Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ဆီပြတ်လတ်မှု အချိန်မှီဖြေရှင်းနိင်ခဲ့ဟု ဦးဝင်းမြင့်ပြောဆို
  2. နိုင်ငံခြားရေးဝန်ကြီးရုံးပောာင်းအား ပိာုတယ်ပြုလုပ်မည်
  3. မော်တော်ယာဉ်တင်သွင်းခွင့် အစည်းအဝေး(၁/၂၀၁၁) ကျင်းပ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရန်ပုံငွေမရှိ၍ မြေကွက်ရောင်းပြီး တစည စီးပွားရှာ
  2. ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မေးခွန်း ၃၀ ကိုသာ ဖြေကြားပေးမည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

ဆီပြတ်လတ်မှု အချိန်မှီဖြေရှင်းနိင်ခဲ့ဟု ဦးဝင်းမြင့်ပြောဆို

ဝန်ကြီးတာဝန်ယူပြီး တစ်လအကြာ ဧပြီလ ၁ရက်တွင် စားအုန်းဆီဈေးများ မြင့်တက်ပြီး သင်္ကြန်အပြီးလောက်တွင် ဆီပြတ်လတ်မည့် အခြေအနေအား ကြုံတွေ့ခဲ့ရာ ပုဂ္ဂိကကို တင်သွင်းခွင့်ပြုခြင်းဖြင့် အချိန်မှီ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း အောက်တိုလ ၂၉ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ၁၉ ကြိမ်မြောက် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

စားအုန်းဆီ တင်သွင်းနေသည့် ထူးကုမ္ပဏီနှင့် ညှိနှိုင်းခဲ့ပြီး စားအုန်းဆီတင်သွင်းရာတွင် စုပေါင်းတင်သွင်းသည့် စနစ်ကို ကျင်သုံးခဲ့ကြောင်း ဦးဝင်းမြင့်က ရှင်းပြခဲ့သော်လည်း အမှန်တကယ် တင်သွင်းချိန်တွင် ဦးဝင်းမြင့် ရှယ်ဝင်ထားသည့် ကုမ္ပဏီ ဆယ်ခုကိုသာ ဦးစားပေးတင်သွင်းခွင့်ပြုခဲ့ ကြောင်း ဘုရင့်နောင် စိန်ပန်းလမ်းမှ ဆီလက်ကား ရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။

လက်ရှိ ဆီတင်သွင်းမှုကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည်ဆိုသည့်တိုင် ဆီကန်ရှိသည့် ဦးပိုင်နှင့် ဦးတေဇတို့ကသာ လက်ဝါးကြီးအုပ်ထားပြီး ဆီသင်္ဘောများကို စနစ်တကျမဆိုက်ခိုင်းဘဲ ကပ်ချင်သလိုကပ်ခိုင်းနေသဖြင့် အနံမကောင်းသည့်ဆီများ ဖြန့်ဖြူးတာမျိုး ဖြစ်လာဖြစ်ကြောင်း ပြည်ပမှ ဆီတင်သွင်းခွင့်ရ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အောက်တိုဘာလအထိ စားအုန်းဆီတင်သွင်းခွင့်ပြု ကုမ္ပဏီ ၃၂ ခုရှိကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရှိရ သည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားရေးဝန်ကြီးရုံးပောာင်းအား ပိာုတယ်ပြုလုပ်မည်

ရန်ကုန်၊ ပြည်လမ်းပေါ်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးပောာင်းအား ပာိုတယ်ဖွင့်လှစ်လုပ်ကိုင်နိုင်ရန် ပြည်တွင်းကုမ္ပဏီ တစ်ခုသို့ ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် တည်ဆောက်ထားသည့် နိုင်ငံခြားရေးဝန်ကြီးရုံးပောာင်းအား မပျက်စီးစေဘဲ ပိာုတယ် ဖွင့်လှစ်လုပ်ကိုင်ရန် နှစ် ၃၀+၃၀+၁၅+၁၅ ဖြင့် လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ အခြားရှေးပောာင်း အဆောက်အအုံများကိုလည်း ပိာုတယ်ဆောက်လုပ်ရန် ဌားရမ်းပါက ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရှေးပောာင်းအဆောက်အအုံများကို ပိာုတယ်ဆောက်လုပ် လုပ်ကိုင်ရန် ခွင့်ပြုသွားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံရှိ အထင်ကရနှင့် သမိုင်းနောက်ခံရှိ ရှေးပောာင်းအဆောက်အအုံများကိုမူ ပိာုတယ်ဆောက်လုပ်ရန် ငှားရမ်းခွင့်ပြုမည် မပာုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့ပြင် လာမည့် ၂၀၁၅ ခုနှစ တွင် ကျရောက်လာတော့မည့် အာဆီယံဘုံဈေးကွက်၌ ပြည်ပမှ ဝင်ရောက် ရင်းနှီး မြှုပ်နှံမှုနှင့် ဝန်ဆောင်မှုများကို ပြည်တွင်း ပိာုတယ်လုပ်ငန်းရှင်များ စုပေါင်း၍ ငါးယောက်တစ်ဖွဲ့ အစုအဖွဲ့ပုံစံဖြင့် ယှဉ်ပြိုင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပိာုတယ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် ပိာုတယ်များကို ယှဉ်ပြိုင်နိုင်ရန်ပြည်တွင်းမှ ပိာုတယ်များအနေဖြင့် ဝန်ဆောင်မှုအပိုင်းများကို ပိုမို ကောင်းမွန်စွာ ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပိာုတယ်ဝန်ထမ်းများကို ပြည်ပသို့ လွှတ်၍ သင်တန်းများပေးနေသည့်အပြင် လိုအပ်ချက်အရ ပြည်ပ ပိာုတယ်လုပ်ငန်း ကျွမ်းကျင်သူပညာရှင်များကိုပါ အဌားနှင့်ခေါ်ယူ၍ ပြည်ပမှ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်မည့် ပိာုတယ်လုပ်ငန်းများကို ယှဉ်ပြိုင်နိုင် ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပိာုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

                                                                                        YC

-----------------------------------------------------------------------------------------------------------------------------------

မော်တော်ယာဉ်တင်သွင်းခွင့် အစည်းအဝေး(၁/၂၀၁၁) ကျင်းပ

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ အစည်းအဝေး(၁/၂၀၁၁) ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးသို့ မော်တော်ယာဉ်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိ သည်။

၎င်း အစည်းအဝေးတွင် မော်တော်ယာဉ် အရောင်းစင်တာ(Used Car Sale Center) ဖွင့်လှစ်ရောင်းချခြင်းနှင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ယာဉ်အို/ယာဉ်ပောာင်းများအပ်နှံပြီး အစားထိုး မော်တော်ယာဉ်တင်သွင်းခြင်း၊ မော်တော်ယာဉ်တင်သွင်းရာတွင် ယာဉ်ပောာင်း ပိုင်ရှင်များ၊ ပြည်ပမှ မော်တော်ကားမှာယူရာ အခက်အခဲ ဖြစ်နေသူများ အဆင်ပြေနိုင်စေရေးအတွက် မော်တော်ယာဉ် အရောင်းစင်တာ (Used Car Sale Center) များအမြန်ဆုံးဖွင့်လှစ်၍ ဝန်ဆောင်မှု ပေးနိုင်ရေး၊ အနာဂါတ်ကာလတွင် အများပြည်သူများ အနေဖြင့် မော်တော်ယာဉ် အရောင်းပြခန်း (Show Room) များမှ ဖြစ်စေ၊ ပြည်ပမှ တိုက်ရိုက်မှာယူတင်သွင်း၍ ဖြစ်စေ မိမိတတ်နိုင်သော ငွေကြေးဖြင့် လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်ရေး ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ ကားအရောင်းစင်တာဖွင့်လှစ်မည့် လုပ်ငန်းရှင်များအနေဖြင့် မော်တော်ယာဉ်များကို သတ်မှတ်ဈေး နှုန်းထက် ပိုမိုရောင်းချပါက ၎င်း အရောင်းစင်တာများကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အမှတ်(၁)နှင့် အမှတ်(၂) စက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၌ ကားအရောင်းစင်တာများ မဖွင့်လှစ်နိုင်သေးမီ ကားဝယ်ယူသူများအဆင်ပြေနိုင်စေရန် ပြည်ပကားဝယ်ယူခွင့် စလစ်ရှိသူများအား မြန်မာမီနီဆလွန်းအား ဒေါ်လာ ၆,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                YC

                                     ***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရန်ပုံငွေမရှိ၍ မြေကွက်ရောင်းပြီး တစည စီးပွားရှာ

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အမွေခံပါတီဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ကြုံတွေ့လာရသည့် ရန်ပုံငွေ အခက် အခဲကြောင့် ယင်းတို့၏ ပါတီမြေကွက်များကို ရောင်းချနေရကြောင်း ယင်းပါတီ ဗဟိုဌာနချုပ်နဲ့ နီးစပ်သူတစ်ဦးက ပြောကြားသည်။

ယင်းပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ အသွင်ကူးပြောင်းလာသည့် ပါတီဖြစ်ကာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ် မည့် ပါတီရုံးများအတွက် မြေနေရာများ ရရှိထားကြောင်း၊ယခု ရန်ပုံငွေကျပ်တည်းသော အခါတွင် မလိုအပ်တော့သည့် မြေနေရာများကို ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့ ရန်ပုံငွေမရှိလို့ နယ်ဒေသတွေက မြေနေရာတွေကို ရောင်းချနေရပါတယ်”ဟု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီဗဟိုဌာနချုပ် တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

 ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်အတွင်းရှိ မြေနေရာအချို့ကို ရန်ပုံငွေရရှိရေးအတွက် ရောင်းချလိုက်ရကြောင်း ယင်း တာဝန်ရှိသူက ဆက်လက်ပြောကြားပြီး ရောင်းချလိုက်ရသည့် မြေနေရာများကို အတိအကျ ပြောရန် ငြင်းဆန်သည်။

“ကျွန်တော်တို့က မြေနေရာတွေကို ဒေသခံပါတီက မလိုဘူးလို့ ပြောမှ ရောင်းတာပါ။ လျှောက်ရောင်းနေတာ မဟုတ်ပါဘူး”ဟု ယင်းကဆက်လက် ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏  ယင်းတို့ပိုင်ဆိုင်သည့် မြေနေရာများကို ငှားရမ်းခြင်းမှာ ရန်ပုံငွေ ရရှိရေး အတွက် အဓိကဖြစ်ကြောင်း သိရသည်။

ယင်းပါတီသည် ၁၉၉၀ ပြည်လုံးကျွတ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် စုစုပေါင်းမဲပေးသူ အရေအတွက် ၁၃,၂၅၃,၆၀၆ မဲ တွင် မဲအရေတွက် ၂,၈၀၅,၅၅၉ မဲနှင့် မဲပေးသူ၏ (၂၁.၂%) မဲဆန္ဒနယ် ၄၉၂ ခုရှိရာတွင် ၁၀နေရာ၌ အနိုင်ရရှိခဲ့သည်။

မြန်မာ့နိုင်ငံရေးပါတီများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် ဒုတိယ အင်အားအကြီးမားဆုံး နိုင်ငံရေးပါတီဖြစ်သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မေးခွန်း ၃၀ ကိုသာ ဖြေကြားပေးမည်

သုံးရက်တည်းသာကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် အချိန် မလုံလောက်မှုကြောင့် မေးခွန်းနှင့် အဆို ၂၀၀ ကျော်အနက်မှ မေးခွန်းနှင့် အဆို ၃၀ ခန့်ကိုသာ ပြန်လည် ရှင်းလင်းဖြေကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နိုဝင်ဘာလ ၂ ရက်နေ့မှ စတင်၍ ၃ ရက်သာ ကျင်းပပေးသွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းထားသည့် အဆိုနှင့် မေးခွန်းပေါင်း ၂၀၀ ကျော်ရှိသည့် အနက် အဆိုပါမေးခွန်းများ၊ အဆိုများထဲမှ မေးခွန်းနှင့် အဆို အချို့ကိုသာ လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်အတွင်း ဖြေကြားပေးသွားမည်ဖြစ်ပြီး ကျန်အဆိုနှင့် မေးခွန်းများကို မေးမြန်းထားသည့် လွှတ်တော် ကိုယ်စားလှယ်များထံ စာဖြင့် ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် မေးခွန်းနှင့် အဆိုများ တင်သွင်းမည်ဖြစ်ပြီး လွှတ်တော် အစည်းအဝေး ဒုတိယနေ့နှင့် တတိယနေ့တို့တွင် မေးခွန်းနှင့်အဆို ဖြေကြားခြင်း ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လွှတ်တော်သို့ တင်သွင်းလာမည့် ဥပဒေကြမ်းများကိုမူ လာမည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး၌ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေးအတွက် ရည်ရွယ်၍ လွှတ်တော် ကိုယ်စား လှယ်များမှ မေးခွန်းနှင့် အဆို စုစုပေါင်း ၂၆၀ ကျော်ကိုလည်း တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။

                                                                                                                            Ref:ရန်ကုန်တိုင်းမ်

 ***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့က ဒီ Banking နဲ့ Finance ကဏ္ဍတွေအတွက် ဝန်ကြီးကို အကြံပေးတာတို့ နိုင်ငံတကာက ပညာရှင်အဖွဲ့ တွေလာရင် ဒီကအဖွဲ့တွေနဲ့ အရင် တွေ့ဆုံဆွေးနွေးပေါ့။ အဓိကကတော့ ငွေရေးကြေးရေး ပြုပြင်ပြောင်းလဲဖို့အတွက် ပညာရှင်တွေရဲ့ အကြံဉာဏ်ကို ယူမယ်ဆိုတဲ့ သဘောပါ။ ဒါပေမဲ့ ဘယ်လောက်အတိုင်း အတာထိယူမယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့”

အောက်တိုဘာ ၂၉ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၄) တွင်ပါသည့် “ဘဏ္ဍရေးနှင့် ငွေရေးကြေးရေးကဏ္ဍအတွက် နိုင်ငံတော် အကြံပေးအဖွဲ့ဖွဲ့စည်း” သတင်းမှ ယင်းအကြံပေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းလွင်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 “နိုင်ငံတော်သမ္မတကြီး၊ ဒုတိယသမ္မတနှစ်ဦးနှင့် ဦးဆောင်သော အစိုးရသစ်အနေဖြင့် အာဆီယံဥက္ကဋ္ဌနေရာကို မည့်သည့်အတွက်ကြောင့် တောင်းဆိုရ ပါသနည်း။ ဤမေးခွန်းသည် အဖြေဖြစ်သည်။ အာဆီယံတွင် မြန်မာနိုင်ငံ မျက်နှာငယ်ခဲ့ရသည်မှာ ကြာရှည်ခဲ့ပြီးဖြစ်သလို ဖိအားပေးမှုများကို တွေ့ကြုံ ရင်ဆိုင်ခဲ့ရသည်မှာလည်း ဤ အနေအထားကို ပြောင်းပြန် လှန်ပစ်လိုက်သည်။ အစိုးရသစ်တက်လာပြီး မကြာသေးခင်မှာပင် ဤကမ်းလှမ်းချက် ပေါ်ထွက် လာခြင်းဖြစ်သည်။ ပြုပြင် ပြောင်းလဲမှုများကို နောက်မဆုတ်တမ်းဆောက်ရွက်မည့် သံန္နဋ္ဌာန်ကို လက်တွေ့တွေ့မြင်နိုင်သည်။ ပြုပြင်ပြောင်းလဲမှုများ တစ်ဆင့်ပြီးတစ်ဆင့် နောက်ပြန်မလှည့်ဘဲ ဆောင်ရွက် တော့မည့် Political Blueprint ၏ ၂၀၁၄ ဟူသော အချိန်ဇယားကို မိမိဘာသာ သတ်မှတ် လိုက်ခြင်းလည်း ဖြစ်ပေသည်။ ဤအချိန်ဇယားဖြင့် မဆုတ်မနစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် နိုင်ငံတော် သမ္မတကြီး၊ ဒုတိယ သမ္မတများ ဦးဆောင်သော နိုင်ငံတော်အစိုးရ၏ ဆုံးဖြတ်ချက်သည် ရှေ့သို့သာ ဆက်လက် လျှောက်လှမ်းမည့် နိုင်ငံတော်၏ ပဋိညာဉ်ကြီးဖြစ်သည်ဟု ဆိုချင်သည်။

နိုဝင်ဘာ ၃ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၂) တွင်ပါသည့် ဆောင်းပါးရှင် မှူးဇော်ရေးသားသည့် “မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ နေရာ ရယူဖို့ တန် မတန်” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တစ်လလုံးစီမှ ကျပ် ၃၀၀ ပဲကျတဲ့အတွက် တစ်နေ့ကို ကျပ် ၁၀၀၀ နဲ့ ၁၅၀၀ ကြားရတဲ့သူတွေ အဓိက အားထား နေရတယ်။ တကယ်လို့ ကျပ် ၁၀၀ လောက်သာ ဖြစ်မယ်ဆိုရင်တော့ တော်တော်အကျပ်အတည်း တွေ့နိုင်တယ်။ ချမ်းသာတဲ့ သူတွေအနေနဲ့ ကျပ် ၁၀၀ ဟာ တန်ဖိုးနည်းပေးမယ့် ကျွန်တော်တို့အတွက်ကတော့ တန်ဖိုးရှိတာတော့ အမှန်ပဲ”

နိုဝင်ဘာ ၃ ထုတ် Popular News အတွဲ (၃) အမှတ် (၄၃) တွင်ပါသည့် “ရထားလက်မှတ်ခတိုးမြှင့်မည်ဆိုပါက အခြေခံ လူတန်းစားများ မသက် သာ” သတင်းမှ ရထားလပေးစီးနင်းသူဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment