Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၉.၁၀.၂၀၁၁

ဘာသာပြန်သတင်းများ

  1. အမေရိကန်ကိုယ်စားလှယ်များ လာမည့် ရက်သတ္တပတ်တွင် မြန်မာနိုင်ငံ လာမည်

(29 October 2011 &ufpGJyg Taiwan News မှ Associated Press ၏  US envoy to Myanmar next week ကို ဘာသာပြန်ဆိုသည်)

  1. အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမြန်မာနိုင်ငံသို့ရောက်ရှိ

(Thai News Agency MCOT မှ 28 Oct 2011 ရက်စွဲပါ “RI foreign minister visting Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. လယ်မြေ သိမ်းဆည်းမှု မမျှတကြောင်း ဆန္ဒပြသူ ၇ ဦးကို မြန်မာရဲက ဖမ်းဆီး

(Associates Press မှ 28 Oct 2011 ရက်စွဲပါ “Myanmar Police charge 7 for staging Land protest” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအပေါ်ပြောင်းလဲရန် အချိန်ရောက်ပြီ

(28 Oct 2011 ရက်စွဲပါ Carnrgie Endowment မှ Douglar H.Poal ရေးသားသော Myanmar:Time for a Change ကို ဘာသာပြန်ဆိုသည်)

***************************************************************************************

အမေရိကန်ကိုယ်စားလှယ်များ လာမည့် ရက်သတ္တပတ်တွင် မြန်မာနိုင်ငံ လာမည်

(29 October 2011 &ufpGJyg Taiwan News မှ Associated Press ၏  US envoy to Myanmar next week ကို ဘာသာပြန်ဆိုသည်)

                အမေရိကန် ထိပ်တန်းတာဝန်ရှိသူနှစ်ဦးသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ပိုမိုလွှတ်ပေးရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များကို အားပေးရန် လာမည့် ရက်သတ္တပတ်တွင် မြန်မာနိုငံသို့ လာရောက်မည် ဖြစ်သည်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Posner သည် လေးရက်ကြာ ခရီးစဉ်အတွက် အင်္ဂါနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်ကြီးများ၊ လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည် ဖြစ်ပါသည်။

Posnerနှင့်အတူ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ် Derek Mitchell လည်း ပါဝင်မည်ဖြစ်သည်။ ယခု ခရီးစဉ်သည် Mitchell အတွက် နှစ်လအတွင်း တတိယအကြိမ်မြောက်ခရီစဉ် ဖြစ်ပါသည်။

ဝါရှင်တန်သည် မြန်မာနိုင်ငံတွင် လမ်းပွင့်လာမှုများအတွက် အားတက်ဖွယ်ရာ မြင်တွေ့ရပါသည်။ ယခုလတွင် အာဏာပိုင်များသည် နိုင်ငံရေး အကျဉ်းသား (၂၀၀)ခန့် လွှတ်ပေးခဲ့သော်လည်း ရာပွေင်းများစွာ ထောင်ထဲတွင် ရှိနေဆဲ ဖြစ်ပါသည်။

*************************************************************************************

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမြန်မာနိုင်ငံသို့ရောက်ရှိ

(Thai News Agency MCOT မှ 28 Oct 2011 ရက်စွဲပါ “RI foreign minister visting Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါသည် လာမည့်နှစ်နှစ်အကြာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူလိုသော မြန်မာနိုင်ငံ၏ အဆင်သင့်ဖြစ်မှုကို အကဲဖြတ်ရန် အဓိကရည်ရွယ်ကာ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၈ မှ ၃၀ အထိ သွားရောက် လည်ပတ်လျက် ရှိသည်။

ပြီးခဲ့သော ဇူလိုင်လက ဘာလီကျွန်းတွင် ကျင်းပသော ၄၄ ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှ ခွင့်ပြုသည့် အခွင့်အာဏာကို အခြေခံ၍ ယခုခရီးစဉ်ကို သွားရောက်ခြင်းဖြစ်သည်ပာု ကြာသပတေးနေ့ သတင်းစာရှင်း လင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ဝန်ကြီး နာတာလီဂါဝါသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ၂၀၁၄ အတွက် အာဆီယံ ဥက္ကဋ္ဌတာဝန်ယူနိုင်ရန် မြန်မာအစိုးရ ကြိုတင် ပြင်ဆင်နေမှုများကို လေ့လာအကဲခတ်မည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း လုပ်စရာကိစ္စများစွာရှိနေသော နာတာလီဂါဝါသည် သမ္မတဦးသိန်းစိန်ထံသို့လည်း သွားရောက်ဂါဝရပြု တွေ့ဆုံဦးမည် ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် ဝန်ကြီးအချို့နှင့် လည်းကောင်း၊ နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့်လည်းကောင်း၊ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များနှင့် လည်းကောင်း၊ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြူလုပ်မည် ဖြစ်သည်။

အလှည့်ကျ အစဉ်အလာအရ လာအိုနိုင်ငံတာဝန်ယူရမည့် ၂၀၁၄ ဥက္ကဋ္ဌနေရာကို မြန်မာအစိုးရက လာအိုနှင့်ညှိနှိုင်းကာ အစားထိုးနေရာလဲရန် ကြိုးစားလျက်ရှိသည်။ ထုံးစံ အက္ခရာစဉ်အတိုင်းဆိုလျှင် အာဆီယံအဖွဲ့ ဥက္ကဋ္ဌ ဖြစ်ချင်နေသော မြန်မာတို့ ၂၀၁၆ အထိ စောင့်ရမည်ဖြစ်သည်။

ကမ္ဘောဒီးယားနှင့် ဘရူနိုင်း ဒါရူဆလင်နိုင်ငံတို့ကို ၂၀၁၂နှင့် ၂၀၁၃ တွင် အသီးသီးအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူကြရန် ခွင့်ပြုထားပြီးဖြစ်သည်။

လက်ရှိ ၂၀၁၁ အတွက် အင်ဒိုနီးရှားနိုင်ငံက ဥက္ကဋ္ဌတာဝန်ယူထားသော အာဆီယံအဖွဲ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဘရူနိုင်း ဒါရူဆလမ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။

*************************************************************************************

လယ်မြေ သိမ်းဆည်းမှု မမျှတကြောင်း ဆန္ဒပြသူ ၇ ဦးကို မြန်မာရဲက ဖမ်းဆီး

(Associates Press မှ 28 Oct 2011 ရက်စွဲပါ “Myanmar Police charge 7 for staging Land protest” သတင်းကို ဘာသာပြန်ဆိုသည်)

လယ်ယာမြေ သိမ်းဆည်းမှုများ တရားမမျှတခြင်းကို အကြောင်းပြု၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူများအနက်မှ ၇ ဦးကို မြန်မာရဲတပ်ဖွဲ့က သောကြာနေ့တွင် ဖမ်းဆီးခဲ့သည်။ မြန်မာအစိုးရ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ကတိကဝတ်များကို ပြင်ပကမ္ဘာ၊ နိုင်ငံတကာက စောင့်ကြည့် အကဲခတ်နေစဉ် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဖမ်းခံရသူများထဲတွင် ပါဝင်သည့် လူ့အခွင့်အရေးရှေ့နေ ကိုဖိုးဖြူသည် ရန်ကုန်မြို့တွင် ကြာသပတေးနေ့က အိုးအိမ်ဦးစီးဌာနရှေ့၌ ထိုင်၍ ဆန္ဒပြခဲ့ကြသော လယ်သမား ၃၀ ကျော်နှင့်အတူ ပါဝင်ခဲ့သူဖြစ်သည်ပာု ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဆန္ဒပြသူများကို ဥပဒေနှင့်မညီသော စုဝေးမှု၊ ရဲတပ်ဖွဲ့၏ လူစုခွဲအမိန့်ကို လိုက်နာရန် ငြင်းဆန်မှုတို့ဖြင့် တရားစွဲဆိုရန် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ပာု ပြောရေးဆိုခွင့်မရှိသော အမည်မဖော်လိုသူ ရဲအရာရှိက ပြောကြားသည်။

အထက်ပါ စွဲချက်များဖြင့် ထောင်ဒဏ် ၆ လမှ ၁၂ လအထိ ပြစ်ဒဏ်ချမှတ်နိုင်သည် ပာုလည်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ချီ စစ်ဖက်အုပ်ချုပ်မှုအပြီး လွန်ခဲ့သော မတ်လက အာဏာရလာသည့် အရပ်ဖက် အစိုးရသစ်က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ စတင်နေပြီဖြစ်ကြောင်း ကတိကဝတ်ပြုထားသည့် အချိန်တွင် ယခုဆန္ဒပြမှုနှင့် ဖမ်းဆီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အာဏာရ အစိုးရ၏ သမ္မတရာထူးသစ်ကို ယခင်စစ်ဖက် အစိုးရပောာင်းမှ ထိပ်ပိုင်းအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးပောာင်း သိန်းစိန်က လက်ခံရယူထားသော်လည်း သမ္မသစ် ဦးသိန်းစိန်က နိုင်ငံရေးရပ်ဝန်းကို လစ်ဘရယ် ဖြစ်ပြောင်းလဲမည့် ရည်မှန်းချက်ကို ကြေညာခဲ့သည့်အပြင် ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေးရန် ဒိုင်ယာလော့ တံခါးကို ဖွင့်ပေးခဲ့သည်။

ဖိနှိပ်ချုပ်ချယ်သော ယခင် တပ်မတော် အစိုးရပောာင်းအပေါ် အရေးယူဒဏ်ခတ်ချမှတ်ထားသော Sanctions များကို အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ဆက်လက်ချမှတ်ကျင့်သုံးနေကြဆဲဖြစ်သည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသားအားလုံးကို မကြွင်းမကျန် လွှတ်ပေးခြင်းကဲ့သို့သော ထိထိရောက်ရောက် လိုက်လျောဖြေလျော့မှုများကို အပြုသဘောဆောင်၍ တုန့်ပြန်မည်ပာု အနောက်နိုင်ငံများက ထုတ်ဖော်ပြောဆိုထားသည်။ မြန်မာနိုင်ငံ ခရီးစဉ်ကလည်း အဓိက ပြောင်းလဲ တိုးတက်မှုများ ဖြစ်နိုင်ချေ များလာသည်ပာူသော မျှော်လင့်ချက်များကို တိုးမြင့်လာစေသည်။

ဝါရှင်တန် အခြေစိုက် Radio Free Asia နှင့် ဗုဒ္ဓပာူးနေ့တွင် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ရှေ့နေကိုဖိုးဖြူက “လယ်သမားများသည် လွှတ်တော်သို့ အသနားခံ အကူအညီတောင်းမှု အဖြေမရသည့်အတွက် ၎င်းတို့၏ နစ်နာမှုများကို ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်” ပာု ပြောကြားခဲ့သည်။

လယ်မြေ သိမ်းဆည်းခံရမှုအတွက် ပြည့်ဝလုံလောက်သော လျှော်ကြေးမရခဲ့ပာု လယ်သမားများက ယုံကြည် နေကြကြောင်း သိရှိရသည်။

လယ်ယာစိုက်ပျိုးရေး ဒုတိယဝန်ကြီးက လွှတ်တော်သို့ ဖြေရှင်းထွက်ရာတွင် “ရန်ကုန်အရှေ့ပိုင်း ၃ မြို့နယ်မှ လယ်မြေဧက ထောင်ပေါင်း များစွာကို မြို့ပြဖွံ့ဖြိုးရေးနှင့် အထူးစိုက်ပျိုးရေးစီမံချက်အတွက် သိမ်းဆည်းခဲ့ခြင်း ဖြစ်ပြီး လယ်သမား ၁၀၈၅ ဦးထံမှ ၇၅၀၅ ဧက(၃၀၃၇ ပာက်တာ ရရှိရန် အိုးအိမ်ဦးစီးဌာနက ၅ ဧက(၀.၄ ပာက်တာ) လျင် ၂၀၀၀၀ ကျပ်(၂၆ ဒေါ်လာ) နှုန်းဖြင့် ပေးချေ(လျော်ကြေးပေး) ခဲ့ခြင်းဖြစ်သည်” ပာု တင်ပြ သွားခဲ့သည်။

*************************************************************************************

မြန်မာနိုင်ငံအပေါ်ပြောင်းလဲရန် အချိန်ရောက်ပြီ

(28 Oct 2011 ရက်စွဲပါ Carnrgie Endowment မှ Douglar H.Poal ရေးသားသော Myanmar:Time for a Change ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံအကြောင်း စဉ်းစားရန် လမ်းများစွာရှိပါသည်။ အချို့က ဆယ်စုနှစ်ပေါင်းများစွာ ငြင်းပယ်ခဲ့သော လူ့အခွင့်အရေးများ အကြောင်း အာရုံပြုကြပါသည်။ အချို့က စီးပွားရေးအရဘာမှ နားမလည်သော အာဏာရှင်စနစ်နှင့် ကိုယ့်ကိုကိုယ် အထီးကျန်ဖြစ်အောင်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုစဉ်းစားကြပါသည်။ အမေရိကန် ပြည်ထောင်စု၊ ဥရောပနှင့် အခြားနိုင်ငံတို့က မြန်မာအစိုးရအပေါ် ချမှတ်ထားသော အထီးကျန်ပြုခြင်းနှင့် အရေးယူမှုများတွင်လည်း အမှားများစွာရှိပြီး အလုပ်မဖြစ်ဆိုသည်မှာလည်း အမှန်တကယ်ပင်ဖြစ်ပါသည်။ သို့သော်လည်း မကြာသေးမီက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးခြင်း၊ ဆင်ဆာများဖြေလျော့ပေးခြင်း၊ အတိုက်အခံများနှင့် တွေ့ဆုံခြင်း စသည့်ပြောင်းလဲမှုများသည် စောင့်ကြည့် လေ့လာသူများ အနေဖြင့် တစ်ခုခုကြီးကြီးမာမားဖြစ်နေပြီဆိုသည်ကို ယုံကြည်လာပြီး အားတက် ဖွယ်ဖြစ်လာပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးရှုထောင့်မှ ကြည့်လျှင် အထင်ရှားဆုံးမှာ အောက်တိုဘာ (၁) ရက်နေ့က အစိုးရသည် ဧရာဝတီမြစ် အထက်ပိုင်း မြစ်ဆုံရှိ တရုတ်တို့ဆောက်လုပ်နေသော ရေလှောင်တမံကို ရပ်ဆိုင်းခဲ့ခြင်းပင် ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က မြန်မာအစိုးရအပေါ် အရေးယူမှုများ ချမှတ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် တရုတ်၏ ထောက်ပံ့မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ်တွင် ပိုမို မှီခိုလာသည်မှာ မြင်သာထင်သာ ရှိလာပါသည်။ ယခု တရုတ်၏ အကျိုးစီးပွားကို ငြင်းပယ်ဆန့်ကျင်ခဲ့သည်မှာ တစ်ခုခုထူးဆန်းပြီး ရဲတင်းလွန်းသည်ပာု ဆိုရမည် ဖြစ်ပါသည်။

မြန်မာလူမျိုးများသည် ရှေးယခင်ကတည်းက တရုတ်နှင့် အဆင်မပြေသော ဆက်ဆံရေးများ ရှိခဲ့သည့် ရာဇဝင်များရှိရာ တရုတ် အင်ပါယာ အစွန်ရှိ လွတ်လပ်သော နိုင်ငံငယ်လေးထံမှ ထိုသို့သောကိစ္စများ မျှော်လင့်ထားရမည် ဖြစ်ပါသည်။ ၁၂၈၇ ခုနှစ် ပုဂံတို့၏ တောက်ပခဲ့သော နေ့ရက်များကို ဖျက်ဆီးခဲ့သော မွန်ဂိုများ၏ ဝင်ရောက်မှုမှစ၍ ၁၉၆၇ ခုနှစ် ယဉ်ကျေးမှုတော်လှန်ရေးကာလတွင် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများကြောင့် မြန်မာနိုင်ငံတွင် တရုတ်တို့၏ တည်ရှိမှုလျော့ချခဲ့ရပါသည်။ ထို့နောက်တွင် မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ် ရုတ်တရက် နိုးကြားလာမှုများ မကြာခဏ ရှိလာပါသည်။ ယခုလည်း ထိုသို့သော ကိစ္စများ မြင်တွေ့ကောင်း မြင်တွေ့လာရနိုင်ပါသည်။

သမ္မတဦးသိန်းစိန်သည် ယခု ရေကာတာဆောက်လုပ်မှုကို မရပ်တန့်မှီ ခက်ခက်ခဲခဲ စဉ်းစားခံရလိမ့်မည် ဖြစ်ပါသည်။ တရုတ်သည် မြန်မာနိုင်ငံနှင့် အရင်းနှီးဆုံးအရေးကြီးသော အိမ်နီးခြင်းဖြစ်သည်နှင့်အညီ ၎င်းအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဖော်ပြနိုင်သည့် လုပ်ဆောင်မှုများ ပြုလုပ်နိုင်သည့် နည်းလမ်းများ ရှိပါသည်။ ယခင်ကလည်း ထိုသို့ ပြုခဲ့သည့် မှတ်တမ်းများရှိပါသည်။ ပြည်ပရောက်နေသူများကမူ သမ္မတဦးသိန်းစိန်သည် အဆိုပါ စီမံကိန်းကို လူထုကဆန့်ကျင်မှုနှင့် ရေလှောင်တမံ၏ ကြီးမားမှုသည် ရေမြှုပ်နိုင်ခြင်းနှင့် မြစ်၏စီးဆင်းမှုကို ထိခိုက်နိုင်ခြင်းတို့ကို သိရှိ၍ တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်ပာု ခန့်မှန်းကြပါသည်။ တရုတ်နိုင်ငံအပေါ်တွင်သာ မီခိုနေခြင်းနှင့် တရုတ်အကျိုးစီးပွားကို ဝန်ဆောင်မှုပေးနေရသည်ဆိုသည့် အချက်များလည်း ပါဝင်လိမ့်မည် ဖြစ်ပါသည်။

အစိုးရသည် ထိန်းချုပ်မှုများကို ဖြေလျော့ပေးသည့် အခြားလုပ်ဆောင်မှုများလည်းရှိရာ အထက်ပါ ရေလှောင်တမံကိစ္စသည် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါသည်။ အစိုးရသည် နိုင်ငံအရေး အကျဉ်းသား ထောင်ပေါင်းများစွာ ရှိသည့်အနက် ရာဂဏန်း လွှတ်ပေးခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့်ပုဂ္ဂိုလ်များတွေ့ဆုံမှုများ၊ သူပုန်အုပ်စုနှစ်ခုနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရခဲ့ခြင်းစသည့် ဆောက်ရွက်မှုများ ရှိပါသည်။ ရွေးကောက်ပွဲသည် အတုအယောင်ပာု ဆိုသော်လည်း ထွက်ပေါ်လာသော အစိုးရသစ်သည် ပြည်တွင်းတွင် ပိုမိုတရားဝင်အောင် ကြိုးစားလာသည့် အစပြု လက္ခဏာများ ရှိလာပါသည်။

ထို့အပြင် နေပြည်တော်သည် ပြီးခဲ့သည့်နှစ်က လာရောက်ခြင်းကို ပိတ်ပင်ခံရသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို ပြန်လည် ခွင့်ပြုခဲ့ပါသည်။ ယခုအစိုးရတွင် ပါဝင်သော အငြိမ်းစားဗိုလ်ချုပ်များသည် ၎င်းတို့လုပ်နေသည်များကို ကမ္ဘာအား သိစေလိုပုံရပါသည်။ သတင်းစာဆရာများအတွက် ဗီဇာများ လွတ်လပ်သွာ ရနိုင်ပြီဖြစ်ပါသည်။ ခေါင်းဆောင်များသည် အမေရိကန်နှင့် ဥရောပသို့ သွားရောက်ခွင့်ရပြီး စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းရေး နားချနိုင်ရန် မျှော်လင့်နေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံအား ၂၀၁၄ တွင် ဥက္ကဋ္ဌနေရာအား ခွင့်ပြုရန် ဆွဲဆောင်ရန် ဆန္ဒရှိ နေမည်ဖြစ်ပါသည်။ အရှေ့အာရှ ထိပ်သီးအစည်းအဝေးအိမ်ရှင်အဖြစ် ကျင်းပပြီး၊ မြန်မာနိုင်ငံ ပါဝင်မှုကြောင့် အဖွဲ့ဝင်များ စိတ်အနှောင့်အယှက် ဖြစ်ရမှုကို ဖြေလျော့ပေးလိုသည့် ဆန္ဒ ရှိပါသည်။

မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ် Derek Mitchell သည် စက်တင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်၍ လမ်းညွှန်မှုပေးခဲ့ရာ အသေးစိတ် မထုတ်ပြန်သော်လည်း မည်သို့သော စစ်မှန်သောဒီမိုကရေစီအတွက် ခြေလှမ်းသစ်များနှင့် လမ်းဖွင့်ပေးမှုများကို မည်သို့သော ဆုလဒ်များ ရရှိမည်ဆိုသည့် ကိစ္စရပ်များပါဝင်ပါသည်။ မြန်မာ နိုင်ငံခြားရေးဝန်ကြီးအားလည်း အမေရိကန်နိုင်ငံခြားရေးဌာနမှ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး အကြိမ် ကြိုဆိုလက်ခံခဲ့ပြီး ပြောင်းလဲမှု အရှိန်အပာုန်မပျက်စေရန် ကြိုးစားရေးတွေ့ဆုံခဲ့မည်ပာု ယူဆရပါသည်။

အိုဘားမား အစိုးရသစ် သတိထား၍ ရှေ့ဆက်လုပ်ဆောင်နေရာ နှောင့်နှေးများ မရှိခဲ့ပါ။ လူ့အခွင့်အရေး အသိုင်းအဝိုင်းကြားနှင့် Capital Hill ရှိ အမေရိကန် ကွန်ကရက်၏ ပင်မပုဂ္ဂိုလ်များကြားတွင် မြန်မာနိုင်ငံအပေါ် သံသယများ ရှိနေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က ဖွင့်ပေးမှုများ အနည်းငယ်ရှိခဲ့ပြီး အဆုံးသတ်တွင် စိတ်ပျက်ဖွယ်များကြုံတွေ့ခဲ့ရသည့် သာဓကများ ရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ အရေးယူမှုဥပဒေများကို စက်တင်ဘာလက နောက်ထပ်တစ်နှစ် သက်တမ်းတိုးခဲ့ရာ မြန်မာနိုင်ငံ၏ လားရာကို တန်ဖိုးဖြတ်ရန် အချိန်ရှိပါသေးသည်။

တစ်ချိန်တည်းမှာပင် နေပြည်တော်ကို ယခုထက် ပိုမိုကောင်းမွန်အောင် ပြုမူလာနိုင်ရေးအတွက် ဆွဲဆောင်နိုင်သည့် နည်းလမ်းများ ရှိနေပါသေးသည်။ လက်ခံနိုင်ဖွယ်ရှိသော လူ့အခွင့်ရေးတိုးတက်မှုများနှင့် နိုင်ငံရေးတိုးတက်မှုများကို တုန့်ပြန်သောအနေဖြင့် အလှူရှင်နိုင်ငံများအား အကူအညီများမပေးရန် ဖိအားပေးထားမှုကို ဆန့်ကျင်၍ အမေရိကန်က ဆုံးဖြတ်နိုင်ပါသည်။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ်တို့ကို မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုလုပ်ငန်းစဉ်များနှင့် တရုတ်အပေါ်မှီခိုမှုလျော့ချရေးအတွက် နည်းပညာဆိုင်ရာ အကူအညီများပို၍ လွတ်လွတ်လပ်လပ် ပေးရေးကို ခွင့်ပြုပေးနိုင်ပါသည်။

အရေးကြီးပြီး ထင်ရှားသည့် ခြေလှမ်းတစ်ခုမှာ ရန်ကုန်တွင် အမေရိကန်၏ ကိုယ်စားပြုမှုကို တန်ဖို့မြှင့်သည့်အနေဖြင့် သံရုံး ယာယီတာဝန်ခံ အဆင့်မှ သံအမတ်ကြီးအဆင့် ပြောင်းလဲရေးပင်ဖြစ်ပါသည်။ ဆက်ဆံရေး(diplomacy) သည် အရာရာကို ပြီးမြောက်စေသည်ဖြစ်ရာ အတည်ပြုမှု၊ သဘောတူမှုရှိသည် မရှိသည် ပြသလိုခြင်းရှိမရှိ အသာထားဦး။ ပုံမှန်ဆက်ဆံရေးသို့ ပြန်လည်ရရှိခြင်းသည် မြန်မာအစိုးရကို များစွာမြှင့်တင်ပေးရာ ရောက်ပါသည်။ သို့ဖြစ်၍ ဖြစ်နိုင်သော ကျန်ရှိသော သင့်တော်သော တိုးတက်မှုများရှိပါက အထက်ပါအတိုင်းလုပ်ဆောင်သင့်လှပေသည်။

စာရေးဆရာ Paul Theroux က တစ်ခါက မြန်မာလူမျိုးများအား “သူတစ်ပါး ဥစ္စာလုယူသော မင်းညီမင်းသားများ ရှိသော လူမျိုးစု” (race of dispossessed princes) အဖြစ်ဖော်ပြခဲ့ဘူးပါသည်။ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၌ (၅၅) သန်းသော လူဦးရေသည် လက်ခံနိုင်ဖွယ်မရှိသော ဆင်းရဲ မွဲတေမှုနှင့် နေနေရပြီး သဘာဝသယံဇာတကြွယ်ဝပြီး လှပသောမြေတွင် ဘာမျှပြောခွင့်မရှိသော အဖြစ်တွင်နေနေရပါသည်။ အကယ်၍သာ မြန်မာ ပြည်သူများ၏ အဆိုပါဘဝများ ပိုမို ကောင်းမွန်အောင် ပြောင်းလဲပေးနိုင်မည့် အခွင့်အရေးရှိသည်ပာုဆိုလျှင် ထိုအခွင့်အရေးကိုအမေရိကန်က အရယူသင့် လှပါသည်။

အရေးယူပိတ်ဆို့မှုများနှင့် သံတမန်ရေးအရ အထီးကျန်ပြုမှုများသည် မရည်ရွယ်သော သက်ရောက်မှုတစ်ခု ဖြစ်သော မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ ပြည်နယ်သစ်တစ်ခုအဖြစ် သွပ်သွင်းပေးနေသလို ဖြစ်နေပါသည်။ အမှန်တကယ်ပင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ပိုမိုကြီးထွားလာရေးအတွက် လက်တွေ့ကျကျ မြှင့်တင် ပေးနိုင်မည့် အခွင့်အရေးကို ကြိုဆိုရလိမ့်မည်ဖြစ်ပါသည်။

*************************************************************************************

 

                         


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment