Transparency Myanmar

transparency.myanmar@gmail.com

လွှတ်တော်အစည်းအဝေးသို့ အမတ်သုံးဦးပျက်ကွက်
ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုလွှတ်တော်ကျင်းပသည့်နေ့မှစ၍
ယနေ့အထိလွှတ်တော်အစည်းအဝေးသို့ တက်ရောက် ရန် ပျက်ကွက်သူ
လွှတ်တော်ကိုယ်စားလှယ် သုံးဦးရှိပြီဖြစ်ကာ ပြည်ခိုင်ဖြိုးမှ နှစ်ဦး ၊
တစညမှ တစ်ဦး ဖြစ်ကြောင်းသိရသည်။
စင်္ကာပူသို့ ဆေးသွားကုနေသည့်ဇနီးသည်ကို အဖော်လိုက်သွားရသည့်
မန္တလေးမှ ကြံ့ခိုင်ရေးပါတီ အမတ်တစ်ဦးသည် ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့
အစည်းအဝေးနေ့မှစပြီး ယနေ့အထိ ၄ ကြိမ်ဆက် တိုက် ပျက်ကွက်နေပြီဖြစ် ကာ
အင်္ကျီလှန်းရင်း ချော်ကျကာနံရိုးကျိုးသွားသဖြင့် ဆေးရုံတက်နေရသည့် မန္တလေး
ကြံ့ခိုင်ရေးအမတ် နောက်တစ်ဦး မှာမူ စတုတ္ထနေ့ အစည်းအဝေးမှစပြီး ယနေ့အထိ ၂
ရက်ဆက် တိုက် ပျက်ကွက်ခဲ့သည်။
တနင်္ဂနွေနေ့က အူအတက်ပေါက်သဖြင့် ဆေးရုံတက်ခွဲရသူ မြစ်ကြီးနားမှ
တစညပါတီအမတ်သည်
ယနေ့ တစ်ရက် ပျက်ကွက်သွားသည်ဟုသိရသည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများအရ ပြည်ထောင်စုလွှတ်တော်
နာယက၏ ခွင့်ပြုချက် မရဘဲ ပြည်ထောင်စု အစည်းအဝေး တက်ရောက်ရန် ၁၅ ရက်
ဆက်တိုက်ပျက်ကွက်ပြီး လွှတ်တော်က ထိုကိုယ်စားလှယ်၏ နေရာကို ပလပ်လိုက်သည်ဟု
ဆုံးဖြတ်ပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေကြောင်းအရ
ဆက်လက်၍ဆောင်ရွက် သွားမည် ဖြစ်သည်။
-------------------------------------------------------------------------------------------------------------

ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းရန် သမ္မတက အဆိုတင်
ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌ ၁ ဦး၊ အတွင်းရေးမှူး
၁ ဦး၊ အဖွဲ့ဝင် ၆ဦး တို့ဖြင့် ဖွဲ့စည်းသွားရန် သမ္မတဦးသိန်းစိန်မှ
လွှတ်တော်သို့ အဆိုပြုခဲ့ကြောင်းသိရသည်။
ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်ကို ဥက္ကဋ္ဌ အပါအဝင် အနည်းဆုံး ၅ ဦးဖြင့် ဖွဲ့စည်းနိုင်ပြီး
ကော်မရှင် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များသည် အသက် ၅ဝ နှစ် ပြည့်
ပြီးရမည်ဖြစ်ရမည်ဖြစ်ကာ နိုင်ငံရေးပါတီဝင်နှင့်
လွှတ်တော်ကိုယ်စားလှယ်များကိုမူ ခန့်အပ်ခွင့် မရှိကြောင်း သိရသည်။
ရွေကောက်ပွဲကော်မရှင်သည် "ရွေးကောက်ပွဲဆိုင်ရာ
အငြင်းပွားမှုများ" ကို စစ်ဆေးနိုင်ရေးအတွက် ရွေးကောက်ပွဲ
ခုံရုံးအဖွဲ့များ ဖွဲ့စည်းနိုင်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာရုံး(Tribunal)အတွက်
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ၉ ဦးကို
ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြပြီး အမည်စာရင်းများကို တင်သွင်းခဲ့ခြင်း
မရှိ သေးကြောင်းသိရသည်။

--------------------------------------------------------------------------------------------------------------------------------

ခုံရုံးအဖွဲ့ဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များ၏ အမည်စာရင်းကို
ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း
ဖေဖော်ဝါရီ ၁၃
ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၁ ရက်က
ဆက်လက်ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ
ခုံရုံဖွဲ့စည်းရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက် ခံထားရသူက
ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်
အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ် ထားသည့်
အဖွဲ့ဝင်သုံးဦး စုစုပေါင်းကိုးဦး၏ အမည်စာရင်းကိုတင်ပြပြီး
ခုံရုံးဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ရန် ပြည်ထောင်စု လွှတ်တ်ာသို့ တင်ပြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဋ္ဌ အပါအဝင်
အဖွဲ့ဝင်းကိုဦးအဖြစ် ဖွဲ့စည်းထား သည်ဖြစ်ရာ နိုင်ငံ တော်သမ္မတအဖြစ်
ရွေးချယ်တင်မြောက်ခံထားရသူက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦးမှာ
ဦးသိန်းစိုး၊ ဒေါက်တာ တင် အောင်အေးနှင့် ဒေါ်ခင်လှမြင့် တို့ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးမှာ
ဦးထွန်း ကြည်၊ ဦးစိုးသိန်း၊ ဦးခင် ထွန်း တို့ဖြစ်သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးမှာ
ဦးဆန်းမြင့်၊ ဦးမြင့် ကြိုင်နှင့် ဒေါ်မိမိရီတို့ဖြစ်သည်။
" နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက
နိုင်ငံတော်ရဲ့တရားစီရင်ရေးဆိုင်ရာ ရုံးတွေထဲက ဖွဲ့စည်းပုံ အခြေခံ
ဥပဒေနဲ့ဆိုင်တဲ့ ကိစ္စတွေ၊ အငြင်းပွားမှုတွေကိုပဲ ဖြေရှင်းဖို့ထားတဲ့
ခုံရုံးတစ်ခုပါ။ နိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ပတ်သက်လို့
အဓိပ္ပယ်ဖွင့်ဆိုတာတွေကို ဆောင်ရွက်မှာပါ။ ပြီးတော့ လွှတ်တော်တွေက
ပြဋ္ဌာန်းတဲ့ဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုရှိ၊
မရှိမှုကိုလည်း စိစစ်ပေးမှာပါ။ နောက် ပြီး အုပ်ချုပ်မှု ဆိုင်ရာ
အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်မှု
ရှိ၊ မရှိကိုလည်း စိစစ်ပေးမှာပါ။ နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့လုပ်ငန်းတာဝန်အသေးစိတ်ကို
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၂ မှာပြဋ္ဌာန်း ထားပါတယ်" ဟု
ဥပဒေပညာရှင်တစ်ဦးက ရှင်းပြပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏
အဓိပ္ပယ်ဖွင့်ဆိုချက်ဆုံးဖြတ်ချက် သဘောထားရယူရန် ကိစ္စများ ကို နိုင်ငံတော်
သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်
ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရား သူကြီးချုပ်၊ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ
ခုံရုံးသို့ တိုက်ရိုက် တင်သွင်းခွင့် ရှိကြောင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၅ တွင်ဆို ထားပါသည်။

--------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုဝန်ကြီးအပြောင်းအလဲအား သက်ဆိုင်ရာနယ်ပယ်မှ စိတ်ဝင်စားလျက်ရှိ
ဖေဖော်ဝါရီ-၁၁
ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပပြီးစီးခဲ့သော တတိယနေ့ အစည်းအဝေးတွင်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တင်ပြ သော ပြည်ထောင်စုဝန်ကြီးအဖြစ်
ခန့်အပ်သင့်သော ပုဂ္ဂိုလ်(၃၀)ဦး သတ်မှတ် အတည်ပြုပြီးနောက် ပြည်ထောင်စု
လွှတ်တော် မှ အမည်စာရင်းဖော်ပြပြီးနောက်တွင် သက်ဆိုင်ရာ နယ်ပယ်များမှ
ဝန်ကြီး မည်သူဖြစ်လာမည်ကို စိတ်ဝင်စား လျက်ရှိကြောင်း တွေ့ရှိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်တစ်ဦးက
"အခုဝန်ကြီးခန့်ဖို့စာရင်းက ထွက်လာပြီ။
အရင်ဝန်ကြီးပဲဖြစ်ဖို့ရာနှုန်းများပါတယ်။ ကျွန်တော့်အမြင်ပေါ့။
အခုလိုဝန်ကြီးအပြောင်းအလဲက ကျွန်တော်တို့လို လုပ်ငန်း ရှင်တွေအဖို့
အရေးကြီးတယ်။ လုပ်ရကိုင်ရတာအသစ်က ပြန်စရတာမျိုး ဖြစ်နိုင်တယ်လေ။
အဲဒါကြောင့် စိတ်ဝင်စားတယ်" ဟုဆိုပါသည်။
ဘာသာရေးအသင်း၊ အဖွဲ့ဝင်တစ်ဦးက " အခုသာသနာရေးမှာ
ဘယ်သူဝန်ကြီးဖြစ်မလဲဆိုတာ ကျွန်တော်သိချင်နေ တာ။ အရင်ဝန်ကြီးကလည်း
အခုထုတ်ပြန်တဲ့ စာရင်းမှာ ပါလာပြီဆိုတော့ သူပဲ ပြန်ဖြစ်မလားပေါ့။
ဝန်ကြီးကို တစ်ကယ် အလုပ်လုပ်မယ့် သက်ဆိုင်တဲ့ဌာနမှာ တကယ်နားလည်တက်
ကျွမ်းတဲ့သူ ဖြစ်စေချင်တယ်။ အဲဒါမှ အလုပ်ဖြစ်မှာလေ" ဟု ပြောကြားသည်။
"သစ်တောရေးရာဝန်ကြီးဌာနမှာ ဝန်ကြိး ဘယ်သူဖြစ်မလဲ စိတ်ဝင်စားတယ်။
အပြောင်းအလဲမှာ ဘယ်သူဖြစ်မလဲ။ အဲဒါသိ မှ
လုပ်ငန်းဘယ်လိုလုပ်ကိုင်ရမလဲဆိုတာ တွက်ဆလို့ရမယ်။ တိုးချဲ့ဖို့၊
ရင်းနှီးမြုပ်နှံဖို့တွက်ချက်ရမယ်" ဟု တရုတ် နှင့် ဖက်စပ်
လုပ်ကိုင်လျက်ရှိသော သစ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။


(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ
ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက်
သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရ
သည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍
ထပ်ဆင့်ဖော်ပြပေးခြင်း သာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ
အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါ ကြောင်း အသိပေး
ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ငါးသိန်းတန် ဖုန်းများ မိုဘိုင်းဖုန်းကုတ်သို့ ပြောင်းမည့် ရက် ပြောင်းလဲသတ်မှတ်

ဖေဖော်ဝါရီ ၁၄

ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးမြို့များတွင် သုံးစွဲနေကြသည့် CDMA (800MHz) WLL ကြိုးမဲ့အော်တိုဖုန်း ၀၁ ၇၃xxxxxx နှင့် ၀၂ ၉၁xxxxxx များကို မိုဘိုင်းဖုန်းကုတ် ပြောင်းလဲပေးမည့်ရက်ကို ယခင် ကြေညာထားသည့် ဖေဖော် ဝါရီ ၁၅ ရက်အစား ဖေဖော်ဝါရီ ၂၀ရက်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအနေနှင့် ၎င်းဖုန်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် မိုဘိုင်း ဖုန်းကုတ်ပြောင်း ပေးမည်ဟု ကြေညာထားခဲ့သည်။ CDMA (800MHz) WLL (၀၁ ၇၃xxxxxx) နှင့် (၀၂ ၉၁xxxxxx) ဖုန်း သုံးစွဲသူများအနေ နှင့် ၀၁/၀၂ ဧရိယာ ကုတ်ကနေ ၀၉ မိုဘိုင်းကုတ် ပြောင်းလဲသွားပါက ဂျီအက်စ်အမ်၊ စီဒီအမ်အေ(450MHz) မိုဘိုင်းဖုန်း များကဲ့သို့  ခေါ်ဆိုမှုကိုပါ ပြောင်းလဲပေးရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ခေါ်ဆိုမှု ပြောင်းလဲသွားသည် ဆိုရာတွင်လည်း လက်ရှိ မိုဘိုင်းဖုန်းများကဲ့သို့ မိုဘိုင်းဖုန်း အချင်းချင်း ခေါ်ဆိုသည့် အခါ ၀၉ ခံခေါ်ရန် မလိုတော့သကဲ့သို့ အော်တိုဖုန်းများသို့ခေါ်ရာတွင်လည်း သက်ဆိုင်ရာ ဧရိယာကုတ် (ဥပမာ - ၀၁ ၅၁xxxx ၊ ၀၂ ၇၈xxx) ခံပြီးမှ ခေါ်ဆိုရမည် ဖြစ်သည်။ မိုဘိုင်းဖုန်းကုတ် ၀၉ အဖြစ် ပြောင်းလဲသွားသည့်အခါ ဖုန်းခေါ်ဆိုခ နှုန်းထားများကို မိုဘိုင်းဖုန်း ခေါ်ဆိုခ နှုန်းထားအတိုင်း ပြောင်းလဲကောက်ခံမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Spectator News

 

လမ်းစည်းကမ်းကို မက်စ်ဝဲလ် (McWiLL) နည်းပညာသုံး ဗဟိုထိန်းချုပ်စနစ်ဖြင့် ဆောင်ရွက်တော့မည်
ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် လုံခြုံချောမွေ့စေရန် အတွက် မက်စ်ဝဲလ် (McWiLL) နည်းပညာသုံး ဗဟိုထိန်းချုပ်မှုစနစ် (Central Command Center) ကို အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီဟု လုံခြုံရေးနှင့်ဆက်သွယ်ရေးကို အဓိက ဝန်ဆောင်မှု ပေးနေသည့် FISCA (ဖစ်စကာ) ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဲဒီအတွက် အဆင်သင့်ဖြစ်အောင် ယခုနှစ်အတွင်း မီးပွိုင့် အခု ၃၀ မှာ ကင်မရာတွေ ဆက်လက် တပ်ဆင်သွား မည်ဟုလည်း သိရသည်။ ဗဟိုထိန်းချုပ်မှုစနစ်(Central Command Center)ကို ပြည်လမ်းနဲ့ ဦးဝိစာရလမ်းကြား ဟံသာဝ တီ အဝိုင်းအနီးမှာ ဆောင်ရွက်ဖို့ လျာထားသည်ဟုလည်းလည်း သိရသည်။ အဆိုပါနေရာကနေ ၅ မိုင်ပတ်လည်အတွင်းရှိ သည့် မီးပွိုင့် ၁၁၈ ပွိုင့်ကို ထိန်းချုပ်ခန်းကနေ မပြတ်စောင့်ကြည့်နေနိုင်သည့်အပြင် အရေးပေါ်အခြေအနေ၌ ပုံကြီးချဲ့ကြည့် လို့ရသည့် နည်းပညာမျိုး ဖြစ်သည်ဟု သိရသည်။

ထို့အပြင် FM (Frequency Modulation) စနစ်နှင့် အသံချဲ့စက် (Speaker) များ တပ်ဆင်အသုံးပြု ကွပ်ကဲနိုင် သည့်အထိ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

e police (အီလက်ထရွန်နစ် နည်းပညာသုံး ကွပ်ကဲမှု) ကို ဆောင်ရွက်နိုင်ရန်အတွက် FISCA (ဖစ်စကာ) ကုမ္ပဏီ အနေနှင့် ယာဉ်အသွားအလာ ထူထပ်တဲ့ ရွှေဂုံတိုင်(၁)၊ ရွှေဂုံတိုင်(၂)၊ မင်္ဂလာဈေး၊ ဘုရင့်နောင် မီးပွိုင့် လေးနေရာများတွင် လွန်ခဲ့သည့်  ၂ နှစ် ၂၀၀၉ခုနှစ်တည်းက စမ်းသပ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ပြစ်မှုများနှင့် ပတ်သက်၍ တပ်ဆင်ထားသည့် ကင်မရာများကရသည့် ဓာတ်ပုံများတွင် ပြစ်မှုကျူးလွန်သည့် အချိန် နှင့် ရက်စွဲ၊ သတ်မှတ်မြန်နှုန်း၊ ကားနံပါတ်နှင့် နေရာအတိအကျကို ဖော်ပြပေးနိုင်သည့်အတွက် ပြစ်မှုကျူးလွန်သူများအနေ နှင့်  အငြင်းပွား၍ မရနိုင်ဟု သိရသည်။

Spectator News

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါ ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Monsters and Critisc မှ 9.Feb 2011 ရက်စွဲပါ "Only four civillion on Myanmar's next oabinet line up" သတင်းကို ဘာသာ ပြန်ဆိုသည်)

ဗုဒ္ဓပာူးနေ့က လွှတ်တော်တွင် တင်ပြခဲ့သော လာမည့်မြန်မာအစိုးရသစ်အတွက် ဝန်ကြီးများ စာရင်းတွင် အရပ်သား (၄) ဦးမျှသာ ပါဝင်သည်။

          နေပြည်တော် အခြေစိုက် မြန်မာ လွှတ်တော်က အမျိုးသား(ဖို-သတ္တဝါ) များသာ ပါဝင်သည့် အစိုးရ အဖွဲ့ ဝန်ကြီးများ စာရင်းကို သောကြာနေ့တွင် မဲခွဲ အတည်ပြုမည်ပာု တာဝန် ရှိသူများက ပြောကြားထားသည်။     

          အဆိုပါ ဝန်ကြီးများ စာရင်းမှ ၂၆ ဦးမှာ တပ်မတော် အရာရှိပောာင်းများ ဖြစ်ကြပြီး ကျန်အရပ်သား (၄) ဦးမှာ ACE ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးတင့်ဆန်း၊ ရန်ကုန် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖေသက်ခင် မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြအေးနှင့် UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ ဖြစ်မည်ပာု သိရှိရသည်။

          အစိုးရ ဝန်ကြီး ဋ္ဌာနများကို ဖော်ပြခြင်း မရှိသော်လည်း ဂျီနီဖာ အခြေစိုက် ယခင် သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင် ကို နိုင်ငံခြားရေး ဝန်ကြီး ရာထူး ခန့်အပ်မည်ပာု မျှော်လင့်ရကြောင်း သတင်းများက ဆိုသည်။

          ဗိုလ်ချုပ်ကြီးပောာင်း သိန်းစိန်ကို သမ္မတအဖြစ် လွှတ်တော်က ရွေးချယ်ထားပြီး ဖြစ်ရာ ၎င်းအနေဖြင့် အစိုးရအဖွဲ့ ရွေးချယ် ခန့်အပ်ခွင့် အာဏာ ရရှိမည့် အပြင် အသစ် ဖွဲ့စည်းမည့် သြဇာကြီး လုံခြုံရေး ကောင်စီကို ဦးဆောင်မည်ပာု သိရသည်။

          လွှတ်တော် အမတ်များမှာ ၁၉၆၂ မှစ၍ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် တပ်မတော်က လွှမ်းမိုးထားသော အစိုးရအတွက် တံဆိပ်တုံး ထုပေးကြရမည်ပာု မျှော်လင့်ရပြီး ရွေးချယ် တင်မြှောက်သော အစိုးရကို ကြားခံကာ တပ်မတော်က ဆက်လက် အုပ်ချုပ်ဦးမည် ဖြစ်သည်။

          သမ္မတသစ် ဦးသိန်းစိန်သည် အနှစ် ၂၀ အတွင်း ပထမဆုံး ပြုလုပ်သည့် နိုဝင်ဘာ ရွေးကောက်ပွဲ များတွင် ၉၂% အနိုင် ရရှိခဲ့သည့် (စစ်အစိုးရ ထောက်ခံသော) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားသူတစ်ဦး ဖြစ်သည်။

          နိုဝင်ဘာလက ရွေးကောက်ပွဲများသည် USDP ပါတီကို မျက်နှာသာ ပေးကာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံ NLD ပါတီကို ပယ်ထုတ်ခဲ့သည့် အတွက် အနောက် ဒီမိုကရေစီ နိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ဝိုင်းဝန်း ဝေဖန်ခြင်းကို ခံခဲ့ရသည်။

          သမ္မတသစ် ဦးသိန်းစိန်သည် သူ၏ စစ်ယူနီဖောင်းကို စွန့်လွှတ်ခဲ့သော်လည်း အစိုးရနှင့် တပ်မတော် ၂ ဖွဲ့စလုံးထက် ပါဝါမြင့်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့သစ်ကို သမ္မတအဖြစ် ဦးဆောင်မည် ဖြစ်၍ တပ်မတော်အပေါ် ဆက်လက် သြဇာညောင်းနိုင်မည် ဖြစ်သည်။

          အဆိုပါ ကောင်စီတွင် အဖွဲ့ဝင် ၁၁ ဦးအဖြစ် သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ အထက်နှင့် အောက် လွှတ်တော် ဥက္ကဋ္ဌများ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ နယ်စပ်ရေးရာ ဝန်ကြီး (၄) ပါး တို့ ပါဝင်မည်ပာု ကြားသိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Nation သတင်းစာမှ 12.Feb 2011 ရက်စွဲပါ "Thailand's  PAD holds rally" သတင်းကို ဘာသာ ပြန်ဆိုသည်။)

ထိုင်းနိုင်ငံမှ People's Allianu for Democracy ပါတီဝင်များသည် Royal Plaza သို့ ချီတက်ပွဲကို သောကြာနေ့ မနက်ခင်းတွင် စတင်ခဲ့ကြရာ မက်ကာဝမ် တံတားစုရပ်မှ ဆန္ဒပြသူများ စတင် ချီတက် ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

          ဘုရင် ချုလာလောင်ကွန်း အီကွက်စရီယမ် ရုပ်ထု ရှေ့မှောက်တွင် သစ္စာဆိုခဲ့သော ကတိကို အကောင်အထည် ဖော်ရန်အတွက် PAD ခေါင်းဆောင် ချမ်လောင်းဆရီမွန်က ချီတတ်ပွဲကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ပါလီမန် အဆောက် အအုံသို့မူ ချီတတ်မည် မပာုတ်ပာု ချမ်လောင်းက အတည်ပြု ပြောကြားသည်။

          ကန်သာရာလတ် ခရိုင် ဆီဆာခက်မှ နယ်စပ် ပဋိပက္ခကြောင့် ထွက်ပြေး တိမ်းရှောင် လာကြသော ကျေးရွာသူ ကျေးရွာသားများ အတွက် ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ပေးမည့် ထရပ်ကား ၄ စီးကို ဆန္ဒပြ ချီတတ်ပွဲ မစတင်မှီ PAD က စေလွှတ်ပေးခဲ့သည်။

          Royal Plaza တွင် ငြိမ်းချမ်းမှု ထိန်းသိမ်းရန် အတွက် ရဲတပ်ရင်း ၂ ရင်း တပ်ဖြန့်ထားပြီး ပါလီမန် လုံခြုံရေး အတွက် ရဲတပ်ရင်း ၁၀ ရင်း တပ်စွဲထားသည်ပာု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 12 February 2011 ရက်စွဲပါ "Australian Newspaper Boss Arrested in Myanmar" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဖြင့် ထုတ်ဝေသည့် တစ်ခုတည်းသော သတင်းစာစောင်၏ ဩစတြေးလျ လူမျိုး အကြီးအကဲသည် ၎င်း၏ မီဒီယာ အုပ်စုအတွင်း အာဏာ လွန်ဆွဲမှု ဖြစ်ပေါ်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့တွင် ဖမ်းဆီးခြင်း ခံရသည်ဟု တာဝန် ရှိသူ တစ်ဦးက စနေနေ့တွင် ပြောကြားသည်။

သတင်းစာ လွတ်လပ်ခွင့် အပေါ် ဖိနှိပ်မှုကြောင့် ပြင်းထန်စွာ ဝေဖန်ခြင်း ခံနေရသည့် မြန်မာ နိုင်ငံတွင် မြန်မာ တိုင်းမ် ဂျာနယ်ကို ၂၀၀၀ ခုနှစ်က ပူးတွဲ တည်ထောင်သူ Ross Dunkley သည် ထိုင်းနိုင်ငံမှ မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိစဉ် ကြာသပတေးနေ့က ဖမ်းဆီး ခံရခြင်း ဖြစ်သည်ဟု မြန်မာ တာဝန် ရှိသူက ဆိုသည်။

"ဒီကိစ္စက သူ့ရဲ့ မီဒီယာ အုပ်စုနဲ့  မပတ်သက်ပါဘူး" ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

အင်္ဂလိပ် ဘာသာ နှင့် မြန်မာ ဘာသာ နှစ်မျိုး အပတ်စဉ် ထုတ်ဝေသည့် မြန်မာ တိုင်းမ် ဂျာနယ်ကို ပိုင်ဆိုင်သော Myanmar Consolidated Media (MCM) အုပ်စုတွင် အဓိက ပါဝါ လွန်ဆွဲမှု  ဖြစ်ပေါ် နေသည်ဟု ပြည်ပရောက် ဧရာဝတီ သတင်းဌာနက သတင်း ဖော်ပြ ခဲ့သည်။

ရှယ်ယာ ၅၁% ပိုင်ဆိုင်သည့် ဒေါက်တာ တင်ထွန်းဦးက အယ်ဒီတာ ပါဝါ ချုပ်ကိုင်ရန် ကြိုးပမ်းမှုကို ရှယ်ယာ ၄၉% ပိုင်ဆိုင်သည့် Dunkley က ဖယ်ရှားရန် ကြိုးစား ခဲ့ခြင်း ဖြစ်သည်ဟု ကြားသိရသည်။

မီဒီယာ အုပ်စု၏ အတွင်းရေးကို စစ်ဖက် အစိုးရက အချိန် မရွေး ကြားဝင် စွက်ဖက်နိုင် သောကြောင့် ဒေါက်တာ တင်ထွန်းဦးသာလျှင် အောင်ပွဲ ခံနိုင်ဖွယ် ရှိသည်ဟု သတင်းပေးများက ပြောကြားကြောင်း ဧရာဝတီက ဇန်နဝါရီလတွင် ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straits Times မှ 12 February 2011 ရက်စွဲပါ "Philippines Hails People Power in Egypt" ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် နိုင်ငံမှ ငြိမ်းချမ်းစွာ ဖြေရှင်းမှုကို ၁၉၈၆ ခုနှစ်က ဖိလစ်ပိုင် အာဏာရှင်ကို ဖယ်ရှားခဲ့သည့် ပြည်သူ့အာဏာ တော်လှန်ရေးနှင့် နှိုင်းယှဉ်ကာ ဖိလစ်ပိုင် သမ္မတ ဘီနစ်နို အကွီနိုက စနေနေ့တွင် ချီးကျူး ပြောဆိုလိုက်သည်။

အာဏာရှင် သမ္မတ မူဘာရက် နုတ်ထွက် အပြီးတွင် ဖိလစ်ပိုင် သမ္မတက "ဖိလစ်ပိုင် လူမျိုးတို့သည် စစ်မှန်သော၊ ငြိမ်းချမ်းသော ပြောင်းလဲမှုကို ကြိုးပမ်းနေသည့် အီဂျစ် လူမျိုးများနှင့် တစ်သားတည်း ရှိနေသည်" ဟု ပြောကြားခဲ့သည်။

"ပိုမို လွတ်လပ်သော၊ မျှတတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ်ဖို့ ဆန္ဒ ပြင်းပြမှုတွေဟာ အမြဲတမ်း မှန်ကန်တယ် ဆိုတာကို အီဂျစ် ပြည်သူတွေရဲ့ အာဏာ လွှဲပြောင်းမှုက ပြသနေပါတယ်၊ ၁၉၈၆ ခုနှစ်တုန်းက ဖိလစ်ပိုင်တွေ လုပ်ခဲ့ကြ သလိုပဲ အီဂျစ်တွေ ဟာလည်း သူတို့ရဲ့ မူ၊ ဘောင်၊ အဖွဲ့အစည်း၊ အင်စတီ ကျူးရှင်းတွေ ပြန်လည် တည်ဆောက်မှုကို အခု စတင်ကြတော့မှာပါ" ဟု အကွီနိုက ဆိုသည်။

ဖိလစ်ပိုင် အာဏာရှင် ဖာဒီနန် မားကို့စ် ပြည်ပသို့ ထွက်ပြေးရအောင် ဖိအားပေးရန် သန်းနှင့် ချီသော ဆန္ဒပြသူများ လမ်းလုံးပြည့် ထွက်လာခဲ့သည့် ၁၉၈၆ ခုနှစ်က သွေးစွန်း လုနီးပါး နာမည်ကြီး တော်လှန်ရေးကို သမ္မတ အကွီနိုက ရည်ညွှန်း ကိုးသား ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ တော်လှန်ရေးတွင် ယခု သမ္မတ အကွီနို၏ မိခင် ဖြစ်သူ ဒီမိုကရေစီ ခေါင်းဆောင် ကိုရာဇန် အကွီနိုကို ပြည်သူ့ အာဏာဖြင့် ခေါင်းဆောင် တင်မြှောက်ကာ ၁၄ နှစ်ကြာ တစ်ဦးတည်း အာဏာရှင် အုပ်စိုးခဲ့သည့် ဖိလစ်ပိုင် နိုင်ငံကို ဒီမိုကရေစီ စနစ်ဖြင့် ပြန်လည် တည်ဆောက် ခဲ့ကြသည်။

ဖိလစ်ပိုင် နိုင်ငံ၏ အဓိက မွတ်စလင် လက်နက်ကိုင် အုပ်စု Moro Islamic Liberation Front (MILF) ကလည်း ၎င်းတို့၏ တရားဝက် ဝက်ဘ်ဆိုက်တွင် ဖော်ပြသော ကြေညာချက်တွင် "မူဘာရက် နုတ်ထွက်သွားခြင်း" ကို ထောက်ခံ ကြိုဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(BBC News မှ 11 February 2011 ရက်စွဲပါ "Egypt's Mubarak Resigns as Leader" ကို ဘာသာ ပြန်ဆိုသည်)

ကိုင်ရိုနှင့် အခြား နေရာများတွင် ရက်သတ္တပတ်ပေါင်း များစွာ ဆန္ဒပြမှုများ နောက်ပိုင်းတွင် ဟော့စနီ မူဘာရက်သည် အီဂျစ် သမ္မတ အဖြစ်မှ နုတ်ထွက် သွားပြီ ဖြစ်သည်။ အဆိုပါ သတင်းအား ထောင်ပေါင်း များစွာက ဆန္ဒပြမှုများ၏ ဗဟို ဖြစ်သော ကိုင်ရို၏ Tahrir ရင်ပြင်တွင် အပျော်ကြီး ပျော်ကာ အောင်ပွဲ ခံခဲ့သည်။

မူဘာရက်သည် နှစ်ပေါင်း သုံးဆယ် အုပ်ချုပ်ခဲ့ပြီး ဆန့်ကျင် ဆန္ဒပြမှုများကို နှိပ်ကွပ်ခဲ့ကာ အတိုက် အခံများအား ထောင်ချ ဖမ်းဆီး ခဲ့သူ ဖြစ်သည်။

ယင်းကဲ့သို့ မူဘာရက် နုတ်ထွက် အပြီးတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အီဂျစ်သည် ယခု အခါ အရပ်သား ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ သွားရတော့မည်ဟု ပြောကြားလိုက်သည်။

ယခု အဆုံး မဟုတ်သေးကြောင်း၊ အစပြုခြင်းသာ ဖြစ်ပြီး ခက်ခဲသော နေ့ရက်များ ရှိနေမည် ဖြစ်ကြောင်း၊ သို့သော် အီဂျစ် ပြည်သူများ အနေဖြင့် အဖြေကို ရှာတွေ့လိမ့်မည်ဟု ယုံကြည်ကြောင်း အိုဘားမားက ဖြည့်စွက် ပြောကြား ခဲ့သည်။

"အီဂျစ် ပြည်သူတွေရဲ့ အသံကို ကြားခဲ့ရပြီးပါပြီ၊ အီဂျစ်ဟာ အရင်လို ပြန်မဖြစ်တော့ပါဘူး" ဟု မစ္စတာ အိုဘားမားက ဆိုသည်။

"ဒီမိုကရေစီ စစ်စစ်ထက် မလျော့အောင် သူတို့ လျှောက်လှမ်းကြမယ် ဆိုတာ သူတို့ ရှင်းရှင်း လင်းလင်း ပြောခဲ့ကြပြီးပါပြီ" ဟု အိုဘားမားက ဆက်လက် ပြောသည်။

မူဘာရက်၏ နုတ်ထွက်မှုကို ဒုတိယ သမ္မတ အိုမာဆူလေမန်က ပြောကြားရာတွင် သမ္မတသည် အာဏာကို စစ်တပ်သို့ လွှဲပြောင်း ပေးခဲ့သည်ဟု ဆိုသည်။

မစ္စတာ ဆူလေမန်က နိုင်ငံပိုင် ရုပ်သံမှ ပြောကြားရာတွင် စစ်တပ်၏ ဦးဆောင်အဖွဲ့က အာဏာ လွှဲပြောင်း ရယူ ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်တပ် အရာရှိ တစ်ဦးက မူဘာရက်ကို အလေးပြုသော ကြေညာချက်ကို ဖတ်ကြားရာတွင အီဂျစ်သို့ မူဘာရက် ပေးဆပ်ခဲ့မှုများကို ဖတ်ကြား ခဲ့သည်။

"ပြည်သူများထက် ပို၍ တရားဝင်မှု ဆိုသည်မှာ မရှိပါ" ဟု ကြေညာချက်က ဆိုသည်။

စစ်တပ်၏ ၏ ဦးဆောင် အဖွဲ့ကို ကာကွယ်ရေး ဝန်ကြီး Mohamed Hussein Tantawi က ဦးဆောင်သည်။

ဝီကီလိခ်မှ ဖော်ပြသော အမေရိကန် သံတမန် ကေဘယ်တွင် ဖီးမာရှယ် Tantawi အား အသက် ကြီးနေပြီ ဖြစ်ပြီး ပြောင်းလဲမှုကို မလိုလားသူ ဖြစ်ကြောင်း၊ သို့သော် အစ္စရေးနှင့် စစ်မတိုက်တော့ရန် ကတိ ပြုထားကြောင်း ဖော်ပြ ထားသည်။

ယခု အခါမူ မူဘာရက်သည် ကိုင်ရိုမှ ထွက်ခွာ သွားပြီး ယင်း၏ အိမ်တစ်လုံး ရှိရာ ပင်လယ်နီရှိ Sharm El-Sheikh အပန်းဖြေ စခန်းတွင် ရောက်ရှိ နေကြောင်း တာဝန် ရှိသူများက ပြောသည်။

ကိုင်ရိုတွင် ထောင်ပေါင်းများစွာသော လူများသည် သမ္မတ နန်းတော်၊ Tahrir ရင်ပြင်နှင့် နိုင်ငံပိုင် ရုပ်မြင် သံကြား ဌာန အပြင်တွင် စုဝေးခဲ့ကြပြီး "ပြည်သူတွေ အောင်ပွဲ ရခဲ့ပြီ" ဟု မူဘာရက် နုတ်ထွက်သည့် သတင်းကို ကြားအပြီးတွင် ကြွေးကြော် ခဲ့ကြသည်။

အတိုက် အခံ ခေါင်းဆောင် Mohamed ElBaradei က ပြောကြား ရာတွင် "ဒီနေ့ဟာ ကျွန်တော့် ဘဝရဲ့ အကြီးကျယ်ဆုံး နေ့ပါပဲ" ဟု ဆိုသည်။

"အီဂျစ် ပြည်သူတွေ လူသား ဘဝနဲ့ လွတ်မြောက်ခွင့် ပြန်ရလို့ ဝမ်းသာတဲ့ ပမာဏကို နားလည် နိုင်လိမ့်မယ် မထင်ဘူး" ဟု ယင်းက ပြောသည်။

အီဂျစ်တွင် ပိတ်ပင် ထားသော အစ္စလာမ် အတိုက် အခံ လှုပ်ရှားမှု ဖြစ်သော Muslim Brotherhood က စစ်တပ်၏ ကတိ တည်မှုကို လေးစားကြောင်း ပြောခဲ့သည်။

"ကျွန်တော် အီဂျစ် ပြည်သူတွေနဲ့ အာဇာနည်တွေကို အလေးပြုပါတယ်။ ဒီနေ့ဟာ အီဂျစ် ပြည်သူတွေရဲ့ အောင်ပွဲနေ့ ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အဓိက ရည်မှန်းချက် အောင်မြင်ပါပြီ" ဟု ပါလီမန် ခေါင်းဆောင်ဟောင်း Brotherhood အဖွဲ့မှ Mohamed el-Katatni က ပြောသည်။

၂၀၀၅ ခုနှ်က မူဘာရတ် နှင့်အပြိုင် သမ္မတ အရွေး ခံခဲ့သော Ayman Nour ကလည်း ယနေ့သည် အီဂျစ် နိုင်ငံ သမိုင်း၏ အကြီးကျယ် ဆုံးနေ့ အဖြစ် ဖော်ပြ ခဲ့သည်။

"တိုင်းပြည်က အသစ် မွေးဖွား ခဲ့ပါပြီ၊ ပြည်သူတွေလည်း ပြန်လည် မွေးဖွားခဲ့ပြီ အီဂျစ် နိုင်ငံက တိုင်းပြည် အသစ် ဖြစ်ပါတယ်" ဟု ယင်းက Al-Jazeera ရုပ်သံသို့ ပြောသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Amr Moussa က ၎င်းသည် Arab League ၏ အထွေထွေ အတွင်းရေးမှူး အဖြစ်မှ ရက်သတ္တပတ် အနည်းငယ် အတွင်း နုတ်ထွက်မည်ဟု အီဂျစ် သတင်း ဌာန တစ်ခု ဖြစ်သော Mena က ဖော်ပြခဲ့သည်။ ၎င်းက သမ္မတ ဖြစ်မည်ဟု အရိပ်အမြွက် ပြောကြား ခဲ့သည်။

ကိုင်ရိုမှ BBC သတင်းထောက် Jon Leyne က ပြောကြား ရာတွင် ကြေညာချက်ကို လူတိုင်း အံ့အား သင့်သွားပြီး ကားဟွန်းများ တီး၍ လေထဲသို့ သေနတ်များ ပစ်ဖောက် ခဲ့ကြသည်ဟု ဆိုသည်။

သို့သော် စစ်တပ်က အာဏာ လွှဲပြောင်း ရယူခြင်းသည် စစ်တပ်မှ အာဏာ သိမ်းသည်နှင့် တူကြောင်း BBC သတင်းထောက်က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေလည်း မရှိတော့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တရားဝင် အာဏာ လွှဲပြောင်း ရယူမည့် သူမှာ ပါလီမန် ဥက္ကဋ္ဌ ဖြစ်ပြီး စစ်တပ်မှ မဟုတ်ကြောင်း ၎င်းက ပြောသည်။

သမိုင်းဝင် ပြောင်းလဲမှု

အရှေ့အလယ်ပိုင်း တစ်ခုလုံး တူနီးရှား အပါအဝင် မြောက်အာဖရိက တို့သည် အလွန်အမင်း ပျော်ရွှင် ကြလိမ့်မည် ဖြစ်သည်။ တူနီးရှားတွင် ပြီးခဲ့သည့်လက ပြည်သူများသည် သမ္မတကို ဖြုတ်ချခဲ့သည်။

Mr.Moussa က ပြောကြားရာတွင် ယခု အီဂျစ်မှ အဖြစ်အပျက် များသည် တိုင်းပြည် စုစည်း ညီညွတ်မှု တည်ဆောက်ရန် အခွင့် အလမ်း ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ယခု အဖြစ်အပျက်အား အီရန်က ကြီးမားသော အောင်မြင်မှု ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

အစ္စရေး အကြီးတန်း တာဝန် ရှိသူ တစ်ဦးက မူဘာရက်၏ နုတ်ထွက်မှုသည် ကိုင်ရိုနှင့် ငြိမ်းချမ်းသော ဆက်ဆံရေးကို ပြောင်းလဲ စေမည် မဟုတ်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြည်သူများ၏ အကျိုးစီးပွားကို ကြည့်၍ ခက်ခဲသော ဆုံးဖြတ်ချက် ချမှတ်ခြင်း အတွက် လေးစားကြောင်းနှင့် တရား ဥပဒေ စိုးမိုးပြီး ငြိမ်းချမ်းသော အသွင် ကူးပြောင်းမှု အတွက် တိုက်တွန်း ခဲ့သည်။

ဥရောပ သမဂ္ဂ ခေါင်းဆောင် များကလည်း မူဘာရက်၏ နုတ်ထွက်မှုအား အပေါင်း လက္ခဏာ ဆောင်သော တုန့်ပြန်မှု ပြုလုပ် ခဲ့သည်။

အီးယူ အနေဖြင့် ဆုံးဖြတ်ချက်အား လေးစားကြောင်းလည်း နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Baroness Ashton က ပြောကြား ခဲ့သည်။

"အခု အချိန်မှာ ကျယ်ပြန့်စွာ အခြေခံတဲ့ အစိုးရ ဖြစ်ဖို့ တွေ့ဆုံ ဆွေးနွေးမှုတွေ အရှိန်မြှင့်ဖို့ အရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။ အစိုးရဟာ အီဂျစ် ပြည်သူတွေရဲ့ လိုလားချက်တွေ၊ တည်ငြိမ်မှုတွေ အတွက် လေးစား ရပါမယ်" ဟု သူမက ပြောသည်။

ဗြိတိသျှ ဝန်ကြီးချုပ် David Cameron ကလည်း ယခု အချိန်သည် ပြည်သူများကို တစ်စုတစ်စည်းတည်း ခေါ်ဆောင် နိုင်မည့် အစိုးရ တစ်ခု ဖြစ်ပေါ်ရန် အခွင့် အရေး အတွက် အဖိုးတန် အချိန်ပင် ဖြစ်ကြောင်း နှင့် အရပ်သား ဒီမိုကရက်တစ် အုပ်ချုပ်ရေး ဖြစ်ရန် တောင်းဆိုခဲ့သည်။

ဂျာမနီ အဓိပတိ Angela Merkei ကလည်း အီဂျစ် သမိုင်းဝင် ပြောင်းလဲမှုအား ကြိုဆိုခဲ့သည်။

အီဂျစ်တွင် အလုပ်လက်မဲ့ များပြားခြင်း၊ ဆင်းရဲ မွဲတေခြင်းနှင့် အကျင့်ပျက် ခြစားမှု ကြောင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများကို ဇန်နဝါရီ (၂၅) မှ စ၍ ဖြစ်ပွားခဲ့သည်။

၎င်းဆန္ဒ ပြပွဲများသည် တူနီးရှားတွင် သမ္မတ Zine al-Abidine Ben က Ali အား ဖြုတ်ချခဲ့သည့် ဆန္ဒပြပွဲများ နောက်မှ လိုက်ပါ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Strait Times မှ 11 Feb 2011 ရက်စွဲပါ "Chinese hackers target oil companies" သတင်းကို ဘာသာ ပြန်ဆိုသည်။)

တရုတ်နိုင်ငံမှ ဟက်ကာများက ကမ္ဘာ့ရေနံ ကုမ္ပဏီကြီးများ၏ ကွန်ပြူတာ ကွန်ယက်များကို ထိုးဖောက်ကာ လေလံ အစီအစဉ်များနှင့် ပတ်သတ်သည့် ဘဏ္ဍာရေး အချက်အလက်များနှင့် အခြား ကန့်သတ် ထားသော သတင်း အချက်အလက်များကို ခိုးယူနေသည်ဟု အမေရိကန် ကွန်ပြူတာ လုံခြုံရေး ကုမ္ပဏီက ကြာသပတေးနေ့ တွင် ပြောကြားလိုက်သည်။

"၂၀၀၉ နိုဝင်ဘာလက စပြီး ကမ္ဘာ့ရေနံ စွမ်းအင်နှင့် ရေနံဓါတု ကုမ္ပဏီကြီးတွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေ၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုတွေ ပေါ်ပေါက်လာခဲ့တာပါ" ဟု ကယ်လီဖိုးနီးယား အခြစိုက် Mc Afee ၏ အစီရင်ခံစာက ဆိုသည်။

"ဟက်ကာတွေက ကုမ္ပဏီ ကွန်ပြူတာတွေကို တိုက်ခိုက်ခဲ့တဲ့ အပြင် ကုမ္ပဏီပိုင် အထူး ကန့်သတ် သတင်း အချက်အလက်တွေကို ရရှိဖို့ အတွက် ကာဇက်စတန်၊ ထိုင်ဝမ်၊ ဂရိနဲ့ အမေရိကန် ပြည်ထောင်စုက အမှုဆောင် အရာရှိတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ တစ်ဦးချင်း အသုံးပြုတဲ့ ကိုယ်ပိုင် ကွန်ပြူတာတွေကိုပါ တိုက်ခိုက်ခဲ့ကြတာပါ" ဟု Mc Afee က ပြောကြားသည်။

"လုပ်ကိုင် အောင်မြင်နေတဲ့ ရေနံ ဓါတ်ငွေ့သိုက် ထုတ်လုပ်မှု စနစ်တွေနဲ့ ပတ်သတ်တဲ့ ဖိုင်တွေ၊ ရေနံဓါတ်ငွေ့သိုက် ရှာဖွေမှု၊ ကန်ထရိုက် လေလံချုပ်ဆိုမှုနဲ့ ပတ်သတ်တဲ့ ဘဏ္ဍာရေး အချက်အလက်တွေကို ဟက်ကာတွေက လိုချင်ကြတာပါ" ဟု ဆိုသည်။

မနှစ်က အမေရိကန်- တရုတ် စီးပွားရေးနှင့် လုံခြုံရေး ဆန်းစစ်မှု ကော်မရှင်၏ အစီရင်ခံစာတွင် "အမေရိကန် ကွန်ပြူတာစနစ်များ အပေါ် ကြီးကြီးမားမား တိုက်ခိုက်ခဲ့ကြသည်" ဟု စွပ်စွဲ ခံထားရသည့် တရုတ် ဟက်ကာများ၏ ယခု စက်မှုလုပ်ငန်း သူလျှို လုပ်မှုမှာ နောက်ဆုံး ပေါ်ထွက်လာသော စွပ်စွဲမှု ဖြစ်သည်။

ဟက်ကာများက ပစ်မှတ်ထားသော ကုမ္ပဏီများကို Mc Afee ကုမ္ပဏီက တိတိကျကျ ပြောကြားခြင်း မရှိသော်လည်း "အားလုံးသော အထောက်အထားများက ဆိုက်ဘာ တိုက်ခိုက်မှုများ တရုတ်နိုင်ငံမှ စတင်ခဲ့သည်ကို ညွှန်ပြနေသည်" ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံခြား အစိုးရများထံမှ စားနပ်ရိက္ခာ အကူအညီ တိုက်ရိုက် တောင်းခံရန် ပြုံယမ်း ကွန်မြူနစ် အစိုးရက မြောက်ကိုရီးယား သံရုံးများကို အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။ ယင်းသို့ အမိန့် ထုတ်ပြန်ရာတွင် မြောက်ကိုရီးယားကို စားနပ်ရိက္ခာ အကူအညီ ဖြတ်တောက်ထားသော အမေရိကန် အစိုးရ ထံမှလည်း အကူအညီများ ပြန်လည် ရယူနိုင်ရေး အတွက် အဆိုပြုရန် ပါဝင်သည်။ ကွန်မြူနစ် အစိုးရ၏ အမိန့် ထုတ်ပြန်ချက်ကို ကြည့်လျှင် နိုင်ငံတကာ အသိုင်းအဝိုင်း၌ အထီးကျန် ဖြစ်နေသော မြောက်ကိုရီးယား၌ စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည် ဟူသော အချက်မှာ ပေါ်လွင်နေသည်။

လွန်စွာ လျှို့ဝှက်လွန်းသော ပြုံယမ်း ကွန်မြူနစ် အစိုးရသည် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အကူအညီ တောင်းခံရန် မြောက်ကိုရီးယား သံရုံးများသို့ အမိန့်စာ ပေးပို့ခဲ့သည်ဟု ယူဆရသည်။ တောင်ကိုရီးယား သတင်းစာ တစ်စောင် ရေးသားချက် အရ ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား ဒုတိယ သံအမတ်ကြီးက လူ့အခွင့်အရေး ဆိုင်ရာ အမေရိကန် အထူး သံတမန်နှင့် မြောက်ကိုရီးယား နိုင်ငံတွင် တွေ့ဆုံရာ၌ အမေရိကန် ပြည်ထောင်စု အနေဖြင့် စားနပ်ရိက္ခာများ ပြန်လည် ထောက်ပံ့ပေးရန် အဆို ပြုခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လတွင် မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာ ထောက်ပံ့မှုများကို ရပ်ဆိုင်း ပစ်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံက လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ လုပ်ဆောင်မှုများကို အနီးကပ် စောင့်ကြည့် လေ့လာမည့် ကိစ္စအား ပယ်ချ လိုက်ပြီးနောက် အမေရိကန်က ယင်းသို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ဆိုပါက မြောက်ကိုရီးယားသည် နိုင်ငံခြား အစိုးရများထံသို့ တိုက်ရိုက် ချဉ်းကပ်ပြီး စားနပ်ရိက္ခာ အကူအညီ တောင်းခံမှုမျိုး မပြုလုပ်ပေ။ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် အခြားသော နိုင်ငံတကာ အန်ဂျီအိုကြီးများမှ တစ်ဆင့် အကူအညီ တောင်းခံလေ့သာ ရှိသည်။

WFP ၏ အစီရင်ခံချက် အရ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း မြောက်ကိုရီးယား စားနပ်ရိက္ခာ အစီအစဉ် အတွက် လျာထားသော ရန်ပုံငွေ၏ ငါးပုံတစ်ပုံသာ ထောက်ပံ့ ပေးနိုင်ခဲ့သည်ဟု သိရသည်။

ဤအတောအတွင်း စားနပ်ရိက္ခာ ထောက်ပံ့မှု ဆိုင်ရာ အေဂျင်စီများက ယခု ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ မလုံလောက်မှုတို့နှင့် ကြုံတွေ့ရဖွယ် ရှိကြောင်း၊ အကြောင်းမှာ  ၂၀၁၀ ပြည့်နှစ် အတွင်း ဖြစ်ပွားခဲ့သော မိုးခေါင်မှုများ၊ ရေလွှမ်းမိုးမှုများ အပါအဝင် သဘာဝ ဘေးအန္တရာယ်ကြီး များကြောင့် စားနပ်ရိက္ခာ ဈေးနှုန်းများ အဆမတန် မြင့်တက် ခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း ဆိုကြသည်။ မြောက်ကိုရီးယား နိုင်ငံတွင်း အခြေအနေ မှာလည်း ပိုမို ဆိုးရွာဖွယ်သာ ရှိသည်။ အကြောင်းမှာ ပြီးခဲ့သည့် ဆောင်းရာသီမှာ လွန်စွာ ဆိုးရွားခဲ့ပြီး ကောက်ပဲသီးနှံ ဖြစ်ထွန်းမှု လျော့ကျခဲ့သည်ကို တွေ့ရ၍ ဖြစ်သည်။

WFP နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) တို့က လတ်တလော အနေအထားတွင် မြောက်ကိုရီးယား နိုင်ငံတွင်း စားနပ်ရိက္ခာ အကဲဖြတ်မှုများ စတင် လုပ်ကိုင်နေပြီ ဖြစ်သည်။ ကျွမ်းကျင်သူ ပညာရှင်များက မြောက်ကိုရီးယား နိုင်ငံတွင်း လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကျပ် အတည်းများ ဖြစ်ပေါ်လိမ့်မည်ဟု မယူဆကြပေ။ နိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေကို ပြောရန် စောလွန်းသေးသည် ဟုသာ ဆိုကြသည်။

Opendemocracy မှ သတင်းကို ဘာသာ ပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အိန္ဒိယနှင့် ပါကစ္စတန် အကြား နှစ်နှစ် ကျော်မျှ ရပ်ဆိုင်းခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပထမဆုံး အဖြစ် ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း အစိုးရ အရာရှိကြီးများ၏ ပြောဆိုချက် အရ သိရသည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ မွန်ဘိုင်းမြို့၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ် ခဲ့ပြီးနောက် အိန္ဒိယ နိုင်ငံက ပါကစ္စတန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ရပ်ဆိုင်း ပစ်လိုက်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် ဘူတန်နိုင်ငံ၊ Thimphu မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ဒေသဆိုင်ရာ ကွန်ဖရင့်၌ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံ စလုံးက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည် စတင်ရန် သဘော တူခဲ့ကြကြောင်း အိန္ဒိယ စီနီယာ သံတမန် တစ်ဦးက သတင်းထောက်များကို ပြောကြားသည်။ ယင်းဒေသတွင်း ဖိုရမ်သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ နောက်ပိုင်း အိန္ဒိယ- ပါကစ္စတန် နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များ အကြား ပထမဆုံးသော တွေ့ဆုံမှု တစ်ရပ် ဖြစ်ခဲ့သည်။

အစ္စလမ်မာဘတ်မြို့ အခြေစိုက် စီနီယာ အရာရှိကြီး တစ်ဦးက ပုံမှန် ပြုလုပ်နေကျ ဖြစ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည် စတင်ရေး အတွက် တိုးတက် ဖြစ်ထွန်းမှုများ ရှိသည်ဟု ဆိုထားသော်လည်း ပါကစ္စတန် အစိုးရ အရာရှိကြီးများက အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။ စီနီယာ အရာရှိကြီး တစ်ဦးကမူ "ငြိမ်းချမ်းရေး ဒိုင်ယာလော့ခ် ပြန်လုပ်ဖို့ တိုးတက် ဖြစ်ထွန်းမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ပြန်လည် စတင်ဖြစ်မလဲ ဆိုတာတော့ ကျွန်တော် ခုချိန်မှာ မပြောနိုင်သေးပါဘူး" ဟု ဆိုသည်။

နျူကလီးယား ပိုင်ဆိုင်သော အိန္ဒိယ-ပါကစ္စတန် အိမ်နီးချင်း နှစ်နိုင်ငံ အကြား ဆက်ဆံရေး အေးခဲ တင်းမာခဲ့မှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၌ များစွာ ဂယက်ရိုက်မှုများ၊ အံ့အားသင့်မှုများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် အာဖဂန်နစ္စတန် နိုင်ငံအတွင်း အကြမ်းဖက် နှိမ်နင်းမှုများ လုပ်ကိုင်နေသည့် အမေရိကန် ပြည်ထောင်စု၏ ကြိုးပမ်းချက်များ အပေါ် ထိခိုက်မှုများ ရှိခဲ့သည်။

ယခုလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည် စတင်မည် ဟူသော ကိစ္စက အရေးကြီးသော နှစ်နိုင်ငံ ဆက်ဆံရေးတွင် အပြုသဘော ဆောင်သော အရွှေ့အပြောင်း တစ်ခုကို ညွှန်းဆိုလိမ့်မည် ဖြစ်သည်။ မွန်ဘိုင်းမြို့တွင် ၂၀၀၈ ခုနှစ်အတွင်း ပါကစ္စတန် စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ပြီးချိန် မှစ၍ နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေး ဒိုင်ယာလော့ခ် ကိစ္စကို ရပ်ဆိုင်း ပစ်ခဲ့သည်။ ငြိမ်းချမ်းရေး ဒိုင်ယာလော့ခ်သည် နှစ်ဖက်နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်ပြီး ကက်ရှ်မီးယား ကိစ္စ အပါအဝင် နှစ်နိုင်ငံအကြား အငြင်းပွားနေသည့် အရေးကိစ္စများကို ဆွေးနွေးခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ လေ့လာ အကဲခတ်သူများက ငြိမ်းချမ်းရေး ဒိုင်ယာလော့ခ် ပြန်လည် စတင်မည့် ကိစ္စအပေါ် အပြုသဘော ဆောင်သည့် သုံးသပ်ချက်များ မပြုလုပ်ကြသေးပေ။ အိန္ဒိယ နိုင်ငံက ပါကစ္စတန် နယ်စပ်ဒေသ အကြား ခြေကုပ်ယူ လှုပ်ရှားနေသော အကြမ်းဖက် သမားများကို ထိထိ ရောက်ရောက် ကိုင်တွယ်နှိမ်နင်းရန် အစ္စလမ်မာဘတ် အစိုးရအား တောင်းဆိုထားသည်။ သို့သော် အစ္စလာမာဘတ်က နယ်စပ်ဒေသတွင် အကြမ်းဖက်များ ခြေကုပ်ယူ လှုပ်ရှားနေသည် ဟူသော စွပ်စွဲ ပြောဆိုချက်များ အတွက် သိသာ မြင်သာသော အထောက် အထားများ ထုတ်ဖော် ပြသရန် အိန္ဒိယ အစိုးရကို ပြောကြားထားသည်။

Opendemocracy မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အိန္ဒိယ နိုင်ငံ၏ စက်မှု ကုန်ထုတ်လုပ်မှု တိုးတက်မှုနှုန်းမှာ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ အတွင်း အနှေးကွေးဆုံး အဆင့်တွင် ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်သော စာရင်း ဇယားများက ဆိုသည်။ အဆိုပါ လအတွင်း အိန္ဒိယ စက်မှု ကုန်ထုတ်လုပ်မှု ဆိုင်ရာ တိုးတက်မှု နှုန်းသည် ယခင်နှစ် ကထက် ၁ ဒဿမ ၆ ရာခိုင်နှုန်းမျှသာ ကြီးထွားလာသည်ကို တွေ့ရှိ ရပေရာ နိုင်ငံ စီးပွားရေး ကျဆင်းလာမည့် အရေးနှင့် ကြုံတွေ့ရဖွယ် ရှိသည်။

မျှော်လင့် ထားသည်ထက် နှေးကွေးသော တိုးတက်မှုနှုန်းသည် အိန္ဒိယ နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သော ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ရန် အတိုးနှုန်းများ မြှင့်တင် ပေးလိုက်ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး Pranab Mukherjee အဆိုအရ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စက်မှု ကုန်ထုတ်လုပ်မှု နှုန်းထားများမှာ အားရ ကျေနပ်ဖွယ် မရှိခဲ့ပေ။ အိန္ဒိယ စီးပွားရေး လေ့လာ ဆန်းစစ်သူ များကမူ သတ္တုတွင်းများ၊ စက်ရုံများ၊ ရေအား လျှပ်စစ် အစရှိသည့် ဝန်ဆောင်မှု လုပ်ငန်းများမှ ၂ ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဟု ခန့်မှန်းခဲ့ကြသည်။

အိန္ဒိယ၏ စက်မှု ကုန်ထုတ်လုပ်မှု တိုးတက်မှုမှာ အာရှ အင်အားကြီး အိမ်နီးချင်း တရုတ်နှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းနေသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံ၏ စက်မှု ကုန်ထုတ်လုပ်မှု တိုးတက်မှုမှာ ပြီးခဲ့သည် ၂၀၁၀ ပြည့်နှစ်၊ တတိယ လေးလပတ်တွင် ၁၃ ဒဿမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အိန္ဒိယ နိုင်ငံလုံး ဆိုင်ရာ စက်မှု ကုန်ထုတ်လုပ်မှု ညွှန်းကိန်းတွင် ၈၀ ရာခိုင်နှုန်း ပါဝင်သည့် ကုန်ထုတ်လုပ်မှု ပမာဏမှာ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ၁ ဒဿမ ၀ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။ အဆိုပါပမာဏသည် ယမန်နှစ် ကထက် ၁၉ ဒဿမ ၆ ရာခိုင်နှုန်းခန့် လျော့ကျသွားခြင်း ဖြစ်သည်။

အိန္ဒိယ အစိုးရက ပြီးခဲ့သည့် နိုဝင်ဘာလ၏ စက်မှု ကုန်ထုတ်လုပ်မှု နှုန်းကို ၃ ဒဿမ ၆၂ ရာခိုင်နှုန်း အထိ မြင့်တက် လာသည်ဟု ပြင်ဆင် သတ်မှတ်ခဲ့သည်။ ယမန်နှစ် (၂၀၀၉ ခုနှစ်) တွင်မူ ၂ ဒဿမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေ အိန္ဒိယ၏ စီးပွားရေးသည် မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ် မတိုင်မီ လက်ရှိ ကာလအတွင်း ၈ ဒဿမ ၆ ရာခိုင်နှုန်း အထိ
တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း အစိုးရက ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် စီးပွားရေး တိုးတက်မှုနှုန်း ဖြစ်သော ၈ ဒဿမ ၀ ရာခိုင်နှုန်းထက် ကျော်လွန်သွားမည်ဟု သိရသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(BBC News မှ 11 February 2011 ရက်စွဲပါ "Nokia and Microsoft form Partnership" ကို ဘာသာ ပြန်ဆိုသည်)

Mobile Phone ကုမ္ပဏီကြီး Nokia က Operating System ကုမ္ပဏီကြီး Microsoft နှင့် ကျယ်ပြန့်သော မဟာ ဗျူဟာမြောက် စီးပွားဖက် ဖွဲ့စည်းမည့် အစီအစဉ်များကို ကြေညာ လိုက်သည်။

အဆိုပါ သဘော တူညီချက် အရ Nokia ၏ စမတ်ဖုန်းများတွင် မိုက်ခရိုဆော့၏ Windows Phone Operating System ကို အသုံး ပြုမည်ဟု ကုမ္ပဏီက ပြောကြားသည်။

Microsoft ၏ "Bing" က Nokia ၏ "Search" ရှာဖွေရေး အင်ဂျင်များကို အားဖြည့် ပေးမည် ဖြစ်ပြီး Nokia ၏ မြေပုံများကလည်း Microsoft ၏ မြေပုံ ဝန်ဆောင်မှု စနစ်များတွင် အဓိက အစိတ်အပိုင်း ဖြစ်လာမည်ဟု ဆိုသည်။

ယခု သီတင်းပတ် အစောပိုင်းတွင် Nokia အမှုဆောင် အရာရှိချုပ် Stephen Elop က ကုမ္ပဏီ အခက် အခဲ ကြုံတွေ့ နေရကြောင်း ဝန်ထမ်းများအား သတိပေးစာ ထုတ်ပြန် ခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Daily Times မှ 13 Feb 2011 ရက်စွဲပါ "World wheat trade for 2010-11 Projected down slightly" သတင်းကို ဘာသာ ပြန်ဆိုသည်။)

၂၀၁၀-၂၀၁၁ ကမ္ဘာ့ဂျုံ ကုန်သွယ်ရေး သည် ယခုလတွင် တန်ချိန် ၀.၃ သန်းခန့် အနည်းငယ် ကျဆင်းကာ တန်ချိန် ၁၂၅.၃ သန်းခန့်သို့ ရောက်ရှိဖွယ် ရှိသည်ပာု ခန့်မှန်းရသည်။

          ခန့်မှန်းချက်များ အရ အီးယူ ၂၇ နိုင်ငံ၏ ဂျုံတင်ပို့မှုမှာ တန်ချိန် ၀.၅ သန်း လျှော့ကာ တန်ချိန် ၂၁.၅ သန်းသို့ ကျဆင်းနိုင်သော်လည်း ကနေဒါ၏ ခန့်မှန်း ဂျုံတင်ပို့ တန်ချိန်မှာ ၀.၅ သန်း မြင့်တက်ကာ တန်ချိန် ၁၇.၅ သန်းသို့ ရောက်ရှိ နိုင်သည်ပာု ဆိုသည်။

          ယခုနှစ်တွင် အီးယူ ၂၇ နိုင်ငံအတွက် ဂျုံရောင်းချမှု နှင့် ပို့ကုန် လိုင်စင် ပမာဏများမှာ အမှာစာ ရရှိထားသော်လည်း ပြည်တွင်းဈေးနှုန်းများ တက်လာခဲ့ခြင်းကြောင့် ယခု ဘဏ္ဍာရေးနှစ် နှောင်းပိုင်း ဂျုံတင်ပို့မှု များကို ထိန်းချုပ်ရန် အတွက် ဂျုံရောင်းချမှုများကို တင်းကြပ်ထားခြင်း ဖြစ်သည် ပာု မျှော်လင့်ရသည်။

          ၂ နှစ် ဆက်တိုက် စံချိန်တင် ဂျုံအထွက် တိုးမှုကြောင့် တင်ပို့နိုင်မှု ပမာဏ တိုးမြင့်ခဲ့သော ပါကစ္စတန် နိုင်ငံတွင်လည်း ဂျုံတင်ပို့ကုန် တန်ချိန် ၀.၂ သန်း တိုးကာ တန်ချိန်၁.၀ သန်းသို့ပင် ရောက်ရှိခဲ့သည့် ပါကစ္စတန်၏ ဂျုံတင်ပို့မှုသည် တန်ချိန် ၂.၃ သန်းသို့ပင် ရောက်ရှိနိုင်ကြောင်း တာဝန် ရှိသူများက ခန့်မှန်းခဲ့ကြသည်။သို့ရာတွင် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံသို့ ရောင်းချမှုများကို အတည်ပြုပြီး သွားသော်လည်း မေ-ဧပြီ ပြည်တွင်း ကုန်သွယ်ရေး နှစ်အတွက် ဂျုံတင်ပို့မှု ပမာဏမှာ တန်ချိန် ၀.၇ သန်းသာ ခန့်မှန်း နိုင်ပြီး ဇူလိုင်-ဇွန် ကမ္ဘာလုံး ကုန်သွယ်ရေးနှစ် အတွက် တန်ချိန် ၁ သန်း သာလျှင် ခန့်မှန်း ရောက်ရှိနိုင်သည်ပာု အစီရင်ခံစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP  သတင်းဌာနမှ 11 February 2011 ရက်စွဲပါ "Egypt Revolt Set to Flare as Mubarak Clings to Power" ကို ဘာသာ ပြန်ဆိုသည်)

ဒေါသ ထွက်နေသော အီဂျစ် ဆန္ဒပြသူများက သမ္မတ ဟော့စနီ မူဘာရက်နှင့် ၎င်း အသစ် ရွေးထားသော ဒုတိယ သမ္မတတို့ အမြန်ဆုံး နုတ်ထွက်ရေးကို တောင်းဆိုရန် အတွက် ကိုင်ရိုတွင် ပြုလုပ် ခဲ့သမျှအနက် အကြီးကျယ်ဆုံး ဆန္ဒပြပွဲကြီးကို သောကြာနေ့တွင် ပြုလုပ်ရန် သံန္နိဋ္ဌာန် ချထားကြသည်။

ထောင်ပေါင်းများစွာသော အီဂျစ် ပြည်သူများသည် အသက် ၈၂ အရွယ် အမှည့်လွန် အာဏာရှင် နုတ်ထွက်သည့် သတင်းကို နားထောင်ရန် မျှော်လင့်ချက်ဖြင့် ကြာသပတေးနေ့ ညပိုင်းတွင် မြို့တော် အလယ် ဗဟို တာရစ် ရင်ပြင်သို့ ဦးတည် ရွေ့လျားလျက် ရှိသည်။ သို့သော်လည်း ပြည်သူများ ကြားလိုသည့် သတင်းအစား မူဘာရက်က သမ္မတ အာဏာကို ဒုတိယ သမ္မတ အိုမာ ဆူလေမန်ထံ လွှဲပြောင်း ပေးခဲ့သည်ဟုသာ ကြေညာခဲ့သည်။

ဟော့စနီ မူဘာရက်က သူသည် စက်တင်ဘာလ အထိ အမည်ခံ ခေါင်းဆောင် အဖြစ် ရှိနေဦးမည် ဖြစ်ကြောင်းနှင့် ပြည်ပတွင် နေထိုင်ရသည်ထက် အီဂျစ် ပြည်တွင်း၌သာ ဘဝကို ကုန်ဆုံးကာ တစ်ချိန်ချိန်တွင် ခေါင်းချရန် သံန္နိဋ္ဌာန် ချထားကြောင်း ပြောကြား ခဲ့သည့် အတွက် ဆန္ဒပြ ပြည်သူများကို ဒေါသ ထွက်စေခဲ့သည်။

ဒေါသထွက်၍ စိတ်ပျက်သွားသော ပြည်သူတို့၏ တုံ့ပြန်မှုမှာ တမုဟုတ်ချင်း လျှင်မြန်လှသည်။ အာဏာရှင် နုတ်ထွက်ပေးရန် တောင်းဆိုနေသည့် ပြည်လုံးကျွတ် ကြီးမားသော ဆန္ဒပြပွဲများ၏ ၁၇ ရက်မြောက် နေ့အဖြစ် ကိုင်ရို မြို့လယ် တာရစ် ရင်ပြင် ပြည့်လျှံသွားသည် အထိ စုဝေး ခဲ့ကြသည့် ပြည်သူ ၂ သိန်းကျော် အကြားမှ "မူဘာရက် ချက်ချင်း ဆင်းပေး" ဟူသော ကြွေးကြော်သံ များ၏ အောက်တွင် မူဘာရက်၏ ရုပ်သံ မိန့်ခွန်း တိမ်မြုပ်သွားခဲ့သည်။

မြောက်မြားစွာသော ဆန္ဒပြသူများက ချက်ချင်းပသ် အထွေထွေ သပိတ်မှောက်ရန် တောင်းဆို ခဲ့ကြပြီး တာရစ် ရင်ပြင် ပတ်လည်တွင် တင့်ကားများ၊ တပ်ဖွဲ့ဝင် များစွာဖြင့် တပ်စွဲထားသည့် စစ်တပ်ကိုလည်း "အာဏာရှင် အတွက်လား၊ ပြည်သူ့ အတွက်လား၊ အီဂျစ် တပ်မတော် အခု ရွေးချယ်ပါ" ဟု စိတ်ဆိုးမာန်ဆိုး တောင်းဆိုခဲ့ကြသည်။

အာဏာ ပလ္လင်ကို တွယ်ဖက် ထားသည့် အာဏာရှင်၏ မိန့်ခွန်း အပြီးတွင် ကြီးမားသော လူအုပ်ကြီး စတင် လူစု ကွဲသွားသော်လည်း "မုန်တိုင်း ဆင်မည့် နေ့" ဟု ကြေညာထားပြီး ဖြစ်သည့် ဆန္ဒပြ ချီတက်ပွဲကြီး အတွက် သောကြာနေ့တွင် ပြန်လာကြရန် အများစုက ကတိ ပြုခဲ့ကြသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.