Transparency Myanmar

transparency.myanmar@gmail.com

၂..၂၀၁၁


ပြည်တွင်းသတင်းများ


ကမ်းလွန်ပိုင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရန် ပြင်ဆင်မှုများ စတင်

ဖေဖော်ဝါရီ ၂၈။


ကျောက်ဖြူ- ယူနန် သဘာဝ ဓာတ်ငွေ့ စီမံကိန်း၏ ကမ်းလွန်ပိုင်း ပိုက်လိုင်း သွယ်တန်းမှုများ ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သော ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူ-ယူနန် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာတွင် လတ်တလော အခြေအနေအရ ပိုက်လိုင်းသွယ်တန်းခြင်း အဆင့်သို့ မရောက်သေးသော်လည်း ပိုက်လိုင်းသွယ်တန်း ရာတွင်လိုအပ်သော ပြင်ဆင်မှုများကို စတင် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း လည်း သိရှိရသည်။

ကမ်းလွန်ပိုင်းနှင့် ကုန်းတွင်းပိုင်း နှစ်ခု ဆုံမည့်နေရာတွင် ပိုက်လိုင်း သွယ်တန်းရန် အတွက် landfall construction ပိုင်းကို စတင် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း၊ မြေပြင်ခြင်း၊ သောင်တူးခြင်း စသည့် ကိစ္စများကို ဆောင်ရွက်တော့မည် ဖြစ်ပြီး ကုန်းပေါ်တွင် OGT (Oil&Gas Terminal)၊ ဆိပ်ကမ်း နေရာနှင့် ထောက်ပို့ရေး စခန်းများကိုပါ ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း အဆိုပါ စီမံကိန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ပြင်ဆင်မှုများ အနက် landfall construction အပိုင်းကိုမူ လာမည့် ဧပြီလကုန်အပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာ၌ နှင့် Hyundai ကုမ္ပဏီမှ main contractor အဖြစ်လည်းကောင်း၊ Great Offshore ကုမ္ပဏီ၊ Profit Marine ကုမ္ပဏီနှင့် Dharti Dredging & Infrastrcture Co.Ltd(India) တို့မှ sub-contractor အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ် ဒေသတွင်း သဘာဝဓာတ်ငွေ့ အများဆုံး ထုတ်လုပ်သည့် နိုင်ငံများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ၁၁နိုင်ငံမြောက် အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။

-------------------------------------------------------------------------------------------------------------

MAI ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)သည် အာရှဒေသတွင်း ခရီးစဉ် အသစ်များကို တိုးချဲ့ ပျံသန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုလက်ရှိတွင် ခရီးစဉ်သစ် နှစ်ခုဖြစ်သော ရန်ကုန်- စီရမ်ရိ (ကမ္ဘောဒီးယား) ကို ဖေဖော်ဝါရီ ၂၃ရက် နေ့မှစပြီး တစ်ပတ်လျှင် စနေနေ့နှင့် ဗုဒ္ဓဟူးနေ့ များတွင် လည်းကောင်း၊ ရန်ကုန်- ကွမ်ကျိုး (တရုတ်ပြည်) ကို မတ်လ ၃ရက်နေ့မှ စတင်၍ တစ်ပတ်လျှင် ကြာသာပတေး နေ့နှင် တနင်္ဂနွေနေ့တွင် လည်းကောင်း စတင် ပြေးဆွဲ ပျံသန်းမည် ဖြစ်ကြောင်းသိရသည်။

MAI လေကြောင်းသည် မတ်လတွင် ခရီးသည် ၁၆၀ လိုက်ပါ စီးနင်းနိုင်သည့် အဲယားဘတ် A-320 လေယာဉ်တစ်စင်း ထပ်မံရောက်ရှိလာသည့် အခါ ရန်ကုန်- စင်ကာပူ- ဂျကာတာ ခရီးစဉ်သစ်နှင့် ရန်ကုန်- နယူဒေလီ ခရီးစဉ်ကို  ပျံသန်းရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် အဲယားဘတ် A-330 လေယာဉ် အမျိုးအစားများဖြင့် တိုကျို၊ ဆိုးလ်၊ ဒူဘိုင်းနှင့် ဒိုဟာမြို့များသို့ ဆက်လက်တိုးချဲ့ ပျံသန်း ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။

--------------------------------------------------------------------------------------------------------------------------------
 
စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက် ငါးသိန်းဖုန်းများ ပြင်ပပေါက် ဈေးငါးသိန်းအောက် ကျဆင်း

ဖေဖော်ဝါရီ ၂၈။


ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက် ဖုန်းများ၏ ပြင်ပပေါက်ဈေးမှာ ငွေကျပ်ငါးသိန်း အောက်သို့ ကျဆင်းသွားကြောင်း သတင်းရရှိသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဖေဖော်ဝါရီ ၄ရက်နေ့တွင် ဂျီအက်စ်အမ် ဖုန်းများကို ကျပ်ငါးသိန်းဖြင့် ချပေးသည့် နောက်ပိုင်းတွင်  စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက် ဖုန်းများမှာ ပြင်ပပေါက် ဈေးကျဆင်း သွားခြင်းဖြစ်ကြောင်း ဖုန်းအကျိုးဆောင် ပွဲစားများက ပြောကြားသည်။

================================================================

ပြည်တွင်းပါတီ၊နိုင်ငံရေးသတင်းများ                   

တစညပါတီ တောင်သူလယ်သမားအဖွဲ ဖွဲ့ည်ဟုဆို
ို
ဖဖေါ်ဝါရီ၂၈။


တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီအနေဖြင့် လယ်သမားများ နစ်နာမှုများနှင့် အခွင့်အရေးများ တင်ပြ တောင်းဆိုနိုင်ရန် တောင်သူ လယ်သမား အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး အတွက် ဆောင်ရွက်သွားရန် ရှိကြောင်း သတင်းရရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကုန်သည်ကြီးများ အသင်း၊ ဆန်စက် ပိုင်ရှင်များ အသင်း၊ ဆန်စပါး ဝယ်ယူရေး အသင်း စသည်ဖြင့် လယ်သမားများနှင့် ဆက်စပ်နေသည့် အသင်းများသာ ရှိပြီး ကာယကံရှင် ဖြစ်သည့် လယ်သမားများမှာ အသင်းအဖွဲ့ မရှိခြင်းကြောင့် လယ်သမားများ ပြောပိုင်ခွင့် မရှိသည့်အတွက် ယခုလို စီစဉ်ရခြင်း ဖြစ်သည်ဟု တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီမှ ဦးဟန်ရွှေက ပြောကြားသည်။

“ကုန်သည်ကြီးများ အသင်း၊ ဆန်စက်ပိုင်ရှင်များ အသင်း၊ ဒါတွေက သူတို့က အဖွဲ့အစည်း အသင်းအဖွဲ့ တစ်ခုအနေနဲ့ လုပ်နေတယ်။ အကြောင်းကိစ္စ ရှိရင် လယ်သမားက လုံးချင်း ရင်ဆိုင်ရတဲ့ သဘောရှိတယ်။ သူ့မှာအဖွဲ့အစည်း မရှိတဲ့အတွက် ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ တဖက်သတ်လို သဘောမျိုး ဖြစ်နေတယ်။ ထုတ်လုပ်တဲ့ တောင်သူ လယ်သမားတွေ ဘက်က ပြောခွင့်ဆိုခွင့် မရှိတဲ့အတွက် ကျွန်တော်တို့က ဒီဟာကို တရားမျှတ တယ်လို့ မယူဆဘူး။ ဒါကြောင့် ကျွန်တော်တို့က လယ်သမား အဖွဲ့အစည်း ဖြစ်လာအောင် လုပ်မယ်၊”  ဦးဟန်ရွှေက ပြောကြားသည်။

ထိုသို့ တောင်သူ လယ်သမားများ ဘက်မှ ပြောခွင့်ဆိုခွင့် မရှိခြင်းကြောင့် တရားမျှတမှု မရှိဖြစ်နေပြီး လယ်သမား အဖွဲ့အစည်းများ ရှိလာအောင် လုပ်ဆောင်မည် ဟုလည်း သူကဆိုသည်။

================================================================

သတင်းနှင့်ဆောင်းပါးများမှကောက်နှုတ်ချက်များ


"အခုအချိန်ဟာ အသွင်ကူး ပြောင်းတဲ့ အချိန်ပဲ ဆိုတော့ စနစ်ကြီးက လုံးဝ ဒီမိုကရေစီ စနစ်ကြီးပုံ ပေါ်ဦးမှာ မဟုတ်သေးဘူး။ သီးခြား လွတ်လပ်စွာ တရားစီရင် နိုင်ဦးမှာ မဟုတ်သေးဘူး။ ဆိုလိုတာက အပြည့်အဝ ရှိဦးမှာ မဟုတ်ဘူး။ အခုဟာ Guided Democracy ပဲဖြစ်တယ်"

မတ်ထုတ် ရန်ကုန်တိုင်းမ် မှာပါသည့် "အစိုးရသစ်နှင့် တရားစီရင်ရေး နစ်ဘယ်လို အသစ်ဖြစ်ထွန်းလာမလဲ" သတင်းဆောင်းပါးမှ ဝါရင့်နိုင်ငံရေး သမား ဦးသုဝေ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်တော်တို့ ပါတီအနေနဲ့ မူအရတော့ ပြိုင်သွားမယ်။ ဘယ်မှာပြိုင်မယ်၊ ဘယ်သူတွေ ပြိုင်မယ်ဆိုတာ၊ စည်းမျဉ်း၊ စည်းကမ်းတွေက ဘယ်လိုဖြစ်လာမယ် ဆိုတာ မသိသေးတော့ ပြောရတာ စောသေးပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပါတီအတွင်းမှာလဲ ပြန်ပြီးညှိုနှိုင်းသွားပြီးမှ ဆုံးဖြတ်သွားမှာပါ။ မူအရတော့ ပြိုင်သွားမယ်။ လွှတ်တော်ထဲ ရောက်တဲ့ သူတွေအတွက်လဲ အားဖြည့်တာက တစ်ကြောင်း၊ ရွေးကောက်ပွဲ ဝင်ထားပြီးတဲ့ အတွက် ကျွန်တော်တို့ ပါတီကတော့ ရွေးကောက်ပွဲ ဝင်ခဲ့ကြတယ်။ ဒီမိုကရေစီ ရရှိရေးအတွက် ရွေးကောက်ပွဲ တွေကို ဖြတ်သန်းနေရဦးမှာပဲ"

မတ်ထုတ် ရန်ကုန်တိုင်းမ် မှာပါသည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် နိုင်ငံရေး ပါတီများ၏ သဘောထားများမှ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၏ နိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောကြာချက်

-----------------------------------------------------------------------------------------------------------------------------------

"ဒါတွေအားလုံးက Public Policy ရဲ့ အခြေမူ တွေပါပဲ။ အခုရှိနေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒါကို စဉ်းစားကြ ပါလိမ့်မယ်။ ဒီလို စဉ်းစားတဲ့ အခါ Equality နဲ့Equity ဘာကွာလဲ စဉ်းစားဖို့ လိုပါတယ်။ အမြဲတမ်း ပြဿနာ ရှိပါတယ်။ မျှတတာနဲ့ တူညီတာ ဘာကွာလို့လဲ ပြောကြတယ်။ ပေါ်လစီ လုပ်တဲ့သူရော၊ ပေါ်လစီကို လေ့လာတဲ့သူရော၊ နိုင်ငံတော် အစိုးရရော၊ ပညာရှင်တွေရော အမြဲတမ်း အငြင်းပွားရတဲ့ ကိစ္စဖြစ်ပါတယ်"

ဖေဖော်ဝါရီ ၂၈ထုတ် The Messenger မှာ ပါသည့် အစိုးရအဖွဲ့ အသစ်အနေဖြင့် Public Policy များ ချမှတ်ရာတွင် အခြေခံမူ လေးချက်ကို ထည့်သွင်း စဉ်းစားသင့်ဟု ဆို သတင်းမှ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၏ ပြောချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

အဆိုပါ အစီအစဉ်အရ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းသည် အလွန်ကြီးမား ကျယ်ပြန့်သည့်အတွက် ရင်းနှီးမြုပ်နှံမှု ပမာဏ တိုးမြင့်ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ အာဆီယံ ဒေသတွင်း ငွေကြေး စီးဆင်းမှုအတွက် Bond market (သဘောတူ ဈေးကွက်) ကို တည်ထောင်ရန် ဂျပန်နိုင်ငံက ထောက်ခံကြောင်း၊ ထားဝယ်ဒေသ အတွင်း ရေနက်ဆိပ်ကမ်း၊ လမ်းဖောက်လုပ်ခြင်း၊ စွမ်းအင်စက်ရုံ၊ သံမဏိစက်​ရုံနှင့် ရေနံဓာတု စီးပွားရေး ဇုန်တည်ထောင်ခြင်း တို့တွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် ဂျပန်ကုမ္ပဏီကြီးများက စိတ်ဝင်စားလျက် ရှိကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့် ထိုစီမံကိန်း အတွက် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ရာ ပါဝင်မည့် လုပ်ငန်းရှင်များ ဘဏ္ဍရေး အကူအညီ လိုအပ်ပါက ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဘဏ်က အထူးသီးသန့် စာချုပ်များဖြင့် ငွေကြေး အထောက်အပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။

"ဂျပန်နဲ့ ထိုင်းတို့ဟာ စီးပွားဖက် နိုင်ငံများ အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့ အတွက် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ အခုလိုမျိုး ပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်ခဲ့တာပါ။ ထားဝယ် ရေနက်ဆိပ်ကမ်းဟာ တောင်အာရှနဲ့ အလယ်ပိုင်း အာရှဈေးကွက်များသို့ ဂျပန်ကုမ္ပဏီတွေ အခြေလှမ်းဝင်နိုင်တဲ့ အခွင့်အလမ်း တစ်ခုဖြစ်ပါတယ်။ အဲဒီစီမံကိန်းမှာ ဂျပန်လုပ်ငန်းရှင်တွေ ဘယ်လိုပါဝင်နိုင်တယ် ဆိုတာ ကျွန်တော်တို့ အသေအချာ စူးစမ်းလေ့လာနေပါတယ်"  ဟု Nippon Keidanren ကုမ္ပဏီဥက္ကဋ္ဌ Hiromas Keidanren က ပြောကြားသည်။

မတ်၂ထုတ် The Myanmar Post မှာပါသည့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ဘဏ် ကူညီမှုကြောင့် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းသို့ ဂျပန်နှင့်ထိုင်း လုပ်ငန်းရှင်ကြီးများ အလုံးအရင်း ဝင်ရောက်လာဖွယ်ရှိ သတင်းမှ ကောက်နှုတ်ချက်

=================================================================

ဆောင်းပါးကဏ္ဍ


မြန်မာနိုင်ငံနှင့်Sanction()


အရေးယူပိတ်ဆို့မှုဆိုသည်မှာ


နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက် အတွက် စီပွားရေးအရ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့ခြင်းကို လေ့လာမည်ဆိုလျှင် တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု၊ စီးပွားရေးနှင့် နိုင်ငံခြားရေး မူဝါဒရည်မှန်းချက်များ အစရှိသည့် စကားလုံးများကို တိတိပပ သိရှိဖို့ အထူး လိုအပ်ပါသည်။ ဦးစွာ တစ်ဖက်သတ် (ဘက်များစွာဖြင့် ကွဲလွဲ၍ပင်) ဆိုသည့် စကားလုံးကို အရေးယူ ပိတ်ဆို့မှုနှင့် တွဲဖက် အသုံးပြုလိုက်ပါက အမေရိကန် ပြည်ထောင်စု အနေဖြင့် အရေးယူ ပိတ်ဆိုမှုများကို တစ်နိုင်ငံတည်းက ဥပဒေပြဋ္ဌာန်း၍ ပြုလုပ်နေသည်ဟု ရှင်းရှင်းလင်းလင်း အဓိပ္ပယ် ဖွင့်ဆိုနိုင်ပါသည်။ ကျူးဘားနှင့် အီရန်နိုင်ငံများကို အမေရိကန်မှ အရေးယူ ပိတ်ဆို့သည့် ပုံစံမျိုးဖြစ်သည်။ သို့သော် တစ်ဖတ်သတ် ချည်းလည်းမဟုတ် ဘက်များစွာ ပါဝင်နေခြင်းလည်း မဟုတ်သည့် အရေးယူ ပိတ်ဆို့ခြင်းမျိုး ရှိနေသည့် အတွက် ယင်းမှာ အဘယ်ကဲ့သို့ နည်းဟု ဆင်ခြင် ဆုံးဖြတ်မှု လိုအပ်လာပါသည်။ ဥပမာအားဖြင့် နိုင်ငံအနည်းစုသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံခြင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်ခြင်းကို ကန့်သတ်မှု အချို့ထားရှိကြသော်လည်း အမေရိကန် အနေဖြင့်မူ မြန်မာနိုင်ငံ၌ ရင်နှီးမြုပ်နှံမှု အသစ်များ ထပ်မံမပြုလုပ်ရန် လုံးဝ တားမြစ်ထားသည်။ ယင်းကဲ့သို့သော ပြုမူဆက်ဆံမှုမျိုးသည် တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုဖြစ်သည်။ ထို့အပြင်   ရှရှားနိုင်ငံသည် တရုတ်ပြည်သို့ အဆင့်မြင့် လက်နက် နည်းပညာများကို အများအပြား စဉ်ဆက် မပြတ် တင်ပို့နေသော်လည်း အမေရိကန်နှင့် မဟာမိတ် နိုင်ငံများကမူ တရုတ်နိုင်ငံသို့ လက်နက်တင်ပို့ ရောင်းချခြင်းကို ပိတ်ဆို့ အရေးယူရန် လိုလားနေကြသည်။

စီးပွားရေး ပိတ်ဆို့မှု ဆိုသည်မှာ ပုံမှန်စီးပွားရေး ဆက်ဆံမှု ရှိနေသည့် နိုင်ငံအပေါ် စီးပွားရေး အားဖြင့် ကန့်သတ် ထိန်းချုပ်ခြင်းဟု အဓိပ္ပယ် ဖွင့်ဆိုရပေမည်။ ယင်းစီးပွားရေး ပိတ်ဆို့မှုတွင်  ကုန်သွယ်မူ၊ ရင်းနှီးမြုပ်နှံမှုနှင့် နယ်စပ်စီးပွားရေး လုပ်ငန်း ဆောင်တာများ အပေါ် တားမြစ်ခြင်းတို့သည် အခြေခံအားဖြင့် ပါဝင်မည် ဖြစ်သည်။ ပုံမှန်စီးပွားရေး ဆက်ဆံမှုကို အဓိပ္ပယ် ဖွင့်မည်ဆိုလျှင် အမေရိကန်နိုင်ငံ၏ သွင်းကုန်-ထုပ်ကုန် ဘဏ် (Exim Bank)၊ ရောင်းကုန် အကြွေး အဖွဲ့အစည်းများ (Comm oddity Credit Corporation)၊ ပင်လယ်ရပ်ခြား ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ (Overseas Private Invest -ment Compa ny/OPIC) နှင့် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး အင်ဂျင်စီ (Trade and Development Agency/TDA) အစရှိသည့် အစီအစဉ်များ ပါဝင်မှုရှိခြင်းကို ဆိုလိုသည်။ ယင်းအစီအစဉ် များတွင် Exim and CCC မှ လုပ်ဆောင်သည့် တရားဝင် ပို့ကုန်ချေးငွေရရှိခြင်း၊ OPIC မှ ရင်းနှီးမြုပ်နှံမှု အာမခံခြင်းများနှင့် TDA မှ ပရောဂျက် အကြို နည်းစနစ်ပိုင်း ထောက်ပံမှုများ ရနိုင်သည်ဖြစ်ရာ ဖွံ့ဖြိုးဆဲ နိုင်ငံများ အနေဖြင့် အမေရိကန် ပို့ကုန်နှင့် ရင်းနှီးမြုပ်နှံမှု အစရှိသည့် အထောက်အပံ့များကို ပုံမှန်စီးပွားဖက် ပြုလုပ်နေရုံဖြင့် ရရှိမည်ဖြစ်သည်။

ယင်းကဲ့သို့ တရားဝင် ဘဏ္ဍရေး အကူအညီများသည် ပစ်မှတ်ထားသော နိုင်ငံများ၏ အစိုးရများကို အပေါင်းလက္ခဏာ ဆောင်သည့် မက်လုံး(ဆု) ပေးသည်ဟု အဓိပ္ပယ် ဖွင့်ဆိုနိုင်သော်လည်း အထက်ပါ တရားဝင် အကူအညီများ မရရှိတော့သော ပုံမှန်စီးပွားရေး ဆံဆက်မှုကို ပိတ်ဆို့ တားမြစ်သည့် ပြင်းထန်းသော ပြစ်ဒဏ် (ဒဏ်ပေး) မျိုးလည်း တစ်ခြား တစ်ဖက်၌ ရှိနေသည်။ စီးပွားရေး အထောက်အပံ့ လျော့ချခြင်းကို တစ်ခါတစ်ရံ စီးပွားရေး ပိတ်ဆို့မှုအဖြစ်လည်း သတ်မှတ်နိုင်သည်။ ဤကဲ့သို့ အမေရိကန်၏ အပြန်အလှန် သဘောရှိသော အကူအညီသည် ဖွံ့ဖြိုးဆဲ နိုင်ငံအားလုံးကို သာမာန် အားဖြင့် ပေးအပ်သည်တော့ မဟုတ်ပါ။ သို့နှင့်တိုင် အမေရိကန် နိုင်ငံခြားရေး မူဝါဒရည်မှန်းချက်၏ အပေါင်းလက္ခဏာ ဆောင်သော အရှေ့အလယ်ပိုင်း ဒေသကဲ့သို့သော နိုင်ငံအနည်းငယ်ကိုမူ အပြန်အလှန်ရှိသော မူဖြင့် အထူးအလေးထား၍ ဆက်ဆံခြင်း ဖြစ်သည်။

နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက်များ အတွက် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူခြင်းကို ကန့်သတ်ခြင်းတွင် ဈေးကွက်ကို အပြန်အလှန် ဝင်ရောက်နိုင်သည့် နိုင်ငံတကာ ကုန်သွယ်ရေး စနစ်၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (WTO) ၏ မှတ်ချက် ပေးမှုများနှင့်  အခြား ကုန်သွယ်မှု သဘောတူညီ မှုများဖြင့် ခြိမ်းခြောက်ခြင်းမျိုး မပါဝင်ချေ။ အမှန်စင်စစ် တစ်ဖက်သတ် အရေးယူ ပိတ်ဆို့ခြင်းကို WTO ပဋိပက္ခ ဖြေရှင်းခြင်း လုပ်ထုံး လုပ်နည်းများဖြင့် သေချာသည့် အစီအစဉ်များ အောက်၌ ပြုလုပ်ရန် ခွင့်ပြုထားပြီး ဖြစ်သည်။

Ref: FELLING GOOD OR DOING GOOD WITH SANCTION(Unilateral Economic Sanct ions and the U.S National Interest) by Ernest H. Preeg

××××××××××××××××××××××××××××××××××××××××××××××××××
 
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp