Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၃.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တရုတ်ငါးဖမ်းသမားများ တောင်ကိုရီးယား ကမ်းရိုးတန်းတပ်သားကို ဓါးဖြင့်ထိုး

(11 Dec 2011 ရက်စွဲပါ BBC News မှ Chinese Fishermen Stab South Korean Coast guards ကို ဘာသာ ပြန်ဆိုသည်)

  1. ယခင်နှင့်မတူသော စည်းချက်များနှင့် မြန်မာ စတင်ချီတက်

(11 Dec 2011 ရက်စွဲပါ Monsters and Critics မှ Peter Janssen ရေးသားသော Myanmar starts to march to a different beat ကို ဘာသာ ပြန်ဆိုသည်)

*****************************************************************************************************

တရုတ်ငါးဖမ်းသမားများ တောင်ကိုရီးယား ကမ်းရိုးတန်းတပ်သားကို ဓါးဖြင့်ထိုး

(11 Dec 2011 ရက်စွဲပါ BBC News မှ Chinese Fishermen Stab South Korean Coast guards ကို ဘာသာ ပြန်ဆိုသည်)

            တရုတ်ငါးဖမ်းသင်္ဘော၏ တရားမဝင်ငါးဖမ်းမှုကို ရပ်တန့်စဉ် တရုတ်ငါးဖမ်းသမားမှ တောင်ကိုရီးယား ကမ်းရိုးတန်းစောင့် တပ်သား တစ်ဦးကို ဓါးဖြင့်ထိုးခဲ့ရာ သေဆုံးရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

              ကိုရီးယားကမ်းရိုးတန်းစောင့် အေဂျင်စီမှ ပြောကြားရာတွင် အင်ချွန်းအနီး ပင်လယ်ဝါတွင် ဖြစ်ပွားသော အဆိုပါကိစ္စတွင် ၎င်း၏ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းဆိုသည်။

              အဆိုပါကိစ္စအတွက် တရုတ်သင်္ဘောသားကိုးဦးအား ထိန်းသိမ်းထားပြီး ဘေဂျင်းဘက်မှ အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက် သော မှတ်ချက်များ ထွက်ပေါ်လာခြင်းမရှိသေးပေ။

              ကိုရီးယားရေပြင်တွင် ငါးဖမ်းသော တရုတ်သင်္ဘောများကို မကြာခဏဖမ်းမိလေ့ရှိရာ ၎င်းတို့ကို ဒဏ်ငွေပေးဆောင်စေပြီး လွှတ်ပေးလေ့ ရှိသည်။ ကမ်းရိုးတန်းစောင့်တပ်မှ ပြောကြားရာတွင် ပင်လယ်ဝါတွင် တရားမဝင် ငါးဖမ်းသော တရုတ်သင်္ဘောများမှာ ပြီးခဲ့သည့်နှစ်က အစီးပေါင်း(၃၇၀) ဖမ်းမိခဲ့ရာမှ ယခုနှစ်တွင် (၄၃၀) ထိရှိလာကြောင်း ဆိုသည်။ ယခင်အကြိမ်များက တရုတ်ငါးဖမ်း သင်္ဘောများအား ဖမ်းဆီးရန် ကြိုးစားရာတွင်လည်း ထိုသို့ပြင်းထန်သော အဖြစ်များ ဖြစ်ခဲ့ရသည်ဟုလည်း သိရသည်။

              ကမ်းခြေစောင့်တပ်က ပြောကြားရာတွင် အောက်တိုဘာလက ယင်းတို့သည် တုတ်များ၊ ဂေါ်ပြားများ ကိုင်ဆောင်ထားသော တရုတ်ငါးဖမ်းသင်္ဘောသားများကို မျက်ရည်ယိုဗုံးများနှင့် ရာဘာကျည်ဆံများ အသုံးပြုခဲ့ရသည်ပာု ဆိုသည်။ ပြီးခဲ့သည့်လကလည်း တရုတ် ငါးဖမ်းသင်္ဘောတစ်စင်း ဂျပန်နိုင်ငံရေပိုင်နက်အတွင်း ဝင်လာ၍ ဖမ်းဆီးခဲ့ရသေးသည်။ ပြီးခဲ့သည့်နှစ်က အငြင်းပွားနေသော ရေပြင်တွင် အဆိုပါကဲ့သို့ ဖမ်းဆီးမှုများရှိခဲ့ရာ ဂျပန်နှင့် တရုတ်ကြားတွင် ကြီးမားသော သံတမန်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ခဲ့ရ သည်။

              တောင်တရုတ်ပင်လယ်တွင်လည်း တရုတ်သင်္ဘောများ မကြာခဏကျူးကျော်ဝင်ရောက်မှုကြောင့် သက်ဆိုင်ရာနိုင်ငံများမှ အာဏာပိုင်များအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြရသည်ဟု သိရသည်။

***********************************************************************************************************

ယခင်နှင့်မတူသော စည်းချက်များနှင့် မြန်မာ စတင်ချီတက်

(11 Dec 2011 ရက်စွဲပါ Monsters and Critics မှ Peter Janssen ရေးသားသော Myanmar starts to march to a different beat ကို ဘာသာ ပြန်ဆိုသည်)

            ဒီမိုကရေစီမကျသော ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့မှ အစိုးရများသည် စိုးရိမ်နေကြတော့မည် ဖြစ်သည်။ အိမ်နီးချင်း မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကျူးလွန်မှုများနှင့် ဒီမိုကရေစီမကျစွာ အုပ်ချုပ်မှုများအတွက် လူတကာ၏ အပြောအဆို ခံနေရရာမှ ၂၀၁၀ ရွေးကောက်ပွဲဖြင့်တက်လာသော အစိုးရသည် ပြောင်းလဲမှုတစ်ချို့ကို စတင်ပြုလုပ်ပြီး၊ အပြောအဆိုခံဘဝမှ လွတ်မြောက်ရန် စတင်နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

              အပယ်ခံနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်များစွာကျန်နေသေးသည်ဖြစ်သော်လည်း လာမည့်နှစ်တွင် လူ့အခွင့်လှုပ်ရှားသူ များနှင့် ဒီမိုကရေစီအုပ်စုများသည် ၎င်းတို့၏လှုပ်ရှားမှုများတွင် ပစ်မှတ်ထားစရာ သိပ်ရှိတော့မည်မပာုတ်ပေ။ ဒေသတွင်း ကျူးလွန်ကြ သော နိုင်ငံများအတွက်မူ သတင်းဆိုးပင်ဖြစ်သည်။

              ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲဖြင့်တက်လာသော စစ်တပ်ထောက်ခံသော အစိုးရသည် အများမျှော်လင့်မထားသော နိုင်ငံရေး နှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို တွန်း၍ပြုလုပ်ခဲ့ရာ နိုင်ငံတကာစံနှင့် ကြည့်လျှင် သေးငယ်သည်ပာုဆိုနိုင်သော်လည်း မြန်မာနိုင်ငံ အတွက်မူ ကြီးမားလှသည်။

              အာရပ်နွေဦးတော်လှန်ရေးသည် အကြံဉာဏ်အသစ်များဖြစ်ပေါ်စေသည်မှာ သံသယရှိဖွယ်မရှိနိုင်ပေ။ သို့သော် အချို့ တွန်းအားပေးမှုများမှာ နိုင်ငံတွင်းမှပင်ဖြစ်ပေါ်လာသည့်သဘောရှိသည်။

              လက်ရှိသမ္မတဦးသိန်းစိန်သည် နောက်ကြောင်းရှင်းသည့် အငြိမ်းစားဗိုလ်ချုပ်ကြီးဖြစ်သည်။ ၎င်းသည် သြဂုတ်လလယ်တွင် ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့ပြီး အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်သို့ ဖိတ်ကြား၍ ပုဂ္ဂလိက ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့သော တွေ့ဆုံဆွေးနွေးမှုမျိုးမှာ ယခင်စစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်ကြီး သန်းရွှေလက်ထက်က စဉ်းစား၍ပင်မရနိုင်သော ကိစ္စရပ်များဖြစ်သည်။ ဦးသန်းရွှေသည် ယခုအငြိမ်းစားယူသွားပြီဖြစ်ပြီး ဦးသိန်းစိန်အား သမ္မတရာထူး ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဦးသိန်းစိန်သည် ၎င်း၏ လူဖြစ်လိမ့်မည်ပာုဆိုသည်မှာ မဖြစ်နိုင်ကြောင်း စောင့်ကြည့်လေ့လာ နေသူများက ဆိုသည်။

              “တကယ်လို့ ဦးသိန်းစိန်သာ လွတ်လွတ်လပ်လပ်လုပ်ခွင့်မရှိဘူးဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာ မပာုတ်ဘူး။ ဘာလို့ လဲဆိုတော့ ဦးသန်းရွှေပာာ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတာကိုးဗျ” ပာု အမျိုးသားဒီမိုကရေစီအင်အားစုမှ ဦးခင်မောင်ဆွေက ပြော သည်။ သမ္မတနှင့် အတိုက်အခံခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြသော အဆိုပါ သမိုင်းဝင်နေ့က ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မည်သည့်စကားများ ပြောကြသည်ကို မည်သူမျှသေသေချာချာမသိရှိနိုင်ပေ။ သို့သော် တွေ့ဆုံမှုအရ အစိုးရသည် သူမအား အဓိက နေရာတွင် လိုအပ်သည်ကို သိရှိနားလည်ကြောင်း အချက်ပေးလိုက်ခြင်းဖြစ်သည်ပာု ယူဆရသည်။

              “သူတို့နှစ်ယောက် တွေ့ဆုံစဉ်က ဦးသိန်းစိန်က ခင်ဗျားပာာ ပြည်သူတွေရဲ့ အသဲနှလုံးဆိုတာ သူ နားလည်ပါတယ်လို့ ပြောခဲ့ပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။ သမ္မတကြီးသည် အဆိုပါစကားလုံးများကို အသေအချာရွေးချယ်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် မြန်မာနိုင်ငံအပေါ် အနောက် နိုင်ငံများက စီးပွားရေးအရ အရေးယူထားမှုကို ရုတ်သိမ်းရေးအတွက် ပြင်းပြနေသည်။

              ယခုနှစ်အတွင်း သြဂုတ်လမှစ၍ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အသေအချာရေးဆွဲထားသော ဇာတ်ညွှန်း တစ်ခုကို ကပြနေသည့် သဏ္ဍာန်ရှိသည်။

              ကနဦး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်တောင်းဆိုခဲ့သည်။ အစိုးရသည် နိုင်ငံရေးအကျဉ်း သား ၂၀၀ ကျော်ကို အောက်တိုဘာ (၁၂) ရက်နေ့က လွှတ်ပေးခဲ့ရာ ခန့်မှန်းခြေ(၆၀၀)မှ (၁၆၀၀) ခန့်ကျန်ရှိဦးမည်ဖြစ်သည်။ NLD ကလည်း ပါတီမှတ်ပုံတင်ရေး ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ရာ၊ လွှတ်တော်က နိုဝင်ဘာလ (၅)ရက်နေ့တွင် ပြင်ဆင်ပေးခဲ့ သည်။ ထို့အတွက် ပြီးခဲ့သည့်လက NLD သည်တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်လျှောက်ထားခဲ့ပြီး လာမည့်နှစ်တွင် ကျင်းပမည့် (၄၈)နေရာ လစ်လပ်သွားသော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

              သူမသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အနိုင်ရရန်မူ သေချာသလောက် ရှိနေရာ ပါလီမန်တွင် တရားဝင် အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်လာမည်ဖြစ်သည်။

              အနောက်ကလည်း အဆိုပါဖြစ်ပေါ်တိုးတက်မှုများကို သတိထား၍ အကောင်းမြင်လျက် စောင့်ကြည့်နေသည်။ တိုးတက်မှုများ အတွက် အဆင့်မြင့်ပုဂ္ဂိုလ်များ၏ ခရီးစဉ်များဖြင့် တုန့်ပြန်ခဲ့ပြီး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် ဒီဇင်ဘာ ၁-၃ တွင် သွားရောက်ခဲ့သည်။ ဟီလာရီက နောက်ထပ်လုပ်ဆောင်မည့် ပြုပြင်ပြောင်းလဲမှုများအတွက် ဆုလာဘ်များလာဦးမည် ဖြစ်ကြောင်း ကတိပေးခဲ့ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံစုံအေဂျင်စီများက အကူအညီများ တိုးပေးမည်ပာု ကတိပြုခဲ့သည်။

              အဓိကဆုလာဘ်မှာ စီးပွားရေးအရ အရေးယူမှုများ ရုတ်သိမ်းရေးဖြစ်သည်။ သို့သော် ဟီလာရီက နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွှတ်ပေးရန်နှင့် တိုင်းရင်းသားများနှင့် ပြည်တွင်းစစ်များ ရပ်ဆိုင်းရေးအတွက် ရိုးသားသည့် ကြိုးပမ်းအားထုတ်မှုများ လိုအပ်ကြောင်း ပြောခဲ့သည်။

              လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာအများစုအပြင် တိုင်းရင်းသားအုပ်စုများစွာနေထိုင်ကြသည်။ ဗပိာုအစိုးရသည် တိုင်းရင်းသား ဒေသများမှ သယံဇာတများကို အမြတ်ထုတ်နေခြင်းအတွက် အများစုက ကျေနပ်ခြင်းမရှိကြပေ။ ယခုအခါ တိုင်းရင်းသားများနှင့် ဆက်ဆံရေးတိုးတက်လာသည်နှင့်အမျှ ဥရောပသမဂ္ဂသည် လာမည့်ဧပြီလတွင် ၎င်းတို့၏ မြန်မာနိုင်ငံအပေါ်တွင် ချမှတ်ထားသော အရေးယူမှုများ သက်တမ်းတိုးမည် မတိုးမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။

              အကယ်၍သာ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သာ ပါလီမန်တွင် နေရာကျနေပြီဆိုပါက သူမအား အထောက်အပံ့ပေး ရန် ချမှတ်ထားသည်ပာု ငြင်းချက်ထုတ်ထားသော အရေးယူမှုများသည် အလေးကြီးလျော့သွားသည့် သဖွယ်ဖြစ်သည်။

              ရှုတ်ထွေးသော တိုင်းရင်းသားများနှင့် ပတ်သက်သည့်မေးခွန်းများအတွက်မူ တိုးတက်မှုအချို့ သက်သေပြခဲ့ပြီးဖြစ်သည်။ နိုဝင်ဘာလ (၁၉)ရက်နေ့က အစိုးရသည် သူပုန်အုပ်စုလေးခုနှင့် အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲ စတင်ခဲ့ပြီးဖြစ်သည်။

              ဟီလာရီကလင်တန်ခရီးစဉ်နောက်ဆုံးနေ့ ဒီဇင်ဘာ (၂)ရက်နေ့က သက်တမ်းအရှည်ဆုံးနှင့် အင်အားအကြီးဆုံး ရှမ်းပြည် တပ်မတော်နှင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ "နိုဝင်ဘာလ(၁၉)ရက်ကစပြီး စကားပြောပြီး တဲ့အချိန်ကစလို့ ယုံကြည်မှု တည်ဆောက်ခဲ့တယ် ထင်ပါတယ်” ပာု သျှမ်းသံတော်ဆင့်သတင်းမှ အယ်ဒီတာ ခွန်စိုင်းဂျာယန်က ပြောခဲ့ သည်။

              အရေးကြီးသောအချက်မှာ အပစ်အခတ်ရပ်စဲရေး စကားပြောမှုကိုဦးဆောင်သူမှာ မြန်မာစစ်တပ်မပာုတ်ပဲ၊ ဦးသိန်းစိန်နှင့်ရင်းနှီး သော ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းဖြစ်နေခြင်းပင်ဖြစ်သည်။ “သူ့ကြည့်ရတာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကောင်းမွန် စွာ ဆက်ဆံနိုင်ခဲ့ပုံ ရပါတယ်” ပာု ခွန်စိုင်းက ဆက်လက်ပြောကြားသွားသည်။

*********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment