Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၈.၄.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

ရထားလမ်း စီမံကိန်းအတွက် တရုတ်-မြန်မာ MoU လက်မှတ်ထိုး

(27th April 2011 ရက်စွဲပါ China Daily မှ Xinhua ၏ China, Myanmar sign MoU on rail transport project ကို ဘာသာပြန်သည်။)

ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် တရုတ်နှင့်မြန်မာတို့သည် ရခိုင်ပြည်နယ် ဆိပ်ကမ်းမြို့ ကျောက်ဖြူမှ မြန်မာနိုင်ငံ နယ်စပ်မြို့ မူဆယ်သို့ ရထား လမ်း ပူးတွဲ ဖောက်လုပ်ရန် MoU လက်မှတ် ရေးထိုးခဲ့ကြသည်။

China Railways Engineering Corporation နှင့် မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့ MoU လက်မှတ်ရေးထိုးရာသို့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Li Junhua၊ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနှင့် China Railways Engineering Corporation မှ ဥက္ကဋ္ဌ Li Changjin တို့ တက် ရောက်ခဲ့ကြသည်။

MoU တွင် ရထားလမ်းတစ်လျှောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ပါဝင်သည်။ MoU အရ မူဆယ်- လားရှိုး -ကျောက်ဖြူ ရထားလမ်း စီမံကိန်းကြီး၏ ပထမအဆင့် အနေဖြင့် ရှမ်းပြည်နယ် မူဆယ်မှ လားရှိုး သို့ ၁၂၆ ကီလိုမီတာ အရှည် ရထားလမ်း စတင် အကောင်အထည် ဖော်မည်ဖြစ်ရာ တံတားအကြီးအသေး ၄၁ ခု၊ ဥမင် လှိုဏ် ၃၆ ခုနှင့် ဘူတာ ၇ ခု တို့ ပါဝင်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို သုံးနှစ်အတွင်း အပြီးသတ်ရန် ရည်မှန်းထားပြီး၊ ကျောက်ဖြူမှ ယူနန်ပြည်နယ်သို့ ဆက်သွယ် သော ပိုက်လိုင်းစီမံကိန်း နှင့် အတူ လုပ်ဆောင်သွားမည် ဖြစ်သည်။

************************************************************************************************************

တရုတ်တွင် မယ်လမင်း ပါဝင်သော နို့မှုန့်(၂၆) တန် ဖမ်းဆီးရမိ

(27 April 2011 ရက်စွဲပါ CNN မှ Helena Hong ရေးသားသော China seizes 26 tons of melemine-tainted milk power ကို ဘာသာပြန်သည်)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ရဲတပ်ဖွဲ့သည် ရေခဲမုန့်ပြုလုပ်ရန် ရည်ရွယ်ထားသော မယ်လမင်းပါဝင်သော နို့မှုန့် (၂၆) တန်ကို ဖမ်းဆီးရ မိခဲ့သည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Chongqing မြို့ရှိ လူထုလုံခြုံရေး ဗျူရိုက ပြောကြားရာတွင် အဆိုပါ နို့မှုန့်ဝယ်သူသော စက်ရုံအား စက်ပစ္စည်း များ ထိန်းသိမ်းရေးအတွက် ပိတ် ထားကြောင်း၊ ထို့ကြောင့် မယ်လမင်းနို့မှုန့်များ ပါဝင်သော ပစ္စည်းများ ဈေးကွက်အတွင်း သို့ မရောက်ရှိသေးကြောင်း ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်သူ သုံးဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည်။ မယ်လမင်းမှာ သာမန်အားဖြင့် အပေါ်ယံ လွှာ ထပ်ခြင်း၊ ကော်များတွင် အသုံးပြုခြင်း၊ မီးမကူးအောင်အပေါ်လွှာတင်ခြင်းများတွင်သာ အသုံးပြုသည်။

အချို့တရုတ် နို့ထွက်ပစ္စည်း စက်ရုံများသည် မယ်လမင်းအား နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် ထည့်သွင်းပြီး ပရိုတင်းဓာတ် ပါဝင်မှုများ စေရန် ပြုလုပ်ခဲ့သည်။

အဆိုပါ အမှုကိစ္စမှာ ၂၀၀၈ ခုနှစ်က မယ်လမင်းနို့မှုန့်ကြောင့် ကလေးခြောက်ဦး သေဆုံးပြီး၊ ထောင်ပေါင်းများစွာသော ကလေးများမှာ ကျောက် ကပ်တွင် ကျောက်တည်ပြီး ဆီးလမ်းကြောင်းရောဂါများ ဖြစ်ခြင်းကြောင့် ထုတ်ဖော်နိုင်ခဲ့ သည်။ အဆိုပါအမှုကိစ္စကြောင့် နှစ်ဦးအား သေဒဏ်ပေးခဲ့ပြီး၊ (၂၁)ဦးမှာ အရေးယူအပြစ်ပေးခံခဲ့ရပြီး အမှုနှင့် တိုက်ရိုက် ပတ်သက်သော ကုမ္ပဏီမှာ ဒေဝါလီခံခဲ့ရသည်။

ယခု Chongqing တွင် ဖမ်းဆီးရမိမှုမှာ မတ်လ(၂၅) ရက်နေ့က ဖြစ်ပြီး၊ မြို့မှ တာဝန်ရှိသူများက အင်္ဂါနေ့ကမှ ကြေညာခဲ့သည်။ ၎င်းတို့သည် ရက် (၁၀၀) အစားအသောက် ဘေးကင်းရေး စီမံချက်ကို အင်္ဂါနေ့ကစတင်ခဲ့သည်။

**********************************************************************************************************

ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲများကြောင့် ဆွေးနွေးပွဲ ဖျက်သိမ်း

(27 Apirl 2011 ရက်စွဲပါ BBC News မှ Talks cancelled as Thailand- Cambodia clashes continues ကို ဘာသာ ပြန်သည်)

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံမှ တပ်များသည် နှစ်နိုင်ငံ အငြင်းပွားနေသော နယ်စပ်တွင် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိရာ ခြောက်ရက်မြောက်နေ့ အထိ (၁၄)ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ တိုက်ပွဲများ အများဆုံးဖြစ်ပွားသည့် နေရာများမှာ Ta Moan နှင့် Ta Krabey ဘုရား ကျောင်းများ အနီးတွင် ဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောကြားရာတွင် အင်္ဂါနေ့က ဒုံးကျည်ထိမှန်မှုကြောင့် ထိုင်းရွာသား တစ်ဦး သေဆုံးခဲ့သည်ဟု ဆို သည်။

နှစ်ဖက်စလုံးက တစ်ဦးကို တစ်ဦး ပဋိပက္ခ စတင်ကျူးလွန်အဖြစ် စွပ်စွဲလျက်ရှိကြသည်။ အငြင်းပွားမှုနှင့် ပတ်သက်၍ ဝန်ကြီးအဆင့် အစည်း အဝေးကို ယနေ့ ကျင်းပရန် စီစဉ် ထားသော်လည်း ထိုင်းနိုင်ငံမှ ဖျက်သိမ်းခဲ့သည်။

“တချို့ ကမ္ဘောဒီးယား မီဒီယာတွေမှာ ထိုင်းနိုင်ငံက ရှုံးနှိမ့်မှုကြောင့် အပစ်အခတ်ရပ်ဖိုး သဘောတူခဲ့တယ်လို့ သတင်းတွေ ထုတ်ပြန် နေကြတယ်။ ဒါကြောင့် မနက်ဖန် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝပ်ရဲ့ ဖနွမ်းပင် ခရီးစဉ်ကို ဖျက်သိမ်းဖို့ မနေ့ညက ဆုံးဖြတ်ခဲ့ပါတယ်” ဟု စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Sunsern Kaewkumnerd ကပြော ကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အစိတ်အပိုင်းများတွင် နယ်နိမိတ် သတ်မှတ်ထားခြင်းမရှိသဖြင့် တင်းမာမှုများ ဖြစ်ပြီး၊ ပစ်ခတ်မှုများကို ဖြစ်စေ ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ်များအတွင်း မကြာခဏတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ပဋိပက္ခမှာလွန်ခဲ့သည့် သုံးနှစ် ကမ္ဘောဒီးယားတွင် အထွေထွေ ရွေးကောက် ပွဲ ကျင်းပစဉ်က ဖြစ်ပွားခဲ့ပြီး၊ ယခု နောက်ဆုံးတိုက်ပွဲများမှာ လာမည့်ရက် သတ္တပတ်များ အတွင်း ထိုင်းနိုင်ငံက ရွေးကောက်ပွဲက်ု ကျင်းပရန် ပြောကြား ခဲ့စဉ် ဖြစ်ပွားခဲ့သည်။

ယခုနောက်ဆုံး တိုက်ပွဲများမှာ သောကြာနေ့က  စတင်ခဲ့ပြီး နှစ်ဖက်စလုံး အငြင်းပွားနေသော ဘုရားကျောင်း နှစ်ခု အနီးတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့က ဖြစ်ပွားသော တိုက်ပွဲများမှာ အငြင်းပွားမှု၏ အဓိကဖြစ်သော တောင်ထပ်မှ Preah Vhear ဘုရား ကျောင်း ၏ အရှေ့ဖက် ကီလို ၁၆၀ (မိုင် ၁၀၀) အကွာတွင် ဖြစ်ပွားခဲ့သည်ဟု သတင်းများက ဆိုသည်။

ကမ္ဘောဒီးယား တာဝန်ရှိသူများက ပြောကြားရာတွင် ဗုဒ္ဓဟူးနေ့က တိုက်ပွဲများသည် နံနက်စောစောတွင် စတင် ဖြစ်ပွားပြီး၊ နာရီအတန်ကြာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထောင်ပေါင်းများစွာသော ရွာသားများမှာ တိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။ ကမ္ဘောဒီးယား (၈)ဦး နှင့် ထိုင်းစစ်သား (၅)ဦး သေဆုံးခဲ့သည်။

****************************************************************************************************

အင်ဒိုနီးရှားတွင် ပြင်းအား ၆.၃ မဂ္ဂနီကျူ ငလျင် လှုပ်

(AFP သတင်းမှ 26 April 2011 ရက်စွဲပါ “6.3 magnitude aquake hits Indonisia” သတင်းကို ဘာသာပြန်ဆိုသည်)

အင်္ဂါနေ့ ဂျာဗားကျွန်း အလယ်ပိုင်း ဆီလာကက်ပ်၏ အနောက်တောင်ဖက် ကီလိုမီတာ ၁၂၀ အကွာ နေရာ တဝိုက်ကို ဗဟိုပြုကာ မြေအောက် အနက် ၂၄ ကီလိုမီတာခန့်တွင် ၆.၃ မဂ္ဂနီကျူ ပြင်းအားရှိသော မြေငလျင် တစ်ခု လှုပ်သွားခဲ့ကြောင်း ဒေသ အာဏာပိုင်များက ပြောကြားသည်။

ပြည်တွင်း မိုးလေဝသနှင့် မြေငလျင်တိုင်းတာရေး ဌာနက “ဆူနာမီ သတိပေးမှု မရှိကြောင်း” ဆိုသည်။ “အဆိုပါ ဒေသတွင် တုန်လှုပ် ခြောက်ခြား သွားခဲ့ကြသော်လည်း ထိခိုက်ပျက်စီးမှု သတင်းများ ယခုထိ မရရှိသေးပါ” ဟု ဆီလာကက်ပ်မှ သဘာဝဘေးအန္တရာယ် ကွပ်ကဲရေး တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားသည်။

“ငလျင်လှုပ်တဲ့အချိန်မှာ ခပ်ပြင်းပြင်း တုန်ခါသွားတာကို ခံစားလိုက်ရတယ်ဗျ၊ လူတော်တော်များများကတော့ အိမ်တွေရဲ့ အပြင်ဖက်ကို ပြေးထွက်လာကြတယ်၊ လောလောဆယ်တော့ သဘာဝ ဘေးအန္တရာယ်ကွပ်ကဲရေး တာဝန် ရှိသူတွေက ဆူနာမီ သတိပေးမှု မရှိပါဘူးလို့ ပြောကြား အသိပေးရင်းနဲ့ ဒီကပြည်သူတွေ စိတ်အေးလက်အေး ဖြစ်အောင် ကြိုးစားနေကြပါတယ်” ဟု တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆူဟာမန်က ပြောကြားသည်။

ဆီလာကက်ပ်ရှိ “ပါတာမီနာ” နိုင်ငံပိုင် ရေနံနှင့် ဓါတ်ငွေ့လုပ်ငန်းပိုင် ရေနံချက် စက်ရုံတွင်လည်း ထိခိုက်ပျက်စီးမှု သတင်းမရရှိပါဟု AFP သတင်းထောက်က ပြောကြားသည်။

ကမ္ဘာ့တိုက်ကြီးများ၏ မြေလွှာကြီးများ ဆုံတွေ့ကာ ပြင်းထန်သော မြေအောက်လှုပ်ရှားမှုများ ရှိနေသည့် ပစိဖိတ် မီးတောင်စက်ဝန်းပေါ်တွင် အင်ဒိုနီးရှားနိုင်ငံ တည်ရှိနေပြီး ထိုဒေသတွင် မကြာခဏ ငလျင်များ လှုပ်လေ့ရှိသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment