Transparency Myanmar

transparency.myanmar@gmail.com

(Gulf Times မှ 6 February 2011 ရက်စွဲပါ "Bangladesh Wants to Redraw Sea Border with India" ကို ဘာသာ ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဘင်္ဂလား ပင်လယ်အော်တွင် အိန္ဒိယ မြန်မာ တို့နှင့် ထိစပ်နေသော ၎င်း၏ ရေပိုင်နက်အား အတိ အကျ သတ်မှတ်ပေးနိုင်ရန် ကုလသမဂ္ဂသို့ ချဉ်းကပ် သွားမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် သည် ဘင်္ဂလား ပင်လယ်အော်တွင် ၎င်း၏ ကမ်းရိုးတန်းမှ ရေမိုင် ၄၅၀ ကျော် သတ်မှတ်ပေးရန် တောင်းဆိုထားသည်။ ဘင်္ဂလားဒေ့ရှ်သည် ကာလရှည်ကြာ ကပင် ၎င်း၏ ရေပိုင်နက် အစပြု အမှတ် အသား ကိစ္စ အတွက် အိန္ဒိယ မြန်မာ တို့နှင့် ပြဿနာ ဖြစ်လျက် ရှိသည်။

ဘင်္ဂလား ပင်လယ်အော်၏ ကမ်းခြေများသည် ကန်တော့ သဖွယ် ဖြစ်နေခြင်း ကြောင့် အထက်ပါ နိုင်ငံ သုံး နိုင်ငံသည် ရေပိုင်နက် အစပြု အမှတ်အသား တောင်းဆိုမှုများမှာ ထပ်လျက် ရှိနေသည်ဟု New Age သတင်းစာက ယမန်နေ့က ဖော်ပြ ခဲ့သည်။

အစောပိုင်းက ဝန်ကြီးချုပ် ရှိတ် ဟတ်ဆီနာသည် ယခု လကုန်ပိုင်းတွင် နယူးယောက်ရှိ UN Convention on the Law of the Sea (UNCLOS) သို့ ပေးပို့မည့် စာအား ကတ်ဘိနက်မှ ပြင်ဆင် ထားမှုကို အတည် ပြုပေးခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန UNCLOS နှင့် ပတ်သက်၍ တာဝန် ယူရသော အတွင်းဝန် M.Khurshed Alam က ပြောကြားရာတွင် "အခုစာဟာ UNCLOS ရဲ့ အပိုဒ် ၇၆ ပါ Gardiner နည်းလမ်းကို လိုက်နာပြီး ပြင်ဆင် ထားတာပါ" ဟု ဆိုသည်။

ကုလသမဂ္ဂ၏ စည်းကမ်းအရ ရေပိုင်နက် တောင်းဆိုမှု များသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထပ်နေပါက ထိုကိစ္စအား ဖြေရှင်း မပြီးမချင်း နိုင်ငံ တစ်ခု၏ လျှောက်ထားမှုအား အတည် မပြုရန် ချမှတ် ထားသည်။

နိုင်ငံ တစ်ခု သည် ရေမိုင် ၁၂ မှ ၂၄ အတွင်း ငါးဖမ်းခြင်း၊ ရေထွက် ပစ္စည်းများ ထုတ်ယူ ခံစား ပိုင်ခွင့် ရှိပြီး ရေမိုင် ၂၀၀ သည် တစ်ဦးတည်း အတွက် စီးပွားရေး ဇုန် ဖြစ်သည်။ အများဆုံး ရေမိုင် ၃၅၀ သည် ပိုင်နက် အဆုံး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment