Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆက်လက် ထားရှိရေး အတွက် အနောက် နိုင်ငံများအား ဆက်လက် တိုက်တွန်းမည် သို့မဟုတ် ကန့်ကွက်မည် ဟူသည့် အရေးကိစ္စ တို့နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ ကစဥ့်ကလျား ဖြစ်နေကြပုံ ရကြောင်း Asian Correspondent က ရေးသား ဖော်ပြသည်။

မြန်မာနိုင်ငံတွင် နည်းပညာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ဒါဗို့စ်တွင် ကျင်းပ ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ် အဖွဲ့ဝင်များအား တိုက်တွန်း ပြောကြားလိုက်ရာ မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများ အလွန်အမင်း အံ့အား သင့်ခဲ့ကြရသည်။ မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တိတ်ခွေဖြင့် အသံသွင်းကာ ပေးပို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဖိုရမ်သို့ တက်ရောက်သော အနောက်ကမ္ဘာမှ စီးပွားရေး ခေါင်းဆောင်ကြီးများ ထံသို့ ပေးပို့သော အဆိုပါ တိတ်ခွေထဲတွင် ဒေါ်အောင်ဆန်းစုကြည်က "မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း" အကြံပေး ပြောဆိုသည်။ အလုပ်သမားများ အခွင့်အရေး၊ လူမှု အခွင့်အရေးများနှင့် သဘာဝ ပတ်ဝန်းကျင် အရေးကိစ္စများကို ထည့်သွင်း စဉ်းစား သင့်ကြောင်းလည်း ပြောဆိုသည်။

မည်သို့ပင်ဆိုစေ နာမည်ကျော် Financial Times သတင်းစာက ပြုလုပ်သော အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေး ပိတ်ဆို့အရေးယူမှု ဟူသော အရေးကိစ္စ ဟူသည့် ခြံစည်းရိုးပေါ်၌ ခွထိုင်ခဲ့သည့် သဘောမျိုးဖြင့် ပြောဆိုခဲ့သည်ကို တွေ့ရသည်။ အင်တာဗျူးတွင် သူမက ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကို အားပေး အားမြှောက် ပြုလုပ်ခဲ့သော်လည်း မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အကျိုးအမြတ် မဖြစ်ထွန်းမှသာ လက်သင့် ခံနိုင်မည် ဟူသည့် သဘောမျိုး ပြောဆိုခဲ့သည်။

မည်သည့် ဟိုတယ်ကြီးများကို မည်သူ မည်ဝါက ပိုင်ဆိုင်သည်၊ တက္ကစီ အပါအဝင် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို မည်သူ မည်ဝါတွေ လုပ်ကိုင်နေသည် ဟူသော အချက်ကို သိသူ နိုင်ငံခြားသား (Tourist) အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။

ဒါဗို့စ် ဖိုရမ်သို့ ပေးပို့သော တိတ်ခွေထဲမှ မိန့်ခွန်းကို နားထောင်ပါက စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပိတ်ပင် အရေးယူမှုများ ပြုလုပ်ရန် နှစ်ပေါင်းများစွာ မရမက တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမျိုး လုံးဝ မတွေ့ရှိ ရတော့ပေ။ ဒါဗို့စ်သို့ ပေးပို့သော တိတ်ခွေ ထွက်ပေါ်လာပြီးနောက် မြန်မာပြည်ပြေး မီဒီယာများ ဖြစ်သော ဧရာဝတီနှင့် ဒီဗီဘီ သတင်းဌာနတို့၌ သူမကို ဝေဖန် ရေးသားသည့် ဆောင်းပါးများ ထွက်ပေါ်လာခဲ့သည်။

အနောက်နိုင်ငံ အစိုးရများသည် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကြောင့် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်း အပါအဝင် သိသာ ထင်ရှားသော စီးပွားရေး အကျိုးစီးပွားများ ရှိသော နိုင်ငံများ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်လိုမှု လျော့ကျသွားနိုင်ခြင်း ရှိ၊မရှိ ဟူသော ကိစ္စအတွက် ကာလ ကြာရှည်စွာ ဒွိဟ ဖြစ်ကြသည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်က ၎င်းတို့အပေါ် ထောက်ခံမှု ပြုနေသေး သရွေ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ စွန့်လွှတ်မည့် ကိစ္စကို မလိုလားခဲ့ကြပေ။

သို့သော် ယခုအခါ ဒေါ်အောင်ဆန်း စုကြည်ရော သူမ၏ NLD ပါတီပါ ရပ်တည်ချက် ပြောင်းလဲ သွားပြီလော ဟူသည်မှာလည်း မေးစရာ ဖြစ်နေသည်။ ဒါဗို့စ်ဖိုရမ် ကျင်းပ ပြီးဆုံးပြီး နောက်ပိုင်း ဧရာဝတီက NLD သတင်း ရင်းမြစ်များကို ကိုးကား ဖော်ပြရာ၌ ဒေါ်အောင်ဆန်း စုကြည်သည် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆက်လက် ထားရှိ စေလိုသည်ဟု သိရသည်။ သို့သော် တစ်ဖက်တွင် NLD သည် အနာဂတ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများနှင့် ပတ်သက်၍ အနောက်နိုင်ငံ အစိုးရများနှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း သတင်း ပေးပို့ချက်များ အရ သိရသည်။

Asia Sentinel မှ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(China Daily မှ 16 February 2011 ရက်စွဲပါ "Myanmar Official Media Demands Sanctions Lift" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားသော အမေရိကန် ဦးဆောင်သည့် အနောက် နိုင်ငံ များ၏ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုများ အစီအစဉ်များ ရုတ်သိမ်း ပေးရန် မြန်မာ အစိုးရ အာဘော် New Light of Myanmar အင်္ဂလိပ် ဘာသာ သတင်းစာက ဗုဒ္ဓဟူးနေ့တွင် တောင်းဆို လိုက်သည်။

အရေးယူ ပိတ်ဆို့မှုများသည် စစ်ဖက် အုပ်ချုပ်သူ များကိုသာ ထိခိုက် စေပြီး ပြည်သူများကို မထိခိုက်ကြောင်း လတ်တလော ကြေညာချက် ထုတ်ပြန် စောဒက တက်ထားသည့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော NLD ပါတီ ကိုလည်း သတင်းစာပါ ဆောင်းပါးတွင် ပြစ်တင် ဝေဖန် ထားသည်။ အရေးယူ ဒဏ်ခတ်မှု အစီအစဉ် များသည် မြန်မာ နိုင်ငံ စီးပွားရေး အပေါ် သက်ရောက်မှု ရှိခဲ့သော်လည်း ကိုယ်ပိုင် လမ်းစဉ်ဖြင့် ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်မည့် နိုင်ငံတော်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲမည် မဟုတ်ဘဲ အနောက် နိုင်ငံများ မျှော်လင့် ထားသည့် ရလဒ်ကို လုံးဝ ရရှိ လိမ့်မည် မဟုတ်ကြောင်း အဆိုပါ ဆောင်းပါးတွင် ဖော်ပြ ထားသည်။

အစိုးရ အာဘော် ဆောင်းပါးတွင် မြန်မာ နိုင်ငံက နိုင်ငံ တကာ လုံခြုံရေးကို ခြိမ်းခြောက် နေသည် ဟူသော အမေရိကန် ပြည်ထောင်စု၏ စွပ်စွဲချက် ကိုလည်း ငြင်းဆို ထားပြီး မြန်မာ နိုင်ငံတွင် ထိုသို့ ပြုလုပ်ရန် ရည်ရွယ်ချက်နှင့် စွမ်းပကား မရှိဟု ရေးသား ထားသည်။

မြန်မာ အစိုးရသည် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် "မိမိကိုယ်ကိုသာ အားထားရာ" ဝါဒကို အခြေခံကာ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်ဟုလည်း ဆောင်းပါးရှင်က ဆိုသည်။

အဆင့် ၇ ဆင့် ဒီမိုကရေစီ လမ်းညွှန် မြေပုံ အရ ပြုလုပ် ခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများ အပြီးတွင် မြန်မာ နိုင်ငံသည် ခေတ်သစ် တစ်ခုသို့ ရောက်ရှိ ခဲ့ပြီး အရပ်ဖက် အစိုးရသစ် ပေါ်ထွက် လာတော့မည်ဟု အစိုးရ အာဘော် ဖြစ်သော ယင်းဆောင်းပါးတွင် ရေးသား ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Strait Times မှ 16 Feb 2011 ရက်စွဲပါ "China rice laced with heavy metals from pollution" ကို ဘာသာ ပြန်ဆိုသည်။)

တရုတ် နိုင်ငံတွင် စိုက်ပျိုးသော ဆန်စပါး၏ ၁၀ ရာခိုင်နှုန်းခန့်မှာ နိုင်ငံအတွင် လျင်မြန်စွာ စက်မှု ကဏ္ဍ ဖွံ့ဖြိုးမှုနှင့် ဆက်စပ်နေသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှု၏ ရလဒ်အဖြစ် ဘေးဥပါဒ် ဖြစ်စေသော သတ္တုဓါတ်များ ရောနှောပါဝင် နေသည်ဟု သတင်း အစီရင်ခံစာ တစ်စောင်က ဖော်ပြသည်။

တရုတ်ဆန် အများစုတွင် Cadmium ကဲ့သို့သော ဘေးဖြစ် စေသည့် သတ္တုဓါတ်များ စိမ့်ဝင် ရောနှောနေသည်မှာ နှစ်ပေါင်း အတော်ကြာပြီ ဖြစ်သော်လည်း အန္တရာယ်ကို မီးမောင်း ထိုးပြမှု အနည်းငယ်သာ ရှိခဲ့ကြောင်း ညွှန်ပြထားသည့် လေ့လာမှု အစီရင်ခံစာများကို ကိုးကားကာ ယခု တစ်ပတ်ထုတ် New Century မဂ္ဂဇင်းက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ လျင်မြန်လွန်းသော စက်မှု ဖွံ့ဖြိုးရေး ကာလ အတွင်း နေရာ တကာတွင် သတ္ထု တူးဖော်ရေး ကဲ့သို့သော လုပ်ငန်းများက Cadmiun (ကက်မီယံ)၊ Arsenic (အာဆင်းနစ်) နှင့် Mercury (ပြဒါး) စသော ဘေးဖြစ်စေသည့် ဓာတု ပစ္စည်းများကို ပတ်ဝန်းကျင် ညစ်ညမ်းအောင် စွန့်ထုတ် နေကြသည်ဟု အဆိုပါ သတင်းက ဆိုသည်။

" ဒီလို ဘေးဖြစ်စေတဲ့ သတ္ထုဓါတ်တွေဟာ လေထုနဲ့ ရေကတဆင့် ပျံ့နှံ့သွားပြီး ကျယ်ပြန့်တဲ့ တရုတ် မြေလွှာတွေကို ညစ်ညမ်းစေတဲ့ အတွက် စားနပ်ရိက္ခာ ညစ်ညမ်းမှု ဖြစ်စဉ် ဖြစ်ပွားနေခဲ့တာ အတော် ကြာပါပြီ" ဟု သတင်းတွင် ဖော်ပြထားသည်။

အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် အရိုးဆိုင်ရာ ရောဂါ ဝေဒနာများ ပိုများလာမှု ကဲ့သို့သော ကျန်းမာရေး ပြဿနာများ ပေါ်ပေါက်နေသည့် တရုတ်ပြည် တောင်ပိုင်း စက်မှုဇုန်များနှင့် သတ္ထုတွင်းများ အနီးမှ ကျေးရွာ မြောက်များစွာကို ၂၀၀၇ ခုနှစ်က လေ့လာခဲ့ပြီး နောက်ပိုင်း ပေါ်ထွက်လာသည့် ပညာရပ် ဆိုင်ရာ အစီရင်ခံစာများကို ကိုးကား၍ အဆိုပါ သတင်းကို ရေးသား ဖော်ပြခြင်း ဖြစ်သည်။

အထူးသဖြင့် ခဲ၊ သံဖြူ၊ ကြေးနီ သတ္ထုတွင်းများ အနီးတဝိုက်ရှိ ချောင်း၊ မြောင်းများမှ သွယ်ယူ အသုံးပြုသော ရေတွင်းများတွင် စိမ့်ဝင်နေသည့် ကက်မီယမ် သတ္တုဓါတ်ကို စုပ်ယူရာတွင် ဆန်စပါးသည် အခြား ကောက်ပဲ သီးနှံများထက် စုပ်ယူမှုအား ပို၍ ကောင်းသည် ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 16 February 2011 ရက်စွဲပါ "Top US Senator Deeply Concerned For Suu Kyi's Safety" ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ထိပ်တန်း ရီပတ်ဘလစ်ကန် အထက် လွှတ်တော် အမတ် Mitch McConnell က မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် စကား ပြောဆို ခဲ့ကြောင်းနှင့် သူမ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး အလွန် အမင်း စိုးရိမ် ပူပန် မိကြောင်း အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

"သူမနဲ့ သူမရဲ့ NLD ပါတီ လုပ်ဖော် ကိုင်ဖက် တွေရဲ့ ရှင်သန် ရပ်တည်မှု အပေါ် မြန်မာ အစိုးရက လတ်တလော ခြိမ်းခြောက်ခဲ့မှု တွေနဲ့ ပတ်သက်ပြီး ကျွန်တော် အလွန်အမင်း စိုးရိမ် ပူပန် မိပါတယ်" ဟု ထုတ်ဖော် ပြောဆို လိုက်သူ Mitch McConnell သည် မြန်မာ စစ်ဖက် အုပ်ချုပ်သူများကို မကြာခဏ ပြင်းပြင်း ထန်ထန် ဝေဖန်သူ တစ်ဦး ဖြစ်သည်။

"ဒီလို တုန်လှုပ်စရာ ကောင်းတဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားမှုတွေကို ကမ္ဘာ တလွှားက လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို တန်ဖိုး ထားကြသူ အားလုံးက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချ ရမှာပါ၊ ကျွန်တော်နဲ့ အတူ အထက် လွှတ်တော် ထဲက လုပ်ဖော် ကိုင်ဖက် တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံ ဘေးကင်းမှုနဲ့ မြန်မာ နိုင်ငံက အနေအထားကို အနီးကပ် ဆက်လက် စောင့်ကြည့် သွားမှာပါ" ဟု ယင်းက ပြောကြား ခဲ့သည်။

နိုင်ငံပိုင် သတင်းစာတွင် လတ်တလော ဖော်ပြ ခဲ့သော အစိုးရ အာဘော် ဆောင်းပါးတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် သူမ၏ ပါတီအနေဖြင့် အနောက် နိုင်ငံ အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းရေးကို ဆက်လက် ကန့်ကွက်နေမည် ဆိုပါက ကြေကွဲဖွယ် ဇာတ်သိမ်းနှင့် ကြုံတွေ့ရ လိမ့်မည်ဟု သတိပေး ထားသဖြင့် ကမ္ဘာက အံ့အားသင့် တုန်လှုပ် သွားသည်။

မြန်မာ နိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှု အစီ အစဉ်များသည် အာဏာပိုင် များကို ဖိအား ပေးရာတွင် အထောက် အကူ ရခဲ့ကြောင်းနှင့် တိုင်းပြည်၏ စီးပွားရေး အပေါ် သိသာစွာ သက်ရောက်မှု မရှိကြောင်း NLD ပါတီက လတ်တလော ထုတ်ပြန် ကြေညာခဲ့ပြီးနောက် အစိုးရ၏ ဝေဖန် သတိပေးမှု ပေါ်ထွက် လာခြင်း ဖြစ်သည်။

ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက်ကမ္ဘာက ဝေဖန် ရှုတ်ချခဲ့သော ရွေးကောက်ပွဲများ အပြီး တစ်ပတ်ခန့် အကြာ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာပြီး နောက်ပိုင်း သူမအပေါ် ပထမဆုံး ပွင့်ပွင့်လင်းလင်း ဝေဖန်သည့် အနေနှင့် နိုင်ငံပိုင် သတင်းစာက အထက်ပါ အတိုင်း သတိပေး ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဝေဖန် သတိပေးမှုကို NLD က သတိ ကြီးစွာ ထား၍ တုန့်ပြန် ခဲ့ပြီး Sanction များအပေါ် ပါတီ၏ ကြေညာချက်နှင့် ပတ်သက်ပြီး အာဏာပိုင်များ ထံမှ မည်သည့် တရားဝန် တုန့်ပြန်မှုမျှ မရရှိခဲ့ဟု ပြောကြား ခဲ့သည်။

ဆက်လက်၍ Mitch McConnell က ဒေါ်အောင်ဆန်း စုကြည်သည် စိတ်အား တက်ကြွလျက် ရှိပြီး မြန်မာ ပြည်သူ လူထု အတွက် ခွန်အားပြည့် ခေါင်းဆောင် တစ်ဦး ဖြစ်နေဆဲ ဟု ဆိုသည်။

အထက် လွှတ်တော် အမတ် Mitch McConnell သည် ဒေါ်အောင်ဆန်း စုကြည်နှင့် ပထမဆုံး အကြိမ် တိုက်ရိုက် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု၏ မြန်မာ နိုင်ငံ ဆိုင်ရာ မူဝါဒ၊ မြန်မာ နိုင်ငံ၏ အနာဂတ် အလား အလာ၊ သူမ၏ ပုဂ္ဂလိက လုံခြုံ ဘေးကင်းရေး စသည့် ကိစ္စများကို ပြောဆို ဆွေးနွေး ခဲ့ကြသည်ဟု ယင်း၏ ရုံးမှ ကြေညာချက် ထုတ်ပြန်မှု အရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Asian Age မှ 16 February 2011 ရက်စွဲပါ "129 Myanmar migrants found off Indonesia" သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ ရိုပာင်ဂျာ ရွှေ့ပြောင်း နေထိုင်သူ တစ်ရာကျော်ကို သယ်ဆောင် လာသော သစ်သား စက်လှေ တစ်စီး အင်ဒိုနီးရှား နိုင်ငံ စုမားတြား ကျွန်းအနီး မျှောပါလာသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဗုဒ္ဓပာူးနေ့တွင် ပြောကြားလိုက်သည်။

          မွတ်ဆလင် ဘာသာဝင် ရိုပာင်ဂျာ အမျိုးသား ၁၂၉ ဦးကို ၎င်းတို့၏ စက်လှေ အင်ဂျင် ချို့ယွင်း သွားသဖြင့် သီတင်း ၃ ပတ်ခန့် ပင်လယ်ပြင်၌ မျှောပါနေစဉ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ပာု Aceh ပြည်နယ် ရေပြင် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ အကြီးအကဲ မိုပာာမက် ဇိုင်နီက AFP သတင်း ဋ္ဌာန သို့ ပြောကြားခဲ့သည်။

          "စက်လှေ အင်ဂျင် ပျက်ပြီး မျှောပါနေတဲ့ ရိုပာင်ဂျာ ၁၂၉ ဦးကို အင်ဒိုနီးရှား ရေလုပ်သားတွေက ကယ်ဆယ်ခဲ့တာပါ၊ အခု သူတို့ကို အစား အသောက်တွေ ဝေငှပေးထားပြီး ဆေးကုသ ပေးဖို့ ခေါ်ဆောင်သွားမှာပါ" ပာု ၎င်းက ပြောကြားသည်။

          နောက်ဆက်တွဲ ဆောင်ရွက်ရမည့် ကိစ္စအတွက် လူဝင်မှု ကြီးကြပ်ရေး ဋ္ဌာန၊ အင်ဒိုနီးရှား အစိုးရ၊ International Organization for Miqration စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေပါတယ်" ပာု မိုပာာမက် ဇိုင်နီ က ဆိုသည်။

          များစွာ ဖျော့တော့ အားနည်းနေပုံ ရသော လှေစီး ဒုက္ခသည်များကို အင်္ဂါနေ့က ကယ်တင်ခဲ့ပြီးနောက် ဆူမားတြားကျွန်း မြောက်ဖျားပိုင်းရှိ ပြည်နယ် မြို့တော် ဘင်ဒါအက် အနီးတွင် ယာယီ နေထိုင်ခွင့် ပြုထားသည်ပာု သိရှိရသည်။

          ဒုက္ခသည်များ အနက်မှ ၇ ဦးမှာ ဆေးဝါး ကုသမှု ခံယူနေကြသည်ပာု ဇိုင်နီ က ပြောသည်။

          ဒုက္ခသည်များထဲမှ အသက် ၂၇ နှစ်အရွယ် နူးကလမ်က ၎င်းတို့ အနေဖြင့် မြန်မာပြည် အနောက်ပိုင်း ရခိုင်ပြည်နယ်မှ နေအိမ်များကို စွန့်ခွာလာခဲ့ရခြင်းမှာ မြန်မာစစ်တပ် နှိပ်စက် ညှင်းပန်းခြင်းကို ခံရသောကြောင့် ဖြစ်သည်ပာု ဆိုသည်။

          "ကျွန်တော်တို့ ပင်လယ်ထဲမှာ မျှောနေတာ ရက် ၂၀ လောက် ရှိပါပြီ၊ မြန်မာနိုင်ငံကို စွန့်ခွာလာရတဲ့ အကြောင်း ကတော့ မြန်မာ စစ်တပ်ရဲ့ မညှာမတာ အနိုင်ကျင့်မှုတွေ ကြောင့်ပါ၊ အဲဒီမှာ ရိုပာင်ဂျာ မွတ်ဆလင်တွေ ညှင်းပန်း နှိပ်စက် ခံနေရပါတယ်" ပာု ၎င်းက AFP သို့ ပြောကြားခဲ့သည်။

          "အင်ဒိုနီးရှား၊ မလေးရှား ဒါမှမပာုတ် ကျွန်တော်တို့ကို လိုလို လားလား လက်ခံမယ့် တစ်ခြား နိုင်ငံ တစ်ခုကို ကျွန်တော်တို့ သွားချင်နေတာပါ" ပာု ၎င်းက ဆက်လက် ပြောကြားသည်။

          ရိုပာင်ဂျာ များ၏ နိုင်ငံသား အခွင့်အရေးကို မြန်မာ အစိုးရက ထိထိရောက်ရောက် ပိတ်ပင် ထားသောကြောင့် ခွဲခြား ဆက်ဆံခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများမှသည် နှစ်စဉ် ရာနှင့် ချီ၍ လှေစီး ထွက်ပြေးမှုကြောင့် ဒေသတွင်း လူသားခြင်း စာနာမှု ဆိုင်ရာ ပြသနာများ အထိ ဖြစ်ပေါ်စေခဲ့သည်။    

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းပါလီမန်က ပြန်လည် စိစစ် ရေးဆွဲသည့် ထိုင်းနိုင်ငံသား ဆိုင်ရာ ဥပဒေကြောင့် ထိုင်း-မြန်မာနယ်စပ် ဒေသ တစ်လျှောက်တွင် နေထိုင်လျက် ရှိသော နိုင်ငံမဲ့ ပြည်သူ နှစ်သောင်းကျော်ခန့် ထိုင်းနိုင်ငံသား အဖြစ် ခံယူနိုင်မည့် အခွင့်အရေး ရရှိနိုင်တော့မည် ဖြစ်သည်။

အဆိုပါ ဥပဒေ ပြုပြင် ပြောင်းလဲမှုက ယခင် တစ်ချိန်က ဗြိတိသျှ ကိုလိုနီတို့ သိမ်းပိုက်ခဲ့ပြီး ယခုအခါ မြန်မာ နိုင်ငံပိုင် နယ်နိမိတ် ဖြစ်သော ထားဝယ်၊ မြဝတီ နှင့် တနင်္သာရီ ဒေသတို့တွင် နေထိုင်သော ထိုင်းလူမျိုးများ အတွက်လည်း အကျိုးအမြတ် ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ဒုက္ခသည်များ ဆိုင်ရာ ထိုင်းကော်မတီမှ အမှုဆောင် ဒါရိုက်တာ Veerawit Tianchainan က IRIN သို့ ပြောကြားသည်။

"အဲဒီလို ရွှေ့ပြောင်း နေထိုင်ခဲ့ကြတဲ့ ထိုင်းလူမျိုးတွေဟာ ထိုင်းနိုင်ငံထဲကို ပြန်လည် ဝင်ရောက်လာတာ နှစ်တော်တော် ကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ သူတို့ဟာ နိုင်ငံမဲ့ ပြည်သူတွေ အဖြစ် နေထိုင်ခဲ့ကြရတယ်" ဟု ၎င်းက ဆိုသည်။ ယင်းသို့ နိုင်ငံမဲ့ ပြည်သူအဖြစ် နေထိုင်ရာတွင် ထိုင်းနိုင်ငံသားများ ရရှိသော ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာ သင်ကြားခွင့် ရရှိမှု အပါအဝင် အခြားသော လူမှု ဖူလုံရေး ဆိုင်ရာ အခွင့်အရေးများ မရရှိခဲ့ကြ ကြောင်းလည်း ရှင်းပြသည်။ နိုင်ငံသား မဟုတ်သည့် အတွက် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်လည်း မရရှိကြပေ။ မစ္စတာ Veerawit Tianchainan အဆိုအရ အဆိုပါ နိုင်ငံမဲ့ပြည်သူများ ထိုင်းနိုင်ငံသား အဖြစ် ခံယူနိုင်ရေး အတွက်  ၁၉၉၀ ပြည့်နှစ်များကပင်  ကြိုးပမ်းလာခဲ့ကြခြင်း ဖြစ်သည်။

"အစိုးရက အဲဒီ ပြဿနာအတွက် အဖြေရှာမှ ဖြစ်မယ်ဆိုတဲ့ အချက်ကို ကောင်းကောင်း သိသွားပြီ။ အဲဒါကြောင့် ဥပဒေ ပြင်ဆင် ရေးဆွဲပြီး ပြဿနာကို ရှင်းဖို့ ကြိုးစားတာ ဖြစ်ပါတယ်" ဟု အာရှ ပစိဖိတ် ဒေသဆိုင်ရာ ဒုက္ခသည်များ ကွန်ယက် (APRRN) မှ Coordinator ဖြစ်သူ Anoop Sukumaran က ဆိုသည်။

မည်သို့ပင်ဆိုစေ ပြင်ဆင် ရေးဆွဲမည့် အဆိုပါ ဥပဒေသည် ထိုင်း-မြန်မာ နယ်စပ် ဒေသတွင် ရွှေ့ပြောင်း နေထိုင်ကြသော ထိုင်းလူမျိုးများ အပေါ်သာ အကျိုးသက်ရောက်မှု ရှိမည် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံမဲ့ ပြည်သူအဖြစ် နေထိုင်သူ ဦးရေ ခန့်မှန်းခြေ ၃ ဒဿမ ၅ သန်းခန့် ရှိရာ အဆိုပါ ပမာဏတွင် ထိုင်း မြောက်ပိုင်း တောင်ကုန်း ဒေသများတွင် အန်ကာ၊ လာနူ၊ လီဆူး၊ ယာအို၊ ရှမ်း၊ မွန်၊ နှင့် ကရင် တိုင်းရင်းသားများ စုစုပေါင်း နှစ်သန်းခန့်လည်း ပါဝင်သည်။

"အခု ဥပဒေက ထိုင်းလူမျိုး တိုင်းရင်းသား လူနည်းစုတွေရဲ့ ပြဿနာ အတွက်ပဲ အကျိုး သက်ရောက်မှု ရှိမှာပါ။ တခြား နိုင်ငံမဲ့ ပြည်သူတွေ အပေါ်မှာတော့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး" ဟု ယူနက်စကို အဖွဲ့မှ Coordinator တစ်ဦး ဖြစ်သူ David Feingold က ပြောကြားသည်။

IRIN မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Top Up refill ကဒ်ဖြင့် အင်တာနက် အသုံးပြုခ နှုတ်ယူမှုတွင် မှားယွင်းမှုများရှိ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၆

CDMA 800 MHz ဖုန်းများတွင်သာ အသုံးပြုနိုင်သော အင်တာနက် သုံးစွဲခသည် တစ်မိနစ် ၄ ကျပ်ဟုသက်မှတ် ထားသော်လည်း ယင်းထက် ပိုမို ကုန်ကျနေကြောင်း အင်တာနက် သုံးစွဲသူများထံမှ သိရသည်။

"တစ်မိနစ် ၄ ကျပ်ဆိုတော့ တန်တာပေါ့ ဆိုင်မှာသွားသုံးရင် တစ်နာရီကို ၃၀၀၊ မီးပြတ်ရင် ၄၀၀ ပေးရတယ်။ ဖုန်းနဲ့လည်း သုံးလို့ရတယ်ဆိုတော့ဗျာ ပျော်ပြီးတော့ ဝယ်လိုက်တာ အခုတော့ ဆိုင်မှာသွားသုံးတာကတောင် တန်ဦးမယ်။ အခုဆို တစ်နာရီကို ၅၀၀ လောက်ကျတယ်"ဟု အသက် ၂၁ အရွယ်ရှိ ယင်းဖုန်းဖြင့် အင်တာနက်သုံးသူ လှုငယ်တစ်ဦးက ဆိုသည်။

ကွန်ပျူတာဖြင့် ချိတ်ဆက် အသုံးပြုမည်ဆိုပါက EVDO Wireless Modem တစ်ခုကို ထပ်မံဝယ်ယူရပြီး မြန့်မာ့ ဆက်သွယ်ရေး ရုံးချုပ်(အလုံ)တွင် ကျပ်ငွေ လေးသောင်းခွဲ ဖြင့် ရောင်းချကြောင်းသိရသည်။

အင်တာနက်၏ မြန်နှုန်းမှာ 3Mbps ဖြစ်သည်ဟုဆိုသော်လည်း လက်တွေ့တွင် ၄င်းModem ဖြင့်အသုံးပြုပါက ယင်းမြန်နှုန်းအတိုင်း မရရှိကြောင်း သုံးစွဲနေသူ လူငယ်အများစုထံမှ သိရသည်။

"သူတို့ ပေးတဲ့ အင်တာနက် Speed ကတော့မြန်ပါတယ်။ ဒါပေမဲ့ Modem မှာပြသာနာရှိတယ်။ Modem က လက်ခံနိုင်တဲ့ Maximum Speed က 1Mbps တောင်မပြည့်ဘူး။ ဒါကြောင့် ကျွန်တော့်ဆို ဆိုင်မှာ လာဝယ်တဲ့ Customer တွေက အဲဒီ Modemကို ခဏခဏ Complain တက်တယ်။ ကျွန်တော်တို့ဆိုင်က တော့မရောင်းတော့ဘူး၊လာဝယ်ရင် လည်း အလုံကိုပဲ ညွှန်ပေးလိုက်တယ်"ဟု လှည်းတန်းအနီးရှိ Mobile ဖုန်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ဆိုသည်။

ယခုနှစ် ဇန်န၀ါရီ ဒုတိယပတ်မှ စတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဌားယမ်းသုံးစွဲခွင့်ပေးထားသော EVDO (Data Service)တွင် အင်တာနက်သုံးစွဲခကို Bill ဖြင့်ပေးဆောင်ရန်မလိုပဲ Top Up refill ကဒ်မှ သုံးစွဲသည့် ကြာချိန်ပေါ် တွင် မှုတည် မိနစ်အလိုက် နှုတ်ယူ သွားမည်ဟုသတင်းထုတ်ပြန်ထားသည်။

The CJs News



ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အမြင့်ဆုံးသို့ ရောက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၁၆

ရင်းနှီးမြှုပ်နှံသူများသည် အိမ်ခြံမြေဘက်သို့ ဦးတည်လာသောကြောင့် ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

ပို့ကုန်တွက်ချေကိုက်မှု နည်းပါးခြင်း၊ ငွေမာဈေးများနှင့်ပြည်ပပို့ ကုန်မှရငွေ (earning) ဈေးများ ဆက်တိုက်ကျ ဆင်းနေခြင်းမှုကြောင့် ပို့ကုန်လုပ်ငန်းတွင် အမြတ်အစွန်းရရှိမှု နည်းပါးလာခြင်းနှင့်အတူ အခြားတစ်ဖက်တွင်လည်း ယခင်က ပြည်တွင်းရှိ လုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီး မြှုပ်နှံတတ်သော ကားဈေးကွက်မှာလည်း အကျဘက်သို့သာ ဦးတည်နေသောကြောင့် ရင်းနှီးမြှုပ်နှံသူများ အိမ်ခြံမြေကိုသာ ပို၍စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စက်မှုဇုန်ရှိမြေကွက်မှာလည်း သိသိသာသာမြင့်တက် နေပြီး လွန်ခဲ့သောသုံးနှစ်ဝန်းကျင်ကာလနှင့် နှိုင်းယှဉ်ပါက ၈၅ ရာခိုင် နှုန်းမှ ၁၀၀ ရာခိုင်နှုန်းကြား မြင့်တက်သွားကြောင်း နှင့် ယခင်က ရွှေလင်ပန်းစက်မှုဇုန်၌ တစ်ဧကလျှင် ကျပ်သိန်း ၄၅၀ ဝန်းကျင်ရှိသောမြေကွက်မှာ ယခုအခါ ကျပ်သိန်း ၇၅၀ ဝန်းကျင်ရှိနေပြီး မင်္ဂလာဒုံစက်မှုဇုန်ရှိ တစ်ဧကလျှင် သိန်း ၂၅၀ ဝန်းကျင်ရှိသောမြေကွက်မှာ ယခု ကျပ်သိန်း ၆၀၀ဝန်းကျင် ရှိနေကြောင်းနှင့် ဒဂုံဆိပ်ကမ်းတွင်မူ တစ်ဧကလျှင် ကျပ်သိန်း ၃၅၀ ဝန်းကျင်မှ ကျပ်သိန်း ၆၀၀ ဝန်းကျင်အထိလည်း ကောင်း၊ ဒဂုံအရှေ့ပိုင်းစက်မှုဇုန်တွင်မူ ကျပ်သိန်း ၂၂၀ ဝန်းကျင်မှသိန်း ၆၀၀ အထိလည်းကောင်း ဈေးမြင့်တက်လာ ကြောင်း သိရသည်။

Ref; Internet News


(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး အမတ်အဖြစ်မှနှုတ်ထွက်

ရန်ကုန် ဖေဖော်ဝါရီ ၁၆

တံတားဦးမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တက်ရောက်သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင် အေးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က လွှတ်တော်အမတ်အဖြစ်မှ နှုတ်ထွက်သွားခဲ့ကြောင်းသိရသည်။

ဦးတင်အေး လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်သွားခဲ့ကြောင်းကို ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဌဖြစ်သူ ဦးခင်အောင်မြင့်က ဖတ်ကြားသွားခဲ့ကြောင်း အမတ်တစ်ဦးက ရှင်းပြသည်။

ဦးတင်အေးသည် စစ်တက္ကသိုလ်ဗိုလ်လောင်းအပတ်စဉ်(၉)မှ ဆင်းသည့်သူတစ်ဦးဖြစ်ပြီး တနင်္သာရီ တောင်ပိုင်း တိုင်းစစ်ဌာချုပ်မှုး၊ စစ်လက်နက်ထုတ်လုပ်ရေးအရာရှိချုပ်စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့ပြင် မြောက်ကိုရီး ယားနှင့်စစ်ရေးပူးပေါင်းမှုတွင် အဓိကကျသည့်ပုဂ္ဂိုလ်ဖြစ်ကာ မြန်မာ့တပ်မတော်၏ လက်နက်ဝယ်ရေးယူအပိုင်းတွင် အဓိက ကျသည့်ဆုံးဖြတ်ချက်များကို ချမှတ်ရသူ လည်းဖြစ်လာခဲ့သည်။

ဦးတင်အေးသည် တပ်မတော်ပို်င်စီးပွားရေးဖြစ်သည့် ဦးပိုင်လီမိတက်ကို ဦးဆောင်ကာ မြန်မာဘီယာ၊ တိုက်ဂါး ဘီယာ၊ ရမ္မာမော် တော် ကားစက်ရုံ၊ ရူဘီမတ် ကုန်တိုက်၊ မြန်မာတံဆိပ် အထည်ချုပ်စက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ ကြယ်ငါးပွင့် သင်္ဘောလိုင်း၊ ပါရမီ ကားလိုင်း၊ မြောက်ကိုရီးယား နိုင်ငံသို့ ဆန်တင်ပို့ခြင်း စသည့်လုပ်ငန်းများကို ကြိုးကိုင်ခဲ့သူအဖြစ် လူသိများသည်။

ပြီးခဲ့သည့်နှစ်က တံတားဦးမြို့နယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ရန် တပ်မ တော်မှ အငြိမ်းစားယူခဲ့ပြီး ဦးပိုင်ကုမ္ပဏီလိမိတက်ကို ဗိုလ်ချုပ်ခင်ဇော်ဦးကို လွှဲပြောင်းပေးခဲ့ကာ ၎င်းကနောက်ကွယ်မှ ဆက်လက်ကြိုးကိုင်ညွှန်ကြားခဲ့သည်။

ယခုကဲ့သို့ ဦးတင်အေးနှုတ်ထွက်သွားခြင်းအပေါ် စစ်တပ်အသိုင်းအဝိုင်းက ဦးတင်အေးသည် အစိုးရသစ်တွင် အာဏာခွဲဝေမှုကို မကျေနပ်သဖြင့်နှုတ်ထွက်သွားသည်ဟု ပြောကြားနေကြသည်။

လွှတ်တော်ကိုယ်စားလှယ်များကမူ ဦးတင်အေးနှုတ်ထွက်သွားခြင်းသည် အရေးကြီးရာထူးတစ်ခုခုကို ရယူရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်လိမ့်မည်ဟု ပြောကြားနေကြသည်။ တစ်ဆက်တည်းမှာပင် ဦးတင်အေးမှာ ခက်ထန်မောက်မာသူ ဖြစ်သဖြင့် အစိုးရအဖွဲ့တွင် ရာထူးကြီးကြီးရယူသွားမည်ကို စိုးရိမ်လျှက်ရှိနေကြကြောင်းလည်းသိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က နေပြည်တော် ဆာဖာရီဥယျာဉ်ကို ဦးတင်အေး သွားရောက်ဖွင့်လှစ်ပေးခဲ့ရာ အစိုးရပိုင် သတင်းစာများ၌ ၎င်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟု သုံးနှုန်းထားကြောင်း တွေ့ရသည်။

Ref; Internet News


--------------------------------------------------------------------------------------------------------------------------------

ရပ်ကွက်၊ ကျေးရွာ အဆင့်အုပ်ချုပ်ရေးပြင်ဆင်ဖွဲ့စည်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆။

ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် အစိုးရသစ်နှင့်အတူ ရပ်ကွက်၊ ကျေးရွာ အဆင့်အုပ်ချုပ်ရေး ယန္တယား အဆင့်ဆင့်ကို ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်အုပ်ချုပ်ရေးတွင် ပြည်ခိုင်ဖြိုးပါတီဝင်များအုပ်ချုပ်ခဲ့ရာမှ ဖေဖော်ဝါလ ၁၅ ရက် နေ့မှစ၍ ပါတီ၌သာတာဝန် ထမ်းဆောင်ရတော့မည်ဖြစ်ကြောင်းသိရသည်။

" ရယက အုပ်ချုပ်ရေးက ဟိုးအရင်ကလို သူကြီးပုံစံမျိုးနဲ့အုပ်ချုပ်သွားလိမ့်မယ်" ဟု တွံ့တေးမြို့မှ ရယကအဖွဲ့ ဝင်ဟောင်းတစ်ဦးက ဆိုသည်။ တွံ့တေးမြို့၊ကွမ်းခြုံကုန်းနှင့် ဒလတို့တွင် မယက၊ရယက တို့တွင်တာဝန်ထမ်းဆောင် နေသည့် ပြည်ခိုင်ဖြိုးပါတီဝင်များသည် ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ရာထူးမှနှုတ်ထွက်သွားကြပြီဖြစ်ကြောင်း တွံ့တေးမြို့ နယ်မှဒေသခံတစ်ဦးကပြောသည်။

 "ကျွန်တော်တို့ဆီမှာတော့ မပြောင်းသေးဘူး။ဘယ်တော့လာမယ်ဆိုတာလဲ မသိရသေးဘူး။" ဟု သံလျင်မြို့ခံ တစ်ဦးကဆိုသည်။ ယင်းသို့ပြောင်းလဲအုပ်ချုပ်မှုကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃၆မြို့တွင် စတင်ပြောင်းလဲ သွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်အဆင့်ဆင့်နှင့်ရပ်ကွက်အဆင့်ဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက် စေရမည်၊ ရပ်ကွက် သို့မပာုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရပ်ကွက်၊ ကျေးရွာလူကြီးများသည် ကျန်းမာသန်စွမ်း၍ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ရပ်ကျိုးရွာကျိုးသယ်ပိုးနိုင်မည့် လူများဖြစ်ရမည်ဖြစ်ကြောင်း၊ ပညာအရည်အချင်းပြည့်ဝ ရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်စီးပွားရေးခိုင်မာကာ ရပ်ရွာက လေးစားကြည်ညိုမည့်သူများကိုသာ တာဝန်ပေးအပ်သင့် ကြောင်း ဒေသခံအများစုက ပြောဆိုကြသည်။

 

--------------------------------------------------------------------------------------------------------------------------------

မပြောဘဲရေးသည့် ဂျာနယ်အမည် ဖော်ထုတ်ရန် ဦးခင်မောင်ဆွေငြင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ နိုင်ငံရေးခေါင်းဆောင်ဦးခင်မောင်ဆွေက ပြည်တွင်းထုတ်ဂျာနယ်တစ် စောင်၌ မိမိတို့မပြောသည်ကို ပြောသည်ပာု စွပ်စွဲထားသည့် ကိစ္စနှင့်ပတ်သတ်၍ Hot News ဂျာနယ်မှ အမည်ဖော်ထုတ် ပေးရန် လျှပ်တစ်ပြတ်ဂျာနယ်ကို တိုက်တွန်းထားပြီး True News ဂျာနယ်မှလည်း ဆရာလူထုဦးစိန်ဝင်းက " တိတိကျကျ မပြောပဲ ဝါးလုံးရှည်နှင့် မရမ်းသင့်ကြောင်း" ဆောင်းပါးရေးခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ ဦးခင်မောင်ဆွေ ကို ပြည်သူ့ခေတ်ဂျာနယ်မှမေးမြန်းရာ ဦးခင်မောင်ဆွေမှ ဂျာနယ် အမည်ကို တိတိကျကျပြောဆိုရန် ငြင်းဆိုခဲ့သည်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ လသာမြို့နယ်မှ ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် ဦးကြည်မြင့်ကလည်း "ဗပိာုအလုပ်အမှုဆောင်အစည်းအဝေးမှာ မပြောသည့် အကြောင်းအရာများကို ထည့်ရေး ထားကြောင်း၊ ထိုသို့ မပြောသည့်အကြောင်းအရာများကို ထည့်ရေးသည့်အတွက် မိမိတို့ပါတီ ထိခိုက်နစ်နာကြောင်း၊ မိမိတို့ အနေနှင့်လည်း ဂျာနယ်၏သိက္ခာပိုင်းကိုထည့်တွက်၍ မပြောပဲထားသည်ကို သိက္ခာပိုင်းထည့်မတွက်ပဲ အပြောခံချင်၍ တောင်းဆိုမှုများကို အံ့သြကြောင်း" ပြောကြားခဲ့သည်။ သတင်းဂျာနယ်တစ်ခု၏ အယ်ဒီတာတစ်ဦးကလည်း" လူတစ်ဦး တစ်ယောက် သို့မပာုတ် အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာစေသည်ဆိုပါက ဦးခင်မောင်ဆွေသာမက မည်သူ့ကိုမဆို တရားစွဲဆိုနိုင်ကြောင်း၊ သို့သော် တရားစွဲဆိုခြင်းမပြုပဲ မည်သည့်ဂျာနယ်ကိုပြောဆိုမှန်း မသိရသည့်လုပ်ရပ်မျိုး မလုပ်သင့် ကြောင်း" ဝေဖန်ပြောဆိုခဲ့သည်။

NDF ပါတီ၏ နိုင်ငံရေးခေါင်းဆောင်ဦးခင်မောင်ဆွေမှလည်း " မိမိတို့အနေနှင့် မည်သည့်ဂျာနယ်ဖြစ်သည်ကို ပြောဆိုတော့မည်မပာုတ်ကြောင်း၊ ယခင်ကဲ့သို့ ဦးသိန်းညွှန့်၏အကြောင်းကိုသာ ဦးစားပေးရေးမည်ဆိုပါက မိမိတို့ပါတီ ၏အမြင်ကိုပါ မေးမြန်းသင့်ကြောင်း၊ ပထမဆုံးအနေနှင့် မိမိတို့ကမေတ္တာရပ်ခံ၍ မလုပ်ရန် အကြောင်းကြားသတိပေးသွား မည်ဖြစ်ကြောင်း၊ အကယ်၍ မရပါက နောက်ဆုံးအဆင့်အနေနှင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ မိမိယခုကဲ့သို့ ပြောဆို နေသည်မှာ မည်သည့်ဂျာနယ်ကိုမှ ပစ်မှတ်ထား၍ပြောခြင်းမပာုတ်ကြောင်း၊ ဖြစ်လာခဲ့ပါက ယခုကဲ့သို့ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဂျာနယ်များကို လှမ်း၍အသိပေးခြင်းဖြစ်ကြောင်း၊ မည်သည့်ဂျာနယ်ကိုမှ ရန်သူကဲ့သို့ဆက်ဆံ၍ လုပ် ဆောင်မည့်သဘော မပာုတ်ကြောင်း" ရှင်းပြပြောဆိုခဲ့သည်။


--------------------------------------------------------------------------------------------------------------------------------

ဒီကေဘီအေတပ်များ နယ်ခြားစောင့်တပ်အသွင်ပြောင်းသော်လည်း ဒေသတွင်းလွှမ်းမိုးမှုကြီးနေဆဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆။

လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့သော ဒီကေဘီအေတပ်များသည် ၂၀၁၀နှစ်အတွင်းက နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းခဲ့ပြီး တပ်မတော်သားများအဖြစ် ခံယူခဲ့သော်လည်း ဒေသခံများအတွင်း သြဇာအာဏာကြီးမားနေဆဲ ဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရှိရသည်။

"ဒီကောင်တွေက ဒေသခံရဲတွေနဲ့ပူးပေါင်းပြီး အာဝါဒေးပွဲတွေ လုပ်တယ်။ ပွဲတော်က တစ်နှစ်ပါတ်လုံးရှိတယ်။ လုံခြုံရေးကိုလဲ ရပ်ကွက်ဥက္ကဋ္ဌနဲ့ သူတို့အုပ်စုတွေ ပေါင်းပြီးတာဝန်ယူကြတယ်။ ရဲတွေကတော့ ပိုက်ဆံယူပြီး မျက်စိမှိတ် နေထားတာပေါ့။ သူတို့တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းသွားတယ်ဆိုပေမယ့် စီးပွားရေးတာဝန်ခံတွေထားပြီး အဖွဲ့အတွက် ဖန်ငွေရှာကြတယ်။ ကျွန်တော်တို့ဘက်မှာ ရဲထက်ဒီကေဘီအေက တန်ခိုးကြီးနေတယ်။"ဟု သထုံမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုတစ်ခုမှ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။

သထုံနှင့် မြဝတီသို့ ကုန်ကူးနေသော အသက် ၅၀အရွယ် အမျိုးသမီးတစ်ဦးက " ဒီလမ်းကြောမှာ ဒီကေဘီအေ ကတော့ ဘုရင်ပဲ။ တောင်ပေါ်အတက်အဆင်းလမ်းကို သူတို့ပဲထိန်းချုပ်ထားတာ။ သူတို့လက်ထဲမှာ သေနတ်ရှိတော့ အားလုံးကကြောက်နေရတယ်။ သူတို့တွေက မထင်ရင် မထင်သလို ထထပစ်တတ်တာလေ။ ဒီလမ်းကြောမှာတော့ သေနတ်သံဆိုတာ မထူးဆန်းတော့ပါဘူး။ လူတွေကို သေနတ်ဒင်နဲ့ထု၊ ခြေထောက်နဲ့ကန် လုပ်တဲ့သတင်းတွေက မကြား ချင်မှအဆုံးပဲ။ ကေအန်ယူတောင်မှ ဒီကေဘီအေထက် ကောင်းတယ်။ ပြည်သူတွေကို ဘာမှဒုက္ခမပေးဘူး "ဟု ပြောကြား ခဲ့သည်။

တပ်မတော်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်များကို နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအား ပေးခဲ့သောကြောင့် ဒီကေဘီအေတပ်များသည် နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းလဲခဲ့ပြီး နယ်စပ်ဒေသတွင်း တိုက်ပွဲ များပြင်းထန်လာလျှက်ရှိသည်။

 The CJs News

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.