Transparency Myanmar

transparency.myanmar@gmail.com

(ဖေဖော်ဝါရီလ ၆ ရက် ၂၀၁၁ ရက်စွဲပါ AFP သတင်းဌာနမှ "Egyptian government in talks with key opposition group" သတင်းကို ဘာသာ ပြန်ဆိုသည်)

          သမ္မတ မူဘာရတ်၏ အာဏာရ ပါတီမှ ထိပ်ပိုင်း အဖွဲ့ဝင်များ နုတ်ထွက်သွားခြင်းနှင့် အာဏာ အမြန် လွှဲပြောင်းရန်အတွက် ၀ါရှင်တန်က အရှိန်မြှင့် ကြိုးပမ်းခြင်းတို့ကြောင့် အီဂျစ်အာဏာပိုင်များနှင့် ပြုလုပ်မည့် အရေးပါသော ဆွေးနွေးပွဲများကို စတင်တော့မည်ဟု အီဂျစ်အတိုက်အခံ အုပ်စု Muslim Brotherhood က တနင်္ဂနွေနေ့တွင် ပြောကြားသည်။

          ဆယ်စုနှစ် ၃ စုတိုင်တိုင် အာဏာ ချုပ်ကိုင်ခဲ့သော မူဘာရတ် အစိုးရကို ကြီးမားစွာ ခြိမ်းခြောက်နေသည့် ကျယ်ပြန့် ကြီးကျယ်လွန်းသော ဆန္ဒပြပွဲများမှ အမြတ်ထုတ်ရန် ကြိုးစားနေသည် ဟု အစိုးရက စွပ်စွဲထားသော Brotherhood အုပ်စုမှ တာဝန်ရှိသူ တစ်ဦးက "မိမိတို့ အုပ်စုနှင့် အီဂျစ် ဒုတိယ သမ္မတသစ် အိုမား ဆူလေမန် တို့အကြား ဆွေးနွေးပွဲများ ကျင်းပတော့မည်"ဟု ဖြေကြားခဲ့သည်။

          အစိုးရနှင့် ခြိမ်းခြောက်နေသော အတိုက်အခံ အုပ်စုတို့အကြား ပထမဦးဆုံး ဖြစ်လာမည့် ဆွေးနွေးပွဲများ ကျင်းပမည့်ရက်ကိုမူ အဆိုပါ တာဝန်ရှိသူက ပြောကြားခြင်း မရှိပါ။

          "နိုင်ငံနဲ့ တိုင်းကျိုးပြည်ပြု အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားတွေ၊ တိုင်းပြည်ရဲ့ လွတ်လပ်မှု ထိန်းသိမ်းဖို့ ပူပန်မှုတွေကို စိတ်ထဲမှာ ထားပြီး လောလောဆယ် ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို လက်ခံဖို့ အတွက် သူတို့ ဘယ်လောက် အဆင်သင့် ရှိသလဲ ဆိုတာကို လေ့လာဖို့ ဆွေးနွေးပွဲတွေကို စတင်တော့မှာပါ"ဟု အမည် မဖော်လိုသော တာဝန်ရှိသူက AFP သို့ ပြောကြားသည်။

          အီဂျစ်တွင် အစ္စလာမ်ဝါဒီ အစိုးရ ဖွဲ့စည်းရေးကို တောင်းဆိုထားသည့် အီရန်မှ အုပ်စုကို ခွာထုတ်ရန် ကြိုးပမ်းသည့် အနေဖြင့် ယခု ဆွေးနွေးပွဲများသည် အီဂျစ် ပြည်တွင်းရေးအပေါ် ပြည်ပနှင့် ဒေသတွင်း ၀င်ရောက် စွက်ဖက်မှုများကို ရှင်းလင်း ဖယ်ရှားရန် ရည်ရွယ်သည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

အီဂျစ်တွင် တရားဝင် ပိတ်ပင်ခံထားရသော်လည်း ခံနိုင်ရည်အား မြင့်မားသည့် Brotherhood သည် ကြီးမားသော လူမှု ကယ်ဆယ်ရေး ကွန်ယက်ကို တည်ထောင်နေသည့် အကောင်းဆုံး ဖွဲ့စည်းထား သော အတိုက်အခံ အုပ်စု ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment