Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ(အပိုင်း- ၂ )

  1. မြန်မာသို့ ဗီယက်နမ် ပို့ကုန်တင်ပို့မှု ၁၁၁ ရာခိုင်နှုန်းထိ မြင့်တက်

(Viet Nam News မှ 16 Nov 2011 ရက်စွဲပါ Vietnam exports to Myanmar surge 111% ကို ဘာသာပြန်ဆိုသည်)

  1. ကိုကာကိုလာက အိန္ဒိယတွင် ဒေါ်လာ ၃ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံရန် စီစဉ်

(14 Nov 2011 ရက်စွဲပါ BBC News မှ Coke plans $ 2 bn India investment in bid to boost growth ကို ဘာသာပြန်ဆိုသည်)

  1. ယူကေဝန်ကြီး Andrew Mitchell ၏ မြန်မာနိုင်ငံခရီးစတင်

(BBC News မှ 15 Nov 2011 ရက်စွဲပါ “UK Minister Andrew Mitchell begins visit to Burma” ကို ဘာသာပြန်ဆိုသည်)

****************************************************************

ဘာသာပြန်သတင်းများ

မြန်မာသို့ ဗီယက်နမ် ပို့ကုန်တင်ပို့မှု ၁၁၁ ရာခိုင်နှုန်းထိ မြင့်တက်

(Viet Nam News မှ 16 Nov 2011 ရက်စွဲပါ Vietnam exports to Myanmar surge 111% ကို ဘာသာပြန်ဆိုသည်)

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ၁၀ လတာကာလအတွင်း မြန်မာနိုင်ငံသို့ ပို့ကုန်တင်ပို့မှု မှ အမေရိကန်ဒေါ်လာ သန်း ၆၀ ရရှိခဲ့ပြီး ယင်း ပမာဏသည် ယမန်နှစ်ကထက် ၁၁၁ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း မြန်မာပြည်တွင်း အကောက်ခွန်ဦးစီးဌာန၏ အဆိုအရသိရသည်။

ယခုလို အဆမတန် မြင့်တက်လာမှုကြောင့် ဗီယက်နမ်သည် မြန်မာအတွက် စင်ကာပူ၊ တရုတ်၊ ထိုင်း၊ တောင်ကို ရီးယား၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဆွီဒင်နှင့် သြစတြေးလျတို့ပြီးလျှင် ၁၃ နိုင်ငံမြောက် အကြီးဆုံးပို့ကုန် တင်ပို့သည့်နိုင်ငံ ဖြစ်လာသည်။

အထက်ဖော်ပြပါ ကာလအတွင်းမှာပင် ဗီယက်နမ်နှင့် မြန်မာအကြား အပြန်အလှန် ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁၂၅ သန်းထိ ရောက်ရှိခဲ့ကြောင်း၊ ယင်းပမာဏသည်လည်း ယမန်နှစ်ကထက် ၄၆ ဒဿမ ၆ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဗီယက်နမ်မှ အဓိကတင်ပို့သော ကုန်ပစ္စည်းများမှာ စတီး၊ အဝတ်အထည်နှင့် အထည်ချုပ်လုပ်ငန်း ထွက်ပစ္စည်းများ၊ အပို ပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံ၊ ဆေးခန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ တာယာနှင့် ကျွတ်များ၊ ဆေးဝါးဆိုင်ရာ အပိုပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ အကြီးစားစက် အပိုပစ္စည်းများဖြစ်သည်။

မြန်မာနိုင်ငံမှ ဗီယက်နမ်သို့ အဓိကတင်သွင်းသော သွင်းကုန်များမှာ လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းထွက်ကုန်များဖြစ်ပြီး ယခုနှစ် ၁၀ လတာ ကာလအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၅ သန်းတန်ဖိုးခန့် တင်သွင်းခဲ့ကြောင်း သိရသည်။ ဗီယက်နမ်သည် ၂၀၁၀ ပြည့်နှစ် အတွင်း မြန်မာသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၇ သန်းရှာဖွေရရှိခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ ၂၀၀၉ ခုနှစ်နှင် နှိုင်းယှဉ်ပါက ၆၀ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ပထဝီအနေအထားအရ အကျိုးအမြတ်ဖြစ်ထွန်းမှု၊ နှစ်နိုင်ငံအကြား ကောင်းမွန်သော စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုတို့ကြောင့် ဗီယက်နမ် အနေဖြင့် မြန်မာသို့ ပို့ကုန်တင်ပို့မှု မြှင့်တင်နိုင်မည်ဟု မျှော်လင့်ရသည်။ လူဦးရေ ၅၄ သန်းခန့်ရှိသော မြန်မာနိုင်ငံသည်လည်း ဗီယက်နမ်အတွက် ဝယ်လိုအားကောင်းသည့် ဈေးကွက်တစ်ခုသဖွယ်ဖြစ်နေသည်။

ယခုအခါ မြန်မာနိုင်ငံ ဈေးကွက်၊ ဝယ်လိုအား၊ နိုင်ငံခြားကုန်သွယ်ရေးမူဝါဒများ၊ အကောက်ခွန်စနစ်များ၊ သယ်ယူပို့ဆောင်မှုပုံစံများ၊ ကုန်စည် ဖြန့်ချိရေးကွန်ယက်နှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အစရှိသည့် မြန်မာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပါဝင်သော လက်စွဲ စာအုပ်ကို ဗီယက်နမ်အာဏာပိုင်များက အပြီးသတ် ရေးသားပြုစုထားပြီးဖြစ်ကြောင်းသိရသည်။

                                        *****************************************

ကိုကာကိုလာက အိန္ဒိယတွင် ဒေါ်လာ ၃ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံရန် စီစဉ်

(14 Nov 2011 ရက်စွဲပါ BBC News မှ Coke plans $ 2 bn India investment in bid to boost growth ကို ဘာသာပြန်ဆိုသည်)

ကိုကာကိုလာသည် အိန္ဒိယနိုင်ငံတွင် ၎င်း၏ဈေးကွက်ဝေစုတိုးလာရန် ရည်ရွယ်၍ နောက်ငါးနှစ်အတွင်း အိန္ဒိယတွင် ဒေါ်လာ ၂ ဘီလီယံ (ပေါင် စတာလင် ၁.၂ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု၏ အချို့အစိတ်အပိုင်းသည် ထုတ်လုပ်မှုစွမ်းရည် တိုးချဲ့ရေးတွင် အသုံးပြုမည်ဖြစ်ပြီး၊ အချို့ကို တိုးတက်လာသော စားသုံးမှုအား ဖြည့်ဆီးနိုင်ရန် ဖြန့်ချီရေးကွန်ရက်တွင် အသုံးပြုမည်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးအချိုရည် ကုမ္ပဏီက ပြောကြားရာတွင် ၎င်းသည် ၂၀၂၀ တွင် ထိပ်ဆုံး ဈေးကွက်ငါးခုတွင် အိန္ဒိယအပါအဝင်ဖြစ်ရန် မျှော်လင့် သည်ပာု ဆိုပါသည်။ ယခု ပမာဏသည် Coke က လွန်ခဲ့သည့် (၁၈)နှစ်အတွင်း အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံခဲ့သော ပမာဏနှင့်အတူတူ ဖြစ်ပါသည်။

“ဒီရင်းနှီးမြှုပ်နှံမှုပာာ ကျွန်တော်တို့ရဲ့ စီးပွားရေးအဆက်မပြတ်၊ တာဝန်ယူမှုပုံစံနဲ့ ကြီးထွားလာမယ့် အသစ်လည်းဖြစ်မယ့် လုပ်ဖော်ကိုင်ဖက် စိတ် ထားနိုင်မယ့်၊ ခရီးရောက်မယ့် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို ရင်းနှီးမြှုပ်နှံမယ့် ရေရှည်အတွက် ကတိပေးထားမှုတွေရဲ့ အစိတ်အပိုင်း ဖြစ်ပါ တယ်” ပာု Coca-Cola India ဥက္ကဋ္ဌ Atul Singh က ပြောကြားခဲ့ပါသည်။

“တိုင်းပြည်ရဲ့ လူဦးရေဆိုင်ရာ အချက်အလက်တွေ လူမှုရေးနဲ့ စီးပွားရေး လုပ်ဆောင်နိုင်မှုအတိုင်းအတာ (Para meter) တွေပာာ တိုးတက် ကြီးထွားရေးအတွက် ကြီးမားတဲ့ မောင်းနှင်အားတွေပါပဲ။ ဒီအခွင့်အရေးအပေါ်မှာ ကျွန်တော်တို့ ငွေထုတ်ပြီးရင်းနှီးရပါမယ်” ပာု ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း အားကောင်းသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဝင်ငွေကောင်းပြီး လူနေမှု အဆင့်မြင့်လာသော လူလတ်တန်းစားများ များပြားလာခြင်းကြောင့် ကမ္ဘာပေါ်တွင် အမြန်ဆုံး ကြီးထွားလာသော စားသုံးသူဈေးကွက်ကြီး ဖြစ်လာပါသည်။

ကိုကာကိုလာသည်လည်း အိန္ဒိယ၏ လျင်မြန်သော နိုးထလာမှု၏ အကျိုးကို များစွာခံစားခဲ့ရပြီး၊ သုံးလပတ် (၂၁) ကြိမ် ဆက်တိုက် ၁၅% အထိ တိုးတက်ကြီးထွားမှု ကိန်းဂဏန်း ပြသခဲ့ပါသည်။

ဥရောပအာရှနှင့် အာဖရိကအုပ်စု၏ ကိုကာကိုလာ ဥက္ကဋ္ဌဖြစ်သူ Ahmet C. Bozer က ပြောကြားရာတွင် ၎င်းတို့၏ ကုမ္ပဏီသည် အိန္ဒိယ၏ တိုးချဲ့လာသော ဈေးကွက်တွင် နောက်ထပ် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်လျက်ရှိသည်ပာု ဆိုပါသည်။

“အိန္ဒိယမှာ ကျွန်တော်တို့ရဲ့ အရေးပါတဲ့ ကြီးထွားနေတဲ့ ဈေးကွက်တစ်ခုဖြစ်တဲ့အတွက်၊ ကျွန်တော်တို့ရဲ့ ၂၀၂၀ ရည်မှန်းချက်ဖြစ်တဲ့ ဝင်ငွေ နှစ်ဆတိုးရေးနှင့် ဆယ်စုနှစ်ကို အလုပ်အကျွေးပြုရေးဆိုတဲ့အချက်ကို ရှေးရှုလုပ်ကိုင်သွားပါမယ်” ပာု ၎င်းက ပြောပါသည်။

“ကျွန်တော်တို့ပာာ နေ့စဉ်မှန်မှန်လေး မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ဆက်သွားနိုင်ရင်၊ ဒီဆယ်စုနှစ်အကုန်မှာ အိန္ဒိယပာာ တကမ္ဘာလုံး အနေနဲ့ ထိပ်ဆုံးဈေးကွက်ငါးခုမှာ တစ်ခုအပါအဝင် ဖြစ်လာနိုင်မှာဖြစ်ပြီး၊ ကျွန်တော်အနေနဲ့ကတော့ မအံ့သြပါဘူး” ပာု ၎င်းကဖြည့်စွက်ပြောပါသည်။

ကုမ္ပဏီပြောကြားရာတွင် အရင်းအနှီး၏ အချို့အစိတ်အပိုင်းများကို စားသုံးသူ အတွေ့အကြုံနှင့် အမှတ်တံဆိပ် သစ္စာရှိမှု တည်ဆောက် ရေးများတွင် အာရုံပြု အသုံးပြုသွားမည်ပာု ဆိုပါသည်။

**********************************

ယူကေဝန်ကြီး Andrew Mitchell ၏ မြန်မာနိုင်ငံခရီးစတင်

(BBC News မှ 15 Nov 2011 ရက်စွဲပါ “UK Minister Andrew Mitchell begins visit to Burma” သတင်းကို ဘာသာပြန်ဆိုသည်)

ယူနိုက်တက် ကင်းဒမ်း (ဗြိတိန်)နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ကြီးသည် အရှေ့တောင်အာရှ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ပထမဆုံး ရက်တွင်ပင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုလိုက်ပါသည်။

ဝန်ကြီး Andrew Mitchell က ၎င်း၏ ၃ ရက်ကြာမည့် ခရီးစဉ်တွင် အစိုးရထိပ်တန်း တာဝန်ရှိသူများအပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

ဗြိတိန်နိုင်ငံဝန်ကြီးက “အဲ့ဒီမှာ ပြုပြင်ပြောင်းလဲရေး အလားအလာနဲ့ ပတ်သက်ပြီး သတိကြီးကြီးထား အကောင်းမြင်ရမယ့် အကြောင်းရင်းတွေ ရှိနေပါတယ်” ပာု BBC သတင်းဌာနသို့ ပြောကြားသည်။

သို့သော်လည်း မြန်မာအစိုးရအနေဖြင့် ကတိစကားများ ပြောကြားသကဲ့သို့ လက်တွေ့ဆောင်ရွက်ပြသရန် လိုအပ်သည်ပာု ယင်းက ပြောဆို သည်။

မြန်မာနိုင်ငံ၏ အာဏာရှင်ပောာင်းသည် ယိုယွင်းလာသော စစ်အုပ်ချုပ်ရေးစနစ်ကို တပ်မတော်အားပြု အရပ်ဖက်အစိုးရဖြင့် အစားထိုးရန် အတွက် နှစ်ပေါင်း ၂၀ အတွင်း ရှားရှားပါးပါး ပထမဆုံး ရွေးကောက်ပွဲများကို မနှစ်က နိုဝင်ဘာလတွင် ပြုလုပ်ပေးခဲ့သည်။

ရွေးကောက်ပွဲများအပြီး ပြည်တွင်း၊ ပြည်ပ ဝိုင်းဝန်းရှုတ်ချမှုကို အာရုံပြောင်းလှည့်စားရန်အတွက် အာဏာရှင် ခေါင်းဆောင်သော အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့သည်။ ထို့နောက်တွင် အာဏာလွှဲပြောင်းယူခဲ့သော အရပ်ဖက်အစိုးရက နိုင်ငံရေးအကျဉ်းသား အတော် များများကို လွှတ်ပေးလျက်ရှိသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံကာ စတင်ဆွေးနွေးမှုများ ပြုလုပ်နေသည်။

သို့သော်လည်း အတိုက်အခံအုပ်စုများ၏ ခန့်မှန်းချက်အရ သတင်းထောက်များနှင့် ဒီမိုကရေစီအရေး၊ လူ့အခွင့် အရေးလှုပ်ရှားသူပြည်သူများ၊ သံဃာတော်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆၀၀ မှ ၁၀၀၀ သို့အထိ အကျဉ်းထောင်များထဲ ကျန်ရှိနေသေးသည်ပာု သိရှိရသည်။

ယင်းသို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကို ဖမ်းဆီးထားမှုသည် အနောက်နိုင်ငံများက အရေးယူဒဏ်ခတ်မှု Sanctions များ ဆက်လက် ချမှတ်ထားရခြင်း၏ အဓိကအကြောင်းရင်းတစ်ချက်ဖြစ်သည်။

အကန့်အသတ်မရှိ

ဝန်ကြီး Andrew Mitchell က BBC Radio 4 ၏ ဒီကနေ့ အစီအစဉ်ကဏ္ဍသို့ ပြောကြားရာ၌ “မြန်မာနိုင်ငံကို အခုလို လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်တဲ့အထိ သိသိသာသာ ပြောင်းလဲသွားပါပြီ” ပာု ပြောကြားသည်။

၎င်းက ဆက်လက်၍ “သတိထားပြီး အကောင်းမြင်ကြည့်ရမယ့် အကြောင်းရင်းတွေ ရှိနေပါပြီ၊ ဒါပေမယ့် အဖြစ်အပျက်က ရောထွေးနေတုန်းပဲ၊ တစ်ဖက်မှာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒိုင်ယာလော့ ပီပီသသ ဆွေးနွေးမှုရှိနေပြီး နိုင်ငံရေးအကျဉ်းသားတစ်ချို့ကို လွှတ်ပေးခဲ့ပါတယ်။ အခြား တစ်ဖက်မှာတော့ မြန်မာနိုင်ငံကို ဒုက္ခပေးနေတဲ့ ပြည်တွင်းစစ် ဆက်ဖြစ်နေတဲ့အပြင် မြန်မာ့အနာဂါတ်အတွက် အရေးကြီးသူတွေ ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားမြောက်များစွာကို လွှတ်ပေးဖို့ ပျက်ကွက်နေတုန်းပါပဲ”ပာု ပြောဆိုခဲ့သည်။

Andrew Mitchell က “၎င်း၏ ခရီးစဉ်အတွင်း အစိုးရအာဏာပိုင် အဆင့်အတန်းအားလုံးနှင့် အကန့်အသတ်မရှိ တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ ဒိုင်ယာလော့ကိစ္စ သက်သက်အနေဖြင့် သိသာထင်ရှားသော တိုးတက်မှုတစ်ခု ဖြစ်ကြောင်း၊ သို့သော် ကတိစကားတွေကသာ များနေဆဲဖြစ်ပြီး လက်တွေ့လုပ်ဆောင်မှုများကို မြင်တွေ့ရန် လိုအပ်နေကြောင်း၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးခြင်းကို မြင်တွေ့ရဖို့ လိုအပ်ကြောင်း” ထုတ်ဖော်ပြောကြားသည်။

Mr.Mitchell သည် လွန်ခဲ့သော ၄ နှစ်ကျော်ခန့်က အတိုက်အခံအမတ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်စဉ်အချိန်၌ လွတ်လပ်စွာ လှုပ်ရှားခွင့် ရနေသော နိုင်ငံရေးခေါင်းဆောင်တစ်ဦး ယခု ထောင်ကျနေခြင်းကို ဥပမာအဖြစ် ကိုးကားပြောဆိုသည်။ “သူ့ကို အစိုးရက ဘယ်တော့လွှတ်ပေးမလဲ ဆိုတဲ့ကိစ္စပာာ မြန်မာအစိုးရအပေါ် ကျွန်တော်တို့ရဲ့ စမ်းသပ်အကဲဖြတ်မှုတွေထဲက တစ်ခုပါ” ပာု Mitchell ကဆိုသည်။

                သူ့ကို ဖမ်းဆီး ထောင်ချထားတာပာာ တကယ့်ကို လွဲတဲ့လုပ်ရပ်ပါပဲဗျာ၊ သူ့ကို လွှတ်ပေးတဲ့အချိန်ပာာ “အစိုးရကို ဆန့်ကျင်ပေမယ့် မြန်မာ့ အနာဂါတ်မှာ ပါဝင်လိုသူတွေကို ခွင့်ပြုလိုက်လျော ဆက်ဆံမယ်ဆိုတဲ့ လက္ခဏာကို အကောင်းဆုံးပြသနိုင်မှာပါ” ပာု ယင်းက ရှင်းလင်းပြောဆိုသည်။

Burma Campaign UK မှ Mark Farmaner ကလည်း ပြုပြင်ပြောင်းလဲမှု အလားအလာကို သံသယဖြင့် ဝေဖန်သုံးသပ်သည်။

ကြီးကြီးမားမား ထောက်ပြတဲ့မေးခွန်းကတော့ ဘာကြောင့် ဒီလိုအပြောင်းအလဲတွေ လုပ်ပြနေသလဲ ဆိုတာပါပဲ။ သံသယရှိရတဲ့ အကြောင်း ကတော့ ဒီလုပ်ဆောင်မှုတွေပာာ ဒီမိုကရေစီကို ဦးတည်တဲ့ ခြေလှမ်းစစ်စစ် မပာုတ်လို့ပါပဲ ပာု ယင်းက BBC သို့ ပြောကြားသည်။

ဒါပေမယ့်လည်း တစ်ဖက်ကကြည့်ရင် Sanctions တွေ ရုတ်သိမ်းသွားအောင်၊ နိုင်ငံတကာ အသိအမှတ်ပြုခံရမှု ပိုမိုရရှိအောင် ကြိုးစားတဲ့ အနေနဲ့ အာဏာရှင်စနစ်ရဲ့ ရက်စက်ကြမ်းကြုပ်မှု ယန္တရားထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေတာ ဖြစ်ပါလိမ့်မယ် ပာု ယင်းက သုံးသပ်ပြောကြားသည်။

*************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment