Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၈.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ရောင်နီထွန်းစ မြန်မာ့ဈေးကွက်ကို ထောက်ပံ့ရန် ထိုင်းဘဏ်များအသင့်

(Asia News Network မှ 27 Dec 2011 ရက်စွဲပါ “Thai banks ready to fund expected boom in Burma” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ရန် မြန်မာကိုဂျပန်တိုက်တွန်း

(Channel News Asia မှ 27 Dec 2011 ရက်စွဲပါ “Japan urges Myanmar to continue with reforms” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်-မြန်မာ နယ်စပ်စီးပွားရေးဇုန် စတင်တည်ဆောက်

(China Daily သတင်းစာမှ China-Myanmar border economic zone being built ကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ရောင်နီထွန်းစ မြန်မာ့ဈေးကွက်ကို ထောက်ပံ့ရန် ထိုင်းဘဏ်များအသင့်

(Asia News Network မှ 27 Dec 2011 ရက်စွဲပါ “Thai banks ready to fund expected boom in Burma” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းဘဏ်လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် ကြီးထွားလာနေသော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအပေါ် အကောင်းမြင်လျက်ရှိကာ နိုင်ငံတွင်း လုပ်ငန်းချဲ့ထွင်ရန် စီစဉ်နေသောထိုင်းကုမ္ပဏီများကို ထောက်ပံ့ရန် အဆင်သင့်ရှိနေပြီဖြစ်သည်။

အာဆီယံဒေသတွင်း မြန်ဆန်စွာကြီးထွားတော့မည့် အလားအလာကို ကြီးကြီးမားမားပြသနေသော ဈေးကွက်များထဲတွင် မြန်မာနိုင်ငံ ပါဝင်နေပြီး ဘဏ်လုပ်ငန်းအပါအဝင် စီးပွားရေးနယ်ပယ်အားလုံးမှ ကုမ္ပဏီများက မြန်မာနိုင်ငံသို့ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခြေချရန် တာစူနေကြပြီဖြစ်သည်ပာု ကရန်ထိုင်းဘဏ် (KTB) ဥက္ကဋ္ဌ အမီဆတ် တန်တီဗိုရာဝေါင်က မကြာသေးမီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြသော ထိုင်းကုမ္ပဏီများထဲတွင် ထားဝယ်ဒေသ၌ ဧရိယာ ၂၅၆၀၀ ပာက်တာကို ၇၅ နှစ် အကောင်အထည် ဖော်ခွင့် ရရှိထားသော အီတာလျံ-ထိုင်း ကုမ္ပဏီလည်းပါဝင်သည်။

အပီဆတ်က ဆက်လက်၍ ထားဝယ်စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏဖြင့် တိုင်းတာလျှင် မြန်မာနိုင်ငံတွင် အကြီးဆုံးပာု သတ်မှတ်ထားကြပြီး အဆိုပါ ရေနက်ဆိပ်ကမ်း စီမံကိန်းများတွင် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ပူးပေါင်းရန် ပြင်ဆင်နေသော ကုမ္ပဏီများထဲတွင် ကရန်ထိုင်းဘဏ် (KTB) လည်းပါဝင်ကာ ရင်းနှီးမြှုပ်နှံသူများကို ငွေကြေးထောက်ပံ့ရန် ဆွေးနွေးလျက်ရှိသည်ပာု ပြောကြားခဲ့သည်။ “ကုမ္ပဏီအားလုံးက ထားဝယ်စီမံကိန်းမှာ ငွေထည့်ချင်နေကြတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ စီမံကိန်းအရွယ်အစား ကြီးမားလွန်းတဲ့အတွက် အားလုံးအတူတကွ ပါဝင်နိုင်ကြမှာ ဖြစ်ပါတယ်” ပာု အပီဆတ်က ဆိုသည်။

နိုင်ငံခြားကုမ္ပဏီများကလည်း မြန်မာနိုင်ငံကို အလားတူစိတ်ဝင်စားနေကြသဖြင့် မြန်မာတို့နှင့် နီးကပ်သော ထိုင်းနိုင်ငံကိုပါ အကျိုး ဖြစ်ထွန်းစေမည် ဖြစ်သည်။

ကုန်စည်ပို့ဆောင်ရေးတွင် အချက်အချာနေရာဖြစ်နေသော ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းများ ထုတ်လုပ်ပေးပို့ရန်အတွက် မြန်မာနိုင်ငံတွင် စက်ရုံ ထူထောင်လိုသည့် ထိုင်းကုမ္ပဏီများအနေဖြင့် ၂၀၁၅ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းကို အကောင်အထည်ဖော်ချိန်တွင် အခွင့်ကောင်း ရရှိကြလိမ့်မည် ဖြစ်သည်။

Siam Commercial Bank (SCB) ဥက္ကဋ္ဌ ကန်နီကာ ချာလစ်တာပေါင်က မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာ ကမ်းလှမ်းနေသည်ပာု ပြောကြားသော်လည်း ရေရှည် မြှုပ်နှံရမည့် အခွင့်အလမ်းများကိုသာ ရလိမ့်မည်ပာု ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်ထားသင့်ကြောင်း သတိပေးပြောဆိုသည်။ လက်ရှိတွင် SCB သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဘဏ်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေလျက် ရှိသည်။

မြန်မာနိုင်ငံဗပိာုဘဏ်အနေနှင့် လောလောဆယ်အချိန်တွင် နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲဖွင့်လှစ်ခွင့် ပေးဦးမည် မပာုတ်ပေ။ ဗပိာုဘဏ်က နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲဖွင့်ခွင့် လိုင်စင်ပေးသည်နှင့် SCB အနေဖြင့် ခုန်ဝင်ရန် အဆင်သင့်ဖြစ်နေလိမ့်မည်ပာု SCB ဥက္ကဋ္ဌ ကန်နီကာက ပြောကြားထားသည်။

SCB ဘဏ်လုပ်ငန်းအနေဖြင့် ၎င်း၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့ရန်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားတို့ထက် မြန်မာနှင့် လာအိုကိုသာ ပိုမိုသဘောကျသည်ပာု ဆိုသည်။ “SCB ဘဏ်သည် ပင်လယ်ရပ်ခြားလုပ်ငန်းများစွာကို ထိုင်းနိုင်ငံမှ နေ၍ ကိုင်တွယ်နိုင်သောကြောင့် ပင်လယ်ရပ်ခြားတွင် ဘဏ်ခွဲမရှိလျှင်လည်း ငွေကြေးဝန်ဆောင်မှုအားလုံးကို ဝန်ဆောင်မှုပေးနိုင်မည်ပာု ယုံကြည်ထားကြောင်း” ကန်နီကာက ဆက်လက် ပြောဆိုသည်။

ကာဆီကွန်ဘဏ်ဥက္ကဋ္ဌ ဘတ်သွမ်လမ်ဆမ်က မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာကောင်းသော ဈေးကွက် ဖြစ်သော်ငြားလည်း စီးပွားရေးကဏ္ဍအားလုံးအတွက် ဆီလျော်သည့် ရပ်ဝန်း မပာုတ်သေးကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ၏ ကနဦးအသုတ်မှာ အခြေခံအဆောက်အဦး ကဏ္ဍတွင်သာ ပါဝင်လုပ်ကိုင်နေရသော အချက်ကို ထောက်ပြသတိပေးထားသည်။

*****************************************************************************

ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ရန် မြန်မာကိုဂျပန်တိုက်တွန်း

(Channel News Asia မှ 27 Dec 2011 ရက်စွဲပါ “Japan urges Myanmar to continue with reforms” သတင်းကို ဘာသာ ပြန်ဆိုသည်)

နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ရရှိရေးအတွက် ဆွေးနွေးမှုများစတင်ရန် ဂျပန်နှင့် မြန်မာတို့ သဘောတူခဲ့ကြပြီးနောက် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ခိုအိချိရိုဂင်းဘက မြန်မာနိုင်ငံအား လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်တွန်းရန် တနင်္လာနေ့က တိုက်တွန်းလိုက်သည်။

၂၀၀၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတော် ပထမဆုံး ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂင်းဘသည် မြန်မာနိုင်ငံ၏ အဝေးမြို့တော် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့သည်ပာု ကျိုဒို သတင်းဌာနက ထုတ်ပြန်သည်။

ယင်းသို့ တွေ့ဆုံစဉ် ဂင်းဘက မြန်မာနိုင်ငံတွင် ဒီမိုကရေစီတိုင်းပြည်ဖြစ်အောင် ကိုယ်တိုင်ကူးပြောင်းနေခြင်း၊ အထူးသဖြင့် ကျေးလက်ဒေသ များတွင် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်လျှော့ချနေခြင်းတို့ကို ဂျပန်နိုင်ငံက ကူညီရန် အဆင်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ “ဒီခရီးစဉ်ပာာ ဂျပန်-မြန်မာ ဆက်ဆံရေးကဏ္ဍမှာ ကြီးမားတဲ့ အချိုးအကွေ့ဖြစ်လာပါလိမ့်မယ်” ပာု ဂင်းဘက ဦးဝဏ္ဏမောင်လွင်ကို ပြောကြားခဲ့သည်။

ယခုအချိန်အထိ မြင်တွေ့နေရသော “အရပ်ဖက်အစိုးရသစ်က နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ မီဒီယာနှင့် စီးပွားရေးကဏ္ဍအပေါ် တင်းကြပ်မှုများ လျှော့ပေးခြင်း” စသော ပြုပြင်ပြောင်းလဲမှုများကို ပိုမိုတိုးတက်အောင် အရှိန်မြှင့်ရန် ဂင်းဘက တိုက်တွန်းခဲ့သည်ပာုလည်း ကျိုဒို သတင်းဌာနက ဖော်ပြထားသည်။

ထို့အပြင် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူချောမွေ့သော ပတ်ဝန်းကျင်ကို ဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ရရှိရေးကိစ္စအတွက် ဂျပန်-မြန်မာ နှစ်နိုင်ငံ စတင်ဆွေးနွေးညှိနှိုင်းကြရန် ဂင်းဘက တောင်းဆိုခဲ့သည်ပာုလည်း ကျိုဒိုက ပြောကြားသည်။

ဂျပန်နိုင်ငံသည် အနောက်အင်အားကြီးနိုင်ငံများကဲ့သို့ မပာုတ်ဘဲ မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ ဒိုင်ယာလော့ဆွေးနွေးမှုတို့ကို အမျှင်မပြတ် ထိန်းသိမ်းခဲ့ပြီး အကယ်၍ မြန်မာနိုင်ငံကို ခပ်မာမာကိုင်တွယ်ပါက အိမ်နီးချင်း အင်အားကြီးတရုတ်နှင့် ပိုမိုနီးကပ်သွားလိမ့်မည်ပာု သတိပေး ပြောဆိုထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီး ကွယ်လွန်ကြောင်း ရုတ်တရက် ကြေညာပြီး တစ်ပတ်ခန့်အကြာတွင် ဂင်းဘက မြန်မာအစိုးရအား သံသယရှိဖွယ် စစ်ရေး နျူကလီးယားအရေး ဆက်စပ်နေမှုများကို ဖြတ်တောက်ရန် ဖိအားပေးခဲ့သည်ပာု သိရှိရသည်။ ထို့နောက်တွင် ဂင်းဘသည် နေပြည်တော်မှ ရန်ကုန်မြို့တော်သို့ ဆက်လက်ထွက်ခွာကာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ဂျပန်နိုင်ငံသို့ မကြာမီ အတွင်း လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်ပာု ကျိုဒိုသတင်းဌာနက ဖော်ပြသည်။ “မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်စေ့စပ် သငြ့်မတ်မှုရရှိရေး အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကို ဂျပန်နိုင်ငံ ဆက်လက် ရှာဖွေလုပ်ဆောင်သွားမှာပါ” ပာု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ဂင်းဘက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှုနှင့် အရေးပေါ်အကူအညီများ အဆက်မပြတ် ပေးအပ်ခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက်ပိုင်း ပုံမှန်စီးပွားရေး ထောက်ပံ့မှုများကို ရပ်ဆိုင်းထားခဲ့သည်။ မြန်မာအစိုးရသစ်ကို လွှမ်းမိုးထားသော ယခင်ဗိုလ်ချုပ်ကြီးများသည် ယခုအခါ အတိုက်အခံနိုင်ငံရေးအုပ်စုများနှင့် အနောက်နိုင်ငံများကို လက်ကမ်းကြိုဆိုရန် ကြိုးစား လာခဲ့ပြီးနောက် တသီတတန်း လုပ်ဆောင်ပြသလျက်ရှိသည်။ ၇ နှစ်ဆက်တိုက် အကျယ်ချုပ်ထိန်းသိမ်းခံရပြီး ၂၀၁၀ နိုဝင်ဘာလတွင် လွတ်မြောက် လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယခင် ဖျက်သိမ်းခံထားရသော သူမ၏ ပါတီဖြစ်သော‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ ကို ယခုအခါ ပြန်လည် မှတ်ပုံတင်လိုက်ပြီဖြစ်ပြီး လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သမ္မတဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို လာမည့်နှစ်တွင် တိုကျိုသို့ တရားဝင် လာရောက်လည်ပတ်ရန် ဖိတ်ကြားထားသည်ပာု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

****************************************************************

တရုတ်-မြန်မာ နယ်စပ်စီးပွားရေးဇုန် စတင်တည်ဆောက်

(China Daily သတင်းစာမှ China-Myanmar border economic zone being built ကို ဘာသာပြန်ဆိုသည်)

တရုတ်-မြန်မာ နယ်စပ်စီးပွားရေးဇုန်ကို တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြလိုက်သည်။

နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အမည်မှာ 'ဂန်းမ(မင်းဒိုင်)' ဖြစ်ပြီး မင်းဒိုင်ကောင်တီ၊ လင်ကန်းစီးတီးတွင် တည်ရှိကာ ကုန်သွယ်ရေး၊ ကုန်စည်သိုလှောင်ရေးနှင့် ပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အရှိန်မြင့်တက်အောင်ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း လင်ကန်းစီးတီးမှ ပါတီအတွင်းရေးမှူး Yang Hongbo ကပြောကြားသည်။

မင်ဒိုင်စက်မှုဇုန်သည် ယူနန်ပြည်နယ်မှ မြန်မာသို့ထွက်ပေါက်နေရာများအနက်တစ်ခုဖြစ်ပြီး အနာဂတ်ကာလတွင် ကုန်သွယ်ရေးသာမက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများအတွက်ပါ မဏ္ဍိုင်တစ်ခုဖြစ်လာလိမ့်မည်ဟု မျှော်လင့်မိကြောင်းလည်း ၎င်းကဆိုသည်။ အဆိုပါဒေသတွင် လေဆိပ်နှင့် လမ်းမကြီးများလည်း တည်ဆောက်သွားမည် ဖြစ်သည်။

ယူနန်ပြည်နယ်အား အရှေ့တောင်အာရှဒေသသို့ ထွက်ပေါက်တစ်ခုအဖြစ်ဖန်တီးပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ တိုးတက်ဖွံ့ဖြိုးရေး အတွက် ခြေကုပ်တစ်ခုအဖြစ်အောင်လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံတော်ကောင်စီ (သို့မဟုတ်) ကက်ဘိနက်အဖွဲ့က တာဝန်ယူလုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်သည်။

နိုင်ငံတော်ကောင်စီက နိုဝင်ဘာလအတွင်းထုတ်ပြန်ခဲ့သော မှတ်တမ်းများအရ ယူနန်ပြည်နယ်တွင်း စီးပွားရေးဖွံ့ဖြိုးရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အဦများကောင်းမွန်အောင်တည်ဆောက်ရေးအပါအဝင် အခန်းကဏ္ဍကြီး ၉ ခုကို ကိုယ်စားပြုမည့် မူဝါဒပေါင်း ၄၀ ခန့်ကို အတည်ပြုပြီးဖြစ်ကြောင်းသိရသည်။ ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွင် တည်ရှိပြီး စီချွမ်၊ ကွမ်ကျိုး၊ ကွမ်ဇီ နှင့် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့နှင့် ကပ်လျက်ရှိကာ မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့၏ နယ်စပ်ဒေသ၌တည်ရှိသည်။

********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment