Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၅.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဒလိုင်းလားမားကို သီတဂူဆရာတော်ဖိတ်ခေါ်

(The Wall Street Journal မှ 14 Dec 2011 ရက်စွဲပါ “Myanmar Monk Courts Dalai Lama” ကို ဘာသာပြန်ဆိုသည်)

  1. ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသွားမည်

(14 Dec 2011 ရက်စွဲပါ Bangkok Post မှ PM to visit Burma Dec 19-20 ကို ဘာသာပြန်ဆိုသည်)

  1. တရုတ်သံအမတ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဟု ဘေဂျင်းဆို

(Bangkok Post သတင်းစာမှ၊ 15 Dec 2011 ရက်စွဲပါ China says its ambassador to Burma met Suu Kyi ကို ဘာသာပြန်ဆိုသည်)

**********************************************************************************

ဒလိုင်းလားမားကို သီတဂူဆရာတော်ဖိတ်ခေါ်

(The Wall Street Journal မှ 14 Dec 2011 ရက်စွဲပါ “Myanmar Monk Courts Dalai Lama” သတင်းကို ဘာသာပြန်ဆိုသည်)

              မြန်မာနိုင်ငံတွင် တိုးမြင့်လာသော နိုင်ငံရေးပွင့်လင်းမှုနှင့် တရုတ်တို့၏ အလိုဆန္ဒသဘောများကို ပိုမိုအာခံလာမှု နောက်ဆုံးလက္ခဏာများထဲမှ တစ်ခုအဖြစ် နိုင်ငံသြဇာအကြီးဆုံးဆရာတော်တစ်ပါးက တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို မြန်မာနိုင်ငံသို့ ပင့်ဖိတ်ရန် ကြိုးစားနေပြီဖြစ်သည်။

                မန္တလေးမြို့တော်အနီးမှ သီတဂူသာသနာပြုအဖွဲ့ ဦးဆောင်ဆရာတော်အရှင်ဉာဏိဿရက “ဒလိုင်းလားမားသည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လိုသည့် ဆန္ဒရှိနေကြောင်း” ပြောကြားခဲ့သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်သော်လည်း နာမည်ကျော် တိဘက်ပြည်ပြေးဆရာတော်ကဲ့သို့ ဗုဒ္ဓဘာသာ ဝါဒကွဲဆရာတော်များကိုမူ ကျင့်သုံးခြင်းမရှိပေ။

                အစိုးရထံမှ ခွင့်ပြုချက်ရရန် ကြိုးစားနေသော သီတဂူကျောင်းထိုင်ဆရာတော်က လာမည့်နှစ်ဆန်းတွင် ခွင့်ပြုချက်ရမည်ပာု မျှော်လင့်လျက်ရှိပြီး” တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်မှာပါ”ပာု Wall Street Journal သို့ပြောကြားသည်။

                တိဘက်ဘာသာရေးခေါင်းဆောင်အဖြစ် ကမ္ဘာကျော်သော ဒလိုင်းလားမားအတွက် မြန်မာပြည်ဝင်ခွင့် ဗီဇာရရှိရေးအလားအလာမှာ ‘ပါးလျား’ လွန်းသည်ပာု ကျွမ်းကျင်သူများကဆိုသည်။ တိဘက်လွတ်လပ်ရေးအတွက် နိုင်ငံတကာလှုံ့ဆော်မှုများကို လူသိရှင်ကြားဆောင်ရွက်နေသော ဒလိုင်းလားမား၏ နိုင်ငံခြားခရီးစဉ်များကို တရုတ်နိုင်ငံက အစဉ်တစိုက် ကန့်ကွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။

                ပြီးခဲ့သော အောက်တိုဘာလကလည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းရန် ကြိုးစားနေသည့် တောင်အာဖရိကနိုင်ငံက ဒလိုင်းလားမား၏ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုကို တုန့်ပြန်မှု မပြုသဖြင့် တိဘက်ဘာသာရေးခေါင်းဆောင်၏ တောင်အာဖရိက ခရီးစဉ်ကို ပယ်ဖျက်လိုက်ရသည်။ ထိုနည်းတူစွာပင် တရုတ်နိုင်ငံကို စီးပွားရေးသံတမန်ရေးအရ ကြီးမားစွာ မှီခိုအားထားနေရသော မြန်မာနိုင်ငံသည်လည်း ဒလိုင်းလားမားကိစ္စနှင့် ပတ်သက်၍ ဘေဂျင်းနှင့် အချင်းများလိုမည်မပာုတ်ပေ။

                သို့သော် ယင်းကိစ္စသည် မြန်မာနိုင်ငံမှ ဒလိုင်းလားမား၏ ပရိသတ်များကို ပာန့်တားနိုင်ခြင်းမရှိပါ။ ဆရာတော်နှစ်ပါးစလုံး တက်ရောက်ခဲ့သော ယခင်လက နယူးဒေလီ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာညီလာခံတွင် ဒလိုင်လားမားက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်လိုကြောင်း ပြောကြားခဲ့ချိန်မှစ၍ တိဘက်ဆရာတော်အား မြန်မာနိုင်ငံသို့ ပင့်ဖိတ်ရေးအစီအစဉ် စတင်ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့သည်ပာု သီတဂူဆရာတော်က ဆိုသည်။ ဒလိုင်းလားမား၏ ပြောရေးဆိုခွင့်ရှိသူကမူ ချက်ချင်းမှတ်ချက်ပေးရန် မဖြစ်နိုင်ပာုဆိုသည်။

                အကယ်၍ လာမည့်နှစ်များအတွင်း ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကို မြန်မာနိုင်ငံက လက်ခံကျင်းပမည်ဆိုပါက အစိုးရက ဒလိုင်းလားမားကို တက်ရောက်ခွင့်ပေးလိမ့်မည်ပာု အရှင်ဉာဏိဿရက မျှော်မှန်းနေခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်က ၎င်းညီလာခံကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ် ဒလိုင်လားမား တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။

                “မြန်မာနိုင်ငံက ဘာသာရေးဦးဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဆရာတော်အနေနဲ့ ကမ္ဘာတစ်ဝှမ်းက ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေကို ဖိတ်ကြားခွင့်ရှိပါတယ်။ သူ့ရဲ့ကျော်ကြားလှတဲ့ ဂုဏ်ရည်ကြောင့် မဖြစ်မနေဖိတ်ကြားရမှာပါ” ပာု အရှင်ဉာဏိဿရက ဆိုသည်။

                အစောဆုံးလာမည့် နှစ်ဆန်းပိုင်းတွင် နာမည်ကျော် ရွှေတိဂုံစေတီတော်ကို ဒလိုင်းလားမား ဖူးမျှော်နိုင်ရန် ဆရာတော်အရှင်ဉာဏိဿရက မျှော်လင့်ထားသည်။

                အစိုးရနှင့်မဆိုင်ဘဲ ပုဂ္ဂလိကအမြင်ကိုသာပြောနိုင်ပါသည်ပာု ဆိုသော သမ္မတ၏အကြံပေးဦးကိုကိုလှိုင်က “အစိုးရက ဒီကိစ္စအပေါ် ဘယ်လို သဘောထားမလဲဆိုတာကို ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တစ်ဦးတည်းရဲ့ ပုဂ္ဂလိကအမြင်ကတော့ ဒလိုင်းလားမား ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမျှော်နိုင်ဖို့ အခွင့်အလမ်းနည်းတယ်လို့ ထင်ပါတယ်။ တရုတ်နိုင်ငံက ဒလိုင်းလားမားနဲ့ပတ်သက်ရင် အကဲဆတ်လွန်းတာကို ခင်ဗျားတို့လည်း သိကြမှာပါ။ ဒီကိစ္စကို ဘာသာရေးဖက်ကြည့်ရင် ဘာပြဿနာမှမရှိပေမယ့် နိုင်ငံရေးအရဆိုရင်တော့ တကယ့်ကိုအငြင်းပွားစရာပါပဲ” ပာု ရှင်းလင်းပြောဆိုသွားသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူအနေဖြင့် မှတ်ချက်ပေးရန်တောင်းဆိုမှုကိုမူ ဦးကိုကိုလှိုင်က တုန့်ပြန်ခြင်းမပြုပါ။

                သို့ရာတွင် ဒလိုင်းလားမား၏ ခရီးစဉ်ကိစ္စ ဆုံးဖြတ်ချက်ချရာတွင် တရုတ်နိုင်ငံ မပတ်သက်စေချင်ပါပာု သက်တော် ၇၄ နှစ်ရှိပြီဖြစ်သော သီတဂူဆရာတော်က ဆိုသည်။

                “ဆရာတော်အနေနဲ့ မြန်မာအစိုးကိုပဲ ဆွေးနွေးရမှာပါ။ တရုတ်အစိုးရနဲ့ပြောဖို့မလိုအပ်ပါဘူး။ တကယ်လို့ မြန်မာအစိုးရက ဒီကိစ္စကို တရုတ်ကွန်မြူနစ်အစိုးရနဲ့ ဆွေးနွေးဦးမယ်ဆိုရင် လုပ်ထုံးလုပ်နည်း ရှည်လျားထွေပြားပြီး အချိန်ကြာသွားမှာပါ” ပာု သီတဂူဆရာတော်က မှတ်ချက်ပေးသည်။

************************************************************************

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသွားမည်

(14 Dec 2011 ရက်စွဲပါ Bangkok Post မှ PM to visit Burma Dec 19-20 ကိုဘာသာပြန်ဆိုသည်)

              ထိုင်းနိုင်ငံဝန်ကြီးချုပ် Yingluck Shinawatra သည် လေးကြိမ်မြောက် Greater Mekong Subregion(GMS) အစည်းအဝေးကို ဒီဇင်ဘာ ၁၉-၂၀ တွင် တက်ရောက်ရန် မြန်မာနိုင်ငံမြို့တော် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Thani Thongpakdi က ဗုဒ္ဓပာူးနေ့က ပြောကြားခဲ့သည်။

                GMS အဖွဲ့ဝင်ခြောက်နိုင်ငံမှ ခေါင်းဆောင်များလည်း အဆိုပါအစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikul နှင့် စွမ်းအင်ဝန်ကြီး Pichai Naripthapan တို့လည်း လိုက်ပါကြမည် ဖြစ်သည်။

                Mr.Thani ကပြောကြားရာတွင် Mr.Surapong နှင့် Mr.Pichai တို့သည် မြန်မာနိုင်ငံမှ ဝန်ကြီးများနှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတွက် ဆွေးနွေးကြမည်ပာု ဆိုသည်။

*************************************************************************

တရုတ်သံအမတ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဟု ဘေဂျင်းဆို

(Bangkok Post သတင်းစာမှ၊ 15 Dec 2011 ရက်စွဲပါ China says its ambassador to Burma met Suu Kyi ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ဒီမိုကရေစီအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဘေဂျင်းအစိုးရ၏ အဆိုအရသိရသည်။ ထို့ပြင် တရုတ်နိုင်ငံတော်ကောင်စီဝင် Dai Bingguo သည်လည်း လာမည့်ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ဘေဂျင်းအစိုးရကဆိုသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Liu Weimin က သံအမတ်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပြုချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပြောကြားသည်။

“တရုတ်သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပြုချက်အရတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သံအမတ်ကြီးက သူမရဲ့ သဘောထား အမြင်တွေကို နားထောင်ခဲ့ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ Liu Weimin ကပြောသည်။ “အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒကိုအခြေခံပြီး လူ့အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့သူတွေအားလုံးနဲ့ တရုတ်နိုင်ငံဘက်က အဆက်အသွယ်ပြုလုပ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ရောက်ရှိစဉ် အတွင်း မြန်မာနှင့်တရုတ်အကြား ရင်းနှီးချစ်ကြည်မှုများ ရရှိလာလိမ့်မည်ဟု မျှော်လင့်ကြာင်းထုတ်ဖော်ပြောဆိုခဲ့သည်။ ဟီလာရီ၏ခရီးစဉ်ကြောင့် မြန်မာ-တရုတ်ဆက်ဆံရေး ထိခိုက်မှုများ ရှိလာလိမ့်မည်ဟု ထင်ကြေးပေးပြောဆိုမှုများ ထွက်ပေါ်နေစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရသည် တရုတ်နိုင်ငံကို အဓိကကူညီထောက်ပံ့သူအဖြစ် ယုံကြည်အားထားလျက် ရှိသော်လည်း မြန်မာပြည်သူအများစုကမူ တရုတ်သြဇာလွှမ်းမိုးမှုအပေါ် မကျေမနပ်ဖြစ်လျက် ရှိကြသည်။

****************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment