Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၇ ရက် ၂၀၁၁ ရက်စွဲဖြင့် Scoop World တွင် ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက် အပေါ် Burma: Ban hopes election leads to 'inclusive' civilian gov. ကို ဘာသာ ပြန်ဆိုသည်)

          ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာ ပါလီမန်သစ်နှင့်အတူ သမ္မတ၊ ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ခြင်းများကို ကြေညာချက်နှင့် ပတ်သက် လိပ်ခဲ တည်းလည်း ဖြစ်နေသော အရှေ့တောင် အာရှ တိုင်းပြည်တွင် ပြောင်းလဲခြင်းအတွက် အစဖြစ်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။

          "သူက အားလုံး ပိုမို ပါဝင်တဲ့ အရပ်သား အစိုးရ တစ်ခု ဖြစ်စေဖို့ မျှော်လင့်ပါတယ်။ အဲဒီအစိုးရ ဟာ ပါတီအားလုံးနဲ့ ဆက်နွယ်ပြီး အမျိုးသား ပြန်လည် စည်းလုံးရေးကို ကိုယ်စားပြုပြီး၊ မြန်မာ ပြည်သူများရဲ့ လိုလား တောင့်တချက်တွေအတွက် ပိုမို တုန့်ပြန် လုပ်ပေးနိုင်မယ့် အစိုးရကို မျှော်လင့် ပါတယ်" ဟု အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ကြေညာချက်တွင် ဖော်ပြထားသည်။

          ကုလသမဂ္ဂ အနေဖြင့် အစိုးရသစ်နှင့် အလုပ်လုပ်ရန် အသင့် စောင့်ကြိုနေပြီ ဖြစ်ကြောင်း၊ အခြား ပါဝင် ပတ်သက်သူများနှင့်လည်း တိုင်းပြည် ဒီမိုကရေစီ တည်ဆောက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး နှင့် တည်ငြိမ်ရေးအတွက် မြှင့်တင်ပေးရန် အတူ အလုပ် လုပ်လိုကြောင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။

          မြန်မာ နိုင်ငံတွင် ပါလီမန်သစ်မှ ယခင် ၀န်ကြီးချုပ် ဦးသိန်းစိန် အား သမ္မတသစ် အဖြစ် လည်းကောင်း၊ ဦးတင်အောင်မြင့်ဦး နှင့် စိုင်းမောက်ခမ်း တို့အား ဒုတိယ သမ္မတများအဖြစ် လည်းကောင်း ရွေးချယ်ခဲ့ကြောင်း မီဒီယာ သတင်းများအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment