Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာမှ 20,Feb.2011 ရက်စွဲပါ "Bahrain protesters retake square as libya tall rises" သတင်းကို ဘာသာ ပြန်ဆိုသည်။)

လစ်ဗျားနိုင်ငံမှ သွေးစွန်းသော အကြမ်းဖက် နှိမ်နှင်း ဖြိုခွဲမှုတွင် ဆန္ဒပြသူ ၈၀ ကျော် အသတ်ခံရကြောင်း သတင်းများ ထွက်ပေါ်လာသည့် အတွက် အာရပ် ကမ္ဘာတွင် မငြိမ်သက်မှုများ အသစ်တဖန် ကြီးထွားလာကာ ဘာရိန်း မြို့တော်ရှိ အဓိက ရင်ပြင်တွင် ဆန္ဒပြသူများ ပြန်လည် စုဝေးခဲ့ကြသည်။

လစ်ဗျား ခေါင်းဆောင် မွမ်မာကဒါဖီ အနေဖြင့် သူ၏ အနှစ် ၄၀ အုပ်စိုးမှုအပေါ် မကြုံဖူးသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေ ရသကဲ့သို့ပင် ဘာရိန်းနိုင်ငံ တွင်လည်း ရဲတပ်ဖွဲ့နှင့် စစ်တပ်များက အလျော့ပေးသည့် အသွင်ဖြင့် တပ်ရုတ် နေချိန်တွင် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက ဗာနာမာ မြို့တော် ပုလဲ ရင်ပြင်သို့ ပြန်လည် ချီတက် စုရုံးခဲ့သည်။

ရှီအစ်တီ ဦးဆောင်သော အတိုက်အခံ အုပ်စုနှင့် စေ့စပ် ညှိနှိုင်းရန် အနောက်နိုင်ငံ လိုလား ထောက်ခံသော အစိုးရအပေါ် နိုင်ငံတကာ ဖိအားပေးမှု ကြီးထွားလာသည့် အချိန်တွင် ပုလဲ ရင်ပြင်တဝိုက်မှ တပ်ဖွဲ့များ ဆုတ်ခွာကာ ဆန္ဒပြသူများနှင့် ဝေးဝေးနေကြရန် အိမ်ရှေ့ မင်းသား ဆော်လမွန် ဟာမက် အယ်လကာဖီက အမိန့် ထုတ်ပြန်လိုက်သည်ဟု BNA သတင်းဌာနက သတင်း ဖော်ပြသည်။

အိမ်ရှေ့ မင်းသားက ဆန္ဒပြ လူအုပ်ကိုလည်း "အုပ်စု အားလုံး အတူတကွ ပါဝင်မည့် အမျိုးသား အခန်းကဏ္ဍသစ်ကို စတင်နိုင်ရန် အတွက် လူစုခွဲကြရန် တောင်းဆိုခဲ့ကြသည်။ သို့သော်လည်း အောင်ပွဲခံ ပျော်မြူးနေသည့် ဆန္ဒပြသူများက ရင်ပြင်သို့ ပြန်လည် စုဝေးလာကာ  ရွက်ဖျင်တဲများ ထိုးနေကြသည်ဟု သိရှိရသည်။

"အာဏာရှင် အစိုးရ နုတ်ထွက်ပေးရန် ပြည်သူများက လိုလားသည်"ဟု ကြွေးကြော်ကာ စုဝေး ခဲ့ကြသည့် ဆန္ဒပြသူများက ၎င်းတို့ အနေဖြင့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကိုသာ အလို ရှိသည်ဟု ပြောကြားခဲ့သည်။

ဘုရင်မင်းမြတ် ကမ်းလှမ်းထားသည့် ဆွေးနွေးပွဲများ မစတင်မှီ အစိုးရ နုတ်ထွက်ပေးရန် တောင်းဆို ထားသည့် ရှီအစ်တီ ဦးဆောင်သော အတိုက်အခံ အုပ်စုနှင့် စေ့စပ် ညှိနှိုင်းရန် မဟာ ဗျူဟာမြောက် အရေးပါသော ဘာရိန်း ဘုရင့် နိုင်ငံအပေါ် ဖိအားများ ကြီးထွား လာသည့် အတွက် ယခု နောက်ဆုံး တိုးတက်မှု အခြေအနေများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(20 ဖေဖော်ဝါရီ 2011 ရက်စွဲပါ The New York Times မှ Seth Mydans ရေးသားသော Myanmar hardens stance on Opposition ကို ဘာသာ ပြန်ဆိုသည်။)

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီသည် အစိုးရ အပေါ် ချမှတ်ထားသော ပြစ်ဒဏ် ခတ်သည့် Sanction များအပေါ် ဆက်လက် ထားရှိရန် ထောက်ခံမှုကြောင့် မြန်မာနိုင်ငံ၏ စစ်အစိုးရသည် ၎င်းတို့အပေါ် သဘောထား တင်းမာစွာ ရပ်တည်လာကြသည်ကို တွေ့ရသည်။

          အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ ပါတီ သည် စီးပွားရေးနှင့် နိုင်ငံရေး အရ Sanction များကို ဆက်လက် ထောက်ခံနေမည် ဆိုပါက ကြေကွဲဖွယ် နိဂုံးနှင့် တွေ့ရနိုင်သည်ပာု သတိ ပေးခဲ့သည်။ ယခု အပတ် အကုန်တွင် အစိုးရသည် နိုင်ငံပိုင် မီဒီယာများ မှတဆင့် NLD ပါတီအား တိုင်းပြည် အကျိုးစီးပွားကို ဆန့်ကျင် လုပ်ဆောင်မှုများ အတွက် တောင်းပန်ရန် တောင်းဆိုခဲ့သည်။

          နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလက သူမ လွတ်မြောက် ပြီးပြီးချင်း Sanction များ ဖြေလျော့ပေးရေး အတွက် ကူညီရန် စဉ်းစားမည်ပာု ပြောခဲ့သည်။ ထိုကိစ္စသည် သူမ လွတ်မြောက် ပြီးချိန်တွင် မြန်မာနိုင်ငံ ပြင်ပ၌လည်း အာရုံကျ၍ စကား အခြေအတင် ပြောစရာ ကိစ္စ ဖြစ်ခဲ့သည်။

          အစိုးရသစ်တွင် စစ်တပ်မှ လက်ရှိ ပုဂ္ဂိုလ်များ၊ အငြိမ်းစား ပုဂ္ဂိုလ်များကသာ လွှမ်းမိုး နေရာ ယူထားရာ မြန်မာနိုင်ငံတွင် ရာစုနှစ် တစ်ဝက်ခန့် ထိန်းချုပ်ထားမှု ဆက်လက် ထိန်းသိမ်း ထားဦး မည်သာ ဖြစ်သည်ပာု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြသည်။

          လွန်ခဲ့သော နှစ်ပတ်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် Sanction များ ရုတ်သိမ်းရေးနှင့် ပတ်သတ်၍ ဆန့်ကျင်ကြောင်း ထပ်မံ အတည်ပြုသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ Sanction များသည် စစ်ဗိုလ်ချုပ်များထက် စာလျှင် မြန်မာ ပြည်သူများကိုသာ ထိခိုက်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်မှုကိုလည်း ငြင်းဆိုခဲ့သည်။

          "မကြာသေးမီက Sanction များ ဖယ်ရှားရန် တောင်းဆိုမှုများ ရှိခဲ့ပါသည်။ အသေအချာ ပြောနိုင်သည်မှာ Sanction များသည် ပြည်သူလူထုကို ကြီးကြီးမားမား မထိခိုက်ကြောင်း ဆိုသည့် အချက် ဖြစ်ပါသည်" ပာု ကြေညာချက်တွင် ဖော်ပြထားသည်။

          ကြေညာချက်တွင် တိုင်းပြည်၏ ခက်ခဲမှုများသည် အစိုးရ၏ မှားယွင်းသော မူဝါဒများကြောင့် ပာု အပြစ်တင်ထားပြီး၊ "ပစ်မှတ် ရည်ရွယ်သော Sanction များသည် တရား ဥပဒေ၏ အခြေခံစံများ နှင့် ဆန့်ကျင်၍ လုပ်ဆောင်နေမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဝင် သဖွယ် ကျုးလွန်နေမှုများ အတွက် သတိပေးမှု တစ်ခု ဖြစ်ပါသည်။" ပာု ဖော်ပြထားသည်။

          အမေရိကန် Sanction များသည် မြန်မာနိုင်ငံ အတွက် အမေရိကန် ကုမ္ပဏီများ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများ မပြုလုပ်ရန် တားမြစ်ထားသည်။ ကနေဒါ၊ သြစတြေးလျ နှင့် အီးယူ တို့ကလည်း ထိုနည်းတူ တားမြစ်ချက်များ ချမှတ်ထားသည်။

          Sanction များကို ဝေဖန် သုံးသပ်သူများက တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ နှင့် အခြား အာရှ နိုင်ငံများ၏ အဆက်မပြတ် ရင်းနှီး မြှုပ်နှံမှုများကြောင့် Sanction များ၏ အကျိုး သက်ရောက်မှုများ အချည်းနှီး ဖြစ်ရကြောင်း ငြင်းချက် ထုတ်သည်။

          အစိုးရသည် ပြီးခဲ့သည့် အပတ်က ဒီမိုကရေစီ အတိုက်အခံ နှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပြီး ကတည်းက အပြင်းထန်ဆုံး ပြောဆိုခဲ့ရာ " အကယ်၍ ဒေါ်စုနှင့် NLD သည် ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သို့ နိုင်ငံရေး ပလက်ဖောင်း အသစ်ခင်းပြီး၊ စနစ်သစ် ခေတ်သစ်နှင့် ချီတတ်နေခြင်းအား လစ်လျူရှု၍ လမ်းမှားသို့ ဆက်လိုက်နေမည် ဆိုလျှင်၊ ကြေကွဲဖွယ် ဇာတ်သိမ်းရမည်" ပာု ပြောဆိုခဲ့သည်။

          သို့သော် အစိုးရ သတင်းစာ ဖြစ်သော The News Light of Myanmar တွင်မူ ကြေကွဲဖွယ် ဇာတ်သိမ်း(tragic ends) ရမည် ဆိုသည်နှင့် ပတ်သတ်၍ အကျယ် တစ်ဝင့် ရှင်းလင်းထားခြင်း မရှိပေ။

          ပြီးခဲ့သည့် ဗုဒ္ဓပာူးနေ့က အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအား ဒေါ်အောင်ဆန်း စုကြည်အား အန္တရာယ် မပေးရန် သေချာ စေရေးအတွက် တောင်းဆိုခဲ့သည်။

          "ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး စိုးရိမ်နေဆဲ ဖြစ်ပါတယ်" ပာု နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip J. Crowley က ပြောကြားခဲ့သည်။

          စနေနေ့က နိုင်ငံပိုင် မီဒီယာက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီအား ပြည်သူ လူထုအား ခုတုံးလုပ်၍ ၎င်းတို့ အကျိုးစီးပွားအတွက် လုပ်ဆောင်နေမှုအား၊ ပြည်သူများက ခွင့်လွှတ်အောင် တောင်းပန်၍ အမှား ပြင်ကြရန် တောင်းဆိုခဲ့သည်။

          ထို့အပြင် မြန်မာ့ ဒီမိုကရေစီ အတိုက်အခံသည် အနောက် နိုင်ငံ မူဝါဒများ ချမှတ်ရာတွင် နှပ်ကြောင်း ပေးမှုများ ရှိခြင်းကြောင့် Sanction များကြောင့် ဖြစ်ပေါ်ရသော ခက်ခဲ ဆင်းရဲရမှုများ အတွက် တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 20 February 2011 ရက်စွဲပါ " China cracks down on call for jasmine revolution" သတင်းကို ဘာသာ ပြန်ဆိုသည်။

တရုတ်နိုင်ငံတွင် Jasmine Revolution စံပယ်ပွင့် တော်လှန်ရေး အတွက် တနင်္ဂနွေ နေ့၌ မြို့ကြီးများ တစ်ဒါဇင်ကျော်တွင် ပြည်သူများ စုဝေးကြရန် လှုံ့ဆော်မှုများ ပြည့်နှက်နေသည့် အတွက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို တရုတ် အာဏာပိုင်များက ဖြိုခွဲ နှိမ်နှင်းလျှက် ရှိသည်။

အဆိုပါ တောင်းဆို လှုပ်ရှားမှု၏ ပင်မ အရင်းအမြစ်ကို မသိရ သေးသော်လည်း Online ၌ ပျံ့နှံ့နေမှုကို တားဆီးရန် တရုတ် အာဏာပိုင်များက ကြိုးစားနေသည်။ အတိုက်ခိုက် ခံရသည်ဟု ဆိုသော ပထမဆုံး တောင်းဆိုမှု စပေါ်လာသည့် website နှင့် Twitterကဲ့သို့သော လူကြိုက်များ မိုက်ခရို ဘလော့များပေါ်မှ "Jasmine" ဟူသော ဝေါဟာရ ရှာဖွေခြင်း ကိုလည်း စနေနေ့က ပိတ်လိုက်ပြီ ဖြစ်သည်။

အဆိုပါ လှုပ်ရှားသူများက လှုံဆော်မှုကို ဖြန့်ချိခဲ့သည့်တိုင် ဆန္ဒပြရန် တောင်းဆိုရသည့် အကြောင်းရင်းကို သိပုံ မရပါ။ "စားစရာ ဖူလုံချင်တယ်။ အလုပ်အကိုင် လိုချင်တယ်။ နေစရာ အိမ်လိုချင်တယ်။ မျှတမှုကို အလိုရှိတယ်။" စသည်ဖြင့် ကြွေးကြော်ကာ မြို့ကြီး ၁၃ မြို့တွင် ပြည်သူများ စုဝေးကြရန် တောင်းဆိုမှုနှင့် ပက်သက်သည့် နာမည်ကြီး အုပ်စု တစ်လေကိုမျှ မသိရှိပါ ဟု ၎င်းတို့က ဆိုကြသည်။

ယခု တောင်းဆို လှုပ်ရှားမှုသည် အီဂျစ်၊ တူနီးရှား၊ ဘာရိန်း၊ ယီမင်၊ အယ်ဂျီးရီးယားနှင့် လစ်ဗျား နိုင်ငံများမှ လတ်တလော ဆန္ဒပြမှုများ ခြေရာကို လိုက်မည့် လှုပ်ရှားမှု ဖြစ်ရမည့် အစား  "Performance Art" အနုပညာ စွမ်းရည်ပြမှု တစ်ခုသာ ဖြစ်သည် ဆိုသည်ကို များစွာ အံ့အား သင့်ကြရသည်

တရုတ် အာဏာပိုင်များက အရှေ့ အလယ်ပိုင်းမှ ဆန္ဒပြပွဲ သတင်းများကို ကန့်သတ် ပိတ်ပင်ထားပြီး၊ ပြည်တွင်းမှ ဆန္ဒပြမှုများကိုလည်း အမြန်ဆုံး နှုတ်ပိတ်ပစ်ခဲ့သည်။

အာဏာပိုင်များကမူ ဆန္ဒပြရန် တောင်းဆို လှုပ်ရှားမှုများကို ပြင်းထန်စွာ နှိမ်နှင်းမည့် လက္ခဏာ ရှိသည်။ တောင်းဆို လှုပ်ရှားကြသူ မြောက်များစွာ ဖမ်းဆီး နှောင့်ယှက်ခံ နေကြရသည်ဟု သူတို့၏ မိသားစုများ၊ မိတ်ဆွေများက သတင်း ပေးပို့ခဲ့ကြပြီး၊ အချို့မှာလည်း တနင်္ဂနွေနေ့တွင် ပါဝင် လှုပ်ရှားခြင်း မပြုကြရန် သတိ ပေးခံရမည်ဟု ပြောကြားသည်။

ဘေဂျင်းမှ ရှေ့နေ ဂျန်တန်ယောင်ကို ရဲများက ကားထဲ ဆွဲသွင်းကာ မောင်းထွက်သွားသည်ဟု ၎င်း၏ ဇနီး ဂျင်ဘီယဉ်လင်းက ဆိုသည်။ သူမ အနေဖြင့် နောက်ထပ် သတင်း ရရှိစဉ် စနေနေ့ ညအထိ စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု Associated Press သို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။ တရုတ် အာဏာပိုင်များ အနေဖြင့် လတ်တလော ဆန္ဒပြရန် လှုံဆော်မှုများမှာ ထိရောက်မှု မရှိဟု သံသယ ရှိနေသည့် တိုင်အောင် ၎င်းတို့ ကြောက်ရွံ့ စိုးရိမ်နေကြောင်းကို စနေနေ့က ဖမ်းဆီးမှုများက ပြသနေသည်ဟု ဂျာမဏီတွင် လက်ရှိ နေထိုင်နေသော ဒီမိုကရေစီ လှုပ်ရှားသူ ဆုယူတန်က ဆိုသည်။ "တကယ်လို့ အာဏာပိုင်တွေက ဒီပုံစံအတိုင်း ဆက်ပြီး လုပ်နေမယ် ဆိုရင် Performance art ကို တကယ့် လှုပ်ရှားမှု အစစ် အသွင် ပြောင်းလဲသွားအောင် ဆွပေးသလို ဖြစ်ပါလိမ့်မယ်"ဟု သူမက အီမေလ်းပို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 20 Feb 2011 ရက်စွဲပါ " Libya Snipers shoot mourners, killing 15" သတင်းကို ဘာသာ ပြန်သည်။)

လစ်ဗျား အာဏာရှင်၏ ၄၂ နှစ်ကြာ အာဏာ ဖက်တွယ်မှုကို အဆုံးသတ်ရန် တောင်းဆိုမှုများကို အာဏာရှင် အစိုးရက ချေမှုန်းရန် ကြိုးပမ်းမှုကြောင့် အသက် ဆုံးရှုံးခဲ့ရသော ဆန္ဒပြသူများ၏ ဈာပနမှ ပြန်လာသူများကို အရှေ့ပိုင်း မြို့တော် ဘင်ဂါဇီ၌ မွမ်မာကဒါဖီ၏ တပ်ဖွဲ့များက စနေနေ့တွင် ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ရသည်။

          လစ်ဗျား ဆန္ဒပြသူများက ၅ ရက် မြောက်အဖြစ် လမ်းများပေါ်သို့ ချီတတ် စုဝေး ခဲ့ကြသော်လည်း အာဏာရှင်ကို ဖယ်ရှားပစ်မည့် အရှေ့ အလယ်ပိုင်းမှ ပြန့်နှံ့လာသော ဆန့်ကျင် တော်လှန်မှုကို မွမ်မာကဒါဖီက သဘောထား တင်းမာစွာ တုန့်ပြန်ခဲ့သည်။

          အစိုးရ တပ်ဖွဲ့များက ဆန္ဒပြသူများ၏ နေရာယူ စခန်းချမှုများကို ဖယ်ရှား ရှင်းလင်းခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှ အင်တာနက် ဆက်သွယ်မှုကိုလည်း ဖြတ်တောက် ပစ်ခဲ့သည်။ သောကြာနေ့က သေဆုံးခဲ့သော ဆန္ဒပြသူ ၃၅ ဦးအတွက် ဝမ်းနည်းကြောင်း ဈာပနအဖြစ် မြို့တော် ဘင်ဂါဇီတွင် စုဝေးခဲ့သော လူထောင်ပေါင်း များစွာကို လက်ဖြောင့် သေနတ်သမားများက ပစ်ခတ်ခဲ့သည်ပာု ဆေးရုံ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

          "သေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရသူ အများစုက ဒီက ဆရာဝန်တွေရဲ့ ဆွေမျိုးတွေပါ" ပာု အဆိုပါ ပုဂ္ဂိုလ်က Associated Press နှင့် တယ်လီဖုန်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။

          "ဝမ်းနည်း ပူဆွေးပြီး ငိုနေတဲ့ သူတွေကို ကျွန်တော်က ထကြပါဦး၊ ကူကြပါဦး လို့ ပြောဆို တိုက်တွန်းရင်းနဲ့ အားပေး နှစ်သိမ့်ရပါတယ်၊ လူတော်တော် များများက ခေါင်းနဲ့ ရင်ဘက်ကို သေနတ်နဲ့ အပစ်ခံရတာပါ" ပာု ဆေးရုံ တာဝန်ရှိသူက ဆိုသည်။ ဆေးရုံတွင် လူများ ပြည့်လျှံနေပြီး ပြည်သူများကလည်း သွေးလှူရန် အတွက် တစ်ဖွဲဖွဲ ရောက်ရှိနေသည်ပာု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Reuters သတင်းဌာနမှ 19th Feb 2011 ရက်စွဲပါ Myanmar Says Suu Kyi party must apologise for sanctions သတင်းကို ဘာသာ ပြန်ဆိုသည်။)

နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို ဟန့်တားလျက် ရှိသည့် အနောက်နိုင်ငံ အရေးယူ ပိတ်ဆို့မှုများကို ထောက်ခံသည့် အတွက် ပြည်သူလူထုကို တောင်းပန်ရန် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ပါတီကို မြန်မာ စစ်ဖက် အုပ်ချုပ်သူများက စနေနေ့တွင် တောင်းဆိုလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် နိုင်ငံ့ အကျိုးကို ဘေးချိတ်ကာ ၎င်းတို့၏ အကျိုး စီးပွားကို ရှေ့တန်းတင် လုပ်ဆောင်ခဲ့သော အပြုအမူများ အတွက် ပြည်သူလူထု၏ ခွင့်လွှတ်မှုကို ရရှိရန် ၎င်းတို့၏ နည်းလမ်းများကို ပြောင်းလဲ ပြင်ဆင်ရလိမ့်မည်ဟု အစိုးရ အာဘော် သတင်းစာ ၃ စောင်ပါ ဆောင်းပါးက ဆိုသည်။

ယခင် အပတ်က သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်အား ကြေကွဲဖွယ် ဇာတ်သိမ်းဖြင့် ရင်ဆိုင် ရလိမ့်မည်ဟု သတိပေး ခဲ့ပြီးနောက် ယခု ဆောင်းပါးကို ဆက်လက် ဖော်ပြခဲ့ခြင်း ဖြစ်ပေရာ စစ်အစိုးရက သူမအား နိုဝင်ဘာလတွင် အကျယ်ချုပ်မှ လွှတ်ပေးခဲ့သော်လည်း သူမအပေါ် သဘောထား ပျော့ပြောင်း လိမ့်မည် မဟုတ်ကြောင်း ပြသ လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် Sanctions များ ရုပ်သိမ်းရမည့် အကြောင်းရင်းကို မမြင်ကြောင်းနှင့် ယင်းကိစ္စ အပေါ် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ယခင် အပတ်က တောင်းဆိုခဲ့ သော်လည်း မည်သူနှင့် ဆွေးနွေးမည် ဆိုသည်ကိုမူ သူမက ပြောကြားခဲ့ခြင်း မရှိပါ။

စစ်အစိုးရကို ပစ်ပယ်ထားရန် ရည်ရွယ် ချမှတ်ထားသော Sanctions များကို ထောက်ခံ ခဲ့သော်လည်း လက်ရှိ သီတင်းပတ်များ အတွင်း ပိုမို ပျော့ပြောင်းသည့် အမြင် သဘောထားကို ပြသခဲ့သည်။

အိမ်တွင်းပုန်း တပ်မတော် ခေါင်းဆောင်များ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများသို့ ဦးတည် လာအောင် စည်းရုံး ဆွဲဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က အနောက် နိုင်ငံများ အပေါ် သူမ၏ သြဇာလွှမ်းမှုကို အသုံးပြုနေခြင်း ဖြစ်သည်ဟု အကဲခတ် လေ့လာသူများက ယုံကြည်ထားကြသည်။ သို့သော်လည်း တပ်မတော် ခေါင်းဆောင်များ၏ ယခု နောက်ဆုံး ပြစ်တင် ဝေဖန်မှုများက ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒမရှိသေး ဟူသော အချက်ကို ပြသနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(18 Feb 2011 ရက်စွဲပါ DAWN.COM မှ Shada Islam ရေးသားသော EU's Myanmar Dilemma ကို ဘာသာ ပြန်ဆိုသည်။)

ဥရောပ သမဂ္ဂ အစိုးရများသည် အာဖရိက မြောက်ပိုင်းနှင့် အရှေ့ အလယ်ပိုင်းမှ လူငယ် တော်လှန်ရေးကို ခက်ခဲစွာ ကိုင်တွယ်ရန် ကြိုးစား နေချိန်တွင် မြန်မာ နိုင်ငံကို မူဝါဒအသစ်၊ မွမ်းမံ၍ ချမှတ်နိုင်ရန် ကြိုးစားလျှက် ရှိနေသည်။

          အီးယူနိုင်ငံ (၂၇) နိုင်ငံသည် ကာလ ကြာရှည်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ရန် စီစဉ်ပြီး ခက်ခဲသော စကား အခြေအတင် ပြောဆိုမှုများ လုပ်ခဲ့ ရပြီး ဧပြီလ (၃၀) ရက်တွင် အဖြေတစ်ခု ထွက်ရန် သတ်မှတ်ထားသည်။

          ဆွေးနွေးမှုများမှာ ခက်ခဲပြီး၊ စိတ်ပါလက်ပါ ဆွေးနွေးမှုများ ရှိခဲ့ပြီး ယခုအခါ ပိုမို ရှုပ်ထွေးလာသည်။ ပြီးခဲ့သည့် နိုဝင်ဘာလက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်း၊ ရွေးကောက်ပွဲ လုပ်ပြီး ဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သား အစိုးရသစ် ဖွဲ့စည်း လာခဲ့ချိန်တွင် မူဝါဒ တစ်ခုခု အဖြေထွက်ရန် အလျင်အမြန် လိုအပ်လာသည်။

          ဝေဖန် သုံးသပ်သူများက ရွေးကောက်ပွဲများသည် မသမာမှုများ ရှိပြီး၊ စစ်တပ်ကလည်း အာဏာ ချုပ်ကိုင်မှု ပပျောက်သွားခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။ ပို၍ လက်တွေ့ကျသော ချဉ်းကပ်မှု အတွက် ဖိအား ပေးနေကြ သူများကမူ မည်သို့ပင် ဆိုစေ မြန်မာနိုင်ငံတွင် အခြေအနေများ ပြောင်းလဲခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ် နှင့် အိန္ဒိယတို့ သြဇာ လွှမ်းမိုးမှုကလည်း ကြီးထွားလာကြောင်း၊ သို့ဖြစ်၍ အနောက်နိုင်ငံက မူဝါဒ ကို ပြန်လည် သုံးသပ်ရန် တောင်းဆိုလာကြသည်။ ထိုအချက်ကပင် ဥရောပ၏ ပြုပြင် ပြောင်းလဲလွယ်သော အပြုအမူကို မြင်သာသော လက္ခဏာ ဖြစ်ပြီး၊ အရေးယူမှု အချို့ကိုပင် ဖြေလျော့ပေးနိုင်ဖွယ် ဖြစ်သည်။

          အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ ရှင်းရှင်း လင်းလင်း ပြတ်သားသော ရပ်တည်မှု ရှိမည် ဆိုပါက အီးယူ အနေဖြင့် ဆုံးဖြတ်ချက် ချမှတ်ရာတွင် ပို၍ လွယ်ကူမည် ဖြစ်သည်။ သို့သော် သူမသည် အဓိပ္ပါယ် ကောက်ရခက်သော အချက်ပြမှုများ ရှိခဲ့သည်။ သူမက အချို့ သတင်းထောက်များအား Sanction များကို ဆက်လက် ထားရှိရန် လိုကြောင်း ပြောခဲ့သော်လည်း တစ်ဖက်က နိုင်ငံခြား အစိုးရများကို သူမ၏ နိုင်ငံတွင် နည်းပညာ နှင့် အခြေခံ အဆောက်အဦးများ၌ ရင်းနှီး မြှုပ်နှံရန် တောင်းဆိုမှုများ ရှိခဲ့ ပြန်သည်။

          ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD သည် မကြာသေးမီက ဒီမိုကရေစီ နှင့် လူ့အခွင့် အရေးကို အားပေးနိုင်ရန် Sanction များကို အကောင်းဆုံး မည်သို့ ပြုပြင် နိုင်ရေးအတွက် ဆွေးနွေးရန် အမေရိကန်၊ အီးယူ၊ သြစတြေးလျ နှင့် ကနေဒါတို့ကို တောင်းဆိုခဲ့သည်။

          NLD ၏ ကြေညာာချက်တွင်မူ ၎င်းတို့တောင်းဆိုမှုအတွက် အကြောင်းပြချက် မပေးခဲ့ပေ။ အချို့ တိုင်းရင်းသား ပါတီများ၊ အခြား အတိုက်အခံ ပါတီများက Sanction များသည် သာမန် ပြည်သူများကို ထိခိုက်သည့် အတွက် စီးပွားရေး Sanction များကို ရုတ်သိမ်းပေးရန် လူသိရှင်ကြား တောင်းဆိုခဲ့သည်။ ဥရောပရှိ သြဇာရှိသော မြန်မာနိုင်ငံနှင့် ပတ်သတ်သော အဖွဲ့တစ်ခုကမူ Sanction များ ရုတ်သိမ်းရေးကို ခိုင်ခိုင်မာမာ ဆန့်ကျင်နေဆဲ ဖြစ်သည်။

          European Burma Network က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများကို တိုးတက်မှု မရှိခြင်း၊ စစ်မှန်သော ဒီမိုကရေစီအတွက် တိုးတတ်မှုများ မရှိခြင်းအတွက် စိုးရိမ် ပူပန်မှုများကို ပြောကြားခဲ့သည်။ အစိုးရသစ်က NLD ခေါင်းဆောင်များအား သတိပေးရာတွင် တိုင်းပြည်ရှိ နိုင်ငံရေး အရ အမှန်တရားများကို အသိအမှတ် မပြုပါက ကြေကွဲဖွယ် ဇာတ်သိမ်း ရမည်ပာု ဆိုလိုသည်။

          အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ကလည်း ဝါရှင်တန်နှင့် ဘရပ်ဆဲ တို့အား မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေရန် Sanction များ ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ "သို့သော် ပိတ်ဆို့မှုများ ရုတ်သိမ်းရေးနှင့် ပြန်လည် ပေါင်းစည်းရေးမှာ အတူ တွဲ၍ ရှိသင့်သည် ဆိုသည်ကို သတိရ နေသင့်သည်" ပာု အာဆီယံ ကြေညာချက်တွင် ဖော်ပြထားသည်။

          အီးယူ အဖွဲ့ဝင် နိုင်ငံများကလည်း သဘောထား ကွဲပြားနေပြီး ဆုံးဖြတ်ချက် မချနိုင် ဖြစ်နေသည်။ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အီးယူ၏ အဆင့်မြင့် ကိုယ်စားလှယ် Catherina Ashton က ပြောကြားရာတွင် သူမအနေဖြင့် ပါလီမန် အသစ်နှင့် အစိုးရသည် ပြည်သူများအပေါ် မည်မျှ အကျိုးရှိသည် ဆိုသည်နှင့် လူ့အခွင့်အရေး အပေါ် အစိုးရ၏ ရပ်တည်ချက်များကို အနီးကပ် စောင့်ကြည့်သွားမည်ပာု ဆိုခဲ့သည်။ ဗြိတိန်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှု ကြောင့်ချည်း မပာုတ်ပဲ Sanction များကို ထောက်ခံနေဆဲ ဖြစ်သည်။

          သို့သော် မကြာသေးမီက ဝီကီလိခ် ဝက်ဆိုဒ် တွင် အမေရိကန် သံတမန် ကေဘယ် မှ ပေါက်ကြားမှုများကို ဖော်ထုတ်ရာ၌ အီးယူက မြန်မာနိုင်ငံနှင့် ပြန်လည် ဆက်ဆံရေး အတွက် အီတလီ၊ စပိန် နှင့် ဂျာမနီ တို့က ကြိုးစားလျှက် ရှိသည်ပာု ဆိုသည်။အီးယူ Sanction များကို ၁၉၉၆ ခုနှစ်က စတင်ခဲ့ပြီး လက်နက် ရောင်းဝယ်မှု ပိတ်ပင်ခြင်း၊ ပြည်တွင်း ဖိနှိပ်မှုတွင် အသုံးပြုသည့် ကိရိယာများ၊ ပိတ်ပင်ခြင်း၊ ပစ်မှတ်ထားသည့် ငွေကြေး အရေးယူမှုများ ချမှတ်ခြင်း၊ စစ်အစိုးရ ခေါင်းဆောင်များနှင့် မိသားစုဝင်များ ဥရောပတွင် ခရီး သွားလာခွင့် ပိတ်ပင်ခြင်း များ ပါဝင်သည်။

          အီးယူသည် မြန်မာနိုင်ငံတွင် အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှုများ ရှိခြင်းကြောင့် မြန်မာ ပို့ကုန်များ အပေါ် generalised system of preserence (GSP) စနစ်ကို ဖျက်သိမ်းခဲ့သည်။ ဝေဖန် သုံးသပ်သူများက ပြောကြားရာတွင် အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှု အဖြစ်အပျက်များမှာ အတည်ပြု နိုင်ကြောင်း၊ စစ်တပ် အတွင်းမှာသာ ဖြစ်ပွားကြောင်း ပြောကြားခဲ့သည်။

          GSP ရုတ်သိမ်းမှုကြောင့် အထည် အလိပ်များနှင့် ငါးလုပ်ငန်း ထုတ်ကုန်များ တင်ပို့ရာတွင် ထိခိုက်မှုများ ရှိသည်ပာု ဆိုရပါမည်။ ထို့အပြင် သစ်၊ သတ္တု နှင့် တန်ဖိုးကြီး ရတနာများ ပို့ကုန် သွင်းကုန် ပြုလုပ်ခြင်းကို တားမြစ်ထားပြီး၊ အစိုးရပိုင် သို့မပာုတ် အစိုးရ နှင့် ပတ်သက်သော ကုမ္ပဏီများ ရင်းနှီး မြှုပ်နှံမှု ကိုလည်း ပိတ်ပင်ထားသည်။

          အီးယူသည် Sanction များ၏ ထိရောက်မှုများ အတွက် ပြည်တွင်း အကဲဖြတ်ခြင်းများ ပြုလုပ်ခဲ့ သော်လည်း လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ အနောက်နိုင်ငံ စီးပွားရေး ပိတ်ဆို့မှုများ၏ သက်ရောက်မှုများသည် နိုင်ငံရေးတွင်ရော ပြည်သူများ အပေါ်တွင်ရော ဆိုးရွားသော သက်ရောက်မှုများ ရှိသည်ပာု အီးယူမှာ အပြောခံခဲ့ရသည်။ Sanction များကို ဆက်လက် ရှိနေ စေခြင်းဖြင့် မြန်မာ့ စီးပွားရေး နာလံထူမှုတွင် အကန့် အသတ်များ ရှိစေပြီး လျှို့ဝှက်သော အစိုးရကို ပိုမို အထီးကျန် စေမည် ဖြစ်သည်ပာု စိုးရိမ်မှုများ ရှိလာသည်။

          အမှန်တကယ်ပင် အီးယူက Sanction များကြောင့် ဘာမျှ လုပ်၍ ကိုင်၍ မရ ဖြစ်နေချိန်တွင် တရုတ်၊ အိန္ဒိယ နှင့် အခြား အရှေ့တောင် အာရှ နိုင်ငံများတွင် မြန်မာ နိုင်ငံတွင် စီးပွားရေးအရ နယ်ချဲ့ နိုင်ခဲ့သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံရေး အခြေအနေများကို လစ်လျူရှု၍ မြန်မာနိုင်ငံ၏ များပြားလှသော သဘာဝ သယံဇာတများတွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြသည်။

          The Financial Times က မကြာသေးမီက သတင်း ရေးသားခဲ့ရာ၌ တရုတ်သည် ဒေါ်လာ (၉) ဘီလီယံတန် ရေအား လျှပ်စစ်စက်ရုံ တည်ဆောက်လျှက် ရှိပြီး၊ တရုတ် တောင်ပိုင်း ကူမင်းမှ အန်ဒမန် ပင်လယ်အထိ ရေနံပိုက်လိုင်း တည်ဆောက်လျှက် ရှိသည်ပာု ဖော်ပြထားသည်။ ထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သော Italthai သည် ဒေါ်လာ (13.5) ဘီလီယံ တန်ဘိုးရှိ မြန်မာနိုင်ငံ တောင်ပိုင်း ထားဝယ်တွင် ဆိပ်ကမ်း၊ စက်မှုဇုန် နှင့် ထိုင်း သို့ ဆက်သွယ်သော ရထားလမ်း ပါဝင်သော စီမံကိန်းကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

          အီးယူ အစိုးရများ အနေဖြင့် မူဝါဒကို ပြန်လည် သုံးသပ်ရန် ပြင်ဆင်နေရာ ပို၍ ပာန်ချက် ညီသော မူဝါဒ မည်သို့အကောင်းဆုံး အကောင်အထည် ဖော်နိုင်မည် ဆိုသည်ကို စဉ်းစားလိမ့်မည် ဖြစ်သည်။ သို့ဆိုလိုက်ခြင်းကြောင့် သြဇာ လွှမ်းမိုးနိုင်စွမ်း ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိနှိပ်မှု၏ သားကောင်အဖြစ် ဆက်လက် ထောက်ခံကြရမည် ဖြစ်သော်လည်း၊ Sanction များနှင့် ပတ်သတ်၍ သူမ၏ အမြင်များကို ချွင်းချက်မရှိ နောက်မှ လိုက်ရမည် ဆိုသည်ကိုမူ သတိထား၍ စဉ်းစား ကြရမည် ဖြစ်သည်။ တိုင်းသူ ပြည်သူများ အပေါ် အကောင်းဆုံး ပေးနိုင်မည့် ကိစ္စရပ်များနှင့် ပိုမို ကျယ်ပြန့်သည့် ပထဝီ နိုင်ငံရေး နှင့် ဆိုင်သောလုပ်ဆောင် ဖွယ်ရာများကို ပိုမို နက်ရှိုင်းစွာ ခွဲခြမ်း စိတ်ဖြာ ကြည့်ရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် ခက်ခဲကောင်း ခက်ခဲမည် ဖြစ်သော်လည်း၊ ယခု စတင် ဆွေးနွေးရန် အချိန် ကျပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straistimes မှ 20th February 2011 ရက်စွဲပါ After Mubarak, Myanmar's Suu Kyi wants Twitter သတင်းကို ဘာသာ ပြန်ဆိုသည်။)

တူနီးရှားနှင့် အီဂျစ်၌ ပြည်သူ့ အာဏာ တော်လှန်မှုများ၏ လှုံ့ဆော်မှုကြောင့် မြန်မာနိုင်ငံမှ နှစ်ရှည် အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် Twitter နှင့် Facebook ကို အသုံးပြုကာ အခြား ဒီမိုကရေစီ လှုပ်ရှားသူများနှင့် ပူးပေါင်း ဆက်သွယ်ရန် ဆန္ဒ ရှိသည်ဟု ပြောကြားလိုက်သည်။

နိုဝင်ဘာလက လွတ်မြောက် မလာမှီ အထိ အနှစ် ၂၀ နီးပါး ထိန်းသိမ်း ခံခဲ့ရသော ကာလ အတွင်း မြန်မာနိုင်ငံ၏ စစ်ဖက် အုပ်ချုပ်သူများက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အား ပြင်ပကမ္ဘာနှင့် အဆက် အသွယ် အားလုံး နီးပါးကို ဖြတ်တောက် ပိတ်ပင်ထားခဲ့သည်။

ယခုအခါ သူမ အနေဖြင့် ကမ္ဘာ့ online အသိုင်းအဝိုင်းသို့ ဝင်ရောက် ပူးပေါင်းကာ အမှီ လိုက်ရန် ဆန္ဒ ရှိနေသည်ဟု တယ်လီဖုန်း အင်တာဗျူးတွင် ပြောကြားခဲ့ကြောင်း စနေနေ့ထုတ် ကနေဒါ Globe and Mail သတင်းစာက ဖော်ပြထားသည်။

နောက်ဆုံးတွင် သူမ၏ ရန်ကုန်မြို့ နေအိမ်၌ ပထမဆုံး အင်တာနက် ချိတ်ဆက်မှုကို ရရှိခဲ့ပြီဟု ဒီမိုကရေစီ ခေါင်းဆောင်က ဆိုသည်။ ထိုသို့ အင်တာနက် ချိတ်ဆက်ခွင့်အတွက် အစိုးရ ထိန်းချုပ် သော ကုမ္ပဏီထံ အမေရိကန် ဒေါ်လာ ၁၀၀၀ ကျော် ပေးသွင်း ခံရကြောင်းနှင့် လူမှု ကွန်ယက် Social Network များနှင့် ချိတ်ဆက်နိုင်ရန် connection နှေးလွန်းသည်ဟု သိရှိရသည်။

"ဘာလုပ်ဖို့ လိုအပ်နေလဲ ဆိုရင် ရှင်တို့ ပြောသလို Megabyte တိုးဖို့ လိုမယ် ထင်ပါတယ်။ ဒါမှသာ connection ကောင်းကောင်းနဲ့ အသုံးပြုလို့ ရမှာပါ။ အခြေအနေ ကောင်းသွားပြီ ဆိုတာနဲ့ တပြိုင်နက် Facebook နဲ့ Twitter နှစ်ခုလုံးကို ကျွန်မ သုံးချင်ပါတယ်" ဟု သူမက ကနေဒါ သတင်းစာ သို့ ပြောကြားသည်။

အီဂျစ် နိုင်ငံတွင် အာဏာရှင် သမ္မတ မူဘာရတ်ကို ဖြုတ်ချကာ တူနီးရှားတွင်လည်း နှစ်ရှည် လများ အာဏာရှင် ဇိုင်အယ် အဘီဒင်း ဘင်အလီကို ဖြုတ်ချခဲ့သော ဆန္ဒပြပွဲများအတွင်း အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက သူတို့ အစိုးရ၏ ဆင်ဆာဖြတ် ပိတ်ပင်မှုကို ကျော်လွှားရန် အမေရိကန် အခြေစိုက် ရေပန်းစား လူမှု ကွန်ယက် နှစ်ခုဖြစ်သည့် Face Book နှင့် Twitter ကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 19th Feb 2011 ရက်စွဲပါ Libya security forces kill 84 in three days သတင်းကို ဘာသာ ပြန်ဆိုသည်။)

လစ်ဗျား နိုင်ငံတွင် ၃ ရက်တာ ဆန္ဒပြပွဲများ အတွင်း လုံခြုံရေး တပ်ဖွဲ့များက အနည်းဆုံးလူ ၈၄ ဦးခန့်ကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံ ဆေးရုံ ဝန်ထမ်းများ၊ မျက်မြင် သက်သေများနှင့် တယ်လီဖုန်း အင်တာဗျူးကို ကိုးကား၍ Human Rights Watch က စနေနေ့တွင် ပြောကြား လိုက်သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများ အတွင်း ဘင်ဂါဇီတွင် ၂၀ ဦး၊ ဘိုင်ဒါတွင် ၂၃ ဦး၊ အဒါဘိုင်ယာတွင် ၃ ဦး၊ ဒါနာတွင် ၃ ဦး သေဆုံးခဲ့ရသော ယခင် တစ်ရက်က အကြမ်းဖက် တိုက်ခိုက် နှိမ်နင်းမှုများ အပြီးတွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့၌ ဘင်ဂါဇီ၊ ဘိုင်ဒါ၊ အဒါဘိုင်ယာ၊ ဇာဝီယာ၊ ဒါနာ စသော လစ်ဗျား အရှေ့ပိုင်း မြို့တော်များတွင် ဆန္ဒပြသူ ထောင်ပေါင်း များစွာ စုဝေးခဲ့ကြသည်ဟု နယူးယောက် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့များက ဆန္ဒပြသူ ၃၅ ဦးကို သတ်ဖြတ်ခဲ့ရာတွင် ကျည်ဆံ အစစ်များကို အသုံးပြု ပစ်ခတ်ခဲ့သည်ဟု ဆေးရုံ သတင်း ရပ်ကွက်က Human Rights Watch သို့ ပြောကြားသည်။ HRW ၏ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်း ဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Joe Stork က လွတ်လပ်စွာ စည်းဝေးခွင့် အခွင့်အရေးကို လေးစားရန် လစ်ဗျား အာဏာပိုင်များကို တောင်းဆိုထားသည်။

"မွမ်မာကဒါဖီရဲ့ လုံခြုံရေး တပ်ဖွဲ့တွေက လစ်ဗျား ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်ပြီး၊ အလွယ်တကူ သတ်ဖြတ်ရတဲ့ အကြောင်းကတော့ ပြုပြင် ပြောင်းလဲဖို့နဲ့ တာဝန်ယူဖို့ ပြည်သူတွေက တောင်းဆိုကြလို့ပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အစောပိုင်းက သေနတ်ထိမှန် သေဆုံးသွားခဲ့သူ ၂၀ ဦး၏ အသုဘ အခမ်းအနား အတွက် စုဝေးခဲ့ကြသည့် ဆန္ဒပြသူများကို အဝါရောင် တောက်တောက် ယူနီဖောင်းဝတ် လုံခြုံရေး တပ်ဖွဲ့များက ပစ်ခတ်ခဲ့သည့် သောကြာနေ့က အကြမ်းဖက် နှိမ်နင်းမှုတွင် အသေအပျောက် များပြားမှုကြောင့် ဘင်ဂါဇီ မြို့တော်ကို တုန်လှုပ် ရိုက်ခတ်သွားခဲ့သည်ဟု မျက်မြင် သက်သေများက Human Rights Watch (HRW) သို့ ပြောကြားခဲ့ကြသည်။

သောကြာနေ့က အသတ်ခံရသော ဆန္ဒပြသူ ၃၅ ဦး၏ ရုပ်အလောင်းများကို ထိုနေ့ညပိုင်းတွင် ဘင်ဂါဇီ မြို့တော် အယ်လ်ဂျာလား ဆေးရုံက လက်ခံရရှိခဲ့ရာတွင် ရင်ဘတ်၊ လည်ပင်းနှင့် ဦးခေါင်းပိုင်းသို့ သေနတ်ကျည်ဆံ ထိမှန်သည့် ဒဏ်ရာဖြင့် သေဆုံးကြောင်း တွေ့ရှိရသည်ဟု ဆေးရုံ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦး၏ ပြောကြားမှုကို ကိုးကားကာ Human Rights Watch က သတင်း ထုတ်ပြန်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဓမ္မာရုံနေရာတောင်းရာမှ ပြည်ခိုင်ဖြိုးနှင့်ရပ်ကွက်တင်းမာမှုဖြစ်ပွား

ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၀။

ဗဟန်းမြို့နယ် ဦးချစ်မောင်မှတ်တိုင်အနီးရှိ နှစ်ကျိတ်ရှစ်ဆူဓမ္မာရုံကြီး၏ ဒုတိယထပ်ကို ပြည်ခိုင်ဖြိုးပါတီ၏ ဗုဒ္ဓဘာသာအသင်းဖွင့်လှစ်ရန် နေရာတောင်းရာမှ ဓမ္မရုံဂေါပကအဖွဲ့နှင့်သာမက ရပ်ကွက်နေ ပြည်သူလူထုနှင့်ပါ တင်းမာမှု ယနေ့ နေ့လည်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ပြည်ခိုင်ဖြိုးပါတီမှ ထူထောင်ထားရှိသော ဗုဒ္ဓဘာသာအသင်းအတွက် ရုံးခန်းထားရှိရန် နှစ်ကျိတ်ရှစ်ဆူဓမ္မာရုံ၏ ဒုတိယထပ်ကိုပေးရန် ပြည်ခိုင်ဖြိုးပါတီမှသူများ ရောက်ရှိလာကြကြောင်း၊ အစပထမတွင် ဓမ္မာရုံဂေါပက လူကြီးများက ယာယီအနေဖြင့်ဖွင့်ခွင့်ပေးနိုင်ကြောင်း ဖယ်ရှားပေးမည့်အချိန်ကို စာချုပ်စာတမ်းဖြင့် ကတိပြုထားစေလို ကြောင်း ပြန်လည်ပြောကြားခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီမှ စစ်ထွက်အရာရှိတစ်ဦးက " ကျွန်တော်တို့စစ်တပ်ဆိုတာ ရှေ့သို့ပဲ ရှိတယ်၊ နောက်မဆုတ်ဘူး" ဟု  ရိုင်းပြစွာပြန်လည်ပြောဆိုခဲ့သဖြင့် ဓမ္မာရုံတွင် အစည်းဝေးတက်ရန် ရောက်နေသော ဆွမ်းလောင်းအသင်းရှိ လူငယ်များက မခံချင်စိတ်ဖြင့် ပြန်လည် ဝင်ရောက်ပြောဆိုရာမှ ခွန်းကြီးခွန်းငယ် စကားများခဲ့ကြကြောင်း သိရသည်။

ထို့နောက် အပြန်အလှန်စကားများကြရင်းမှ ရပ်ကွက်နေလူထုပါ ပါဝင်လာကြပြီး လမ်းပြည့်လျှံလာသည်အထိ ကျယ်ပြန့်လာခဲ့ပြီးမှ စစ်တပ်ကအရာရှိက "ကျွန်တော်စကားမှားသွားပါတယ်'' တောင်းပန်ကာ ပြန်လည်ထွက်ခွာ သွားကြသည်ဟု သိရသည်။

နှစ်ကျိတ်ရှစ်ဆူဓမ္မာရုံကြီးသည် အရပ်သူအရပ်သားများ၏ကောင်းမှုဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကာ သက်တမ်း အတော်ကြာမြင့်ပြီဟု သိရသည်။

--------------------------------------------------------------------------------------------------------------------------------

ဒေါ်လာဈေး အတတ်အကျ ဈေးနှုန်းတည်ငြိမ်မှုမရှိသေး

ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၀။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ပြောင်းလဲလာသည့် နိုင်ငံရေး အခင်းအကျင်းသစ်များနှင့်အတူ နိုင်ငံခြား ငွေကြေးများလည်း တည်ငြိမ်မှုမရှိပဲ ပြောင်းလဲနေသဖြင့် စီးပွားရေးလုပ်ငန်းရှင် အများစုမှာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲလျှက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များမှ ပြောဆိုလျက်ရှိကြသည်။

ဒေါ်လာဈေးမှာ ငြိမ်သက်မှုမရှိပဲ အတတ်အကျ မြန်ဆန်လျှက်ရှိနေသေးကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေ နှင့်လည်း လုပ်ငန်းများကို လုပ်ကိုင်ရန်မှာ နိုင်ငံခြားငွေ အတတ်အကျကို စောင့်ကြည့်ခန့်မှန်းနေရကြောင်း နိုင်ငံခြားသို့ Export- Inport လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားခဲ့သည်။

နိုင်ငံခြားငွေဈေးကွက်မှာ ဇန်နဝါရီလ၌ ကျဆင်းသွားခဲ့ကြောင်း၊ နိုင်ငံရေးပြောင်းလဲမှုများနှင့်အတူ ယခုလမှ စတင်၍ နိုင်ငံခြားငွေ အတတ်အကျပေါ်မူတည်ကာ စီးပွားရေးလုပ်ငန်းများပြန်လည်လုပ်ကိုင်နေရကြောင်း၊ နောက်ဆုံး ဒေါ်လာ ဈေးကွက်မှာ ကျပ် ၁၀၀၀ ထိ တက်ရိပ်ပြသွားကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေ ဒေါ်လာကိုကိုင်၍ ဈေးကစားနေရကြောင်း နိုင်ငံခြားငွေဖြင့် အလုပ်လုပ်ကိုင်လျှက်ရှိသည့် ပြည်တွင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင်လ ၌ ဒေါ်လာဈေးကွက်မှာ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှသည့်အတွက် ပြန်လည်ကျဆင်းသွားခဲ့ကြောင်း၊ ယခုမြင့်တတ်လာသော ကာလအတွင်း ဒေါ်လာဈေး တစ်ကျပ်လျှင် ၉၃၀ ဝန်းကျင်ခန့်ပေါက်ခဲ့ကြောင်း၊ ဖေဖော် ဝါရီလ ၁၇ ရက်နေ့တွင်မူ ဒေါ်လာဈေးမှာ ၉၀၀ ကျပ်သာရှိတော့ကြောင်း နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်လျှက်ရှိသော ပုဂ္ဂိုလ်များထံမှ သိရှိရသည်။

နိုင်ငံတွင်း၌ ဒေါ်လာဈေးမငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း ဘုရင့်နောင်ပွဲရုံရှိ စားသောက်ကုန်အချို့မှာ တက်ရိပ်သာပြနေခြင်းကြောင်း၊ ဘုရင့်နောင်ပွဲရုံ၌ အခြေခံစားသောက်ကုန်လုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင်များထံမှ သိရသည်။

ဖေဖော်ဝါရီလ (၁၇) ရက်နေ့၌ ဒေါ်လာဈေးမှာ တစ်ကျပ်လျှင် ဝယ်ဈေး ၉၀၀ ကျပ်ဖြစ်ပြီး၊ ရောင်းဈေးမှာ ၉၀၁-၂ ကျပ်ဝန်းကျင်၊ FEC ဈေးနှုန်းမှာ တစ်ကျပ်လျှင် ဝယ်ဈေး ၈၉၀၊ ရောင်းဈေး ၈၉၅ ကျပ်ဖြစ်နေကြောင်း ဝါရင့်နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရှိရသည်။

--------------------------------------------------------------------------------------------------------------------------------

ကျိုက္ကဆံလမ်းမကြီးအား ဆက်လက်ခင်းကျင်းမှုမရှိသောကြောင့် သွားလာမှုအခက်ကြုံနေ

ရန်ကုန်၊ ဖော်ဖော်ဝါရီ ၁၉။

ရန်ကုန်မြို့တော်၏ အစည်ကားဆုံးလမ်းမကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော ကျိက္ကဆံလမ်းမကြီး၏ တာမွေ-ကျောက်မြောင်းလမ်းပိုင်းအား တစ်ပိုင်းတစ်စသာ ကွန်ကရစ်ခင်းကျင်းထားမှုကြောင့် သွားလာမှုများ အခက်အခဲ ကြုံတွေ့နေရကြောင်း ယာဉ်မောင်းအချို့နှင့် ခရီးသွားများထံမှ စုံစမ်းသိရှိရသည်။

ယင်းလမ်းပိုင်းတွင် ဆေးလိပ်၊ ကွမ်းယာဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက " ဒီလမ်းက မြို့ထဲကလာတဲ့ ယာဉ်ကြောကိုပဲ တစ်ခြမ်းခင်းရသေးတာ။ ခင်းထားတဲ့အပေါ်လည်း တက်မောင်းလို့မရတော့ လမ်းဟောင်းတစ်ခြမ်းကပဲ ကားတွေလုယက်ပြီး မောင်းနေရတယ်။ ပြီးတော့ ညနေဘက်ဆိုရင်လဲ မြောက်ဒဂုံတို့ ဘာတို့သွားတဲ့ ဗိုက်ပူ(ချက်ပလက်)တို့၊ ဘီအမ်တို့က ဒီလမ်းပိုင်းမှာပဲ ဂငယ်ကွေ့ပြီး ပြန်ထွက်ကြတယ်။ ဆိုတော့ တခါတခါပိတ်နေရင် အကြာကြီးပဲ။"ဟု ပြောကြားသည်။

ယင်းလမ်းပိုင်းတွင် တာမွေဈေးနှင့် ကျောက်မြောင်းဈေးနှစ်ခု တည်ရှိခြင်း၊ မြောက်ဒဂုံ၊တောင်ဒဂုံ၊ သာကေတ၊ တောင်ဥက္ကလာ စသည့် မြို့နယ်များမှ မြို့တွင်းသို့သွားရာတွင် အချက်အချာကျသည့် လမ်းဆုံဖြစ်ခြင်း၊ လူနေထူထပ်ခြင်းတို့ကြောင့် မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိကြောင်း၊ ယခုကဲ့သို့ လမ်းကြော ကျဉ်းနေမှုကြောင့် မတော်တဆမှုများ တိုးမြင့်လာဖွယ်ရှိကြောင်း ယင်းအနီးတွင် နေထိုင်သူများနှင့် ခရီးသည်များက ပြောကြားသည်။

ယင်းလမ်းပိုင်းကို ရွေးကောက်ပွဲအလွန် ဇန်န၀ါရီလ ဒုတိယအပတ်ကစတင်၍ တစ်ရက်လျှင် ဓါတ်တိုင်တစ်တိုင်နှုန်းဖြင့် ခင်းကျင်းခဲ့ရာ ကျောက်မြောင်းဈေးမှ တာမွေဗလီထိပ်မှတ်တိုင်အထိ တစ်ခြမ်းခင်းကျင်းပြီးသွားပြီဖြစ်ကြောင်း၊ ယင်းသို့ လမ်းများခင်းကျင်းမှုမှာ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း(လွှတ်တော်အမတ်)၏ ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲအပြီး ၄င်းနေရာကောင်းရရှိရေး လှုပ်ရှားမှုများဖြစ်သည်ဟု ဝေဖန်သူများကဆိုကြောင်း၊ ယခုအခါ အစိုးရသစ်အတွက် နေရာခွဲဝေမှုတွင် ဦးအောင်သိန်းလင်းမပါဝင်ခြင်း၊ ထိန်းသိမ်းခံရသည်ဟု အချို့သတင်းများက ဆိုခြင်းများကြောင့် လမ်းဆက်လက်ခင်းကျင်းမှုကိစ္စမှာ မရေရာတော့ကြောင်း ယင်းရပ်ကွက်အာဏာပိုင်အချို့နှင့် သတင်းဆန်းစစ် သူအချို့ထံမှ စုံစမ်းသိရှိရသည်။

The CJs News

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြည်ထောင်စု ဒုတိယ၀န်ကြီးများနေရာအတွက် ဒီမိုကရေစီအင်အားစုများမှ နှစ်နေရာရရှိနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှသာ ကြီးစိုးထားသော ပြည်ထောင်စု အစိုးရဝန်ကြီးအဖွဲ့တွင် ဒုတိယဝန်ကြီးများအဖြစ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF)နှင့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP)မှ အနည်းဆုံး နှစ်နေရာရရှိမည်ဖြစ်ကြောင်း နေပြည်တော်မှလာသောသတင်းများနှင့် လွှတ်တော် အမတ် များ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်းဆန်းစစ်သူတစ်ဦးက "ဒေါက်တာ မြတ်ဥာဏစိုးက လွှတ်တော်ထဲမှာ တော်တော်လေး ထက်ထက်မြက်မြက် လုပ်ကိုင်ထားတာ ရှိပါတယ်။ ဒေါက်တာအေးမောင်ဆိုလဲ ဒုတိယသမ္မတလောင်းအဖြစ် တညီတညွတ်တည်း တင်ခဲ့ကြတာ။ ဘယ်သူပဲဖြစ်ဖြစ်ပါ ခုလိုမျိုးလေး ပါဝင်ခွင့်ရမယ်ဆိုတော့ အနည်းနဲ့အများတော့ အပြောင်းအလဲလေး ဖြစ်သွား တာပေါ့ " ဟုဆိုသည်။

ယခုအချိန်ထိ ပြည်ထောင်စုလွှတ်တော်အမတ်နေရာ ၃၀ကျော် လစ်လပ်သွားသည့်အတွက် ယင်းနေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို မကြာမီ(မတ်လပထမပါတ်ခန့်အတွင်း) ကျင်းပဖွယ်ရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်အမတ်များ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

ပြည်ထောင်စုဝန်ကြီးအဖွဲ့တွင် ဝန်ကြီးဌာန ၃၄ခုအတွက် ရွေးချယ်ခြင်းခံရသူ ၀န်ကြီး ၃၀မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သားများသာ ဖြစ်ကြသည်။ အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင်လည်း ဝန်ကြီးချုပ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှသာ ဖြစ်ကြသည်။

The CJs News

-----------------------------------------------------------------------------------------------------------------------------------

ရှမ်းပြည်နယ် အင်းလေးဒေသမှ ပြည်သူများအတွက် ဝန်ကြီး ဦးဝင်းမြင့်မှ ကတိစကားပြောကြား


          ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်မြတ်(ခ)စဝ်အောင်မြတ်က ဝန်ကြီးအမည်စာရင်းကိုတင်သွင်း၍ အင်းလေးဒေသဝန်ကြီးအဖြစ် အင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အား တာဝန်ပေးအပ်ခဲ့သည်။ ဝန်ကြီးဦးဝင်းမြင့်သည် ရှမ်းပြည်နယ်အတွင်းရှိ အင်းသူအင်းသားများဖွံ့ဖြိုးတိုးတတ်ရေးအတွက် အစွမ်းကုန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

            အင်းလေးဒေသဝန်ကြီးဦးဝင်းမြင့်သည် မိမိအနေနှင့် ဝန်ကြီးအဖြစ်တာဝန်ပေးအပ်ခြင်းမခံရမီကတည်းက အင်းလေးဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားရန် ရည်ရွယ်ချက်ရှိကြောင်း၊ ပါတီ၏အဓိက လုပ်ငန်းစဉ်များထဲတွင်လည်း အင်းလေးဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ မိမိတို့သည်လည်း ပြည်သူမှ ရွေးချယ် ထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် ပြည်သူ့မျက်နှာ တစ်ခုတည်းကိုသာကြည့်၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

            အင်းလေးဒေသသည် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် အရပ်ဒေသတစ်ခုဖြစ်သော်လည်း နွေရာသီ၌ ရေများခန်းခြောက်လာသည့် ကိစ္စရပ်နှင့်ပတ်သတ်၍ ဆက်လက်လုပ်ဆောင်သွားမည့်အပိုင်းကို မေးမြန်းရာတွင်လည်း အင်းလေးကန်သည် နွေရာသီတွင် ရေများခန်းခြောက်ရခြင်းမှာ ရေအဝင် နည်းခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့်၎င်းကိစ္စအတွက် ရေဝေရေလဲ ရှိသည့်ဒေသများတွင် သစ်ပင်များစိုက်သွား၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အင်းသူအင်းသားများမှာလည်း အင်းလေးကန် ရေရရှိရေး လုပ်ဆောင်သွားမည့်ကိစ္စရပ်များအပေါ် အထူးစိတ်ဝင်စားမှု ရှိကြောင်း၊ မိမိအနေနှင့် ဆက်လက် လုပ်ဆောင်သွားရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာ လူကြီးများနှင့် ညှိနှိုင်း၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောခဲ့သည်။

            အင်းလေးဒေသအတွင်းတွင် အဓိက လုပ်ဆောင်ရန် ကျန်နေသေးသည့် ပြသနာမှာ အင်းလေးဒေသအတွင်း လျှပ်စစ်မီးရရှိရေးပင်ဖြစ်သည်။ အင်းလေးဒေသတွင် လျှပ်စစ်မီး မရရှိသည့်အတွက် သစ်တော ပြုန်းတီးမှုများအဆမတန် မြင့်တတ်လျက်ရှိကြောင်း သိရသည်။

       အင်းလေးဝန်ကြီး ဦးဝင်းမြင့်က အခွန်အတုတ်ကိစ္စနှင့်ပတ်သတ်၍ ပြောကြားရာ၌ နိုင်ငံတော်အား ပေးဆောင်ရမည့် အခွန်များတွင် ပြည်သူများအတွက် အခက်အခဲဖြစ်စေနိုင်သော အခွန်အတုတ်များ ပါလာပါက ပြင်ဆင်မည်ဖြစ်ကြောင်း၊ လက်ရှိစီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်း များနှင့် သုံးသပ်၍ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ မိမိအနေနှင့် အင်းသူအင်းသားများ၏ အကျိုးကို အစွမ်းကုန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကယ်၍ မလုပ်ပေးနိုင်ပါက ဝန်ကြီးအဖြစ်မှ ချက်ချင်း နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဝင်းမြင့်မှ ကတိပေးပြောကြားခဲ့သည်။


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.