု အခင်း ဖြစ်ပွားရာ နေရာမှ ရိုက်တာ သတင်းထောက်က ပြောကြားသည်။

"ဆန္ဒပြသူတွေကို ပါတီ ဌာနချုပ် ရုံးထဲကို ပြန်မောင်းထုတ်ဖို့ အတွက် ရဲတပ်ဖွဲ့က နံပါတ်တုတ်တွေ၊ မီးသတ်ပိုက် တွေကို အသုံး ပြုခဲ့ပါတယ်၊ ဆန္ဒပြသူ နှစ်ဆယ်လောက် ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်" ဟု သတင်းထောက်က တယ်လီဖုန်းဖြင့် ပြောကြား ခဲ့သည်။

ဒါကာ မြို့တော် အပြင်ဘက်၌ ရဲတပ်ဖွဲ့နှင့် ဖြစ်ပွားသော အဓိကရုဏ်းများတွင် ဆန္ဒပြသူ ၅၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိသွားပြီး ဒါဇင် နှင့်ချီကာ ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု မီဒီယာ သတင်းများက ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment