Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၂.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. စင်ကာပူနိုင်ငံခြားရေးရာနှင့် ဥပဒေဝန်ကြီး Shanmugam မြန်မာနိုင်ငံသို့ သွားရောက်မည်

(11 Dec 2011 ရက်စွဲပါ Channel News Asia မှ Shanmugam to visit Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

  1. မုန်လာဥနှင့် ကြိမ်လုံးမူဝါဒကို မြန်မာအပေါ် အမေရိကန်ဆက်လက်အသုံးပြု

(China Daily မှ 10 Dec 2011 ရက်စွဲပါ “US uses carrot-and-stick policy for myanmar” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

**********************************************************************************************************************

စင်ကာပူနိုင်ငံခြားရေးရာနှင့် ဥပဒေဝန်ကြီး Shanmugam မြန်မာနိုင်ငံသို့ သွားရောက်မည်

(11 Dec 2011 ရက်စွဲပါ Channel News Asia မှ Shanmugam to visit Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

              စင်ကာပူနိုင်ငံ နိုင်ငံခြားရေးရာနှင့် ဥပဒေဝန်ကြီး ဌာနဝန်ကြီး K Shanmugam သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံသို့ မိတ်ဆက်ခရီးအဖြစ် တနင်္လာနေ့မှ ဗုဒ္ဓပာူးနေ့အထိ သွားရောက်မည် ဖြစ်သည်။

                Mr. Shanmugam သည် ၎င်း၏ ဒီဇင်ဘာ ၁၂-၁၄ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် လည်းကောင်း တွေ့ဆံမည်ဖြစ်သည်။

                ၎င်းသည် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်းကောင်း ရှေ့နေချုပ်ဒေါက်တာ ထွန်းရှင်နှင့် လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်လည်းကောင်း တွေ့ဆုံမည်ဖြစ်သည်။ Mr. Shanmugam သည် ၎င်း၏ ခရီးစဉ်အတွင်း ကော့မှူး မြို့နယ်ရှိ အဝီစိတွင်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေထံ လွှဲပြောင်းမည် ဖြစ်သည်။

                အဆိုပါ အဝိစိတွင်းမှာ နာဂစ်အလွန်အကူအညီပေးရေးအတွက် စင်ကာပူအစိုးရ၏ ဒေါ်လာ ၅ သန်း ရန်ပုံငွေဖြင့် တူးဖော်သော အဝီစိတွင်း(၃၈၅) တွင်းအနက် တစ်ခုဖြစ်သည်။ အဆိုပါအကူအညီပေးရေးအစီအစဉ်ကို ပြည်တွင်း NGO တစ်ခုဖြစ်သော မင်္ဂလာမြန်မာနှင့် ပူးပေါင်းအကောင်အထည်ဖော် ခြင်းဖြစ်သည်။ ကော့မှူးမြို့နယ်သည် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ရန်ကုန်တိုင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။

                Mr. Shanmugam သည် မြန်မာနိုင်ငံရှိ စင်္ကာပူအသိုင်းအဝိုင်းနှင့်ညစာစားသုံးမည်ဖြစ်ပြီး၊ သမ္မတ၏ အကြံပေးအဖွဲ့ နှင့်လည်း ရန်ကုန်တွင် တွေ့ဆုံမည် ဖြစ်သည်။

*****************************************************************************************************************

မုန်လာဥနှင့် ကြိမ်လုံးမူဝါဒကို မြန်မာအပေါ် အမေရိကန်ဆက်လက်အသုံးပြု

(China Daily မှ 10 Dec 2011 ရက်စွဲပါ “US uses carrot-and-stick policy for myanmar” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

(အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မှုအပေါ် တရုတ်ပညာရှင်တစ်ဦး၏ သုံးသပ်ပုံကို ဖတ်ရှုရမည်)

              ၁၉၅၅ နောက်ပိုင်း မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပီာလာရီကလင်တန်၏ နေပြည်တော်၊ ရန်ကုန် ခရီးစဉ် သည် ကမ္ဘာတစ်ဝှမ်းက အာရုံစိုက် သတိပြုမိအောင် ဆွဲဆောင်နိုင်ခဲ့သည်။ ယင်းခရီးစဉ်သည် သမ္မတအိုဘားမား၏ “အာရှသို့ ပြန်လှည့်” မူဝါဒ အစီအစဉ် တစ်ရပ်အဖြစ် အမေရိကန် တန်ဖိုးများ အာရှတခွင်ပျံ့နှံ့ရေးကို ဦးတည်သော အဓိကခြေလှမ်းတစ်လှမ်းပာု ယုံကြည်ရသည်။ အီရတ်နှင့် အာဖဂန်နစ္စတန် တို့မှ အမေရိကန်တပ်ဖွဲ့များ ရုတ်သိမ်းနေမှုသည် ဝါရှင်တန်က ၎င်း၏ “အာရှသို့ပြန်လှည့်” ထိုးစစ်ကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အယူဝါဒရေး မျက်နှာစာ ပေါင်းစုံတွင် အရှိန်မြှင့်တော့မည့် ရည်ရွယ်ချက်ကို ထင်ပာပ်နေသည်။

                ၁၉၈၈ တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အမေရိကန်က အရေးယူဒဏ်ခတ်မှု Sanctions များချမှတ်ခဲ့ရာတွင် နှစ်ပေါင်း ၂၀ ခန့် နှစ်နိုင်ငံ မကျေမနပ်ထိပ်တိုက်တွေ့ခဲ့ကြသည်။ ထိုအချိန်ကစ၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဆက်ဆံရေးကို ယာယီသံရုံးတာဝန်ခံအဆင့်သို့ လျှော့ချခဲ့ကြသည်။

                ထိုကဲ့သို့ အဆင့်နိမ့် သံတမန်ဆက်ဆံရေးအဆင့်သာ ထားရှိကြသော်လည်း ဝါရှင်တန်က ၎င်း၏ မပာာဗျူပာာမြောက် ရှုထောင့်ထဲမှ မြန်မာနိုင်ငံ ကို ဖယ်ထုတ်ခြင်းမပြုခဲ့ပေ။ သာဓကအားဖြင့် ပြီးခဲ့သော နှစ်ပေါင်း ၂၀ အတွင်း မြန်မာအစိုးရကို အဆက်မပြတ်ဖိအားပေးရန်နှင့် အမေရိကန်ပုံစံ ဒီမို ကရေစီကို အားပေးမြှင့်တင်ရန်အတွက် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ခရီးစဉ် ၃ ကြိမ်အပါအဝင် အမေရိကန် တာဝန်ရှိသူများ၏ ခရီးစဉ် အကြိမ် ၂၀ ခန့်ကို ဝါရှင်တန်က စီစဉ်ခဲ့သည်ကို တွေ့နိုင်သည်။

                မနှစ်က နိုဝင်ဘာလရွေးကောက်ပွဲအပြီးတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေးခဲ့သော တပ်မတော် အစိုးရက စစ်အုပ်ချုပ်ရေးမှ အရပ်ဖက်အုပ်ချုပ်ရေးသို့ ကူးပြောင်းခြင်းကို အပြီးသတ် ဆောင်ရွက်ပြီးနောက်တွင် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပေးခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းထားမှုကို ဝန်ခံ၍ အချို့ကိုလွှတ်ပေးခြင်းတို့အပါအဝင် ပြုပြင်ပြောင်းလဲမှုအချို့ကို စတင်ပြုလုပ်လာခဲ့သည်။ အင်တာ နက် ကန့်သတ်မှုနှင့်သတင်းမီဒီယာ ဆင်ဆာဖြတ်မှုများကိုလည်း အတော်များများ ရုတ်သိမ်းလျှော့ပေါ့ပေးခဲ့သည်။ ဝါရှင်တန်က ဤအရာများအားလုံးကို အမေရိကန်ပုံစံ ဒီမိုကရေစီနှင့် တန်ဖိုးများ တိုက်တွန်းအားပေးမှု၏ ရလဒ်ပာု ရှုမြင်သည်။

                ယင်းသို့ ပြောင်းလဲလာမှုများနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို ကြိုဆိုထောက်ခံကြောင်း ကလင်တန်၏ ခရီးစဉ်မှတဆင့် အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်းအသိပေးလိုက်သည်။ သို့သော် ကလင်တန် ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံသည် အနောက် နိုင်ငံများ သတ်မှတ်ထားသော ဒီမိုကရေစီစံညွှန်းများနှင့် ကိုက်ညီရန် အလှမ်းဝေးနေဆဲဖြစ်၍ စတင်ကာစ ဒီမိုကရေစီလမ်းကို ဆက်လျှောက်ပြရန် လိုအပ်သည်ပာု အမေရိကန်ပြည်ထောင်စုက ယခုထိရှုမြင်လျက်ရှိသည်။ ထို့အပြင် ကွန်မြူနစ် မြောက်ကိုရီးယားနှင့် စစ်ဖက်လျှို့ဝှက် ဆက်ဆံမှုများကို အထူးသဖြင့် ဖြတ်တောက်ရန် ကလင်တန်က မြန်မာအစိုးရကို တိုက်တွန်းထားသည်။

                ယခုအခါ ဝေဖန်ဆန်းစစ်သူ အတော်များများက ပီာလာရီကလင်တန်၏ နေပြည်တော်၊ ရန်ကုန် ခရီးစဉ်သည် တရုတ်နှင့်မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိနိုင်သည်ပာု သုံးသပ်နေကြသည်။ တရုတ်-မြန်မာ ဆက်ဆံရေး အုတ်မြစ်သည် ယိုင်နဲ့ခြင်းမရှိသောကြောင့် ထိုသို့ ပူပန်ရန်လိုမည်မထင်ပါ။ မြန်မာတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုသော နိုင်ငံဖြစ်သည့်အပြင် ၁၉၅၄ ခုနှစ်က တရုတ်နှင့် အိန္ဒိယတို့ သဘောတူခဲ့ကြ သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ကို ပထမဆုံးအားပေးထောက်ခံခဲ့သော နိုင်ငံဖြစ်သည်။

                တရုတ်နှင့် မြန်မာအကြား ကီလိုမီတာ ၂၀၀၀ ကျော်ရှည်လျားသော နယ်စပ်ချင်းထိစပ်နေသော်လည်း ၎င်းတို့၏ နယ်စပ်ကိစ္စများကို ငြိမ်းချမ်းသော နည်းဖြင့်သာ ဖြေရှင်းကြရန် ၁၉၆၀ ခုနှစ်က သဘောတူခဲ့ကြပြီးအခြားနိုင်ငံများကြားမှ နယ်စပ်အငြင်းပွားမှုများအတွက် နမူနာကောင်းတစ်ခုကိုပြသခဲ့ခြင်း ပင် ဖြစ်ပေသည်။ ရလဒ်အဖြစ် တရုတ်-မြန်မာ နယ်စပ်သည် ယခုအခါ ငြိမ်းချမ်းသော ချစ်ကြည်ရင်းနှီးသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော နယ်မြေတစ်ခု ဖြစ်နေပြီး နှစ်ဖက်ပြည်သူများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိသည်။

                မြန်မာနိုင်ငံသည်အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်သည့်အလျောက် အမေရိကန်ပြည်ထောင်စုအပါအဝင်မည်သည့်နိုင်ငံနှင့်မဆို ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ခွင့်ရှိသည်။ သို့သော် အမေရိကန်ပြည်ထောင်စုနှင့် ကုလသမဂ္ဂတို့က ဆယ်စုနှစ်ချီချမှတ်ထားသော အရေးယူ Sanctions များ ကြောင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုနှင့် မြန်မာပြည်သူများ၏ သက်မွေးဝမ်းကျောင်းကဏ္ဍများကို ထိခိုက်နစ်နာခဲ့ရသည်။ သို့ဖြစ်ရာ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးတက်လာမှုနှင့်အတူ Sanctions များ ရုတ်သိမ်းပေးရန် မျှော်လင့်ခြင်းမှာ မြန်မာနိုင်ငံအတွက် ဖြစ်ရိုးဖြစ်စဉ်အဖြစ် နားလည်ပေးနိုင်ပေ သည်။ ထိုသို့ ခိုင်မာမှန်ကန်သော တောင်းဆိုမှုများကို တုန့်ပြန်ရာတွင် မစ္စစ်ကလင်တန်က မြန်မာတို့ဖြည့်ဆည်းရမည့် ကိစ္စများကို ပြောကြားခဲ့ပြီး သိသိ သာသာ ဂုဏ်ပြုလက်ကမ်းလှမ်းခဲ့ခြင်းမရှိပါ။ အရှေ့တောင်အာရှ၏ အဓိက ရေလမ်းကြောင်းကို ဆွေးနွေးနေသော အမေရိကန် ကမကထပြုအဖွဲ့ Lower Mekong Initiatine (မဲခေါင်အောက်ပိုင်း လှုပ်ရှားမှုအဖွဲ့) တွင် လေ့လာသူအဖြစ် တက်ရောက်ရန် ဖိတ်ခေါ်ခြင်းနှင့် မြန်မာ့စီးပွားရေးစတင်ပြောင်းလဲခြင်းကို အကူအညီပေးရန် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပေးမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သစ်များ အောင်မြင်မှု ရအောင် ပံ့ပိုးထောက်ခံမည်ဖြစ်ကြောင်း စသည်ဖြင့်သာ ကလင်တန်က ပြောကြားခဲ့သည်။ ထို့အပြင် သူမက ဆက်လက်၍ မြန်မာနိုင်ငံနှင့် ဒိုင်ယာလော့ဆွေးနွေးမှုသည် ကနဦးဆင့်မျှသာ ရှိသေးကြောင်း၊ အဘယ် ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်နောက်ပြန်မဆုတ်နိုင်ဆိုသည်ကို ဝါရှင်တန်အနေဖြင့် မသိရသေးသောကြောင့်ဖြစ်ပြီး မြန်မာအစိုးရက ဆောင်ရွက်ပြသ သော အချက်များနှင့် အချိုးညီစွာ တုန့်ပြန် ကမ်းလှမ်းသွားမည်ပာု ပြောဆိုထားသည်။

                အထက်ပါအကြောင်းအချက်များကို ခြုံငုံသုံးသပ်ပါက အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ ရှေ့တွင် မုန်လာဥကိုချပြထားပြီး ကြိမ်လုံးကို ဆက်လက်ကိုင်စွဲထားဦးမည်ဖြစ်ကြောင်း ကလင်တန်၏ မှတ်ချက်များက ညွှန်ုပြနေသည်။

********************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment