Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၎.၁၁.၂၀၁၁

ဘာသာပြန် သတင်းများ (အပိုင်း - ၁)

  1. တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ လာအို၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာသို့ ထွက်ခွာ

(Yimhva သတင်းမှ 3.Nov.2011 ရက်စွဲပါ "CPC delegation visit Lao,Nepal,Bangladesh,Myanmar" သတင်းကို ဘာသာပြန်ဆိုသည်။ )

  1. ရုရှားအကူအညီဖြင့် 'နျူ' ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ် သဘောတူ

(BBC သတင်းဌာနမှ၊ 2 Nov 2011 ရက်စွဲပါ၊ Bangladesh agrees nuclear power deal with Russia သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ချက်ခြင်းပင် ရင်းနှီးမြှုပ်နှံကြရန် မလေးရှားတို့ကို မပာာသီယာတိုက်တွန်း

(Bernama News မှ 3 Nov 2011 ရက်စွဲပါ “Invest in Myanmar Now, Tun Mathathin Urgse Malasians” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ပါကစ္စတန်လေကြောင်းလိုင်း PIA က မြန်မာသို့ လေယာဉ်ဌားရမ်းခြင်းဖြင့် ဒေါ်လာ ၄.၅ သန်းဝင်ငွေရရှိ

(The Nation သတင်းမှ 4 Nov 2011 ရက်စွဲပါ “PIA earns $ 4.5 millions by renting to Burma” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန် သတင်းများ

တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ လာအို၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ သို့ ထွက်ခွာ

( Yimhva သတင်းမှ 3.Nov.2011 ရက်စွဲပါ "CPC delegation visit Lao,Nepal,Bangladesh,Myanmar" သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေး ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဘီဂျင်းမြူနီစပယ် ကော်မတီ အတွင်းရေးမှူး ဖြစ်သူ 'လူကျိ' ခေါင်းဆောင်သော ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် လာအို၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် ဘီဂျင်းမှ ကြာသပတေးနေ့တွင် ထွက်ခွာသွားသည်။

ယခုခရီးစဉ်ကို လာအို ပြည်သူ့တော်လှန်ရေးပါတီ၊ နီပေါအစိုးရ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာနိုင်ငံမှ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတို့က အသီးသီးဖိတ်ကြားခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိရသည်။

*************************************************************************************

ရုရှားအကူအညီဖြင့် 'နျူ' ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ် သဘောတူ

(BBC သတင်းဌာနမှ၊ 2 Nov 2011 ရက်စွဲပါ၊ Bangladesh agrees nuclear power deal with Russia ကိုဘာသာပြန်ဆိုသည်)

ရုရှားနိုင်ငံ၏ အကူအညီဖြင့် နိုင်ငံတွင်း နျူကလီးယား ဓာတ်အားထုတ်စက်ရုံသစ်နှစ်ခု တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက သဘောတူညီ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်သည် ပြည်တွင်း လျှပ်စစ်ဓာတ်အားလိုအပ်မှု ဆိုးရွားစွာဖြစ်ပေါ်လျက်ရှိသည့်အတွက် ယခုလို ရုရှား အကူအညီဖြင့် နျူကလီးယားစွမ်းအင် ဓာတ်အားထုတ်စက်ရုံ တည်ဆောက်ရန် သဘောတူညီလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ လျှပ်စစ်ဓာတ်အား အကျပ်အတည်းပြဿနာကို ဖြေရှင်းဖို့ ရုရှားနဲ့ သဘောတူစာချုပ်လက်မှတ် ရေးထိုးပြီးပါပြီ" ဟု ဘင်္ဂလားဒေ့ရှ် သိပ္ပံနည်းပညာဝန်ကြီး Yeafesh Osman က ပြောကြားသည်။

အသစ်တည်ဆောက်မည့် နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ရုံလျှင် မီဂါဝပ် ၁၀၀၀ စီထွက်ရှိမည် ဖြစ်ကြောင်း၊ အဆိုပါ စက်ရုံနှစ်ရုံကို လာမည့် ၂၀၁၃ ခုနှစ်မှ စတင်တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်မှုပြီးစီးရန် ၅ နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း မစ္စတာ Yeafesh Osman က ပြောဆိုသည်။

'နျူ' စက်ရုံတည်ဆောက်ရန် သဘောတူညီချက်ကို မစ္စတာ Osmanနှင့် ရုရှားနိုင်ငံပိုင် Atomic Energy Corporation မှ ညွှန်ကြားရေးမှူးချုပ် Sergei Kiriyenko တို့ နိုဝင်ဘာလ ၂ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

လုံခြုံမှုအစီအမံသစ်များ

စက်ရုံနှစ်ရုံတည်ဆောက်ရေးအတွက် ရုရှားနိုင်ငံက နည်းပညာဆိုင်ရာပံ့ပိုးမှုများ ပေးအပ်သွားမည်ဖြစ်သည်။ စက်ရုံများကို မြို့တော် ဒါကာ မြောက်ဘက် ၇၅ မိုင်အကွာအဝေးရှိ Pabna ခရိုင်၊ Rooppur တွင် တည်ဆောက်မည်ဟု ဆိုသည်။ ရုရှားအနေဖြင့် ဥပဒေရေးရာနှင့် ဝန်ထမ်းဆိုင်ရာ အရေး ကိစ္စများကို တာဝန်ယူထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ရုရှားအရာရှိကြီးများအဆိုအရ မော်စကိုအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ် 'နျူ'စက်ရုံများအတွက်  ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည့် အပြင် လောင်စာဆီ ထောက်ပံ့မှုများလည်း ပေးသွားမည်ဖြစ်သည်။ ထို့ပြင် လုံခြုံစိတ်ချမှုရရှိရန် အလို့ငှာ စွမ်းအင်လျှော့ချထားသည့် လောင်စာချောင်း များကို ရုရှားက စနစ်တကျ ပြန်လည်ရယူသွားမည် ဖြစ်သည်ဟု ဆိုသည်။

လတ်တလောအနေအထားတွင် ဂျပန်နိုင်ငံ၌ နျူကလီးယား မတော်တဆဖြစ်မှုကြီးနှင့် ကြုံတွေ့နေရသောကြောင့် ဘင်္ဂလားဒေ့ရှ် နျူကလီးယား စက်ရုံသစ်များတွင် လုံခြုံရေးအစီအမံသစ်များ ဖြည့်သွင်းတပ်ဆင်သွားမည် ဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ ဘင်္ဂလားဒေ့ရှ်သည် လက်ရှိ အနေအထားတွင် ယိုယွင်းပျက်စီးနေပြီဖြစ်သော သဘာဝဓာတ်ငွေ့ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို မှီခိုနေရပြီး နေ့စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ မီဂါဝပ် ၂၀၀၀ ခန့်ဖြစ်သည်။

ထိုသို့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြီးမားနေခြင်းကြောင့် တိုင်းပြည်၏ စက်မှုကုန်ထုတ်လုပ်မှုနှင့် စီးပွားရေး တိုးတက်မှုကို များစွာ ထိခိုက် နစ်နာစေလျက် ရှိသည်။

*************************************************************************************

မြန်မာနိုင်ငံတွင် ချက်ခြင်းပင် ရင်းနှီးမြှုပ်နှံကြရန် မလေးရှားတို့ကို မပာာသီယာတိုက်တွန်း

(Bernama News မှ 3 Nov 2011 ရက်စွဲပါ “Invest in Myanmar Now, Tun Mathathin Urgse Malasians” သတင်းကို ဘာသာပြန် ဆိုသည်)

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် မလေးရှားနိုင်ငံသားများကို တိုက်တွန်းလိုက်သော ယခင်ဝန်ကြီးချုပ် မပာာသီယာက အကယ်၍သာ ယခု အချိန်တွင် မပြုလုပ်ပါက အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ၏ နောက်တွင် ကျန်ရစ်တော့ မည့်အလားအလာရှိကြောင်း သတိပေးပြောဆို လိုက်ပါသည်။

“မြန်မာတွေ ပိုမိုပျော့ပြောင်းလာပြီလို့ ကျွန်တော်ထင်ပါတယ်။ ပိုပြီး ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာအောင် အပြောင်းအလဲတွေ လုပ်ဖို့ နိုင်ငံကို ပြင်ဆင်နေကြပါပြီ” ပာု မပာာသီယာက Bernama News သို့ပြောကြားသည်။

ဝန်ကြီးချုပ်ပောာင်း ဒေါက်တာ မပာာသီယာသည် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်အတွက် မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာ နေပြည် တော်သို့ ဗုဒ္ဓပာူးနေ့မနက် လေကြောင်းခရီးဖြင့် ထွက်ခွာသွားခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးအပြီးတွင် ဒေါက်တာ မပာာသီယာသည် မြန်မာအစိုးရ စက်မှုဝန်ကြီး ဦးစိုးသိန်းနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးပြီးနောက် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့သည်ပာု သိရှိရသည်။

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲသို့ ခေါ်ယူခဲ့မှုအတွက် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ယခင်ဝန်ကြီးချုပ်က သမ္မတ ဦးသိန်းစိန်နှင့် “မြန်မာနိုင်ငံ၏ ကျပ်ငွေကိစ္စ၊ မြန်မာနိုင်ငံ တောင်ပိုင်းတွင် ဆီအုန်းနှင့် ရာဘာစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းပါဝင်ရေးကိစ္စများ အပါအဝင် ကိစ္စရပ်များစွာကို ပြောဆိုခဲ့သည်” ပာု Bernama News သို့ ပြောကြားသည်။

မလေးရှားနိုင်ငံနှင့် ပိုမိုရင်းနှီးသော ဆက်ဆံမှု ထူထောင်ရေးနှင့် မလေးရှားနိုင်ငံ မည်သို့တိုးတက်ခဲ့ပုံကို စိတ်ဝင်စားကြောင်း ပြသခဲ့သော မြန်မာ သမ္မတက မြန်မာနိုင်ငံတွင် မလေးရှားတို့ ရင်းနှီးမြှုပ်နှံနိုင်မည့် ဖြစ်နိုင်ချေ အလားအလာ များကိုလည်း ဆွေးနွေးပြောဆိုခဲ့သည်ပာု သိရသည်။

ဝန်ကြီးချုပ်ပောာင်းက ဆက်လက်၍ “ယခုတွေ့ဆုံမှုသည် ယေဘူယျအားဖြင့် အပြုသဘောဆောင်ကြောင်း၊ သို့သော် တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခြင်း မပာုတ်ကြောင်း၊ သမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးခဲ့သည့် ကိစ္စများကို မလေးရှားအစိုးရထံ လက်ဆင့်ကမ်းပေးမည်ဖြစ်ကြောင်း” ပြောကြားသည်။

မနေ့က ပြန်လည်ရောက်ရှိလာသော ဝန်ကြီးချုပ်ပောာင်း မပာာသီယာက မြန်မာနိုင်ငံ၌ ကမ္ဘာကြီးတစ်သားတည်း ဆက်စပ်ကျယ်ပြန့်လာမှု (Globalization) နှင့် အလယ်အလတ် ပျော့ပြောင်းလာမှု(Liberalization)  အကြောင်း ပောာပြော၍ အပြီးတွင် မြန်မာစက်မှုလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ပာု ပြောကြားသည်။

မြန်မာလုပ်ငန်းရှင်များက သက်ဆိုင်ရာမေးခွန်းများ မေးမြန်းသည့်အပြင် မလေးရှားတွင် အကောင်အထည်ဖော်ခဲ့သော အရာများစွာကိုလည်း သိရှိလိုကြသည်ပာု မပာာသီယာက ဆိုပါသည်။

ဒေါက်တာ မပာာသီယာသည် ယခင်က တွေ့ဆုံခြင်းမရှိသော၊ ယခုအခါ လွတ်မြောက်လာပြီဖြစ်သော မြန်မာ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မလေးရှားသို့ မပြန်မှီ ပိာုတယ်သို့ ဖိတ်ကြား တွေ့ဆုံဆွေးနွေးခဲ့သည်ပာု သိရှိရသည်။

************************************************************************************

ပါကစ္စတန်လေကြောင်းလိုင်း PIA က မြန်မာသို့ လေယာဉ်ဌားရမ်းခြင်းဖြင့် ဒေါ်လာ ၄.၅ သန်းဝင်ငွေရရှိ

(The Nation သတင်းမှ 4 Nov 2011 ရက်စွဲပါ “PIA earns $ 4.5 millions by renting to Burma” သတင်းကို ဘာသာပြန်ဆိုသည်)

ပါကစ္စတန်လေကြောင်းလိုင်း PIA သည် မြန်မာနိုင်ငံသို့ ပာာ့ဂျာ်ဘရားဖူးခရီးစဉ်အတွင်း စင်းလုံးဌားလေယာဉ် ၇ စင်းပေးထားခြင်းဖြင့် အမေရိကန် ဒေါ်လာ ၄.၅ သန်းကျော် ဝင်ငွေရရှိခဲ့သည်ပာု PIA ၏ မီဒီယာအကြံပေး တာပိာခါလစ်က ကြာသပတေးနေ့တွင် ပြောကြားသည်။

ပါကစ္စတန်တွင် ပာာ့ဂျာ်ခရီးသွားလုပ်ငန်းအတွက် အောင်မြင်စွာလုပ်ဆောင်ပြီးစီးခဲ့သော ဂျမ်ဘိုဂျက်(ဘိုးဒင်း 747) လေယာဉ် ၆ စင်းနှင့် အဲဘတ်စ် လေယာဉ် ၁ စင်းကို PIA ဌားရမ်းပေးခဲ့ခြင်းဖြစ်သည်ပာု ယင်းက ပြောကြားသည်။ PIA လေယာဉ်များကို မြန်မာနိုင်ငံသို့ လွန်ခဲ့သော တစ်ပတ်က ပို့လိုက်ခြင်း ဖြစ်ပြီး သီတင်းတစ်ပတ်အတွင်း ရန်ကုန်မှ ဂျက်ဒါသို့ ဘုရားဖူးခရီးသည် ၃၂၀၀ ပို့ဆောင်ပေးခဲ့သည်၊ အရှုံးပေါ်နေသော PIA သည် ယခုအခါ အမြတ် စတင်ရရှိနေပြီ ဖြစ်ကြောင်း မီဒီယာအကြံပေး ခါလစ်က မှတ်ချက်ပေးသည်။

ရန်ကုန်ဌားရမ်းမှု စီမံချက်ကို ပယ်ထားပြီး ပြည်တွင်း အထူးခရီးစဉ် ပျံသန်းမှုများထံမှလည်း ရူပီးငွေ သန်း ၂၂၀ ခန့် ဝင်ငွေရရှိခဲ့သည်ပာု ဆိုသည်။ ၎င်း ခရီးစဉ်များသည် အိဒ် ဘာသာရေးပွဲတော်အတွက် အထူးသီးသန့် ပျံသန်းပေးခြင်း ဖြစ်သည်။

ထို့အပြင် PIA သည် ကရာချီမြို့တော်တွင် simulator (ကွန်ပြူတာအသုံးပြု လေယာဉ်မောင်းလေ့ကျင့်ရေးစနစ်) တပ်ဆင်ခဲ့ခြင်းကြောင့်လည်း ဝင်ငွေစတင်ရရှိလာခြင်းဖြစ်သည်ပာု ခါလစ်က ရှင်းလင်းပြောဆိုသည်။ ယခင်က PIA ပိုင်း လော့များကို ဒူဘိုင်းသို့ simulator training ပို့ရန် ရူပီး သန်း ၂၀၀ ခန့် သုံးစွဲခဲ့ရသောကြောင့် ယခုအခါ အဆိုပါ ရူပီးသန်း ၂၆၀ ကို ခြွေတာနိုင်ခဲ့ပြီပာု ယင်းက ပြောကြားသည်။

သို့သော် ယခုအခါ PIA ပိုင်းလော့များသာမကပဲ အခြားနိုင်ငံများမှ ပိုင်းလော့များကလည်း simulator training အတွက် လာရောက်ကမ်းလှမ်း နေကြပြီပာု သိရှိရသည်။ ထို့အပြင် မိမိတို့လေကြောင်းလိုင်းအတွက် စရိတ်ခြွေတာရုံသာ မကဘဲ အခြားလေကြောင်းလိုင်းများထံမှ ဝင်ငွေရရှိနိုင်ရန် ATR လေယာဉ်အတွက် simulator ကိုလည်း တပ်ဆင်ဦး မည်ပာု PIA မီဒီယာ အကြံပေးက ပြောကြားသွားသည်။

*************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment