Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၂.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာမှ အလားအလာကောင်းသော လက္ခဏာများကို ဝါရှင်တန် စောင့်ကြည့်နေကြောင်း ကလင်တန် ပြောကြား
    ( Reuters သတင်းမှ 12 Oct 2011 ရက်စွဲပါ “ Hillary Clinton : US ses promising singnals in Myanmar” သတင်းကို ဘာသာပြန်သည်)
  2. နိုင်ငံရေးအရ အကျဉ်းကျသူများ လွတ်ငြိမ်းချမ်းသာခွင့် စတင်မှုအဖြစ် ထင်ရှားသော အစိုးရဆန့်ကျင်ဝေဖန်သူကို မြန်မာအစိုးရလွှတ်ပေး
    ( AFP, Reuters မှ 12 Oct 2011 ရက်စွဲပါ “ Myanmar frees prominent  dissident as prisoner amnesty begins” သတင်းကို ဘာသာပြန်သည်)
  3. မူးယစ်ဆေးဝါးကိစ္စ မည်မျှကြာကြာခရီးဆက်လေဦးမည်နည်း။
    (10 October 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော How Long can this go on? ကိုဘာသာပြန်ထားပါသည်။)

***************************************************************************

ဘာသာပြန်သတင်းများ

မြန်မာမှ အလားအလာကောင်းသော လက္ခဏာများကို ဝါရှင်တန် စောင့်ကြည့်နေကြောင်း ကလင်တန် ပြောကြား

( Reuters သတင်းမှ 12 Oct 2011 ရက်စွဲပါ “ Hillary Clinton : US sees promising singnals in Myanmar” သတင်းကို ဘာသာပြန်သည်။)

မြန်မာ့နိုင်ငံရေး ပြုပြင်ပြေင်းလဲမှု၏ အလားအလာကောင်းသသော လက္ခဏာများကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ကျေနပ်အားတက်လျက် ရှိသော်လည်း ဝါရှင်တန်က တုန့်ပြန်မည့် ဆောင်ရွက်ချက်များကို ကြေညာရန် အချိန်စောလွန်းနေသေးသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အင်္ဂါနေ့တွင်ပြောကြားသည်။

ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးနှင့် ဖိနှိပ်အုပ်ချုပ်မှုအပြီးတွင် နိုင်ငံရေးအလယ်အလတ်လမ်းစဉ် ကျင့်သုံးရန် လမ်းစများ ထွက်ပေါ်လျက် ရှိသော အရှေ့တောင်အာရှ တံခါးပိတ် မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို ဝါရှင်တန်က အနီးကပ် စောင့်ကြည့်နေသည်ဟု ကလင်တန်က Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။ မြန်မာအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် လွှတ်ပေးတော့မည်ဟု မျှော်လင့်ရသည်။

“ ကျွန်မတို့ မြင်ချင်တာက လက်တွေ့ဆောင်ရွက်ပြသမှုတွေပါ။ တကယ်လို့ သူတို့ကသာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုရင်တော့ သိပ်ကို အပြုသဘောဆောင် ကောင်းမွန်တဲ့ လက္ခဏာတစ်ခုလို့ ဆိုရမှာပါ” ဟု ကလင်တန်က မှတ်ချက်ပေးသည်။

သို့သော် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားသော Sanctions များ ရုတ်သိမ်းပေးသည်အထိ အမေရိကန်ပြည်ထောင်စုက တုန့်ပြန် လိုက်လျောဖို့ ရှိသလားဟု Reuters က မေးမြန်းရာတွင် “ ကျွန်မတို့ လုပ်မှာလား၊ မလုပ်ဘူးလား ဆိုတာကို ကြေညာဖို့အတွက် အချိန်နဲနဲစောပါတယ်” ဟု ကလင်တန်က ဖြေကြားသည်။

သူမ ရည်ညွှန်းပြောဆိုသည့် အလားအလာကောင်းသော လက္ခဏာများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရတို့ ဆက်လက်ဆွေးနွေးနေခြင်း၊ ပြည်သူ့သဘောထားကို လိုက်လျောတုန့်ပြန်သည့်အနေဖြင့် ၃.၆ ဘီလျံ ဒေါ်လာ တရုတ်လုပ် ရေလှောင်တမံကို ရပ်ဆိုင်းထားခြင်း စသည့် ကိစ္စများ ပါဝင်သည်။

အဆိုပါ သိသာသော အပြောင်းအလဲများသည် မြန်မာခေါင်းဆောင်များဖက်မှ မဟာဗျူဟာမြောက် ပြောင်းလဲလာမှု၏ရလဒ်လား( သို့ ) နည်းဗျူဟာမြောက် အကွက်ရွှေ့ရုံလောက်ပဲလားဟု မေးမြန်းရာ၌ ‘ ဒီမေးခွန်းရဲ့ အဖြေကိုတော့ မသိပါဘူး’ ဟု ကလင်တန်က ပြောကြားသည်။

***************************************************************************

နိုင်ငံရေးအရ အကျဉ်းကျသူများ လွတ်ငြိမ်းချမ်းသာခွင့် စတင်မှုအဖြစ် ထင်ရှားသော အစိုးရဆန့်ကျင်ဝေဖန်သူကို မြန်မာအစိုးရလွှတ်ပေး

( AFP, Reuters မှ 12 Oct 2011 ရက်စွဲပါ “ Myanmar frees prominent  dissident as prisoner amnesty begins” သတင်းကို ဘာသာပြန်သည်)

နိုင်ငံရေးအရ ထိန်းသိမ်းထားသူများ ပါဝင်လိမ့်မည်ဟု မျှော်လင့်ရသော နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ် စတင် ဆောင်ရွက်မှုအဖြစ် နာမည်ကျော်လူရွှင်တော်၊ ထင်ရှားသောနိုင်ငံရေးသမား ဇာဂနာကို မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့တွင် လွှတ်ပေးလိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံ၌ နာမည်တစ်လုံးဖြင့် ထင်ရှားကျော်ဇောသူ ဇာဂနာသည် ၂၀၀၈ မေလက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် စုစုပေါင်း ၁၄၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသော နာဂစ် မုန်တိုင်းအပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာနေသည့် ယခင်တပ်မတော်အစိုးရ ခေါင်းဆောင်များကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့ခြင်းကြောင့် ၂၀၀၈ ဇွန်လတွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဒီမိုကရေစီလိုလားသော နိုင်ငံရေးလှုပ်ရှားသူများ၊ သတင်းထောက်များ၊ ဘုန်းကြီးများ၊ ရှေ့နေများ ပါဝင်သော နိုင်ငံရေးအကျဉ်းသား ခန့်မှန်းခြေ ၂၀၀၀ ခန့် လွတ်မြောက်ရေးကိစ္စကို မြန်မာနိုင်ငံအား အရေးယူပိတ်ဆို့ထားကြသည့် အနောက်နိုင်ငံများက ယခင်ကပင် အဓိကထားတောင်းဆိုခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ အကျယ်ချုပ်မှ မနှစ်က လွတ်မြောက်လာခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရဆန့်ကျင်ဝေဖန်သူများကို လိုက်လျောဆက်ဆံရန် ကြိုးစားလာသော မြန်မာအစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲလာမှုများတွင် ယခုနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှုသည် အထင်ရှားဆုံး လက္ခဏာတစ်ရပ်ပင် ဖြစ်လေသည်။

ဇာဂနာက Reuters နှင့် ပြောဆိုရာ၌ ဗုဒ္ဓဟူးနေ့တွင် လွှတ်ပေးမည်ဟု အာဏာပိုင်များက ပြောကြားထားသော အကျဉ်းသား ၆၃၅၉ ဦးအနက် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများဟု ခေါ်ဝေါ်သော နိုင်ငံရေးအကျဉ်းသားများ ပါဝင်လိမ့်မည်ဟု သိရှိထားသော်လည်း အကျဉ်းထောင် အသီးသီးမှ မည်မျှလွှတ်ပေးလိုက်ပြီဆိုသည်ကို အရေအတွက် အတိအကျ မသိသေးပါဟု ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်တည်ငြိမ်မှုနှင့် ပြည်သူတို့၏ အေးချမ်းသာယာမှုကို ခြိမ်းခြောက်ခြင်း မရှိခဲ့သော အကျဉ်းသားများကို လွှတ်ပေးရန် အသစ်စက်စက် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက အင်္ဂါနေ့တွင် ဖေါ်ပြခဲ့သည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသားအားလုံးကို တစ်ကြိမ်ထဲနှင့် လွှတ်ပေးမှာလား ( သို့ ) အရေအတွက် မည်မျှ လွှတ်ပေးမှာလဲဆိုသည်ကိုမူ ယခုအချိန်ထိ သဲကွဲစွာ မသိရသေးပါ။

 ***************************************************************************

မူးယစ်ဆေးဝါးကိစ္စ မည်မျှကြာကြာခရီးဆက်လေဦးမည်နည်း

(10 October 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးပိုင်းဖြစ်သော How Long can this go on? ကိုဘာသာပြန်ထားပါသည်။)

မြောက်ပိုင်းတွင် အသစ်ပေါ်ထွက်လာသော မူးယစ်ဆေးဝါးစစ်ပွဲများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာအနေဖြင့် ပြီးခဲ့သည့်အပတ်က သူမပေးခဲ့သည့် အချိန်ထက်စာလျှင် ထိုကိစ္စကိုပိုမိုအချိန်ပေး လုပ်ဆောင်ရန် ရှင်းလင်းစွာ ပြသလိုက်ခြင်း ဖြစ်ပါသည်။

မဲခေါင်မြစ်တွင် မသိနားမလည်သူ (၁၂) ဦးသေဆုံးခဲ့ရခြင်းနှင့် မြစ်အတွင်း လုပ်ကိုင်စားသောက်နေသော ရိုးသားသော ပြည်သူများကို ကြောက်ရွံ့စေခြင်းကို လက်မခံနိုင်ပေ။ မြန်မာစစ်အစိုးရသည် ကာလရှည်ကြာကပင် ရှိနေခဲ့သောတရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်းကိုခွင့်ပြုထားခဲ့ပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က ဖြစ်ပွားခဲ့သောသွေးထွက်သံယိုမှုသည် မြန်မာအစိုးရအား မူးယစ်ဆေးဝါးဂိုဏ်းများကို တိုက်ခိုက်ရာတွင် ခပ်ပေါ့ပေါ့စဉ်းစား၍ မရတော့ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ ယခုအခါ မဆီမဆိုင် တရုတ်နိုင်ငံကပါ ထိုပြဿနာများတွင် ပါဝင်ပတ်သက်လာခဲ့ရရာ ဒေသတွင်းအနေဖြင့် ထိုပြဿနာကိုရှင်းလင်းပစ်ရန် မြန်မာနိုင်ငံအပေါ် ပိုမိုဖိအားပေးရတော့မည် ဖြစ်ပါသည်။

ယခုမြောက်ပိုင်းမှ သွေးထွက်သံယိုမှုများ၏ အရင်းအမြစ်နှင့် ထိုင်းနိုင်ငံရှိ မူးယစ်ဆေးဝါးကျူးလွန်မှုများ၏ မူလအရင်းအမြစ်မှာ အတူတူပင် ဖြစ်ပါသည်။ “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်များသည် ၁၉၉၀ ခုနှစ်များအတွင်းက နိုင်ငံတကာ ပြစ်မှုကျူးလွန်ရေး အဖွဲ့ကို တည်ထောင်ခဲ့ပါသည်။ ၎င်းတို့သည် အဓိကမူးယစ်ဆေးဝါးထုတ်လုပ်ရေးစက်ရုံများကို မြန်မာနိုင်ငံအတွင်းတွင် တည်ထောင်ခဲ့ပါသည်။ အစပထမတွင် ၎င်းတို့သည် မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံရှိလူငယ်များကို ရောင်းချရန် ပစ်မှတ်ထားခဲ့ကြပါသည်။

နှစ်အတန်ကြာသောအခါ “ဝ” ခေါင်းဆောင်များသည် ၎င်းတို့၏ မက်သာဖက်တမင်းများကို သယ်ယူရန် ထိုင်းနိုင်ငံရှိ ရာဇဝတ်မှုကျူးလွန်သူများနှင့် ဆက်သွယ်ခဲ့ပါသည်။ ထို့နောက် တိုင်ဝမ်အခြေစိုက် 14K ရာဇဝတ်မှု ကျူးလွန်သူများအုပ်စုနှင့် ပူးပေါင်း၍ နိုင်ငံခြားသို့ ဟီးရိုးအင်းများကိုသဘောင်္ဖြင့် တင်ပို့ခဲ့ပါသည်။

မကြာသေးမီက “ဝ” များသည် ၎င်းတို့၏ မူးယစ်ဆေးဝါးစက်ရုံများကို ထိုင်းနယ်စပ်မှ တရုတ်နှင့် နီးကပ်သောမြောက်ပိုင်းဒေသနေရာတစ်ခုသို့ ပြောင်းရွှေ့သွားကြောင်းသိရပါသည်။ ထိုင်းထောက်လှမ်းရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ရှိပုဂ္ဂိုလ်များ၏ အဆိုအရတရားမဝင် မက်သာဖက်တမင်းထုတ်လုပ်နေသော ဗဟိုဌာနမှာရှမ်းပြည်နယ် လားရှိုးမြို့ အနောက်တောင်ရှိပန်ဆန်းတွင် ရှိသည်ဟုသိရှိရပါသည်။ ပန်ဆန်းမှာအကျင့်ပျက် ခြစားနေသော “ဝ” ခေါင်းဆောင်များအတွက် လုံခြုံရာနေရာဖြစ်ပြီး မူးယစ်ရာဇာများ၏ ငွေကြေးဗဟိုဌာနဖြစ်ပါသည်။ အရှေ့တောင်အာရှ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ရေးနှင့် ပတ်သက်သည်ဟု မှတ်ယူထားသောဘဏ်ကြီးနှစ်ခု၏ အဓိကဘဏ်ခွဲများသည် ပန်ဆန်းတွင် ရှိပါသည်။

တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ရေး လမ်းကြောင်းမှာပန်ဆန်းတွင် စတင်သည်ဟုဆိုကြပြီး၊ ပစ္စည်းသယ်ဆောင်သူများသည် အရှေ့တောင်ဘက် ထိုင်းနိုင်ငံသို့ ဦးတည်သွားခဲ့ကြသည်ဟု သတင်းများကဆိုပါသည်။ ချင်းရိုင်ပြည်နယ် Chiang Saeတဖက်ကမ်းရှိကာစီနိုသည် ဘမ်းပြလုပ်ငန်းသာ ဖြစ်ပြီးမူးယစ်ဆေးဝါးရောင်းဝယ်သူများ၏ နေရာသာဖြစ်ကြောင်းအာဏာပိုင်များကယုံကြည်လျှက်ရှိပါသည်။

ပြီးခဲ့သည့် အပတ်ကထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးပြားများ သန်းနှင့်ချီဝင်ရောက်မှုကို တားဆီးရန် စစ်ဆင်ရေးပြုလုပ်ခံရာ မူးယစ်ဆေးဝါးဂိုဏ်းများက မဲခေါင်မြစ်ပေါ်ရှိတရုတ်အလံတင်ထားသော သဘောင်္နှစ်စီးကို ပြန်ပေးဆွဲခဲ့ပါသည်။ သဘောင်္သားအားလုံးနီးပါး (12)ဦးအား သတ်ပစ်ခဲ့ပါသည်။ ထိုသို့သောလုပ်ဆောင်လာမှုများကို ရပ်ဆိုင်းပစ်ရမည် ဖြစ်ပါသည်။

၂၀၀၀ ပြည့်နှစ်က “ဝ” ခေါင်းဆောင် ပေါက်ယူချမ်းက မြန်မာစစ်အစိုးရအာဏာရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ခင်ညွန့်အား ၂၀၀၅ ခုနှစ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ အဆုံးသတ်မည်ဟုကတိပေးခဲ့ပါသည်။

သို့မဟုတ်ပါက “ကျွန်တော့်ခေါင်းကို ဖြတ်ပါ” ဟု ၎င်းက ပြောဆိုခဲ့ပါသည်။ ၎င်း၏ စကားအတိုင်းလုပ်ဆောင်နိုင်လျှင် ကောင်းလိမ့်မည် ဖြစ်ပါသည်။ အနည်းဆုံးအားဖြင့် ၎င်းအားဖမ်းဆီးထားရမည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ၎င်းအားဖမ်းဝရမ်းထုတ်ထားပြီး ဖြစ်ပါသည်။ အမေရိကန်နှင့် ထိုင်းအာဏာပိုင်များသည် “ဝ” စစ်ခေါင်းဆောင် Wei Hsueh-Kang နှင့်၎င်း၏ ထိုင်းပါတနာ SurachaiNgernthongfu တို့အားလည်းဖမ်းဝရမ်းထုတ်ထားပါသည်။

အဆိုပါ ပုဂ္ဂိုလ်များနှင့် အခြားသူများကို တရားဥပဒေအရအရေးယူနိုင်မည်ဆိုလျှင် တိုးတက်မှုများရှိလာနိုင်မည် ဖြစ်ပါသည်။ ယခုမူဖြေရှင်းရန် နည်းကောင်းတစ်ခုရှိနေပါသေးသည်။ မြန်မာအစိုးရသစ်သည် ပန်ဆန်းရှိရာဇဝတ်သားများနှင့် ၎င်းတို့၏ စက်ရုံများကို စတင်နှိမ်နင်းနိုင်မည် ဆိုပါကအများ၏ အသိအမှတ်ပြုမှုကိုခံရမည် ဖြစ်ပါသည်။ ထိုင်း၊ တရုတ်နှင့် သံတမန်များသည် ထိုအချက်အား မြန်မာအစိုးရသိစေရန် ရှင်းပြမည် ဖြစ်ပါသည်။ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်လေပိုကောင်းလေ ဖြစ်ပါသည်။

*************************************************************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment