Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၈.၇.၂၀၁၁

ဘာသာပြန်သတင်းများ

အောင်ပွဲရအမတ်လောင်းများကို ထောက်ခံချက်ပေးရန် ထိုင်းရွေးကောက်ပွဲကော်မရှင်နှောင့်နှေး

(AFP သတင်းမှ 13 July 2011 ရက်စွဲပါ Thai Election Board Holds Back nod for Winners” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံတွင် အစိုးရအဖွဲ့သစ်ထံ မြန်မြန်ဆန်ဆန် အာဏာလွှဲပြောင်းနိုင်မည့် အခွင့်အရေးများပျက်ပြားအောင် နိုင်ငံတော် ရွေးကောက်ပွဲ ကော်မရှင်က ပြုလုပ်လျက်ရှိသည်။

ဇူလိုင် ၃ ရက်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမတ်လောင်းများအနက်မှ လေးပုံတစ်ပုံကျော်ကျော်၏ အောင်မြင်မှုများကို အသိအမှတ်ပြုရန် အဆိုပါကော်မရှင်က နှောင့်နှေးကြန့်ကြာနေခြင်း ဖြစ်သည်။

ထိုင်းပါလီမန်၏ လွှတ်တော်အမတ် ၅၀၀ အနက်မှ ၁၆၅ နေရာကို ဖြူးထိုင်းပါတီက အနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာတော့မည့် ယင်လပ် ရှင်နာဝပ်ထရာ အပါအဝင် အခြားအမတ်လောင်းအချို့အား ထောက်ခံလျက်ပေးရန် အဆင်သင့်မဖြစ်သေးပါဟု ယင်းကော်မရှင်က အင်္ဂါနေ့တွင် ကြေညာ ချက်ထုတ်ပြန်ထားသည်။

လက်ရှိအောင်ပွဲရ နိုင်ငံရေးခေါင်းဆောင် ယင်လပ်သည် ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ဝန်ကြီးချုပ်နေရာကို ဖယ်ပေးခဲ့ရသူ သက်ဆင်ရှင်နာဝပ်ထရာ၏ အငယ်ဆုံးညီမဖြစ်သည်။

ရွေးကောက်ပွဲနိုင် အမတ်လောင်းများကို စည်းကမ်းမကိုက်ညီမှုဖြင့် ပယ်ချနိုင်ခွင့်ရှိသော ထိုင်းရွေးကောက်ပွဲက ၎င်းတို့ထောက်ခံချက် မပေးရ သေးသည့် အမတ်လောင်းများ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်ခဲ့ခြင်း ရှိ/မရှိကို ဆက်လက်စုံစမ်းစစ်ဆေးဦးမည်ဖြစ်သည်။ ထို့လုပ်ရခြင်း၏ အကြောင်း အရင်းကို ရှင်းလင်းပြောကြားခြင်း မရှိပါ။

ဝန်ကြီးချုပ်တာဝန်လွှဲပြောင်းရယူရန်စောင့်ဆိုင်းနေသည့် ယင်လပ်က သူမအနေဖြင့် ပြစ်ချက်ကင်းရှင်းသည့် ထောက်ခံချက်ရရှိမည်ဟု ယုံကြည်စိတ်ချမှုရှိကြောင်း ပြောဆိုထားသည်။

**********************************************************************************

ဗီယက်နမ်တွင် နှိမ်နှင်းနေသည့်ကြားမှ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲများဖြစ်

(17 July 2011 ရက်စွဲပါ AP သတင်းဌာန၏ Vietnamese Hold anti-China march despite crack down ကို ဘာသာပြန်ဆိုသည်)

တနင်္ဂနွေနေ့က ဗီယက်နမ်လူမျိုးအုပ်စုလေးတစ်ခုသည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ လုပ်ရပ်များနှင့် ပတ်သက်၍ ကန့်ကွက်ချီတက် ဆန္ဒပြကြသည်။ ယင်းမတိုင်မီကလည်း ဆန္ဒပြသူနှစ်ဒါဇင်ခန့်အား ရဲများက ဝိုင်းထားသဖြင့် ဘတ်စ်ကားများပေါ်သို့ တက်၍မောင်းပြေးကြပါသည်။

ချီတက်ဆန္ဒပြရန် ခွင့်ပြုချက်ရသူများအား တရုတ်သံရုံးအနီးမလှမ်းမကြမ်းမှ ရဲများက စောင့်လျက်ရှိသည်။ အချို့ကို နောက်ပိုင်းမှ ဖမ်းဆီးလိုက် သည်။ အချို့အုပ်စုများမှာ ခဏတာသာ ဆန္ဒပြကြပြီး အချို့ကို မစတင်မီ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အချို့မှာ မှန်အမည်းပါသော ဘတ်စ်ကားများပေါ်သို့ တက်၍ထွက်ပြေးကြပြီး လူတစ်ဦးကိုမူ ရဲများက မြေကြီးပေါ်ကန်ကျောက်၍ခေါ်ဆောင်သွားသည်။

ကွန်မြူနစ်တိုင်းပြည်ဖြစ်သော ဗီယက်နမ်တွင် ဆန္ဒပြမှုများမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး၊ ရဲများက အမြန်ဆုံး ဖမ်းဆီးလေ့ရှိသည်။ သို့သော် ယခု တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အာဏာပိုင်များက ခွင့်ပြုခဲ့သည်မှာ ရက်သတ္တပတ် အနည်းငယ်ရှိခဲ့ပြီးဖြစ်သည်။ သို့သော်ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်က AP သတင်းဌာနအပါအဝင် နိုင်ငံခြားသတင်းထောက်များ ပါဝင်သော ဆန္ဒပြသူများအား ခေတ္တထိန်းသိမ်းခဲ့သည်။

ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် ပြီးခဲ့သည့် မေလမှစ၍ တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှု တောင်းဆိုမှုများကြောင့် သဘောထား ခြင်း မတိုက်ဆိုင်မှုများဖြစ်ပွားခဲ့သည်။ ဗီယက်နမ်ကမ်းရိုးတန်းတွင် ရေနံရှာဖွေရေး လုပ်ငန်းများအား Beijing က နှောင့်နှေးအောင်ပြုလုပ်သည်ဟု ဗီယက်နမ်က နှစ်ကြိမ်စွပ်စွဲခဲ့သည်။ တရုတ်ကလည်း အငြင်းပွားနေသော Spratly ကျွန်းများအနီးတွင် ၎င်း၏ငါးဖမ်းသမားများအား ဗီယက်နမ်က အန္တရာယ် ပေးသည်ဟု စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့်လကုန်ပိုင်းက နှစ်ဖက်တွေ့ဆုံပြီး ငြိမ်းချမ်းသောအဖြေရရှိရေးအတွက် ညှိနှိုင်းရန် အစီအစဉ်များကို ကြေညာခဲ့ခြင်းကြောင့် အခြေအနေ အေးဆေးစွာသယောင်ရှိခဲ့သည်။ သို့သော် ပြီးခဲ့သည့်အပတ်က နှစ်ဖက်အငြင်းပွားနေသော Paracel ကျွန်းများအနီးတွင် ဗီယက်နမ် ငါးဖမ်းလှေအား တရုတ်စစ်သားများက နောက်မှလိုက်၍ တိုက်ခိုက်သည်ဟု နယ်စပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ငါးဖမ်းလှေကပ္ပတိန်မှာ ရိုက်ခံရသော်လည်း ဒဏ်ရာကြီးကြီးကျယ်ကျယ်မရဟု တာဝန်ရှိသူက ပြောသည်။

တနင်္ဂနွေနေ့က ဆန္ဒပြသူများသည် တရုတ်ကို ဆန့်ကျင်ကြဟု ကြွေးကြော်ခဲ့ပြီး၊ တရုတ်၊ ဗီယက်နမ်နှင့် အင်္ဂလိပ်လိုရေးထားသော စာတမ်းများ ကိုင်ဆောင်ထားသည်။ စာတမ်းတစ်ခုတွင် “တရုတ်ကျူး ကျော်မှုရပ်တန်းကရပ်၊ ဗီယက်နမ်ငါးဖမ်းသဘောများကို သတ်ဖြတ်နေမှု ရပ်တန်းကရပ်ဟု ရေး သားထားသည်။

ပြီးခဲ့သည့် အပတ်က တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးဟောင်း အပါအဝင် ဝန်ထမ်းဟောင်းများ၊ ပညာရှင်များ ၂၀ ခန့်သည် တိုင်းပြည်ခေါင်း ဆောင်များထံသို့ တရုတ်နှင့် ကိစ္စပွင့်လင်းမြင်သာမှုရရှိရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုရန် စာတင်ပြခဲ့ကြသည်။

**********************************************************************************

ထိုင်းတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၈၂၈၀၀၀ ကျော်မှတ်ပုံတင်

(Pernama News မှ 15 July 2011 ရက်စွဲပါ Thailand registers over 828000 migrant workers သတင်းကို ဘာသာပြန်ဆိုသည်)

                ပြီးခဲ့သော တစ်လလုံးတွင် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံသားအများစု ပါဝင်သော ရွှေ့ပြောင်း အလုပ်သမား ၈၂၈၀၀၀ ကျော်သည် ထိုင်း အလုပ်သမားဝန်ကြီးဌာနသို့ မှတ်ပုံတင်ခွင့်လျှောက် လွှာများတင်ခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိအောင် ကြိုးစားခဲ့ကြသည်ဟု သိရှိရသည်။

ဇွန်လ ၁၅ ရက်နေ့နောက်ပိုင်းစတင်ကာ ယခုတစ်ပတ်ကြာသပတေးနေ့တွင် ပြီးဆုံးသွားသည့် ထူးခြားသောကာလ အပိုင်းအခြားသည် ထိုင်း အစိုးရက ပြည်ပအလုပ်သမားများ တရားမဝင်အလုပ်လုပ်ခြင်းကို ကိုင်တွယ်ရန် ကြိုးစားသည့် နောက်ဆုံးပတ်ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း Thai News Agency က သောကြာနေ့တွင် ကြေညာသည်။

နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားသော အလုပ်သမားများမှာမူ အမြင့်ဆုံးဒဏ်ငွေ ဘတ်တစ်သိန်းနှင့် ထောင်ဒဏ်ကျခံရခြင်း၊ အလုပ် ထုတ် ပယ်ခံရခြင်းတို့နှင့် ရင်ဆိုင်ရမည်ဟုဆိုသည်။ သို့သော်လည်း ငါးဖမ်းလုပ်ငန်းမှ အလုပ်သမားများအတွက်မူ သက်ညာမှုကာလကို လာမည့်လအထိ နောက်ဆုတ် ပေးထားသည်ဟုသိရှိရသည်။

**********************************************************************************

PTTEP က မြန်မာကမ်းလွန်ထုတ်လုပ်ရေးပလက်ဖောင်းတည်ဆေက်ပေးရန် Sembcorp ကို ကန်ထရိုက်ပေး

(Offshore magazine မှ 15 July 2011 ရက်စွဲပါ PTTEP Taps Sembcorp for myanmar production plafform သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ PTTEP ရေနံကုမ္ပဏီက မြန်မာကမ်းလွန်တွင် အသုံးပြုရန်အတွက် ကမ်းလွန်ရေနံ ဓာတ်ငွေ့ထုတ်လုပ်ရေး ပလက်ဖောင်း (ရေနံတွင်း တူးစင်) တည်ဆောက်တပ်ဆင်ပေးရန် Sembcorp Marine Ltd ကို ကန်ထရိုက်ပေးလိုက်သည်။

အမေရိကန်ဒေါ်လာ ၄၉၂ သန်းတန်ဖိုးရှိသော ကန်ထရိုက်စာချုပ်တွင် အင်ဂျင်နီယာလုပ်ငန်း၊ ကိုယ်စား စီမံခန့်ခွဲခြင်း၊ တည်ဆောက်ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ တပ်ဆင်ခြင်းနှင့် တစ်ဆင့်လုပ်ငန်းအပ်နှံခြင်းတို့ပါဝင်သည်ဟု Sembcorp ကုမ္ပဏီထံမှ သိရှိရသည်။

**********************************************************************************

မြန်မာအပေါ် ကမ္ဘာ့ထင်မြင်ချက်ကို အာဆီယံသတိကြီးစွာထား

(Inter Aksyon News မှ 14 July 2011 ရက်စွဲပါ Asean Sensitive to world opinion on Myanmar သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

အာဆီယံအဖွဲ့အနေနှင့် မြန်မာနိုင်ငံအား အဖွဲ့၏အလှည့်ကျဥက္ကဋ္ဌတာဝန်ပေးရန် သင်မသင့်ဆုံးဖြတ်ချိန်တွင် အာဆီယံ၏ ထိပ်တန်းသံတမန် ပုဂ္ဂိုလ်များက နိုင်ငံတကာ၏သဘောထားကို ထည့်သွင်းစဉ်း စားကြလိမ့်မည်ဟု မျှော်လင့်ရသည်။

“ကျွန်တော်တို့ဟာ ကျန်တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံပြီးတော့ ရှင်သန်နေထိုင်ကြ၊ အတူလုပ်ကိုင်ကြ၊ ပေါင်းစည်းအားဖြည့်ကြ၊ အကျိုးဖြစ်ထွန်းကြရ တာပါ။ သူတို့ရဲ့ ထင်မြင်ချက်သဘောထားတွေကို ကြားသိရဖို့အတွက် ကျွန်တော်တို့ အသေအချာတံခါးဖွင့်ထားမှာပါ” ဟု အာဆီယံ အထွေထွေအတွင်း ရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်က ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ဆွေးနွေးဖော် ဆွေးနွေးဖက်တွေရဲ့ စိတ်ရင်းစေတနာ ကြောင့်လည်း အာဆီယံအဖွဲ့ ဒီနေ့ရပ်တည်နေနိုင်တာပါဟု ၎င်းက အလေးထား ပြောကြားသည်။

ဇူလိုင် ၁၅ ရက်မှ ၂၃ ရက်အထိ ပြုလုပ်မည့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးများတွင် အထွေထွေ အတွင်းရေးမှူးချုပ်လည်း ပါဝင်တက် ရောက်နေပြီး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အထက်ပါကိစ္စကို ဆွေးနွေးသုံးသပ်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါက အနောက်နိုင်ငံအစိုးရများထံမှ တုန့်ပြန်လာနိုင်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီ ယံလွှတ်တော်များ ညှိနှိုင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ အင်ဒိုနီးရှား လွှတ်တော်အမတ် ကူဆူမာဆန်ဒါရီက အစောပိုင်းတွင် သတိပေးခဲ့သည်။

သြစတြးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် အီးယူတို့မှ အစိုးရတာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးမှုများကို အခြေခံသုံးသပ်ပါက ဖြစ်လာနိုင် သော အကျိုးသက်ရောက်မှုမှာ အာဆီယံ တစ်ဖွဲ့လုံးအတွက် ကောင်းကျိုး မရှိနိုင်ဟု ဆန်ဒါရီက ပြောကြားသည်။

“ဒီကိစ္စကို ကူညီလို့မရနိုင်ပါဘူး၊ ဒီအစိုးရတွေက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင်လို့ ရှုမြင်နေကြတုန်းပါ” ဟု သူမက ဆက်လက်ပြောဆိုသည်။

သို့ရာတွင် အာဆီယံ၏ ယင်းကဲ့သို့လုပ်ဆောင်မှုအပေါ် မကျေနပ်ကြောင်းကို အနောက်နိုင်ငံအစိုးရများက မည်သို့ပြသ တုန့်ကြမည်ဆိုသည်ကို ရှင်းလင်းပြောကြားကြခြင်း မရှိဟု ဆန်ဒါရီက ဆိုသည်။

မြန်မာလွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်သည် အဓိက အတိုက်အခံပါတီ NLD ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအောင် ဦးဆောင်ခဲ့သော်လည်း တပ်မတော်အစိုးရက အာဏာလွှဲယူခွင့် မပေးခဲ့ပါ။

ထို့နောက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပသည့် နိုဝင်ဘာလရွေးကောက်ပွဲများအပြီး တစ်ပတ်ခန့်အကြာတွင်မူ တပ်မတော်အစိုးရက အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားခဲ့သော သူမကို အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။

အစီအစဉ်ရှေ့တိုးလာခြင်း

မြန်မာနိုင်ငံသည် ယခုနှစ်အတွက်အလှည့်ကျ အာဆီယံဥက္ကဋ္ဌနေရာကို တာဝန်ယူလိုခြင်းဖြစ်သော်လည်း ၂၀၀၆ ထိပ်သီးညီလာခံတွင် ယင်း ကိစ္စကို ၂၀၁၆ သို့ရွေ့ဆိုင်းခဲ့ကြသည်။

ပြီးခဲ့သော ဇန်နဝါရီလကမူ ထိုအစီအစဉ်ကို ၂၀၁၄ သို့ ရှေ့တိုးပေးရန် မြန်မာနိုင်ငံက တောင်းဆိုခဲ့သည်။ ထို့နောက် ပြီးခဲ့သော မေလက ၁၈ ကြိမ် အာဆီယံထိပ်သီးညီလာခံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားအား အဖွဲ့ကိုဦးဆောင်၍ မြန်မာနိုင်ငံ၏ အဆင်သင့်ဖြစ်မှုကို အကဲဖြတ်ရန် တောင်းဆိုခဲ့ကြသည်။

နေပြည်တော်မှ လတ်တလောပြသသော လက္ခဏာများက အင်ဒိုနီးရှား သံတမန်မစ်ရှင်ကဲ့သို့သော အဖွဲ့များကို ပင်လက်ခံရန် အဆင်သင့် ဖြစ်နေ ကြောင်း ရည်ညွှန်းလျက်ရှိသည်ဟု ဆူရင်ပစ်ဆူဝမ်က ဆိုသည်။ အဆိုပါ သံတမန်မစ်ရှင်သည် “တခါးဖွင့်မည့်လမ်းကြောင်းပေါ်မှ မြန်မာနိုင်ငံအား အာဆီယံ ၏ ထောက်ခံအားပေးမှု” ကို ထင်ဟပ်နေသည်ဟု ဆက်လက်ပြောကြားသည်။

၂၀၀၇ ခုနှစ်တွင် အာဆီယံခေါင်းဆောင်များက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံကိစ္စက အာဆီယံအဖွဲ့၏ ပေါင်းစည်းရေးကြိုးပမ်းမှုများကို ပိတ်ဆို့နေ ခြင်းအား တားဆီးရန် အပတ်တကုတ်ကြိုးစားသွားကြမည်ဟု အလေးထားပြောကြားခဲ့ကြသည်။

သော့ချက်ကျသော စဉ်းစားသုံးသပ်မှုများ

                NLD ပါတီ၊ တိုင်းရင်းသားလူမျိုးအုပ်စုများနှင့် တပ်မတော်အစိုးရတို့ ၃ ပွင့်ဆိုင်ဆွေးနွေးခြင်းဖြင့် စတင်ရမည့် အမျိုးသားပြန်လည်စေ့စပ်ရေး ကိစ္စသည် ကိစ္စရပ်များစွာအနက်အဓိကပင်မအကျဆုံးဖြစ်ပြီး ကုလသမဂ္ဂက ယင်းကိစ္စကို တောင်းဆိုထားသည်မှာကြာလှပြီဖြစ်သော်လည်း ယခုတိုင် ဆက် လက်၍ လမ်းချော်အတွေးချော်နေဆဲ ဖြစ်သည်။

အခြားကိစ္စရပ်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် ပြည်တွင်းအိုးမဲ့အိမ်မဲ့ပြစ်မှုကို ဖြေရှင်းရန် ကိစ္စများ ပါဝင်သည်။

မြန်မာနိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်အတွက် အာဆီယံခေါင်းဆောင်များက ၂၀၀၅၊ ၂၀၀၇ နှင့် ၂၀၀၉ ထိပ်သီးညီလာခံများတွင် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြဘူးသည်။ လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့် ရှိနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုများက ခန့်မှန်းထား ကြသည်။ ထို့ အပြင်ဒေါ်အောင်ဆန်းစုကြည်အပေါ် တားမြစ်ချုပ်ချယ်မှုများရုတ်သိမ်းပေးရန်လည်း ၎င်းတို့ကတောင်းဆိုထားကြသည်။

အချို့သောအဖွဲ့ဝင်နိုင်ငံများကမူ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးအထူးအရာရှိတစ်ဦး ၁၀ နှစ်ကျော် တာဝန်ပေးခန့်အပ်ထားသည့် ကုလသမဂ္ဂ ကဲ့သို့သော နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံတို့ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေမျိုးကို ဖန်တီးမြင်တွေ့လိုသည့် ဆန္ဒရှိကြ သည်ဟု ဆူရင် ပစ်ဆူဝမ်က ပြောကြားသည်။

သတင်းမီဒီယာများကို ဖိနှိပ်ချုပ်ချယ်ထားခြင်းသည်လည်း ထည့်သွင်းစဉ်းစားရမည့် အဓိကကိစ္စ တစ်ခု ဖြစ်သည်ဟု ဆန်ဒါရီကပြောကြားသည်။

အရေးကြီးသော အရည်အချင်းများ

ယခုနှစ်အစောပိုင်းက လွှတ်တော်ခေါ်ယူကာ အခြေခံဥပဒေသစ်ကို အသက်ဝင်စေခြင်းဖြင့် တပ်မတော်အစိုးရလက်ရာ ဒီမိုကရေစီလမ်းပြမြေပုံ ၇ ဆင့်ကို အပြီးသတ်ခဲ့သော မြန်မာနိုင်ငံအတွက် အရေးကြီးသော အရည်အချင်းများကို ၂၀၁၄ ဥက္ကဋ္ဌ တာဝန်ဆောင်ရွက်ခြင်းဖြင့် ရရှိလာစေမည်ဖြစ်သည်။

သတင်းမီဒီယာများနှင့် နိုင်ငံရေးအတိုက်အခံများကို ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်ချုပ်ချယ်ထားခြင်းကြောင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသော အစိုးရ များနှင့်အတူ ဒီမိုကရေစီလူ့အခွင့်အရေး လှုပ်ရှားမှုများက အတုအယောင်အဖြစ် ဝေဖန်ပြစ်တင်ခဲ့ကြသည့် ၂၀၁၀ နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲများ၏ ရလဒ်များ လက်ရှိနိုင်ငံရေ အသွင်ပြောင်းမှုနှင့် အာဆီယံဥက္ကဋ္ဌရာထူး မျှော်မှန်းခွင့်တို့ပင် ဖြစ်သည်။

၂၀၁၄ တွင် လက်ရှိ မြန်မာလွှတ်တော်အမတ်များမှာ သူတို့၏ရွေးချယ်တင်မြောက်ခံ သက်တမ်းတစ်ဝက်ကျော်ကျော်တို့ ရောက်နေကြမည် ဖြစ်သည်။ အဆိုပါလွှတ်တော်နှစ်ရပ်ပေါင်း အမတ်နေရာ ၆၆၄ နေရာ၏ လေးပုံတစ်ပုံမှာ တပ်မတော်သားအမတ်များဖြစ်ရမည်ဟု အခြေခံဥပဒေက သတ်မှတ်ထားသည်။

အာဆီယံအနေဖြင့် နိုင်ငံတကာ၏ သဘောထားကို ထည့်သွင်းစဉ်းစားရန် တံခါးဖွင့်ထားသည်ဆို သည့်တိုင်အောင် မြန်မာနိုင်ငံ ဥက္ကဋ္ဌတာဝန် ယူရေးပြဿနာကို အာဆီယံခေါင်းဆောင်များကသာလျှင် အဆုံးသတ် ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း ဆူရင်ပစ်ဆူဝမ်က ပြောကြားသည်။ နိုင်ငံခြားရေး ဝန်ကြီးများအနေဖြင့် အာဆီယံ၏ အကျိုးစီးပွားကို ဆုံးဖြတ်ကြလိမ့်မည်ဟု မိမိယုံကြည်စိတ်ချကြောင်း ဆူရင်က ဆက်လက် ပြောဆိုခဲ့သည်။

**********************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment