Transparency Myanmar

transparency.myanmar@gmail.com

(The Straits Times မှ 7 February 2011 ရက်စွဲပါ "Don't Try Egypt Style Power Grab in Malaysia, Says Najib" ကို ဘာသာ ပြန်ဆိုသည်)

မလေးရှား ဝန်ကြီးချုပ် ဒါတွတ် ဆရီ နာဂျစ် တွန်ရာဇတ်က အီဂျစ်မှာ ကဲ့သို့ ဆန္ဒ ပြပွဲများကို အသုံး ပြုကာ မလေးရှားတွင် အာဏာ လုသည့် ကိစ္စကို မကြိုးစားကြရန် သတိပေး ပြောကြား လိုက်သည်။

"အဲဒီမှာ ဖြစ်ပျက် နေသလိုမျိုး မလေးရှား မှာလည်း ဖြစ်ရမယ်လို့တော့ မထင်လိုက်ပါနဲ့၊ ဒီမှာတော့ ကျွန်တော်တို့ ဒါမျိုးတွေကို ခွင့်ပြုမှာ မဟုတ်ဘူး" ဟု မီရီတွင် ပြုလုပ်သော နိုင်ငံတော် အဆင့် တရုတ် နှစ်သစ်ကူး တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ပြောကြား ခဲ့သည်။

အီဂျစ်တွင် သမ္မတ ဟော့စနီ မူဘာရက် နုတ်ထွက် ပေးရန် ဆန္ဒပြမှု များမှာ ၁၃ ရက် တိုင်ခဲ့ပြီ ဖြစ်ရာ လှေခွက်ချည်းကျန် အလံမလှဲသည့် အာဏာရှင် အစိုးရနှင့် အတိုက်အခံ အုပ်စုများ အကြား မနေ့က ပြုလုပ် ခဲ့သော အရေးကြီးသည့် ဆွေးနွေးပွဲ များတွင်လည်း အပေး အယူ မတည့် ခဲ့ပါ။ Muslim Brotherhood အပါအဝင် အတိုက် အခံ အုပ်စု များက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်များတွင် ၎င်းတို့ကို ထည့်သွင်းမည့် ကမ်းလှမ်းမှုကို လုံလောက်ခြင်း မရှိသည့် အတွက် ပယ်ချ ခဲ့ကြသည်။

ထို့အတွက်ကြောင့် အတိုက် အခံများက တိုင်းပြည် စစ်အာဏာရှင်ကို ဖယ်ရှားရန် လှုပ်ရှားမှု များကို အသစ် ထပ်မံ စတင် လိုက်ကြသည်။ ထိုအတော အတွင်း အီဂျစ်မှ ဆေးပညာတော်သင် ဆိုင်ရာ မလေးရှား အေးဂျင့် Medic Mesir က ကျောင်းသားပေါင်း တစ်ထောင်ခန့်၏ စာမေးပွဲ အဖြေလွှာများကို ယူဆောင်ခွင့် ပြုရန် ဒေသခံ တက္ကသိုလ်နှင့် ဆွေးနွေးလျက် ရှိသည်။ ကျောင်းသားများ အတွက် စာသင်နှစ် တစ်နှစ် နစ်နာ ဆုံးရှုံးမှု မရှိစေရန် ဖြစ်သည်ဟု သိရသည်။

သို့သော်လည်း ကီဒါးမှ ကျောင်းသား ၁၇ ဦးကမူ ၎င်းတို့၏ ပညာ သင်ကြားမှုများ မထိခိုက် လိုသည့် အတွက် အီဂျစ်တွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ကြသည်။ အီဂျစ်မှ မလေးရှား နိုင်ငံသား များအား ဂျက်ဒါးသို့ ကယ်ထုတ် ပို့ဆောင်မှု အစီအစဉ်မှာ ယနေ့ မွန်းလွဲပိုင်းတွင် ပြီးစီးမည်ဟု မျှော်လင့် ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment